လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Monday, July 3, 2017
လုပ်ငန်းအရှုံးပေါ်နေသူများအတွက်
မိမိကစီးပွားရေးလုပ်ငန်းမှာ ဝီရိယစိုက်ထုတ်၊ဉာဏ်စွမ်းရှိသမျှစိုက်ထုတ်ပြီးကြိုးစားနေပေမယ့် ကိုယ်လုပ်နေတဲ့လုပ်ငန်းဟာ အရှုံးပေါ်တာမျိုး၊နစ်မြုပ်နေတာမျိုးဆိုရင် ဒီယတြာကိုယုံကြည်လေးစားစွာပြုလုပ်ပါ။
မိမိရဲ့ နိမ့်နေတဲ့၊မြုပ်နေတဲ့ ကံဇာတာစန်းလဂ်တွေ မြင့်တက်ပြီးစီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ကောင်းမွန်တိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။
မိမိရဲ့ရောက်ဆဲအသက်ကိုတည်ပြီး(၄)နဲ့မြှောက်ပါ။ရလာတဲ့ရလဒ်ဂဏန်းအတိုင်း မုန့်လုံးရေပေါ်လုပ်ပြီး (၁၀)လုံးကို နံနက်(၁၀း၀၀)တိတိ၌ အိမ်ရှိဘုရားမှာကပ်လှူပူဇော်ပြီးဆုတောင်းပါ။ပိုတဲ့မုန့်လုံးရေပေါ်တွေကို အိမ်နီးနားချင်းတွေကိုဝေငှပေးပါ။
ဤယတြာကို အောက်ပါနည်းအတိုင်းတွက်ပြီးရက်ရွေးပါ။
မိမိအသက်ကိုတည်၍(၇)ဖြင့်စားပါ။
(၁)ကြွင်းရင် တနင်္ဂနွေနေ့
(၂)ကြွင်းရင် တနင်္လာနေ့
(၃)ကြွင်းရင် အင်္ဂါနေ့
(၄)ကြွင်းရင် ဗုဒ္ဓဟူးနေ့
(၅)ကြွင်းရင် ကြာသပတေးနေ့
(၆)ကြွင်းရင် သောကြာနေ့
(၀)ကြွင်းရင် စနေနေ့
၎င်းနေ့များရဲ့နံနက်(၁၀းဝဝ)တိတိမှာပြုလုပ်ရပါမယ်။
ဥပမာ အသက် (၄၀)ရှိတဲ့သူဆိုရင်
ကြာသပတေးနေ့ နံနက်(၁၀းဝဝ)တိတိမှာ
မုန့်လုံးရေပေါ်အလုံး(၁၆၀)ပြုလုပ်ပြီး (၁၀)လုံးကို မြတ်စွာဘုရားရှင်အား ကပ်လှူပူဇော်ဆုတောင်း၍ ပိုသောမုန့်လုံးရေပေါ်များကို အိမ်နီးချင်းများအား ဝေငှပေးရမည် ဖြစ်ပါသည်။
မင်းဒေဝါ(Tarot)
ကိုးကား။.....။အဘဆရာမင်းသိင်္ခ၏သင်တန်းမှတ်စုများ
Saturday, July 1, 2017
ဝန်ထမ်းများအတွက် အပြောင်းအရွှေ့ယတြာ
ဒီယတြာကို ယုံယုံကြည်ကြည်နဲ့လုပ်ပါ။အင်းတော်မှဆရာတစ်ဦးဆိုရင် တစ်လအတွင်းပြောင်းသွားရပါတယ်။
တနင်္ဂနွေသားသမီးများ-ဒန်းညွန့်ကို အရှေ့မြောက်အရပ်ကဘုရား သို့မဟုတ် တနင်္ဂနွေထောင့်မှာကပ်လှူပူဇော်ပါ။
တနင်္လာသားသမီးများ သပြေပန်းကို အရှေ့အရပ်ကဘုရား သို့မဟုတ် တနင်္လာထောင့်မှာကပ်လှူပါ။
အင်္ဂါသားသမီးများ ရှောက်ညွန့်ကို အရှေ့တောင်အရပ်ကဘုရား ဒါမှမဟုတ် အင်္ဂါထောင့်မှာကပ်လှူပူဇော်ပါ။
ဗုဒ္ဓဟူးသားသမီးများ သီးညွန့်ကို တောင်အရပ်ကဘုရား သို့မဟုတ် ဗုဒ္ဓဟူးထောင့်မှာကပ်လှူပူဇော်ပါ။
ရာဟုသားသမီးများ ဇီးညွန့်ကို အနောက်မြောက်ထောင့်အရပ်ကဘုရား သို့မဟုတ် ရာဟုထောင့်မှာကပ်လှူပူဇော်ပါ။
ကြာသပတေးသားသမီးများ ကံ့ကော်ပန်းကို အနောက်အရပ်ကဘုရား သို့မဟုတ် ကြာသပတေးထောင့်မှာကပ်လှူပူဇော်ပါ။
သောကြာသားသမီးများ ဝါးညွန့်ကို မြောက်အရပ်ကဘုရား သို့မဟုတ် သောကြာထောင့်မှာကပ်လှူပူဇော်ပါ။
စနေသားသမီးများ အုန်းညွန့်ကို အနောက်တောင်ထောင့်အရပ်ကဘုရား သို့မဟုတ် စနေထောင့်မှာကပ်လှူပူဇော်ပါ။
အဲဒီလို မိမိတို့နေ့နံအလိုက် အရပ်မျက်နှာအလိုက်ကပ်လှူပူဇော်ပြီးရင် နေ့စဉ် ဇလွန်ပြည်တော်ပြန်ဂါထာကို (၃၇)ခေါက်ရွတ်ဆိုပူဇော်ပါ။
မင်းဒေဝါ(Tarot)
Subscribe to:
Posts (Atom)