Wednesday, May 31, 2017

ဂျစ်ပစီ ၂၆ လုံး လိုရာသုံး


အချစ်ရေးကိစ္စအတွက်ဆို လိုလာ ဆိုသောစကားကို ၁၂ ခေါက်ရွတ်ပါ။

ငွေကြေးအတွက်ဆို တြင်ကာ ဆိုသောစကားကို ၅ ခေါက်ရွတ်ပါ။

အငြင်းအခုန်ပြောရမည့်ကိစ္စအတွက်ဆို အွန်ရာ ဆိုသောစကားကို ၃ ခေါက်ရွတ်ပါ။

ပစ္စည်းပျောက်သောအခါ ယာနို ဆိုသောစကားကို ၁၀၁ ခေါက်ရွတ်ပါ။

အကြောင်းအရာတစ်ခုကိုမေ့နေရင် မိုအင်ဒု ဆိုသောစကားကို ၁၄ ခေါက်ရွတ်ပါ။

တစ်စုံတစ်ခုကိုမေ့နေပြီဆိုရင် ဇင်းဒါး ဆိုသောစကားကို ၁၂ ခေါက်ရွတ်ပါ။

စကားဝှက်တွေဘာတွေဖြေရမည်ဆိုရင် လနစ် ဆိုသောစကားကို ၁၉ ခေါက်ရွတ်ပါ။

သယ်ယူပို့ဆောင်ရေးမှာအခက်အခဲတွေ့ရင် အော့တဝေး ဆိုသောစကားကို ၂၀ ခေါက်ရွတ်ပါ။

လွတ်မြောက်ဖို့ကိစ္စမျိုးဆိုရင် အရွန်၊အရွန်၊အရွန်လောက်(စ်)ဆိုသောစကားကို ၄၁ ခေါက်ရွတ်ပါ။

အကူအညီလိုအပ်တဲ့အခါမျိုးမှာ အရွန်၊အရွန် ဆိုသောစကားကို ၂၈ ခေါက်ရွတ်ပါ။

ကစားပွဲတွေမှာအနိုင်ရဖို့ဆို တာဗနို ဆိုသောစကားကို ၃၁ ခေါက်ရွတ်ပါ။

အနာသက်သာစေလိုလျှင် ဆွာဆွန်း ဆိုသောစကားကို ၈ ခေါက်ရွတ်ပါ။

မိတ်ဆွေနဲ့ပတ်သက်သော ကိစ္စမျိုးဆိုလျှင် အော်မား ဆိုသောစကားကို ၇ ခေါက်ရွတ်ပါ။

ပညာဉာဏ်နှင့်ပတ်သက်လျှင် အိုဝါယီး ဆိုသောစကားကို ၂၂ ခေါက်ရွတ်ပါ။

အချိန်ဆွဲလိုသောကိစ္စမျိုးဆိုလျှင် ဟက်(စ်) ဆိုသောစကားကို ၄၉ ခေါက်ရွတ်ပါ။

ရိုသေခန့်ငြားမှုအတွက်ဆို လင်(န်)ရားမ ဆိုသောစကားကို ၇၁ ခေါက်ရွတ်ပါ။

ကျန်းမာရေးကောင်းစေလိုလျှင် ဗရီးမား ဆိုသောစကားကို ၁၆ ခေါက်ရွတ်ပါ။

တန်ခိုးသိဒ္ဓိကိုနားလည်ဖို့လိုအပ်သောကိစ္စမျိုးဆိုလျှင် အော်ကွန်ဒေါ ဆိုသောစကားကို ၆၃ ခေါက်ရွတ်ပါ။

