ဒီတစ်ခါ မိမိကိုယ်ကိုမိမိကံနိမ့်နေတယ်လို့ထင်နေသူများအတွက် ကံဇာတာမှေးမှိန်နေသူများအတွက် ကံနိမ့်နေသူများအတွက် ရည်ရွယ်ပြီးတော့ ဒီ ``ကံပွင့် ကံမြင့် ကံဆင့်´´ အစီအရင်ကို ဖော်ပြပေးလိုက်ပါတယ်....
ဘယ်နေ့သားမဆို မိမိတို့ရဲ့မွေးနေ့နံနက် (၆းဝဝ)ကနေ(၇း၃၀)အတွင်း ပြုလုပ်ရပါမယ်။ ရက်အနေနဲ့ကတော့
မိမိတို့နှစ်သက်သလို အဆင်ပြေသလို (၃)ရက် (၉)ရက် (၂၇)ရက် စသည်ဖြင့် အဓိဋ္ဌာန်ဝင်နိုင်ပါတယ်....
တနင်္ဂနွေသားသမီးတွေက ပုလင်းတစ်လုံးထဲမှာ မြတ်လေးပန်း၊သဇင်ပန်း၊ဖယောင်းပန်း ရရာတစ်မျိုးမျိုးကိုထိုးစိုက်၊အိမ်ဘုရားမှာပဲလှူဒါန်းပြီး ``သူရဇ္ဇ အရဟံ ဗုဒ္ဓေါ´´ ပုတီး(၉)ပတ်စိပ်ပါ....
တနင်္လာသားသမီးတွေကတော့ အောင်အိုးအရွယ်မြသပိတ်ထဲမှာ သပြေပန်းစိုက်ထိုး အိမ်ဘုရားမှာကပ်လှူ ``စနြေ္ဒာ အရဟံ ဗုဒ္ဓေါ´´ ပုတီး(၁၁)ပတ်စိပ်ပါ
အင်္ဂါသားသမီးများက ငွေဖလားမှာငွေလာဂမုန်းထိုး၊အိမ်ဘုရားကပ်လှူ ``ဘောမ အရဟံ ဗုဒ္ဓေါ´´ ပုတီး(၆)ပတ်စိပ်ပါ
ဗုဒ္ဓဟူးသားသမီးတွေက အတာအိုးနီတစ်လုံးထဲမှာ စန်ပန်း ဥနှဲ ရရာတစ်မျိုးမျိုးထိုးစိုက် ``ဗုဒ္ဓ အရဟံ ဗုဒ္ဓေါ´´ပုတီး(၈)ပတ်စိပ်ပါ
ကြာသပတေးသားသမီးများက ငွေအိုးမှာစွယ်တော်ထိုးပြီး အိမ်ဘုရားမှာလှူ ``ဂုရု အရဟံ ဗုဒ္ဓေါ´´ပုတီး(၁၀)ပတ်စိပ်ပေးပါ
သောကြာသားသမီးများက ရွှေအိုးမှာ ဆောင်တော်ကူး ပိတောက် ရရာတစ်မျိုးမျိုးထိုး အိမ်ဘုရားမှာကပ်လှူပြီး ``သောကြာ အရဟံ ဗုဒ္ဓေါ´´ပုတီး(၁၂)ပတ်စိပ်ပါ
စနေသားသမီးများက ဖန်ခွက်မှာပဒုမ္မာကြာထိုး အိမ်ဘုရားကပ်လှူ ``သောရီ အရဟံ ဗုဒ္ဓေါ´´ပုတီး(၉)ပတ်စိပ်ပါ....
ကံကိုအထူး ပွင့်စေ မြင့်စေပါတယ်.... ကျန်းမာရေး လူမှုရေး စီးပွားရေး အချစ်ရေး အိမ်ထောင်ရေး အစရှိတာတွေနဲ့ပတ်သက်တဲ့အခိုက်အညံ့တွေအားလုံး ပြေလွင့်စေပါတယ်...လုပ်ငန်းဆောင်တာများလုပ်ဆောင်ရာမှာလည်း အထူးအဆင်ပြေစေပါတယ်...
ပန်းများကပ်လှူ ပုတီးများစိပ်ပြီးရင် အောက်မှာဖော်ပြထားတဲ့
``အောင်ဓာတ်ရွှင်မြူး အောင်သံကျူး´´ ဘုရားရှိခိုးအလင်္ကာကို (၉)ခေါက်ရွတ်ဆိုပေးနိုင်ရင်တော့ အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားပေါ့ဗျာ....
အောင်စည်ကိုဟိန်း အောင်ကိန်းဆင်သ ဟာဒယကြည်နူး အောင်ထူးအတိတ် အောင်နိမိတ်နှင့် အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိသစ်မင်း ပင်ခြေရင်း၌ ပါရမီဆယ်ချက် အောင်လက်နက် စက်ခရိုင်ကို အချက်ပိုင်ပိုင် ကိုင်ဆောင်ပြီးလျှင် အတွင်းအပြင်ရန်ဟူသမျှ မြူမျှမထင် သန့်စင်ပယ်ဖျက် တစ်ခဲနက်အောင်ပွဲ ခြိမ့်ခြိမ့်သဲမျှ ခံယူတော်မူ ထွဋ်အငူအောင်ဓာတ်သို့ ဆိုက်ကပ်တော်မူပေ ပရမေသခင် အောင်ပွဲရှင်အဖြစ် ထင်ပေါ်ကျော်ကြား အို....ရှင်တော်မြတ်ဘုရား
ဘေးရန်အပေါင်း ဝေးကွာရှောင်ဖို့ ကောင်းစွာခတ်နှိပ် အောင်တံဆိပ်ကို အောင်ဟိတ်ခတ်ကာ ပေးသနားပါ အောင်အရဟံသိဒ္ဓိမေဗုဒ္ဓေါ မြတ်ရှင်စော ဩကာသ ဩကသ ဩကာသပါ ဘုရား......
အားလုံးပဲ ကံပွင့် ကံမြင့်နိုင်ကြပါစေခင်ဗျာ
ဂန္ဓာရီခရီးသည်
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
No comments:
Post a Comment