ဒီတစ်ခါ မိမိကိုယ်ကိုမိမိကံနိမ့်နေတယ်လို့ထင်နေသူများအတွက် ကံဇာတာမှေးမှိန်နေသူများအတွက် ကံနိမ့်နေသူများအတွက် ရည်ရွယ်ပြီးတော့ ဒီ ``ကံပွင့် ကံမြင့် ကံဆင့်´´ အစီအရင်ကို ဖော်ပြပေးလိုက်ပါတယ်....
ဘယ်နေ့သားမဆို မိမိတို့ရဲ့မွေးနေ့နံနက် (၆းဝဝ)ကနေ(၇း၃၀)အတွင်း ပြုလုပ်ရပါမယ်။ ရက်အနေနဲ့ကတော့
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Saturday, June 25, 2016
Wednesday, June 15, 2016
`` ကောင်းကျိုးအနန္တဝေဖြာစေသော ရာသီဖွားအလိုက် ပဋ္ဌာန်းပုတီးစိပ်နည်း ´´
ဒီ`` ကောင်းကျိုးအနန္တဝေဖြာစေသော ရာသီဖွားအလိုက် ပဋ္ဌာန်းပုတီးစိပ်နည်း ´´ ဟာ ရှေးက လောကီဆရာကြီးများ လူသားများ လောကီလောကုတ် နှစ်ဖြာသောအကျိုးအတွက်ရည်ရွယ်ပြီးတော့ လက်ဆင့်ကမ်းခဲ့ကြတဲ့ ပုတီးစိပ်နည်းဖြစ်ပါတယ်....
အကျိုးပေးပုံကိုအရင်ပြောချင်ပါတယ်....
လေတိုက်တိုင်း ငွေလိုက်သော ``ရွက်လှေ´´ အစီအရင်
ဒီအစီအရင်ကတော့ ပေးထားတဲ့ခေါင်းစဉ်အတိုင်းပါပဲ... လေတိုက်တိုင်း ငွေလိုက်မယ့် ငွေဝင်မယ့် ရှေးလောကီပညာအစီအရင်တစ်ခုပါပဲ....
ပြုလုပ်ရတာက လွယ်ကူတာကြောင့် အထင်မသေးပါနဲ့....အလွန်အစွမ်းထက်လှပါတယ်....
လာဘ်လာဘနည်းပါနေတဲ့ တပည့်သားမြေးများအတွက် လောကီဆရာကြီးများက လက်ဆင့်ကမ်းသင်ကြားပြသပေးခဲ့တဲ့ အစီအရင်ပါ....
လုပ်ရမှာက
Monday, June 13, 2016
ကျောက်လက်ဝါးအကြောင်း သိကောင်းစရာများ
ဒီနေ့ ဖော်ပြပေးမှာကတော့ ကျောက်လက်ဝါးနဲ့ပတ်သက်တဲ့အကြောင်းများပဲဖြစ်ပါတယ်။
သိပြီးသူများလည်းရှိပေမယ့်လို့ မသိရှိသေးသူများအတွက်ရည်ရွယ်ပြီး ဒီစာကို ရေးဖြစ်တာပဲဖြစ်ပါတယ်.....
-ကျောက်လက်ဝါးတိုင်းဟာတော့ သိဒ္ဓိထူးမရှိပါဘူး...
ကျောက်လက်ဝါးမှာ အသေရယ် အရှင်ရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်.....
ကျောက်လက်ဝါးအရှင်မှာ အစောင့်အရှောက်ရှိပြီးတော့ ကုသိုလ်ဖြစ် အစောင့် သူတော်ကောင်း ၊ အကုသိုလ်ဖြစ် အစောင့် မသူတော် ဆိုပြီး ရှိကြပါတယ်....
-ကျောက်လက်ဝါးအသေမှာတော့ ဘယ်လိုအစောင့်အရှောက်မှလည်းမရှိပါဘူး ၊ ဘာကိစ္စထူးမှလည်းမရှိပါဘူး...။
ကျောက်လက်ဝါး အရှင် အသေ မြင်သာအောင် ခွဲခြားနည်း
- ကျောက်လက်ဝါး အရှင် အသေခွဲခြားဖို့ကတော့ မခက်ခဲပါဘူးဗျာ....