တန်ခိုးသိဒ္ဓိကိုထိန်းချုပ်ဖို့ဆိုရင် အွန်ရာမား ဆိုသောစကားကို ၉ ခေါက်ရွတ်ပါ။

လွမ်းဆွတ်တမ်းတစရာအတွက်ဆိုရင်တော့ လျှိုရက်(စ်) ဆိုသောစကားကို ၂ ခေါက်ရွတ်ပါ။

အိမ်ထောင်ရေးအဆင်ပြေဖို့ဆို အာဂျူရယ် ဆိုသောစကားကို ၁၅ ခေါက်ရွတ်ပါ။

ခွန်အားအသစ်ရဆိုရင် အတုံ၊အတုံ ဆိုသောစကားကို ၄၅ ခေါက်ရွတ်ပါ။

တင်းကျပ်မှုတွေကိုဖြေလျှော့ဖိုဆိုရင် ဆွာ၊ဆွာ၊ဆွန် ဆိုသောစကားကို ၃၄ ခေါက်ရွတ်ပါ။

တစ်ဦးနဲ့တစ်ဦး အကြိတ်အခဲတွေဖြေဖျောက်ဖို့ဆိုရင် အော်လတ် ဆိုသောစကားကို ၉၂ ခေါက်ရွတ်ပါ။

လူငယ်လူရွယ်နဲ့ပတ်သက်သောကိစ္စများပြေလည်ဖို့ဆိုရင် လိုအာမတ် ဆိုသောစကားကို ၂၁ ခေါက်ရွတ်ပါ။

ကျန်းမာရေးအတွက်ဆိုရင် ဗရီမာ ဆိုသောစကားကို ၁၁ ခွန်းရွတ်ပါ။

                          မီးခဲမောင်မောင်
                  (Myanmar Occult Page)


Tuesday, May 30, 2017

ငွေကံပွင့်​ ​ငွေကံမြင့်​​စေဖို့



   တနင်္လာ​နေ့မနက်​(၉း၄၅)မ​ကျော်​ခင်​အပြီး​ဆောင်​ရွက်​ရမယ်​။ပြဿဒါးရက်​မဖြစ်​​စေရ၊ရက်​ရာဇာဖြစ်​ရင်​ပို​ကောင်းတယ်​။အဓိက,က ပြဿဒါးမဖြစ်​ဖို့ပါပဲ။

   အတာကြို​မြေအိုးကို ​ဈေးမဆစ်​ပဲဝယ်​ပါ။ငွေမင်​ဖြူဖြူ​ဖွေး​ဖွေးသုတ်​လိမ်းပါ၊​ငွေမင်​သုတ်​လို့အဆင်​မ​ပြေရင်​ ထုံးဖြူသုတ်​ပါ။ပြီးရင်

Read more ➳

http://myanmaroccultpage90.blogspot.com/2017/05/blog-post_98.html?m=0

သိဒ္ဓိဝင်​``ချိုးအမြု​တေ´´အ​ကြောင်းသိ​ကောင်းစရာများ


`` ချိုးအမြု​တေ´´ဆိုသည်​မှာချိုးငှက်​၏ဥပင်​ဖြစ်​၏။သို့ရာတွင်​အခြားဥများနှင့်​မတူ၊သာမန်​ဥများသည်​ဥ​ပြောက်​များဖြစ်​ပြီးအ​မြု​တေဥသည်​အဖြူြေ​ဗာင်​ဖြစ်​၏။
အမြု​တေထွန်းနိုင်​​သောချိုးငှက်​သည်​အခြားချိုးငှက်​များနှင့်​မတူ​သောသဘာဝရှိပြီးအသိုက်​ပြုလုပ်​ရာတွင်​လည်းအခြားချိုးငှက်​များကဲ့သို့အပင်​များ၊အကိုင်းများအထက်​ဝယ်​အသိုက်​ပြုလုပ်​​လေ့မရှိဘဲသစ်​​ခေါင်းများ၊ခြုံပုတ်​များအတွင်း၌သာအသိုက်​ပြုလုပ်​​နေထိုင်​ကြ​လေသည်​။

ချိုးအမြု​တေသည်​အထူးသဖြင့်​ကာယသိဒ္ဓိ

Read more ➳  http://myanmaroccultpage90.blogspot.com/2017/05/blog-post_30.html?m=1

Sunday, May 28, 2017

ကျန်းမာ​ရေးယတြာ အစီအရင်




    အာ​ရောဂျ ပရမ လာဘ ဆိုသည့်​အတိုင်း ကျန်းမာခြင်းသည်​ မည်​သည့်​အရာနှင့်​မှ မလဲနိုင်​​သော လာဘ်​ကြီးတစ်​ပါးဖြစ်​​ပါတယ်​​။.....။ 
ကျန်းမာ​ရေးချို့ယွင်းလျှင်​ဖြင့်​ ပညာတတ်​သူဟာ​မိမိ၏ပညာကိုအသုံးမချနိုင်ဘဲရှုံးနိမ့်​ရ​ပေမယ်။
 စည်းစိမ်​ရှိသူသည်​ မိမိစည်းစိမ်​ကို​ကောင်းစွာမခံစားရဘဲရှုံးနိမ့်​ရပါလိမ့်​မယ်​။ ​နောက်​ဆုံး ​ကျန်းမာ​ရေး​ကြောင့်​ မိမိ၏ အသက်​နဲ့ခန္ဓာကိုပင်​လျှင်​ စွန့်​ခွာ၍ ဘဝကိုအရှုံး​ပေးကြရတတ်​ပါတယ်​​။

 ဒါ့​ကြောင့်​ ကျန်းမာ​ရေးချို့ယွင်းပြီး​ဆေးမတိုးတဲ့၊​ဆေးမစူးတဲ့၊နာတာရှည်​ဖြစ်​​နေတဲ့ သူ​တွေအတွက်​ ပစ္စုန်​ပ္ပန်​ သံသရာ(၂)မျိုးလုံး အကျိုးမယုတ်​ဘဲ ​ကောင်းကျိုးဖြစ်​​စေတဲ့ ``ကျန်းမာ​ရေးအတွက်​ယတြာ အစီအရင်​´´ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။............။

ကျန်းမာ​ရေးချို့ယွင်းခဲ့ရင်​ ​ဆေးစူး၊မစူး သိဖို့ရာ ​ရောက်​သက်​တည်​ထား၊တြိနှင့်​စားပါ။
 သုဉ်းက ​ဆေးမစူးပဲနာတာရှည်​တတ်​ပါတယ်​။......။

 ဘယ်​လိုပဲဖြစ်​ဖြစ်​ ကျန်းမာ​ရေးမ​ကောင်းခဲ့ရင်​ ​အောက်​ပါ ယတြာသျှန္တီတို့ကိုပြုလုပ်​​ပေးပါ။

✏ တနင်္ဂ​နွေသားသမီးများ - အိပ်​ရာရဲ့​ခေါင်းရင်းမှာ
Read more ➳
http://myanmaroccultpage90.blogspot.com/2017/05/blog-post_28.html?m=0

Saturday, May 27, 2017

ရာထူးတိုးကိစ္စများအတွက်



  ရာထူးတိုးဖို့၊အလုပ်​အကိုင်​အ​ရွေးချယ်​ခံရဖို့ စတာ​တွေအတွက်​ လက်​​တွေ့​အောင်​မြင်​ပြီး လွယ်​ကူထိ​ရောက်​တဲ့ ​လောကီနည်းတစ်​ခုကို ​ဖော်​​ပြ​ပေးလိုက်​ပါတယ်​။.......။

 ဒီနည်းမှာ
၁။အညွန့်​ပန်း နှင့်​ တံခွန်​ လှူခြင်း
၂။အဓိဋ္ဌာန်​ဝင်​ခြင်း ဆိုပြီး နှစ်​မျိုးလုပ်​ရမယ်​။

 အဆင့်​ ၁-အညွန့်​ပန်း နှင့်​ တံခွန်
 ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
လှူခြင်း
➳ ➳ ➳

မိမိ​မွေးနံ​ကျော်​၍ တစ်​ခု​မြောက်​အညွန့်​​ပန်းအား ဂြိုဟ်​သက်​အလိုက်​လှူရပါမယ်​။.......။

တနင်္ဂ​နွေသားသမီးများ
Read more ➳ http://myanmaroccultpage90.blogspot.com/2017/05/blog-post.html?m=0

Monday, May 15, 2017

ယတြာအတိုအထွာများ(Part-2)


ယတြာအတိုအထွာများ(Part-2)

 သင်မဖြစ်စေခြင်သော
ကိစ္စများဖြစ်ပေါ်တော့မည်ဆိုပါက ဘုရားတွင်မုန့်ဆီကြော်ကပ်၍ဆုတောင်းပါ။

 သင်ဖြစ်စေခြင်သော ကိစ္စများ နှောင့်နှေးနေပါက ဘုရားတွင်မုန့်လုံးရေပေါ်ကပ်၍ဆုတောင်းပါ။

