Monday, August 10, 2015
``သ​ဗ္ဗသိဒ္ဓိ စက်​ဂါထာ​တော်​ကြီး´´
      ကကုသ​န္ဓော ​ကောဏဂ မ​နော၊
       ကဿ      ​ပေါ ​ဂေါတ​မော မုနိ။
       သီ​သေ ​မေ ​သေန္တု  သ​ဗ္ဗဒါ။
       ဧ​တေသံ အာနုဘာ​ဝေန
       ယက္ခာ​ ဒေ​ဝေါ မဟိဒ္ဓိကာ
       သေ​ဗ္ဗပိ သုခိတာ ​ဟောန္တု
       မမ မိတ္တာ သဟာယကာ။
အနက်​-
    ကကုသန်​၊​ကောဏာဂုံ၊က​ဿ      ပ၊​ဂေါတမ၊အရိ​မေတ္တယျ ဟူ​သောထိုဘုရားရှင်​ငါးဆူတို့သည်​အကျွန်ုပ်​၏ဦးထိပ်​၌အမြဲကိန်းဝပ်​​တော်​မူကြပါ​စေကုန်​သတည်း။(​ဤကားဘုရားငါးဆူကိုပင့်​ဖိတ်​ခြင်း)
      ထိုဘုရားငါးဆူတို့၏တန်​ခိုး​တော်​​ကြောင့်​အလုံးစုံ​သောတန်​ခိုးကြီးကြသည့်​ဘီလူးမင်း၊နတ်​မင်းကြီးတို့သည်​ကိုယ်​စိတ်​နှစ်​ဖြာကျန်းမာချမ်းသာကြပါ​စေကုန်​သတည်း။(ဤကားဘီလူးမင်း၊နတ်​မင်းတို့အား​မေတ္တာပို့သခြင်း)
     အကျွန်ုပ်​၏မိတ်​​ကောင်း​ဆွေ​ကောင်း၊အ​ပေါင်းအ​ဖော်​​ကောင်းများဖြစ်​ကြပါ​စေကုန်​သတည်း။(ဤကားမိတ်​​ဆွေဖွဲ့ခြင်း)
              ဂါထာ​တော်​အညွှန်း
        လူအများတို့သည်​ကိစ္စကြီးငယ်​ အသွယ်​သွယ်​တို့ဖြင့်​ မည်​သည့်​တိုင်းနှင့်​ပြည်​နယ်​၊မြို့ရွာ​ဒေသများသို့ ခရီးယာယီသွားကြရ​သော်​ မိမိသွား​သောအရပ်​​ဒေသသို့​ရောက်​လျှင်​​ရောက်​ချင်း တိုင်း​စောင့်​နတ်​၊ပြည်​နယ်​​စောင့်​နတ်​၊မြို့ရွာ​စောင့်​နတ်​၊နယ်​​စောင့်​နတ်​၊​တော​တောင်​​စောင့်​နတ်​ စသည်​တို့အား အထက်​ပါ``သ​ဗ္ဗသိဒ္ဓိ စက်​ဂါထာ​တော်​ကြီး´´အားရွတ်​ဆိုမိတ်​ဖွဲ့ပါ​လေ။သွား​လေရာ ​ဘေးအန္တရာယ်​ကင်းခြင်း၊ချမ်းသာသုခပွားခြင်းတို့နှင့်​ ပြည့်​စုံကြုံ​တွေ့ရ​ပေလိမ့်​မည်​။
                                  Magic King
No comments:
Post a Comment