ပထမနည်း -
မြင်းမိုရ်တောင်အကြောင်း
မြင်းမိုရ်တောင်အကြောင်း
မြင်းမိုရ်တောင်နှင့်ပတ်သတ်၍လူအများကစိတ်ဝင်စားကြသည်။အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များကပို၍စိတ်ဝင်စားကြသည်။ကျွန်ုပ်ငယ်စဉ်က မြင်းမိုရ်တောင်နှင့်ပတ်သတ်၍ဖတ်ခဲ့သောစာအုပ်များ လူကြီးများပြောပြသောအကြောင်းအရာများ ကျမ်းများမှဆိုသောအချက်ကိုဗဟုသုတ အနေနှင့်တင်ပေးလိုက်ပါသည်။
အားလုံးအဆင်ပြေကြပါစေ
မီးခဲမောင်မောင်
(Myanmar Occult Page)
အလောင်းစည်သူမင်းသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောမင်းတစ်ပါးဖြစ်သောကြောင့် သွားလိုရာနေရာသို့လက်ညိုးညွှန်ပါက ဖောင်စကြာသွားနိုင်သော ရေလမ်းပေါ်သည်ဟု အဆိုများရှိသည်။သို့ကြောင့်ဖောင်စကြာဖြင့် မြင်းမိုရ်တောင်သို့အရောက်သွားလေသည်။
အလောင်းစည်သူမင်း၏ ဘုန်းတန်ခိုးကြောင့် မြင်းမိုရ်တောင်သို့ရောက်နိုင်သည်ကိုသိမြင်သော သိကြားမင်းသည် တာဝတိံသာမှဆင်း၍တားလေ၏။၎င်းက အဘိုးအိုယောင်ဆောင်၍ တားခြင်းဖြစ်သည်။
"အသင်မင်းကြီးဘယ်အရပ်ကိုသွားပါမည်နည်း" "ငါသည် မြင်းမိုရ်တောင်ကိုရောက်လိုသောကြောင့် ခရီးထွက်လာခြင်းဖြစ်သည်"
"မြင်းမိုရ်တောင်ဟာ လူသားတွေမရောက်နိုင်သော နေရာဖြစ်ပေတယ် အသင်မင်းကြီးသွားလျှင်လဲ မြင်းမိုရ်တောင်အားတွေ့မြင်ခွင့်ရမည်မဟုတ်ပေ"
"အဘယ်သို့ကြံဆောင်ရမည်နည်း"
"မြင်းမိုရ်တောင်ကိုတွေ့ခွင့်မရသော်လဲ ထိုနေရာမှအသံကိုကြားရသောနေရာအား ငါပို့ဆောင်ပေးမည်"
"ကောင်းပါပြီ မရောက်နိုင်သော်လဲ အသံကြားရလျှင်ကျေနပ်ပါပြီ"
ဟုပြောသဖြင့် သိကြားမင်းတန်ခိုးဖြင့် မြင်းမိုရ်တောင်၏အောက်ခြေအရောက်ပို့ပေး၏။၎င်းတို့ကိုပို့ဆောင်ပေးသောနေရာမှာ မြင်းမိုရ်တောင်၏ တောင်ဘက်ဖြစ်၏။ထိုနေရာတွင် ပတ္တမြားအညိုရောင်များတောက်ပသောကြောင့် ပါလာသူများမှာမျက်လုံးမဖွင့်နိုင်အောင်ဖြစ်ကြ၏။
သိကြားမင်းက အလောင်းစည်သူမင်းအားပြော၏။
"မင်းကြီးသင်ရောက်နေသောနေရာသည် မြငးမိုရ်တောင်၏တောင်ဘက်ခြမ်းဖြစ်ပေသည်။မျက်စိကိုပုဝါဖြင့်ကွယ်ထားပါ။မကွယ်ပါက မြင်းမိုရ်တောင်မှထွက်လာသော အလင်းရောင်ထိကာ မျက်စိများပျက်စီးခြင်းသို့ရောက်ပါလိမ့်မည်။"
"ကောင်းလှပေပြီ"
"မြင်းမိုရ်တောင်၏ တောင်ဘက်တွင် ဇမ္ဗူသပြေပင်ရှိ၏ ထိုသပြေပင် အသီးကြွေသံကိုနားဆင်ပါလော့"
ထိုအချိန်နားထဲသို့သာယာသောအသံချို့ဝင်လာသည်။
"ရွှီ ရွှီ ရွှီ ရွှီ"
"ပလုပ် ပလုပ် ပလုပ် ပလုပ်"
"ဝုန်း" ဟူသောအသံများပင်ဖြစ်သည်။
နှဲကဲသို့သာယာသောလေတိုးသံ သပြေသီးကြွေကျသံနှင့်အတူ ဝုန်း ဟူသောအသံကိုပါကြားရသဖြင့် မင်းကြီးကမေးလေသည်။
"ဘယ်လိုအသံမျိုးတွေဖြစ်သနည်း"
"ပထမကြားကသောအသံသည် ဇမ္ဗူသပြေပင်ကိုလေတိုးသောအသံဖြစ်ပြီး ဒုတိယကြားရသောအသံသည် သပြေသီးများကြွေကျသောအသံဖြစ်၍ တတိယကြားရသောအသံမှာ ရေထဲသို့ကြလာသောသပြေသီးများကို ငါးကြီး အာနန္ဒာမှ ဟပ်၍စားသောအသံဖြစ်ပေသည်။"
ထိုအသံများကိုကြားရသောအခါ မင်းကြီးစိတ်ထဲကြည်နူးအေးချမ်းစိတ်ဖြစ်ပေါ်လာသည်။သို့ကြောင့်ထိုအသံများကိုမှတ်သားစေပြီး ထိုအသံတို့ကိုအတုယူပြီး အလှုပွဲလုပ်သောအခါအသုံးပြုသော ဗျောသံကို စီမံစေသည်။
ထို့နောက် လူမင်းဘုန်းကြီးနတ်မင်းမနေသာ ဟူသောစကားအတိုင်း အလောင်းစည်သူမင်းသည်သာသနာပြုမင်းတစ်ပါးဖြစ်လာမည်ကို မြင်သောကြောင့် ကူညီစောင့်ရှောက်ပေးရန်အကြံဖြစ်လေသည်။ထို့ကြောင့် အဝန်း ၁၀ ယူဇနာတိုင်အောင် သင်းပျံ့ မွှေးကြိုင်သော သရက္ခန်သားကိုဖြတ်ယူလျှက် မင်းကြီးအားပေးလေသည်။
"အရှင်မင်းကြီး ဤသရက္ခန်သားသည် ဆယ်ယူဇနာတိုင်အောင် သင်းပျံ့မွှေးကြိုင်၏။ဤသရက္ခန်သားကို မြတ်စွာဘုရားရုပ်ပွားတော် ထုလုပ်ကိုးကွယ်သော် မြင်းမိုရ်တောင်ကို ရောက်ရသည်ထက်ပင် အကျိုးကျေးဇူးများစွာရပေလိမ့်မည်"ဟုပြောဆိုပြီး ဌာပနာထည့်ရန်ဓာတ်တော်တို့ကိုပါ တစ်ပါတည်းပေးလိုက်၏။
၎င်းတို့မှာ-
သီသဓာတ်တော်(၆)ဆူ သီးချာဓာတ်တော်(၁)ဆူ လက်ယာနားမွှေးတော်မှဖြစ်သောဓာတ်တော်(၁)ဆူ ကျောက်ကပ်တော်မှဖြစ်သောဓာတ်တော်(၁)ဆူ သရီရဓာတ်တော်(၁)ဆူ လက်ယာလက်မောင်းမှဖြစ်တော်မူသောဓာတ်တော်(၁)ဆူ နှလုံးမှဖြစ်သောဓာတ်တော်(၁)ဆူ စုစုပေါင်း ဓာတ်တော် ၁၂ ဆူအားပေးအပ်လေ၏။ထို့နောက်မှာသိကြားမင်းကပင် သရက္ခန်သားကို သရက္ခန်ရုပ်ပွားတော်(၅)ဆူနှင့်စူးဆောက်မှကျသော သစ်သားစများကိုသစ်စေးသရိုးနယ်လျက် ထုလုပ်တော်ရုပ်ပွားတော် (၁) ဆူ စုစုပေါင်းရုပ်ပွားတော် (၆) ဆူအား မင်းကြီးကိုပေးအပ်ခဲ့သည်။
ဤကား မြင်းမိုရ်တောင်ရှိသည်ဟူသော သာဓကအချို့ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အလောင်းစည်သူမင်းကြီးကိုသိကြားမင်းထုလုပ်ပေးခဲ့သော သရက္ခန်ဘုရားတို့မှာ ပခုက္ကူနယ်တွင်ကိုးကွယ်လျက်ရှိကြပြီး စည်သူရှင်သရက္ခန်ဘုရားနှင့်ရွှေတန့်တစ်သရက္ခန်ဘုရားတို့မှာ ထင်ရှားသောဘုရားများဖြစ်ကြသည်။
အခြားသာဓကတစ်ခုမှာ မြတ်စွာဘုရား၏အောင်ခြင်း ၈ ပါးတွင် နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမတော်မူသောအခန်း၌ မြင်းမိုရ်တောင်အကြောင်းဖော်ပြထားသည်ကိုတွေ့ကလေသည်။
ဗုဒ္ဓကျမ်းစာများနှင့်မြန်မာ့စွယ်စုံကျမ်းတို့တွင်ဖော်ပြထားသော မြင်းမိုရ်တောင်နှင့်ပတ်သက်သောအကြောင်းအရာများကိုဖော်ပြပါမည်။
တောင်တကာတို့၏မင်းဖြစ်သော မြင်းမိုရ်တောင်သည် မဟာသမုဒ္ဒရာ၏အပေါ် ယူဇနာ ၈၄၀၀၀ မြင့်၍ မဟာသမုဒ္ဒရာ၏အောက် ယူဇာန ၈၄၀၀၀ နစ်မြုပ်နေ၏။မြင်းမိုရ်တောင်ထိပ်မြေအရပ်သည် အလုံးစုံသောမြေအရပ်တို့မဖြစ်ပေါ်မီ ရှေးဦးပထမဖြစ်ပေါ်လာ၍ ယူဇနာ ၈၄၀၀၀ ကျယ်၏။
မြင်းမိုရ်တောင်ဖြစ်ပေါ်လာပုံ
မြင်းမိုရ်တောင်ဦးစွာပထမဖြစ်ပေါ်လာပုံမှာ ဤသို့ဖြစ်၏။ကမ္ဘာကိုမီးလောင်၍ စကြာဝဋာကုဋေတစ်သိန်းလုံး အကုန်ဘာမှမကျန်အောင်ပျက်စီးသွားပြီးနောက် ကမ္ဘာပြုမိုးကြီးရွာသဖြင့် အကုန်လုံးရေနှင့်ပြည့်ကုန်၏။ထိုရေတို့သည် အထက်ပဌမဈာန်ဗြဟ္မာဘုံမှ တစ်ဖြည်းဖြည်းလျော့နည်း၍လာရာ မြင်းမိုရ်တောင်မည်သောနေရာ၌ ရေတို့သည်အလွန်ပျစ်ချွဲလာ၏။ကာလတန်ကြာသောအခါ ထိုရွှံ့ပျစ်ချွဲကြီးမှရွှံ့လွှာကြီးဖြစ်လာ၏။ဤရွှံ့လွှာခဲကြီးသည် လှည်းဘီးကဲ့သို့ဝိုင်းလျက်ရှိကာ ယူဇနာ ၈၄၀၀၀ ကျယ်၏။ယုဂန္ဓိုလ်တောင်သည် ယူဇာ ၄၂၀၀၀ မြင့်၏။နေလနက္ခတ်တို့သည် မြင်းမိုရ်တောင်ကို လက်ယာရစ်လှည့်၍ ယုဂန္ဓိုလ်တောင်ထိပ်နှင့်မျှသော ယူဇနာ ၄၂၀၀၀ မြင့်သောကောင်းကင်တွင် မြား၏လျှင်ခြင်းထက် ဆယ်ဆမကသော လျင်ခြင်းနှင့်သွားကြ၏။ ဣသိန္ဓိုရ်တောင်သည် ယူဇနာ ၂၁၀၀၀ မြင့်၍ ကရဝိတောင်မှာ ယူဇနာ ၁၀၅၀၀ မြင့်၏။သုဒဿနတောင်သည် ယူဇနာ ၅၂၅၀ မြင့်၍ နေမိန္ဓရတောင်သည် ယူဇနာ ၂၆၂၅ မြင့်လျက် ဝနတကတောင်သည် ၁၃၀၂ ယူဇနာ ၂ ဂါဝုတ်မြင့်၏။
မြင်းမိုရ်တောင်၏အရှေ့ဘက်ခြမ်းသည် ငွေသားအတိပြီး၏။
မြောက်ဘက်အခြမ်းသည် ရွှေသားအတိပြီး၏။
တောင်အရပ်အခြမ်းသည် ပတ္တမြားအညိုတိပြီး၏။
အနောက်ရပ်အခြမ်းကား ဖလ်သားအတိပြီး၏။
ဤရွှံ့ခဲ၏ နံဘေး၌ရေအစုအဝေးကား အလွန်ကြည်၍ကျဲ၏။ထိုရေကြည်ရေကျဲတို့သည် တစ်ဖန်ခန်းလျော့၍လာပြန်၏။မြင်းမိုရ်တောင်ကြီးကားခဲမလျော့ပဲ အောက်သို့တိုး၍ ထူ၍ထူ၍လာ၏။နောက်ဆုံးတွင် မဟာသမုဒ္ဒရာ အပေါ်သို့ ယူဇနာ ၈၄၀၀ မြင့်၍တည်နေ၏။
ယုဂန္ဓိုလ်တောင် ဣသိန္ဓိုရ်တောင် ကရဝိတောင် သုဒဿနတောင် နေမိန္ဓရတောင် ဝိနတကတောင် အဿကဏ်တောင် မည်သော တောင် ၇ လုံးသည် မြင်းမိုရ်တောင်ကိုဝိုင်းရံလျက်ရှိသည်။ထိုတောင်စဉ် ၇ ထပ်ကြားတွင် သီဒါ တန်သည် အစဉ်တိုင်း မြင်းမိုရ်တောင်ကို ဗဟိုပြု၍ဝိုင်းရံလျက်ရှိကြပြန်သည်။အဆိုပါ သီဒါ ၇ တန်တို့သည် အထပ်ထပ်ဝန်းရံလျက်ရှိကာ ရေကွင်းကြီးများကဲ့သို့ရှိနေလေသည်။ဖုန်မှုန့်မြေ ရွှံ့မြေဟူ၍မရှိပေ။မြင်းမိုရ်တောင်၏ အရပ်လေးမျက်နှာတွင် ကျွန်းငယ် ၅၀၀ စီခြံရံလျက် ကျွန်းကြီးလေးကျွန်းဖြစ်ပေါ်၏။အရှေ့ကျွန်းနှင့်အနောက်ကျွန်းတို့ကား ယူဇနာ ၇၀၀၀ကျယ်၏။မြောက်ကျွန်းကားယူဇာနာ ၈၀၀၀ ကျယ်၍ တောင်ကျွန်းကား ယူဇနာ ၁၀၀၀၀ ကျယ်၏။စကြာဝဠာတစ်ခု၌ ဤကဲ့သို့မြင်းမိုရ်တောင်ကိုဗဟိုပြု၍ သီဒါ ၇ တန်တောင်စဉ် ၇ ထပ် ဝန်းရံလျက်ရှိကြကုန်၏။မြင်းမို်ရ်တောင်၏ အရပ်လေးမျက်နှာတွင် ကျွန်းကြီးလေးကျွန်းရှိ၏။
ရှေးအခါကမြန်မာဆိုရိုးများတွင်
"လူသူမရောက်မြင်းမိုရ်တောင်""သုံးကျွန်းလင်းခိုက် တစ်ကျွန်းမိုက်"ဟူ၍ ရည်ညွှန်းဖော်ပြချက်များပါ၏။လေးကျွန်းတစ်မြင်းမိုရ်ရှိသော ကမ္ဘာကြီးကို တစ်စကြာဝဠာဟုခေါ်သည်။ဤသည်မှာ ဗုဒ္ဓဘာသာတို့၏အယူအဆဖြစ်သည်။
ကျမ်းဂန်များ၌ သမုဒ္ဒရာလေးစင်း ကျွန်းကြီးလေးကျွန်း တောင်စဉ်ခုနှစ်ထပ်နှင့် သီတာခုနှစ်တန်တို့၏အလယ်၌ မြင်းမိုရ်တောင်ရှိသည်ဟုဖော်ပြထားသည်။
စကြာဝဠာဟူသည် ဝန်းဝိုင်းသောတွင်းကြီးဟုခေါ်သည်။အပေါ်စီးမှကြည့်လျှင်အရှေ့အနောက်တောင်မြောက် အစွဲပြု၍ အောက်ပါအတိုင်းအတာတို့ရှိသည်။
(က)အထုတ်အချင်းအတိုင်းအရှည်ပမာဏ
(၁.၂၀၃.၄၅၀)ယူဇနာ
(ခ)လုံးပတ်အတိုင်းအတာပမာဏ
(၃.၆၁၀.၃၅၀)ယူဇနာ
(ဂ)မြေကြီးထုပမာဏ
(၂၄၀.၀၀၀)ယူဇနာ
(ဃ)မြေခံရေထုပမာဏ
(၄၉၀.၀၀၀)ယူဇနာ
(င)မြေခံလေထုပမာဏ
(၉၆၀.၀၀၀)ယူဇနာ
နေဝင်နေထွက်မှုမှာ စကြာဝဠာ အဝန်းအဝိုင်းမှထွက်ခြင်း တက်ခြင်းကိုရည်ရွယ်၍ ယင်းနေထွက်ရာ နေဝင်ရာကို စကြာဝဠာတောင်ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ရေမြုပ် ရေပေါ် နှစ်ပြန်ရှိမှုကို
"၈၄၀၀၀ နှစ်ပြန်ဆောင်သည် ထိုတောင်ထိပ်မှာ မိုးရပ်ချာ၌"ဟု ကိုးခန်းပျို့တွင်တွေ့ရသည်။တာဝတိံသာနတ်ပြသည် မြင်းမိုရ်တောင်၏အမြင့် ယူဇနာ ၁၀၀၀၀ ၌ တည်၏။ထို တာဝတိံသာနတ်ပြည်ကား စကြာဝဠာတောင်နှင့်တစ်ဆက်တည်းတည်၏။မြင်းမိုရ်တောင်သည် ခုံလောက် ၃ ခု ပေါ်တွင် တည်ထားသော ထမင်းအိုးကဲ့သို့ ကျောက်ထွတ် ၃ ခုအတွင်းသို့
ယူဇနာ ၄၀၀၀ တိုင်ဝင်လျက်ရှိ၏။
ရာဇမတ္တဏ်ကျမ်းအဆိုရ လေ၌ရေတည် ရေပေါ်၌မြေတည်ပြီး မြေပေါ်တွင်စကြာဝဠာတောင်နှုတ်ခမ်းသည်ဝန်းဝိုင်းကြောင်း အလယ်တွင်မြင်းမိုရ်တောင်ပေါက်ကြောင်း မြေပြင်တွင် လူ တိရိစ္ဆာန် ပြိတ္တာစသည်တို့နေကြောင်းဖော်ပြထားသည်။မြင်းမိုရ်တောင်အထက်ပိုင်းတွင် တာဝတိံသာနတ်များနေကြပြီး အောက်ပိုင်းမှမြေပြင်အထိ စတုမဟာရာဇ်နတ်တို့နေကြသည်။သို့ဖြစ်၍ နေ လ နက္ခတ်တာရာ စသည့်အနန္တသည် စတုမဟာရာဇ်နတ်တို့၏ နေရာဖြစ်သည်ဟု အဆိုရှိပေသည်။
ပံသုပထဝီ၌ ရတနာတို့ဖြင့်ပြီးသောသဲပြင်ဝယ် အသူရာပြည်တည်ရှိသည်။မြင်းမိုရ်တောင်၏ အထက်ကောင်းကင်ဝယ် ယာမာ စသောနတ်ပြည်လေးပုံအဆင့်ဆင့်တည်၏။အသူရာပြည်သည် မြင်းမိုရ်တောင်အောက်အထွတ် ၃ ခုတို့၏အလည် ယူဇနာ ၁၀၀၀၀ ရှိသောအရပ်တွင် တည်၏။ဝေပစိတ္တအသူရိန်နတ်မင်း မင်းပြုသည်။မြင်းမိုရ်တောင်ကိုလှည့်ပတ်သွားရာ နေလမ်းကြောင်းသုံးသွယ်ရှိသည်။