 သင်မပြောစေခြင်သောကိစ္စများ ဥပမာ သက်သေလိုက်ခိုင်းခြင်း စသောကိစ္စများအတွက် မပြောစေခြင်သောသူနာမည်ကို ဌက်ပျောဖူးတွင်ရေး၍ နွားကိုလက်နောက်ပြန်ကျွေးပါ။

 သင်ပြောစေခြင်သောကိစ္စများအတွက် ဌက်ပျောဖူးတွင် ပျားရည်သုတ်၍ နွားကိုကျွေးပါ။

 ဈေးရောင်းကောင်းစေလိုလျှင် ပေါက်ပေါက်ဆုပ်ကိုဘုရားမှာလှူ၍ဆုတောင်းပါ။

 လူအများနှင့်အလုပ်လုပ်သောကိစ္စများအတွက် ဟောလစ်ပုလင်းကိုအောက်ခံထား၍ ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပါ။

 သင်၏အိမ်ကို ပြဿနာများ အရှုပ်ထုပ်များ ရောက်မလာစေခြင်လျှင် တံမြက်စည်းကိုလေထဲမှာလှည်း၍ဆုတောင်းပါ။

                       မီးခဲမောင်မောင်
              (Myanmar Occult Page)

Thursday, May 11, 2017

လူလိမ်​ပါ သိုင်း​မှော်​သွင်းတယ်​ဆိုပြီး ၁သိန်း၁သောင်း၈ထောင် ညာစား​နေသူပါ....
ပခုက္ကူကပါ သတိထားကြပါ....
ရဲစခန်းထိ ရှင်းခဲ့ရသူပါ...








အ​ရေးကြီးသတိ​ပေးခြင်း လူလိမ်​ပါ

လူလိမ်​ပါ....
ကျော်​စိုး ​ခေါ် ​ကျော်​​ကျော်​ဦး
ပခုက္ကူမြို့ ​ဗုဒ္ဓကုန်းမှာ​နေတယ်​...

သိုင်း၁၀၁မျိုးကို ​ရေစင်​သုံးခွက်​​​သောက်​ရင်​ ​အော်​တိုတတ်​တယ်​ဆိုပြီး
ရေအိုးထဲက ​ရေသုံးခွက်​​ကို ၁သိန်း၁သောင်း၈ထောင် ​တောင်းစား​နေတဲ့ လိမ်​တဲ့သူပါ.....လူလိမ်​ပါ.....

ရဲစခန်းလည်း​ရောက်​ပြီးပါပြီ.......

Share​ပေးခြင်းဖြင့်​ အများသိ​အောင်​ ​ရှောင်​နိုင်​ကြ​အောင်​ ကူညီ​ပေးကြပါ......









Wednesday, May 10, 2017

ကြောင်များအကြောင်း


 သတ္တဝါဂုကသီဟကျမ်းအရ ကြောင်အမျိုးအစား ၁၁ မျိုးရှိပါတယ်။၎င်းတို့မှာ-
မဟူရာကိသနကြောင်မျိုး၊နေသူရိန်ကြောင်မျိုး၊သက္ကရသီလာကြောင်မျိုး၊ဗိုလ်ပြင်းမကြောင်မျိုး၊လိပ်ခုံးမကြောင်မျိုး၊ကြောင်ကတုံးမျိုး၊လမ်းတစ်ရာကြောင်မျိုး၊သီလဝဋကြောင်မင်းမျိုး၊ဒိက္ခရကြောင်မြီးတိုမျိုး၊ပိဋိရက္ခကြောင်မျိုး၊ကတိုးနက်ကြောင်မျိုးတို့ပဲဖြစ်ပါတယ်။

(၁)မဟူရာကိသနကြောင်

  ကြောင်နက်ရှင်လို့ခေါ်ပါတယ်။နေ့ဘက်ဆို သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးကြီးမားမားပေါ်မှာတက်ပြီး အိပ်နေတတ်တယ်။ညဘက်ရောက်မှအပြင်ထွက်တတ်တယ်။တစ်ကိုယ်လုံးလည်းနက်မှောင်နေတယ်။ခြေသည်း၊လက်သည်းကအစနက်မှောင်နေတယ်။မျက်လုံးကအဝါနုရောင်နဲ့အဖြူဆွတ်ရောင်ရှိပြီး မျက်စိသူငယ်အိမ်က ကြူသီးပုံစံရှိတယ်။မဟူရာကိသနကြောင်ဟာ သုံးတတ်တဲ့ပညာရှင်ပေါ်မူတည်ပြီးအစွမ်းထက်မြတ်မှုရှိတယ်။ကေလာသတောင်တန်းတစ်လျှောက်နဲ့ပေါင်းလောင်းတောင်တန်းတစ်လျှောက်မှာတွေ့ရတတ်တယ်(ကံထူးမှပါ)။လောကီပညာရှင်တွေ အထူးသဖြင့် ကာယသိဒ္ဓိကိုအလိုရှိတဲ့ပညာရှင်တွေဟာထိုကြောင်မျိုးကိုအသုံးပြုတတ်ပါတယ်။

(၂)နေသူရိန်ကြောင်မျိုး

  ဒီကြောင်တွေဟာ အခြားကြောင်တွေနဲ့မတူတဲ့အလေ့အကျင့်ရှိတယ်။နံနက်ပိုင်းအစောကြီး အမြင့်ကိုတက်၍ နေကိုကြည့်ကာ နေကသိုဏ်းရှုလေ့ရှိတယ်။နေသူရိန်ကြောင်ရဲ့အစွမ်းသတ္တိဟာ အမြင့်မှာပျံနေတဲ့သတ္တဝါတွေရဲ့အရိပ်ကိုခုတ်လိုက်တာနဲ့ ပျံနေတဲ့သတ္တဝါတွေဟာ ကြောင်ရဲ့အရှေ့ကိုပြုတ်ကြလာတတ်တယ်။သူ့အရှေ့ကိုပြုတ်ကျလာတဲ့သတ္တဝါကိုမှ အစာဖြစ်သတ်မှတ်ပြီးစားလေ့ရှိတယ်။ဒီကြောင်တွေဟာ တောနက်ထဲက လျှိုတွေ၊ဂူတွေ ထဲမှာ နေလေ့ရှိပါတယ်။

(၃)သက္ကရသီလာကြောင်

  ဒီကြောင်မျိုးဟာအလုံးအထည်သေးတယ်။အလုံးအထည်သေးသလောက် နှုတ်ခမ်းမွှေးရှည်တယ်။တစ်ကိုယ်လုံးမှာအဝါရောင်အစက်အပြောက်တွေပါတယ်။သူဟာ သစ်ခေါင်းထဲက မပျံသန်းနိုင်တဲ့ဌက်ပေါက်စနဲ့ဌက်ဥကလေးတွေကိုသာရှာဖွေအစာစားလေ့ရှိတယ်။သက္ကရသီလာကြောင်ရဲ့သည်းခြေဟာအလွန်ဆေးဖက်ဝင်တယ်။အိမ်မှာ သက္ကရသီလာကြောင်ကိုမွေးထားရင် စီးပွားရေးဟာ တရိပ်ရိပ်တက်လာပြီး အိမ်အေးချမ်းမှုကိုဖြစ်စေပါတယ်။

(၄)ဗိုလ်ပြင်းမကြောင်

  ဒီကြောင်မျိုးဟာ အလုံးအထည်ကြီးတယ်။ရန်လိုတဲ့စရိုက်ရှိပြီး ကြမ်းတမ်းတယ်။နှာတံကြီးပြီး နှာစုကွက်ကြီးတယ်။သူ့ရဲ့အမြီးဟာ အခြားကြောင်တွေလိုမျိုး မလုံးပဲချွန်ပါတယ်။သူ့အမွှေးကပွပြီး ပန်းနာရင်ကြပ်ရောဂါကိုဖြစ်စေတယ်။အထူးသဖြင့်ဒီကြောင်မျိုးရဲ့အမွှေးကို ပါးစပ်ထဲမရောက်အောင်သတိထားရတယ်။ဗိုလ်ပြင်းမကြောင်မျိုးဟာ ကန်ရိုးတစ်လျှောက်နဲ့လယ်ကွင်းပြင်မှာနေလေ့ရှိတယ်။ဗိုလ်ပြင်းမကြောင်မျိုးရဲ့ အူမကြီးဟာ ယောကျာ်းစွမ်းအားကိုတိုးစေတယ်။ဗိုလ်ပြင်းမကြောင်ရဲ့ အူမကို ကင်းပုံသီးနဲ့မီးကင်စားရင် ယောကျာ်းကောင်းမောင်းမတစ်ထောင်ဆိုတဲ့ အဆိုနဲ့ညီမျှပါတယ်။

(၅)လိပ်ခုံးမကြောင်

  ကြောင်မြီးတိုလို့ခေါ်တဲ့လိပ်ခုံးမကြောင်မျိုးက ခါးကုန်းကုန်းကွကွနဲ့ကြည့်ရဆိုးတယ်။ဒီကြောင်မျိုးဟာ ဘယ်လောက်နုပျိုတဲ့ကြောင်မျိုးဖြစ်ပါစေ ကြောင်အိုကြီးအတိုင်းပဲ အမွှေးက ကျိုးတိုးကျဲတဲနဲ့ကြည့်ရအလွန်ဆိုးတယ်။သူတို့ဟာ ရွာစပ် ရွာပြင် သချုင်္ိင်းကုန်းမှာအနေများတယ်။ခြေသည်း၊လက်သည်းတွေမှာ ပြင်းထန်တဲ့အဆိပ်ရှိပြီး ကုတ်ခြစ်မိရင် အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ထိုကြောင်မျိုး ရွာထဲဝင်ရင် ရွာနာ တတ်ပါတယ်။

(၆)ကြောင်ကတုံးမျိုးနွယ်

  ကြောင်ကတုံးတွေရဲ့ မျက်လုံးဟာအဖြူရောင်သက်သက်ပဲ။အတွင်းသူငယ်အိမ်မှာမျက်စံအနက်မရှိဘူး။သေသေချာချာကြည့်မှ ဝါဖန့်ဖန့်အရောင်လေးကိုတွေ့ရတယ်။နှုတ်ခမ်းမွှေးတိုတိုနန့်နန့်လေးပဲရှိတယ်။ဒီကြောင်တွေဟာတောထဲမှာအနေများတယ်။သစ်ပင်အမြင့်ကြီးပေါ်မှာပဲနေတတ်တယ်။မတ်တပ်ရပ်ပြီးနေတတ်သလို ကျွမ်းထိုးရာမှာလဲအလွန်တော်တယ်။မြွေသေးသေးလေးတွေနဲ့ ပုတတ်တို့ကိုစားသောက်တတ်တယ်။ကြောင်ကတုံးရဲ့အသားဟာ ကုဌနူနာလို့ခေါ်တဲ့နူနာရောဂါကို ကုသနိုင်တယ်။

(၇)လမ်းတစ်ရာကြောင်မျိုး

 ဒီကြောင်ဟာ ခေါင်းအနည်းအငယ်ကြီးပြီးပုတယ်။ခြေကားတယ်။သူအမွှေးဟာ အဖြူရောင်များပြီးလှပတယ်။လမ်းလျှောက်ရင် တည့်တည့်မသွားဘူး။လေးကွက်နင်းသလိုရိုင်ဖယ်ရိုင်ဖယ်နဲ့သွားတယ်။အလွန်အနံ့ခံကောင်းတယ်။များသောအားဖြင့် လူတွေနဲ့ဝေးတဲ့ တောတောင်ထဲက ရွှေကြော၊ငွေကြော၊ရွှေတွင်း၊ငွေတွင်း၊သိုက် စတာတွေနဲ့နီးတဲ့နေရာမှာနေလေ့ရှိတယ်။ကြောင်အချင်းချင်းတွေ့ရင်ဗိုလ်မထားပဲ တိုက်ခိုက်လေ့ရှိတယ်။ဘယ်ကြွက်မှမလာဘူး။ဒီကြောင်မွေးထားတဲ့အိမ်ဟာ စီးပွားအရမ်းဖြစ်တယ်။

(၈)သီလဝဋကြောင်မင်း

  ဒီကြောင်ဟာအလွန်ကြီးပြီးထွားတယ်။လမ်းလျှောက်ရင် ဣနြေ္ဒရှိပြီးတည်ငြိမ်တယ်။သူရဲ့အမွှေးဟာစွတ်စွတ်ဖြူပြီး အမွှေးထိပ်မှာ ရွှေရောင်တောက်နေတတ်တယ်။ဒီကြောင်အိမ်မှာရှိရင် အခြားကြောင်တွေမသောင်းကျန်းရဲဘူး။ငြိမ်ကုပ်နေတတ်တယ်။ဒီကြောင်အနားမှာ ကြောင်မ လေး ငါး ကောင်အနည်းဆုံးကပ်နေတတ်တယ်(SKB ကြောင်မျိုးလေ :p :p :p)ဒီကြောင်ရဲ့ သည်းခြေနဲ့ပီယဆေးဖော်လို့ရတယ်။သည်းခြေကိုဆောင်ထားရုံနဲ့လူချစ်လူခင်များတယ်။

(၉)ဒိက္ခရကြောင်မြီးတို

  အမြီးဟာတိုပြီးတုတ်တဲ့အတွက် ကြောင်မြီးတိုလို့ခေါ်တယ်။အမွှေးကစုတ်ဖွားဖွားနဲ့အစက်အပြောက်လေးတွေရှိတယ်။အုန်းပင်၊ကွမ်းသီးပင်လို ပြောင်ချောချောအပင်ထိပ်နားမှာရှိတဲ့ ဌက်ပေါက်လေး၊ဌက်သိုက်တွေကိုရှာဖွေစားတတ်တယ်။လူတွေနဲ့မနီးမဝေးမှာနေတတ်ပေမည့် အိမ်မှာမွေးလို့မရဘူး။အိမ်မှာမွေးရင် အိမ်မကပ်ပဲရှောင်ထွက်တတ်ပါတယ်။

(၁၀)ပဋိရက္ခကြောင်

  ဒီကြောင်ကို အမဲလိုက်ဝါသနာပါတဲ့ မုဆိုးတွေမွေးတတ်တယ်။တောထဲမှာလမ်းပြအလွန်ကောင်းတယ်။အခုန် အပျံ အရှောင် အတိမ်း အလွန်ကောင်းတယ်။အမွှေးဟာ အညိုရောင်များတယ်။ကြောင်ရဲ့ခြေထောက်မှာ အဖြူရောင်အဆင်းကြောင်းတစ်ကြောင်းရှိတယ်။ပဋိရက္ခကြောင်ရဲ့ အသွေးနဲ့အကြောဟာအလွန်အသုံးဝင်တယ်။

(၁၁)ကတိုးနက်ကြောင်

  ထိုကြောင်ဟာ တစ်ကိုယ်လုံးအနက်ရောင်ရှိတယ်။နှာခေါင်းကြီးပြီးအစွယ်နဲ့လက်သည်းရှည်တယ်။အရေခွံမာတယ်။အာရုံကြောအစွမ်းထက်တယ်။သူ့ရဲ့အသံဟာအနည်းငယ်စူးတယ်။ကျယ်တယ်။ပုံတောင် ပုံညာဒေသနဲ့ချင်းပြည်နယ်မှာအနေများတယ်။အင်မတန်အဆိပ်ပြင်းတဲ့မြွေကိုတောင် တစ်ချက်တည်းနဲ့သတ်နိုင်တဲ့အစွမ်းရှိတယ်။အဆိပ်ပြီးတယ်။

 ဤအကြောင်းများသည် ကြောင်များကိုအကြမ်းဖျဉ်း ၁၁ မျိုးခွဲထားတာပါ ၁၁ မျိုးအောက်မှာ နောက်ထပ်အမျိုးအစားများရှိပါသေးတယ်။ထိုအကြောင်းကိုလဲ Part-2 အနေနဲ့ထပ်တင်ဆက်ပေးပါဦးမယ်။

                         မီးခဲမောင်မောင်
                 (Myanmar Occult Page

Tuesday, May 9, 2017

ကဆုန်လပြည့်အလှူ


မနက်ဖြန် ကဆုန်လပြည့်နေ့တွင် Blogger တစ်ယောက်ဖြစ်သော ကျွန်တော်မီးခဲမောင်မောင် ဗေဒင်ဟောခြင်း ယတြာခြေခြင်း အစီအရင်များပြုလုပ်ခြင်းမှရရှိလာသော ဉာဏ်ပူဇော်ခများကိုအသုံးပြု၍ ဗိုလ်တထောင်ဘုရားနှင့်ဗိုလ်တထောင်ကမ်းနားတွင် ရေအကျိုးဆယ်ပါးပြည့်စေရန်အလို့ငှာ ညနေ ၃ နာရီမှ စတင်၍ ရေသန့်ဗူး ၅၀၀ ကျော်ဝေပေးမည်ဖြစ်ပါသည်ခင်ဗျာ။ရောက်ခဲ့ရင်ဝင်လာယူလို့ရပါတယ်။

FF8 မကြည့်ရသေးတဲ့သူတွေကိုလဲ FF8 မြန်မာစာတန်းထိုး 450MB ကို Zapya နဲ့ Free ကူးပေးပါမယ်ခင်ဗျာ

                     မီးခဲမောင်မောင်
            (Myanmar Occult Page)

Wednesday, May 3, 2017

သုဝဏ္ဏဘူမိ သမ္ဗုဒ္ဓေဂါထာ(ခေါ်)မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာတော်ကြီး








           သုဝဏ္ဏဘူမိ သမ္ဗုဒ္ဓေဂါထာတော်
                         (ခေါ်)
            မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာတော်

 သမ္ဗုဒ္ဓေဂါထာ ၅ မျိုးရှိသည်။သုဝဏ္ဏဘူမိ သမ္ဗုဒ္ဓေဂါထာ (ခေါ်) မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာတော်သည် အစွမ်းထက်ဆုံးဖြစ်သည်။ထွက်ရပ်ပေါက်သည်အထိအစွမ်းထက်သည်။ထိုဂါထာကြောင့် ထွက်ရပ်ပေါက်သူများပြားစွာရှိခဲ့သောကြောင့် 'အရှင်ရဟံ'သည် ထိုသမ္ဗုဒ္ဓေဂါထာကို ကွယ်ခဲ့သည်။တောင်တွင်းကြီးမြို့ လက်ပံကျောင်းဆရာတော်က သူ၏တပည့်ဘုန်းကြီးကျောင်းသားလေးမောင်အောင်ကို ထိုဂါထာချီးမြှင့်ပေးခဲ့သည်။၎င်းဘုန်းကြီးကျောင်းသားသည် ထိုဂါထာဖြင့်ထွက်ရပ်ပေါက်သွားခဲ့သည်။

အန္တာရာယ်နှင့်တွေ့သောအခါ (၉) ခေါက်
တစ်စုံတစ်ခုကိုလိုအပ်သောအခါ (၁၇) ခေါက်
မျက်နှာသစ်သော်ရေကို (၉) ခေါက်မန်း
ကျန်းမာရေးညံ့သော် ရေ၊အစားအစာကို (၈) ခေါက်မန်း၍စားသောက်ပါ။ထိုဂါထာကို ဉာဏ်ရှိသလိုအသုံးပြုနိုင်ပါစေ။

        သုဝဏ္ဏဘူမိ သမ္ဗုဒ္ဓေဂါထာတော်
                         (ခေါ်)
        မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာတော်ကြီး

   သမ္ဗုဒ္ဓေ အဌဝိသဉ္စ၊ဒွါဒါသဉ္စ သဟဿ     ကေ။
ပဉ္စဿ     တ သဟဿ     နိ၊ဂင်္ဂါယံ ဝါဠုကာစုဏ္ဏေ။
 ပရာဇေတွာ ဗဟုဖုလ္လေ၊နမာမိ သိရသာမဟံ။
  တေသံ ဓမ္မဉ္စ သံဃဉ္စ၊အာဒရေန နမာမဟံ။
 နမတ္တရာ နုဘာဝေန၊ဟိတွာ သဗ္ဗေ ဥပဒ္ဒေဝေ။
အနေကာ အန္တရာယာပိ၊ဝိနဿ     န္တု အသေသတော။

                          မီးခဲမောင်မောင်
                 (Myanmar Occult Page)

မှီငြမ်း-အဘမင်းသိင်္ခ၏ မရမ်းတလင်းလက်ဆောင် ဂမ္ဘီရယတြာများ