Monday, May 11, 2015

အိမ်​မက်​​ပေးနည်း(၂)

ဒီတစ်​​ခေါက်​တင်​​ပေးလိုက်​တဲ့အိပ်​မက်​​ပေးနည်း(၂)မှာအဓိကသုံးရမှာက​တော့
အိပ်​မက်​​ပေးနည်း(၁)မှာတုန်းကပြခဲ့တဲ့
၁၅-၂၄-၃၆-၇၈၊ပီယဝါ​ယေ ပီ​ယေမမ ဆိုတဲ့အင်းကိုအသုံးပြုရမှာပဲဖြစ်​ပါတယ်​။
အဲဒီအင်းကို ကိုယ်​အိပ်​မက်​​ပေးလိုသူရဲ့
အ၀တ်​စမှာပဲဖြစ်​ဖြစ်​၊
ပုဝါ၊​ခေါင်းအုံးစွပ်​၊တဘက်​ စတဲ့ဣဌာရုံပစ္စည်း​တွေမှာပဲချရပါ့မယ်​၊အနိဌာရုံပစ္စည်းဖြစ်​တဲ့
ထဘီစ​တွေ၊အထက်​ဆင်​​တွေမှာချလို့မရပါဘူး။
မိမိအိပ်​မက်​​ပေးလိုသူရဲ့အ၀တ်​စကိုရဖို့မလွယ်​ရင်​​တော့မှိုင်းကိုင်​စက္ကူ
မှာပဲချပါလို့ကျ​နော့်​ဆရာကမှာဘူးပါတယ်​။
ကဲ.....အင်းချလို့ပြီးပြီလားဗျာ၊အင်းချလို့ပြီးရင်​​တော့ အလယ်​ကနံဆိုတဲ့​နေရာမှာ မိမိနံနဲ့ မိမိအိပ်​မက်​​ပေးလိုသူရဲ့နံ
နံနှစ်​ပါးသွတ်​ပါ၊သွတ်​ပီးရင်​ဖ​ယောင်းတိုင်​မှာပတ်​ပြီးနတ်​စင်​ကိုသွားကာမီးထွန်းရပါ့မယ်​၊မထွန်းခင်​မှာလည်းနတ်​စင်​မှာကွမ်းရာ၊လ္ဘက်​၊အ​မွှေးနံ့သာ စတဲ့နတ်​ပွဲရကာဆိုင်​ရာ​တွေကိုတင်​ပြီးမှဖ​ယောင်းတိုင်​ကိုထွန်းပြီးဆု​တောင်းရပါ့မယ်​၊အဲဒီအင်းကိုလည်းနတ်​စင်​မှာတင်​စီရင်​နိုင်​ရင်​​တော့လည်းပို​ကောင်းတာ​ပေါ့ဗျာ၊နို့​ပေမယ့်​ယုံကြည်​မှုသာအဓိကပါ။
နတ်​စင်​မှာမီးထွန်းပီးတဲ့​နောက်​ ​ဖ​ယောင်းတိုင်​ကုန်​တဲ့အထိ​စောင့်​ကြည့်​​နေပါ၊ကုန်​သွားပီဆိုကာမှဖ​ယောင်းတိုင်​မီးထွန်းရာက​နေကျန်​တဲ့အပိုင်းအစ​တွေကိုအကုန်​ခြစ်​ယူပြီး​မိမိနှင့်​အတူ​ဆောင်​ယူသွားရပါ့မယ်​၊နတ်​စင်​ကို​တော့သန့်​ရှင်းစွာကျန်​​နေ​စေခဲ့ရမယ်​။
ဒီနည်းဟာအိပ်​မက်​မက်​​စေရုံသာမကပါ
ဘူး၊ကိုယ်​အိပ်​မက်​​ပေးသူဟာ ကိုယ့်​ရဲ့မျက်​နှာကိုမကြာမကြာမြင်​​ယောင်​​လေ့ရှိ​နေတတ်​ပါတယ်​၊ဒီနည်းလမ်းက​တော့အထက်​လမ်းနတ်​တိုက်​နည်းတစ်​ခုဖြစ်​တာ​ကြောင့်​သစ္စာရှိပြီးရာသက်​ပန်​​ပေါင်းနိုင်​မှပြုလုပ်​စီရင်​ကြပါလို့ ကျ​နော်​​မှော်​ဘုရင်​မှ​ပြောကြားလိုပါတယ်​။
          

No comments:

Post a Comment