Thursday, November 12, 2015

မဟာလာဘ်​​ခေါ်မန္တန်တော်ကြီး


    ခု​ဖော်​ပြ​ပေးမယ့်​အစီအရင်​က​တော့​ခေါင်းစဉ်​နဲ့လိုက်​​အောင်​ ကြီးမားများပြားလှတဲ့လာဘ်​လာဘ ​တွေကိုရရှိ​စေမှာပဲဖြစ်​ပါတယ်​။ဒီအစီအရင်​ကိုသုံးကြိမ်​​​မျှ​လောက်​စီရင်​ပြီးတာနဲ့ကိုသိသိသာသာထူးထူးခြားခြား​ကောင်းကျိုး​ဝေဖြာ​စေမှာပဲဖြစ်​ပါတယ်​။
    အစိုးရဝန်​ထမ်းများအ​နေနဲ့ရာထူး/လစာတိုးမြင့်​ခြင်း၊လုပ်​ငန်းခွင်​၌အခဲအခဲများမကြုံ​တွေ့ရခြင်း၊အ​ရောင်းပစ္စည်းဆိုင်​၊ကုန်​စုံဆိုင်​၊​ဈေးဆိုင်​ခန်း၊စား​သောက်​ဆိုင်​.....စတဲ့လုပ်​ငန်းများလုပ်​ကိုင်​ပါက​ဈေး​ရောင်း​ကောင်းခြင်း၊အ​ရောင်းသွက်​ခြင်း၊
လူစည်​ကားခြင်း...စသည်​ဖြင့်​အကျိုး​ပေးများလှပါတယ်​။မိမိကိုယ်​တိုင်​ယုံကြည်​၊​လေးစား၊တိကျစွာလုပ်​​ဆောင်​ကြည့်​ပါ လို့သာ တိုက်​တွန်းလိုပါတယ်​။
 အစီအရင်​က​တော့-
   တနင်္လာ​နေ့ နံနက်​(၉းဝဝ) က​နေ (၁၀း၃၀)အတွင်းစတင်​ရပါမယ်​။
  -​ကြေးခွက်​/​ကြေးဖလားထဲကိုအဖြူ​ရောင်​​ကျောက်​ခဲ(၉)လုံးထည့်​ပါ၊ပြီးရင်​အဲဒီ​ကျောက်​ခဲ​တွေကြားမှာကံ့​ကော်​ညွန့်​နှစ်​ညွန့်​ထိုးစိုက်​ပါ။(မှတ်​ချက်​-​ရေမထည့်​ရပါဘူး)
  -ပြီးရင်​ မြတ်​စွာဘုရားနှင့်​တကွပွင့်​​လေပြီးကုန်​​သောရှင်​​တော်​မြတ်​ဘုရားများအားရည်​မှန်း၍ကံ့​ကော်​ညွန့်​များကိုဆက်​ကပ်​လှူဒါန်းပါ။
လှူဒါန်းရာမှာလည်း``အရှင်​မြတ်​စွာဘုရား...ဘုရားတပည့်​​တော်​သည်​ ဤ​ကြေးခွက်​/​ကြေးဖလားအတွင်း​ကျောက်​ခဲများကြားရှိကံ့​ကော်​ညွန့်​များအားမြတ်​စွာဘုရားနှင့်​တကွပွင့်​​လေပြီးကုန်​​သောဘုရားရှင်​များအားရည်​မှန်း၍ဆက်​ကပ်​လှူဒါန်းပါ၏ဘုရား...´´လို့သုံးကြိမ်​တိတိရွတ်​ဆိုလှူဒါန်းရပါမယ်​။
  -ပြီးရင်​​အောက်​ပါ``မဟာလာဘ်​​ခေါ်မန္တန်​​တော်​ကြီး´´ကို (၄၅)​ခေါက်​တိတိရွတ်​ဖတ်​ပူ​ဇော်​၍လာဘ်​​ခေါ်ပါ။

အသံထွက်​-
(၁) ဝိတဒုတ်​ခါ ​သောက ​ရောဂါ
       အ ဘယာဒိ တုတ်​ပတ်​ဒဝါ
       သကုန သုသုဝိနာစ
       သတ်​​ဗဘယာ ဒူရမနာ
(၂) နာနာလာဘ ဓနံ သ​သော
       ခိလ ဇန ပိယနန်​​တော
       အာယု ဒီသံ သတံ သုခံ
       သတ်​​ဗတ်​ထင်​စ ဝရာ ဝရံ
       သတ်​​ဗသတ်​တ ရုဝိနာသနံ
       သ​ဗ္ဗ ဘယံ ဝိနတ်​သန်​တု

   ဒီအစီအရင်​ကိုမည်​သည့်​တနင်္လာ​နေ့မဆိုအခါအား​လျော်​စွာပြုလုပ်​နိုင်​ပြီး,ကြိမ်​ဖန်​များစွာပြုလုပ်​နိုင်​​လေ​လေအကျိုးများ​လေ​လေဖြစ်​သည်​။
စီရင်​တဲ့အခါမှာ စီရင်​သူ​ရော,အသုံးပြုတဲ့ပစ္စည်း​တွေက​ရော အထူးသန့်​ရှင်းစင်​ကြယ်​ဖို့​တော့လိုအပ်​ပါတယ်​။
    မိမိအကျိုးရှိသလို သူများ​တွေလည်းအကျိုးရှိ​အောင်​ဒီအစီအရင်​ကိုမျှ​ဝေ​ပေးပါ။
                  သဒိယံ ပါကံ ဇ​နေတိ
                        ဂန္ဓာရီခရီးသည်

1 comment: