လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Thursday, June 29, 2017
စီးပွားရေးအတွက်ဖိုးဝရုပ်အစီအရင်
စီးပွားရေးလုပ်ငန်းတွေတိုးတက်စေဖို့ ဖိုးဝရုပ်အစီအရင်ပဲဖြစ်ပါတယ်။
လက်ပံသားကို မိမိရဲ့မွေးနေ့ မွေးနံတိုင်ထိပ်ရောက်ချိန်မှာ ဖိုးဝရုပ်တုကို အိတ်ဆောင်အရွယ် ပီပြင်စွာ မိမိကိုယ်တိုင်ဖြစ်စေ ပန်းပုဆရာဆီမှာဖြစ်စေ ထုလုပ်ပြီး ပြီးစီးပါက နံ့သာဖြူအမွှေးတိုင်ထွန်းကာ ဒိဝါတပတိဂါထာအား မိမိတတ်စွမ်းသ၍ (အနည်းဆုံး(၃၇)ခေါက်တော့ရွတ်ရမည်)ရွတ်ဆိုပူဇော်ကာ အဆောင်ပြုလုပ်ပါ။
ဖိုး ဝ - လာဘ် ပွင့်
ဖိုး ဝ - ရောင်း ပန်း
ဖိုး ဝ - ဝယ် ပန်း
ကက်ကင်းမိပါတယ်။
လာဘ်လာဘများပွင့်လန်းကာ ရောင်းပန်းဝယ်ပန်းများပွင့်လန်း၍စီးပွားရေးတိုးတက်လာစေနိုင်ပါသည်။ နေ့စဉ်ဆိုင်ဖွင့်တိုင်း ပုဗ္ဗဏှသုတ်တော်နှင့် ဒိဝါတပတိဂါထာအား ရွတ်ဆိုပူဇော်ပေးပါ။ဂုဏ်တော်ကွန်ခြာရသူများ ဂုဏ်တော်ကွန်ခြာရွတ်ပါ၊ ပို၍အကျိုးများပါသည်။
မင်းဒေဝါ(Tarot)
http://myanmaroccultpage90.blogspot.com/2017/06/blog-post_29.html
Friday, June 9, 2017
အဆိုပါ ပုံပိုင်ရှင် ဉာဏ်လင်းကျော် ဆိုသူသည်
👉ရွှေရင်ကျော်ပညာယူထားကာ
ဣစ္ဆာသယမှဆရာများကိုစော်ကားခြင်း.....
👉လူတစ်ယောက်သည်
ရွှေရင်ကျော်ပညာတစ်နှစ်ကျော်ယူထားသော်လည်း ဘာပညာမှ ဂဃနဏ မတတ်ပါ...ဣစ္ဆာသယပညာအား နှစ်ရက်မျှလေ့လာသင်ယူပြီးသောအခါ ထိုနှစ်ရက်တာအတွင်းသင်ခဲ့သော ဣစ္ဆာသယပညာသည် တစ်နှစ်ကျော်သင်ခဲ့သော ရွှေရင်ကျော်ထက် အဆပေါင်းများစွာ သာလွန်သဖြင့်
ဣစ္ဆာသယပညာအား ပြောင်း၍ယူသည်ကို
အဆိုပါ ဉာဏ်လင်းကျော်နှင့်အပေါင်းအပါတို့သည် တပည့်လုသည်ဟု မဟုတ်တန်းတရား ပြောဆိုခြင်း
(တစ်ကယ်က ရွှေထက်သာသော စိန် အား တွေ့၍ မိမိသဘော နှင့် မိမိပညာပြောင်းခြင်းဖြစ်သည်)
👉ပညာရပ်အကြောင်းဆွေးနွေးရန်ဖိတ်ခေါ်ပါသော်လည်းပေါ်မလာခြင်း(ပညာမှမတတ်တာ၊ဘယ်လာရဲမလဲ)
စသည်တို့ကြောင့်
မြန်မာတစ်နိုင်ငံလုံးအနေနှင့် ဤသို့သော ပညာမတတ်သူ လူလိမ် ဉာဏ်လင်းကျော်အား ရှောင်ရှားနိုင်ကြပါစေရန် မေတ္တာစေတနာရှေ့ထား၍ တင်ပေးလိုက်ပါသည်။

Tuesday, June 6, 2017
ဗေဒင်သင်တန်း
ယနေ့ ဗေဒင်သင်တန်း အမှတ်စဉ် (၂၇) စတင်ပါသည်။.........
သင်တန်းသားဦးရေ ကန့်သတ်ချက်ရှိသဖြင့် ယခုလအတွက် နောက်ဆုံး ၅ဦးသာစာရင်းပေးနိုင်တော့မည်။
👇👇👇
ဗေဒင်သင်တန်းဖွင့်လှစ်ခြင်း
ကျွန်ုပ် ဆရာ နေလင်းထွန်း သည် ဗေဒင်၊ယတြာ၊အင်းစမ....စသည်ဖြင့် လောကီပညာရပ်များကို ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လိုက်စားခဲ့ပါ၏။
ဗေဒင်ပညာရပ်ကို အရူးတစ်ယောက်ကိုလိုက်စားခဲ့၏။
ကျွန်ုပ်၏ ဝါသနာတစ်ခုမှာ ကျွန်ုပ်တတ်မြောက်ထားသော ပညာရပ်တစ်ခုကို အခြားသူများအားလည်း တတ်စေလို၏။
ထို့ကြောင့် ကျွန်ုပ်သည် ဗေဒင်အား ကျွန်ုပ်ထံ လာရောက်ကာ ပညာမသင်ယူနိုင်သူများအတွက် စဉ်းစားကာ online ဗေဒင်သင်တန်းဖွင့်ရန် ကြံစည်မိ၏။
ကျွန်ုပ်၏ သင်ခန်းစာများသည်
ရိုးရှင်းလွယ်ကူရမည်၊ကိန်းခန်းများ များများစားစား ချတွက်စရာ မလိုပဲ လျှင်မြန်စွာ လျှပ်တစ်ပြက် တွက်နိုင်ပြီး မှန်ကန်၊တိကျသော ဟောကွက် ထုတ်နိုင်ရမည်။
၉၀%မှန်ကန်တိကျမှုရှိရမည်။
ယတြာများမှာလည်း
ယနေ့လုပ် ယနေ့ သို့မဟုတ် ၂ရက် ၃ရက်အတွင်း စွမ်းရမည်။
ထိုသို့ ဟောချက်များမှန်ရန်၊ယတြာစွမ်းရန်
ကျွန်ုပ်သည် ကျွန်ုပ်ငယ်စဉ်မှယခုချိန်ထိ နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သော နည်းများထဲမှ လွယ်ကူသောနည်းများကိုရှာဖွေ၍ မှတ်စုတိုထုတ်၏။
ခက်ခဲပြီးဟောကွက်ရှည်သော နည်းများကိုလည်း ကျွန်ုပ်နည်း ကျွန်ုပ်ဟန်ဖြင့် တွက်နည်းကို ချုံ့ပစ်၏။ အဟောများကိုလည်း လွယ်ကူစွာသိနိုင်ရန် လုပ်ထား၏။
ယတြာများမှာလည်း မျိုးတူစုများ၊အမေးများသော၊လုပ်ပေးရများသော ယတြာများကို သူ့အစီအစဉ်နှင့်သူဖြစ်အောင် လုပ်ထား၏။
အစီအရင်များလည်း သင်မည်။
ကြွားဝါလိုခြင်း အလျင်းမရှိသော်လည်း အနည်းငယ်တော့ ပြောရပါဦးမည်။
ကျွန်ုပ်ဆီမှ သင်တန်းပြီးသွားသော် ဗေဒင်ဆရာတစ်ဆူဖြစ်ကာ အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီဖြစ်၏။
အမှန်ဆိုလျှင် ကျွန်ုပ်သည်ဤပညာရပ်များအား ငွေကြေး၊အချိန် အင်မတန်အကုန်အကျခံကာ သင်ယူခဲ့၊လေ့လာခဲ့ရပါ၏။
ပညာကို သေရွာ ယူမသွားလို၍သာ ပညာပြန့်ပွားလို၍သာ သင်ပေးရခြင်းဖြစ်ပါသည်။
သင်ရိုးများကတော့.....
-အခြေခံမဟာဘုတ်
-မဟာဘုတ်အကျယ်
-မဟာဘုတ် ပုံသေဇယားကြီး
-ဂြိုဟ်စားဟောကိန်းများ
-သက်ရောက်အဟောများ
-သုံးတန်ပေါ်နိစ်အခြေခံ
-သုံးတန်ပေါ်နိစ်အကျယ်
-ဂြိုဟ်များ၏ပရိယာယ်
-အင်္ဂဝိဇ္ဇာ
-နာမည်ရွေး၊နာမည်ပေးနည်း
-ထီထိုးနည်းနှင့် ထီပေါက်ကိန်းတွက်နည်း
-ဇနက္ကဟောကိန်း
-နေ့နံအလိုက် အဟောများ
-ဆန်းဗေဒင် အကျဉ်း
-နက္ခတ်တွက်နည်း၊ဟောနည်း
-ဂဏန်းဗေဒင် ခေါ်နျူမရော်လော်ဂျီ
-အနောက်တိုင်းနည်းအရ ရာသီခွင်အလိုက် ဟောပြောနည်း
-ဘဝတစ်သက်လုံးစာ ဟောစာတမ်းထုတ်နည်း
..........စသည်တို့ဖြစ်ပါတယ်....
လက္ခဏာ နဲ့ တားရော့က သက်သက် သင်တန်းတစ်ခုရှိပါတယ်....သူက သင်တန်း၂ပေါ့.....
ယတြာများက...
အကျယ်ပြော၍မကုန်သဖြင့် အမေးအများဆုံး၊အဖြစ်အများဆုံးပြဿနာများ ဖြေရှင်နိုင်သော ယတြာများကိုသာ ဖော်ပြလိုက်သည်။
-လာဘ်ရွှင်၊လာဘ်ပွင့်စေသောနည်း၊လာဘ်ဖွင့်နည်း
-အိမ်ခြံမြေ ရောင်းထွက်စေနည်း
-သမီးရည်းစားကိစ္စများ(ဥပမာ မိမိကို ပစ်ခွာသွားရင်ယတြာ၊အရင်လိုမချစ်တော့ရင်ယတြာ၊နောက်လူပြောင်းသွားရင်ယတြာ၊လူကြီးမိဘတွေနဲ့အဆင်မပြေရင်ယတြာ....)
-အိမ်ထောင်ရေးကိစ္စများအတွက်ယတြာ
-အသက်ရှည်၊ကျန်းမာစေသောယတြာများ
-ပညာရေးအတွက်ယတြာ
-အလုပ်အကိုင်ကိစ္စ၊အင်တာဗျုးကိစ္စများအတွက်ယတြာ
-ကျန်းမာရေးယတြာများ
-ဈေးခေါ်၊လူခေါ်ယတြာများ
-အိမ်မှထွက်သွားသူ ပြန်ခေါ်နည်း
-အချုပ်အနှောင်အတွက်ယတြာ
-အကြံအောင်ယတြာ
-ထီပေါက်စေသောယတြာ
-မွေးနံပန်းမြတ်ယတြာ
-ရာထူးတိုး၊အလုပ်အပြောင်းအရွှေ့ယတြာ..........
စသည်ဖြင့် ယတြာများစွာသင်ပါမည်။
အစီအရင်အနေနှင့်
-မျက်နှာပွင့်၊စန်းပွင့် ပီယအစီအရင်
-ပိတုန်း၊ပိဒိုင်း အစွမ်းထက်ဆုံးအစီအရင်စီရင်နည်းကောင်း(စီးပွားရေးအတွက်ကောင်းသည်၊အတိုက်အခံများ၊အနှောင့်အယှက်အဖက်အဆီးများ၊ဘေးအန္တရာယ်ကင်းစေသည်)
-အတုမရှိ မာတင်္ဂရုပ်တု အကောင်းဆုံးနှင့်အပြည့်စုံဆုံး စီရင်နည်း (တစ်ချို့တွေတင်တာ မပြည့်စုံပါ၍ ကျွန်ုပ်က သင်ရိုးတွင်ထည့်၍ သင်ပေးခြင်းဖြစ်သည်။)
-စ်ီးပွားအလွန်တက်စေသော ရှင်သီဝလိ ဆင်းတုတော် ထုလုပ်ကိုးကွယ်၊သိဒ္ဓိတင်နည်း
-လာဘ်ပွင့်၊လာဘ်ရွှင်၊စီးပွားတက် ဒီပံတော် ပြုလုပ်နည်း
-ကန်တော့ပွဲ စနစ်တကျ ထိုးနည်း..
.....
အပါအဝင် အသုံးများသော အစီအရင်များကိုပါ ပညာဒါန စေတနာမေတ္တာဖြင့် ဖြည့်စွက်၍ သင်ကြားပေးပါမည်။
သင်တန်းတက်ရောက်လိုသူများသည် chat box or 09973532909 သို့ ဆက်သွယ်ကာ အမည်၊မွေးသက္ကရာဇ် ပေးရပါမည်။
သင်တန်းကာလမှာ ကန့်သတ်ချက်မရှိပါ။မတတ်မခြင်း သင်ပေးပါမည်။
မတတ်မရှိစေရ။
သင်တန်းကြေးမှာ ၂သောင်း၅ထောင် ပူဇော်ရပါမည်။
လက္ခဏာ၊တားရော့သင်တန်းမှာ သင်တန်းကြေး ၃သောင်း ဖြစ်သည်။
ကမ္ဘောဇဘဏ်မှပူဇော်နိုင်ပါသည်။
ဤ သင်တန်းကြေးပူဇော်ခိုင်းခြင်းသည် ပညာကိုတန်ဖိုးထားစေလို၍ဖြစ်သည်။ အလကားရသော် တန်ဖိုးမထားတတ်ကြသဖြင့်ပူဇော်ခိုင်းသည်။
သင်တန်းကြေး ၂သောင်း၅ထောင်ပူဇော်ကာ မိမိသည် တစ်သက်လုံး ဤပညာနှင့်လုပ်စားနိုင်ပြီ၊သာသနာရေး...စသည် ကိစ္စများ ကို လှူတန်းခြင်....ဆောင်ရွက်နိုင်ပြီဖြစ်သည်။
ကုသိုလ်လည်းရ ဝမ်းလည်းဝပေမည်။
သင်တန်းသင်ပုံမှာ chat box မှဖြစ်စေ viber မှ ဖြစ်စေ တစ်ဦးခြင်းစီ တစ်ပတ်လျှင် ၃ရက် တနင်္ဂနွေ အင်္ဂါ ကြာသပတေးနေ့တိုင်း သင်ပါမည်။
ဆရာနေလင်းထွန်း
09973532909
(ဣစ္ဆာသယလောကီပညာ)
Monday, June 5, 2017
Juneလအတွက် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း........
ပီယမှော်ရေမွှေးအကြောင်း
******************
ကျွန်တော်အရင်အပတ်က ပီယဆေးတော်အကြောင်းတင်ပြပေးခဲ့ပါတယ်...
ဒီနေ့တင်ပြပေးမှာက ပီယမှော်ရေမွှေးအကြောင်းပါ....
စီရင်ရန် နက္ခတ်၊နေ့ကောင်းရက်သာ၊အချိန်ရွေးပြီး
စီရင်မဲ့နေ့မှာ မိမိနိုင်သော(၈ပါး၊၉ပါး)သီလယူ၊ဝတ်ဖြူစင်ကြယ်ဝင်၊ဆိုင်ရာ ပူဇော်ပသပွဲတင်၍
ကြေးပြားပေါ်မှာ ပီယမှော် အင်းတော်ကြီးကို
အင်းကျိုးခြင်း၊
အင်းကန်းခြင်း၊
အင်းပေါက်ခြင်း စသည်တို့မှကင်းလွတ်အောင် စီရင်ရပါသည်။
၎င်းနောက် လက်ဖွဲ့လိပ်ကာ သနချေ၊သိဒ္ဓိတင်၊အသက်သွင်းအစောင့်ချုပ်၊အစောင့်အပ်၊အစောင့်နှိုး၊ပီယဂါထာများဖြင့် အသီးသီးစုတ်ရပါသည်။....။
၎င်းနောက် လက်ဖွဲ့အဖြစ်ပြုလုပ်၍ ရေမွှေးပုလင်းထဲထည့်ကာ ပီယမှော်ဂါထာဖြင့်ထပ်မံ၍(၁ထောင်)အုပ် စုပ်ရပါသည်။
ရေမွှေးအစွမ်း-ပြောရင် ကြွားတယ်ထင်မှာစိုး၍မပြောတော့ပါ။
အနည်းငယ်သာပြောပါမည်...
ရေမွှေးအား မှန်ကူ(မျက်ခုံးနှစ်ခုကြားအားသုတ်လိမ်းခြင်း)၊သို့မဟုတ် ဆွတ်ဖြန်းသွားက လူချစ်လူခင်များခြင်း၊မျက်နှာပွင့်လန်းခြင်း၊ပြောဆိုသမျှအောင်မြင်ခြင်း၊မျက်နှာမြင်ချစ်ခင်ကြခြင်း၊
ဈေးဆိုင်များအနေနှင့် မနက်စောစောဆိုင်ဖွင့်စ၌ မိမိရသောဂါထာများ၊ပရိတ်များရွတ်ကာ ရေမွှေးအား ဈေးရောင်းမည့်ပစ္စည်းများအား ပက်ဖြန်းပါလေ။ ရောင်းမထွက်ပဲကြံ့ကြာနေသော ပစ္စည်းများပင်လျှင်ရောင်းထွက်စေ၏။
အိမ်၊ခြံ၊မြေ အမြန်ရောင်းထွက်စေရန် အင်းအစီအရင်နှင့်၎င်းရေမွှေးတွဲဖက်၍သုံးက တစ်ပတ်အတွင်း မည်သည့် အိမ်၊ခြံ၊မြေ မဆိုရောင်းထွက်စေ၏။
သမီးရည်းစား၊လင်မယားကိစ္စများ- မိမိချစ်သူ၊အိမ်ထောင်ဘက်ကအရင်လိုမချစ်တော့တာမျိုး၊အချစ်ပေါ့နေတာမျိုးဆိုရင်လည်းသုံးနိုင်၏။
မိမိချစ်သူနှင့်တွေ့စဉ်ဆွတ်သွားက ယခင်ထက်ပို၍ဂရုစိုက်ကြင်နာမှုခံရခြင်း.....အချစ် ပိုမိုတိုးပွား၍ အချစ်ရေး၊အိမ်ထောင်ရေး ခိုင်မြဲစေ၏။
တရားတဘောင်ကိစ္စ၊အရောင်းအဝယ်ကိစ္စများ၌ ၄င်းရေမွှေးကိုပါးစပ်နား၌သုတ်လိမ်း၍သွားပါ၊ မိမိပြောသမျှ အောင်မြင်စေ၏။
မိမိအိမ်၌ ပက်ဖြန်းပါက ကျက်သရေမင်္ဂလာနှင
့်ပြည့်စုံ၍စီးပွားဥစ္စာတိုးတက်ကာအိမ်တွင်းရေး၌သာယာစေ၏။
မိမိဉာဏ်ရှိသလို ၄င်းရေမွှေးအားအသုံးပြုနိုင်၏။ကျွန်ုပ်ဖော်ပြသမျှတို့မှာ
ပီယမှော်ရေမွှေးအစွမ်း၏
၁၀ပုံ ပုံ တစ်ပုံမျှသာလျှင်ဖြစ်၏။
ကျွန်ုပ်၏အဓိဋ္ဌာန်အတိုင်း တစ်လလျှင် ၄င်းပီယမှော်ရေမွှေးအား ၅ဦိး (အလွန်အရေးကြီးသူရှိက နောက်၂ဦး၊အားလုံးပေါင်း ၇ဦးသာ)စီရင်ပေးပါမည်။
ဆရာနေလင်းထွန်း
09-973532909
အကုန်အကျခံ၍စီရင်ရသည်။ထို့ကြောင့်
အစီအရင်အတွက် ပွဲဖိုး၊ပညာပူဇော်ရန် ထိုက်သလောက်ပူဇော်ရပါမည်။.....။

Sunday, June 4, 2017
ဆင်မာန်စွယ်အကြောင်း သိကောင်းစရာများ
ဆင်စွယ်အကျိုးတိုင်းတော့မစွမ်းပါဘူး....
ဆင်စွယ်အကျိုးမှာ သုံးမျိုးရှိတယ်...
မာန်ကျိုး
ရန်ကျိုး
ဒဏ်ကျိုး ဆိုပြီး သုံးမျိုးရှိတယ်....
👉မာန်ကျိုးဆိုတာက
မုန်ယိုနေတဲ့ဆင်တစ်ကောင် မာန်မာန်တက်ပြီး သစ်ပင်ကိုအစွယ်နဲ့ထိုးရာက သစ်ပင်မှာစိုက်ပြီးကျန်ခဲ့တဲ့အစွယ်
👉ရန်ကျိုးဆိုတာက ဆင်နှစ်ကောင်တိုက်ခိုက်ကြရင်း ကျိုးတဲ့အစွယ်
👉ဒဏ်ကျိုးဆိုတာက အစွယ်မှာ ဒဏ်ရာရနေတဲ့ဆင် တောထဲတောင်ထဲသွားလာရင်း သစ်ပင် ကျောက်တုံး စတာတွေနဲ့ ထိခိုက်မိရင်း ကျိုးကျကျန်ခဲ့တဲ့အစွယ်
အဲဒီသုံးမျိုးမှာ မာန်ကျိုးဆိုတဲ့ အစွယ်ကသာ အစွမ်းထက်တာဖြစ်ပါတယ်.....
အဲဒီ ဆင်မာန်စွယ်ကို ဂဝံ
စသည် စီရင်နည်းတွေ များစွာနဲ့ စီရင်ကြပါတယ်....
နောက်နေ့တွေမှာ
ဆင်မာန်စွယ်နဲ့
ဥတေနဂဝံရုပ်တုအစီအရင် စီရင်နည်း တင်ပေးပါ့မယ်......
မင်းဒေဝါ(Tarot)
Subscribe to:
Posts (Atom)