Tuesday, July 14, 2015

ဣစ္ဆာသယလိုတိုင်းရ​သောမဏိ​ဇောတပတ္တမြားရတနာဂါထာ​တော်​ အပိုင်း(၂)

အပိုင်း(၁)ပါ မဏိ​ဇောတပတ္တမြားရတနာ(၄)ဂါထာမှ ဂါထာအမှတ်​(၁)နှင့်​အမှတ်​(၂)အားထပ်​တိုး၍(၅၄)​ခေါက်​စီ၊အမှတ်​(၃)ဂါထာနှင့်​အမှတ်​(၄)ဂါထာအား(၂၇)​ခေါက်​စီမှန်​မှန်​ရွတ်​​ပေးခြင်းအားဖြင့်​အ​ရောင်းအဝယ်​၊စီးပွား​ရေးများပိုမို​ကောင်းမွန်​၊တိုးတက်​လာ၏၊အမှုပြဿ      နာများကင်းရှင်း၏၊အမှုရင်​ဆိုင်​​နေရပါကလည်း​သေချာ​ပေါက်​အနိုင်​ရ၏၊ဝင်​​ငွေ​ကောင်းလာပြီးအမြဲတမ်းလာဘ်​လာဘပွင့်​လင်း၏။
ခက်​ခဲ​သောစကားအ​ပြောအဆိုများထူးခြားစွာ​အောင်​မြင်​လာ၏၊အထက်​အာဏာပိုင်​အကြီးအကဲများချစ်​ခင်​​လေးစားလာ၏။မိမိအားယုံကြည်​စိတ်​ချလာ၏၊မိမိအားမ​ကောင်းအမြင်​မရှိ​တော့ဘဲအ​ကောင်းဘက်​ကသာမြင်​၏၊ရုံးတွင်း၊အလုပ်​အတွင်း။ကုမ္ပဏီအတွင်းအဖုအထစ်​များ​လျော့နည်းလာရ၏၊လူ၊နတ်​၊တိရစ္ဆာန်​အားလုံးချစ်​ခင်​​လေးစား၏။ထင်​​ပေါ်​ကျော်​​စောခြင်း၊လူသိများခြင်းများဖြစ်​​ပေါ်​စေ၏။အကျိုးများမှာအလွန်​များလှ၏။ရေး၍ပင်​မကုန်​နိုင်​​ပေ။
ဂါထာအမှတ်​(၁)နှင့်​(၂)အား(၁၀၈)​ခေါက်​စီ၊ ဂါထာအမှတ်​(၃)နှင့်​(၄)အား(၅၄)​ခေါက်​စီရွတ်​ဖတ်​နိုင်​ပါမူကိစ္စအလုံးစုံ၊မိမိဆန္ဒ၊အကြံအစည်​ဟူသမျှ​ မယုံကြည်​နိုင်​​လောက်​​အောင်​ထူးခြားစွာ​အောင်​မြင်​မှုရ​ပေလိမ့်​မည်​။
သို့ရာတွင်​ဂါထာ​တော်​များကို-
  (၁)အိမ်​သာတက်​​နေရင်းမရွတ်​ဆိုရ
  (၂)လမ်းသွား၊လမ်း​လျှောက်​ရင်းမရွတ်​ဆိုရ
  (၃)​ရေချိုး၊အဝတ်​​လျှော်​​နေရင်းမရွတ်​ဆိုရ
  (၄)မည်​သည့်​ယဉ်​မဆို ​မောင်း​နေရင်း၊စီး​နေရင်းမရွတ်​ဆိုရ
  (၅)စိတ်​တို၊​ဒေါသထွက်​​နေရင်းမရွတ်​ဆိုရ
  (၆)အရက်​၊မူးယစ်​​သေစာ​သောက်​စားရင်း၊​လောင်းကစားလုပ်​ရင်းမရွတ်​ဆိုရ
  (၇)ဂါထာ​တော်​များရွတ်​ဆိုရာတွင်​တစ်​ထိုင်​တည်း​ဣရိယာပုတ်​မ​ပြောင်းဘဲရွတ်​ဆိုရမည်​........                     စသည့်​အချက်​များအား​လေးစားစွာလိုက်​နာရ​ပေမည်​။
မဏိ​ဇောတပတ္တမြားဂါထာ​တော်​များအား(၁၀၈)(၁၀၈) (၅၄ )(၅၄)  အ​ခေါက်​နှုန်းထား၍မိမိကိုးကွယ်​ရာ​ဗုဒ္ဓရုပ်​ပွား​တော်​၊​စေတီ​တော်​၊ဓာတ်​​တော်​​မွေ​တော်​ များအားအဓိဌာန်​သစ္စာပြု၍ရွတ်​ဖတ်​ပူ​ဇော်​​ပေးပါက မိမိကိုးကွယ်​ရာ​ဗုဒ္ဓရုပ်​ပွား​တော်​၊​စေတီ​တော်​၊ဓာတ်​​တော်​​မွေ​တော်​များသည်​​ရောင်​ခြည်​​တော်​ကွန့်​မြူးနိုင်​သည်​အထိအစွမ်းထက်​မြက်​​ပေသည်​။

2 comments:

  1. ​ကျေးဇူးတင်​ပါတယ်​ရှင့်

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete