Friday, May 22, 2015

လာဘ်​လာဘဘက်​တွင်​အတုမရှိ​သော​ ​ဒေ၀တာလာဘအင်း အစီအရင်

ဒီနည်းကိုကုန်း​ဘောင်​​ခေတ်​ရဲ့နောက်​ဆုံးမင်းဆက်​ဖြစ်​​တဲ့`သီ​ပေါမင်း´လက်​ထက်​မှာ​`ဆရာအို´ဆိုတဲ့သူကသူ့ရဲ့တပည့်​ဖြစ်​တဲ့`​ရွှေဓားဗိုလ်​´ကိုစီရင်​​ပေးခဲ့ပါတယ်​။ရွှေဓားဗိုလ်​ဟာအဲဒီအစီအရင်​ရဲ့အစွမ်း​ကြောင့်​လာဘ်​လာဘ၊ဥစ္စာဓနတို့
အထူးလျှံပယ်​ကြွယ်​၀လာပြီးသီ​ပေါမင်းနား​တော်​​ပေါက်​ကြားသွားရင်​မင်းမျက်​သင့်​မှာစိုးတာ​ကြောင့်​အရပ်​တစ်​ပါးကိုတိမ်း​ရှောင်​ခဲ့ရပါတယ်​။
အဲဒီ​လောက်​စိတ်​၀င်​စားဖွယ်​အစွမ်းသတ္တိထူးကိုရ​စေတဲ့`​ဒေ၀တာလာဘအင်းအစီအရင်​´ကိုတင်​ပြ​ပေးပါ့မယ်​။
အထက်​မှာပြထားတဲ့အင်းကိုစက္ကူအပါအ၀င်​အင်းဆွဲဖို့သင့်​​တော်​တဲ့အခြားမည်​သည့်​အရာမှာမဆိုအင်းစည်းကမ်းများအတိုင်းညီညွတ်​စွာလိုက်​နာ​ရေးဆွဲစီရင်​ရပါမယ်​။
အဲဒီအင်းဆွဲထားတဲ့အ​ပေါ်မှာထမင်းဖြူ (၃)ဆုပ်​ကိုတင်​ပြီး​အောက်​ပါဂါထာနဲ့(၃၇)အုပ်​စုတ်​ရပါမယ်​။
ဂါထာက​တော့-
ဥုံ  အ​ဂ္ဂေါ ဗုဒ္ဓါ  ဥုံ အ​ဂ္ဂေါ ဓမ္မာ
ဥုံ အဂ္ဂေါ သံဃာ အဂ္ဂေါစေဝ ဓမ္မရာဇာ
ပန္နရသော အဂ္ဂေါ ဝိပါကော၊​မေ ​ဟောတု
ယံယံ ဣစ္ဆိတံ သမိ​ဇ္ဈတု၊တံတံ ဣစ္ဆိတံ သမိဇ္ဈတု။
ဥုံ  ပုတ္တာ ပုတ္တာ ​ဒေဒ၀တာ အာဂစ္ဆန္တု အာဂစ္ဆန္တု ၊
ဘုဉ္ဇန္တု ဘုဉ္ဇန္တု ပရိဟရန္တု  ပရိဟရန္တု သွာဟယျကပ်။
အဲဒီဂါထာနဲ့ထမင်းကို(၃၇)အုပ်မန်းပြီးရင်အင်းနဲ့ထမင်းကိုအမြင့်တစ်​​နေရာမှာထားရပါမယ်​၊သတိပြုဖို့က​တော့အဲဒီလိုအမြင့်​ထားရာမှာ အဲဒီအင်းထမင်းထားတဲ့​နေရာရဲ့အထက်​မှာအမိုးအကာ၊သစ်​ပင်​ စတာ​တွေတစ်​ခုမှမရှိတဲ့ဟင်းလင်းပြင်​ဖြစ်​ရပါမယ်​။အိမ်​​ခေါင်​မိုးအထက်​ သစ်​ပင်​အုပ်​ဆိုင်းမှုမရှိတဲ့​နေရာမှာထားနိုင်​ပါတယ်​။
အဲဒီထမင်းကိုကျီးလာစားလို့ရှိရင်​​အောင်​ပြီလို့မှတ်​ပါ၊ကျီးပျံတဲ့အရပ်​က​နေ(၃)ရက်​အတွင်းထူးမြတ်​​သောလာဘ်​လာဘတို့အံ့ဩ​လောက်​​အောင်​၀င်​​ကြောင်းကျမ်းရင်းကြီးမှာ​ဖော်​ပြထားပါတယ်​။
              အားလုံးပဲအဆင်​​ပြေနိုင်​ကြပါ​စေ♥♥♥
                                   MagicKing 

No comments:

Post a Comment