(က)မဇ္ဈဝီထိ
(ခ)အန္ထောဝီထိ
(ဂ)ဗာဟီရဝီထိ တို့ဖြစ်သည်။
မဇ္ဈဝီထိအရ ပျမ်းမျှ မနီးမဝေး(၂၇၆.၈၉၂)ယူဇနာ ၂ ဂါဝုတ်ဖြင့်သွား၏။
အန္ထောဝီထိအရ ပျမ်းမျှမနီးမဝေး (၁၃၉.၃၉၁) ယူဇနာ ၁ ဂါဝုတ် ရှိ၏။
ဗာဟီရဝီထိအရ ပျမ်းမျှ မနီးမဝေး (၄၁၉.၇၉၉) ယူဇနာ ၃ ဂါဝုတ်ဖြစ်သည်။
မြင်းမိုရ်တောင်၏ပုံသဏ္ဏာန်သည် အခြားတောင်များကဲ့သို့ လေးထောင့်ပုံမဟုတ်ပေ အချွန်တက်ပုံလဲမဟုတ်ပေ အလုံးဟုမှတ်ရာ၏ဟု လုံးတော်ဆရာတော်က ရှင်းလင်းဖော်ပြသည်။
မြင်းမိုရ်တောင်တွင် အရပ်လေးမျက်နှာ အရောင်လေးပါးရှိ၏။(ထိုအရောင်တို့ကို အထက်တွင်ဖော်ပြခဲ့ပါသည်။)ကျမ်းဂန်လာ ကျွန်းကြီးလေးကျွန်းလဲရှိသည်။
(က)ဇမ္ဗူဒီပါတောင်ကျွန်းသည် လှည်းဦးသဏ္ဌာန်ရှိ၏။
(ခ)အရှေ့ကျွန်းသည် လထက်ဝက်သဏ္ဌာန်ရှိ၏။
(ဂ)မြောက်ကျွန်းသည် လေးထောင့်အင်းပျဉ် ပုံသဏ္ဌာန်ရှိ၏။
(ဃ)အနောက်ကျွန်းကား လပြည့်ဝန်း ပုံသဏ္ဌာန်ရှိလေ၏။
သို့ဖြစ်၍ "လေးကျွန်းတစ်မြင်းမိုရ်" ဟုဆိုကြခြင်းဖြစ်သည်။လေးကျွန်းသား လေးကျွန်းသူတို့မျက်နှာကား မိမိတို့နေထိုင်ရာကျွန်းပုံသဏ္ဌာန်နှင့်တူ၏။ကျွန်းသူကျွန်းသားတို့၏အသက်အပိုင်းခြားကား တစ်ကျွန်းနှင့်တစ်ကျွန်းမတူပေ။
(က)ဇမ္ဗူဒိပ်ကျွန်းသားတို့၏သက်တမ်းသည်အမြဲမရှိ။ရံခါ ၁၀ နှစ်တန်းရှိ၍ ရံခါ အင်္သေချေတန်းရှိတတ်သည်။
(ခ)အရှေ့ကျွန်း(ပမုဝိဒေဟ)ကျွန်းသူကျွန်းသားတို့်သည် အသက် ၇၀၀ ကျော်နေရကုန်၏။
(ဂ)အနောက်ကျွန်း(အပရဂေါယာ) ကျွန်းသူကျွန်းသားတို့သည် အသက် ၅၀၀ ကျော်နေရကုန်၏။
(ဃ)မြောက်ကျွန်း(ဥတ္တကုရုံ)
ကျွန်းသူကျွန်းသားတို့၏အသက်ကား ၁၀၀၀ ရှည်၏။ကျမ်းဂန်အရ (အာယုကပ်)သည် ဆုတ်ကပ်မရှိမြဲနေသည်ဟုဆို၏။
အထက်ပါအချက်များသည် မြင်းမိုရ်တောင်နှင့်ပတ်သက်သောအချက်များဖြစ်သည်။
မြင်းမိုရ်တောင်နှင့်ပတ်သက်၍ ယခုထက်တိုင် သာဓက ပြနိုင်သောအချက်များမှာ
ဗျောသံနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လူအများကိုးကွယ်နေသော စည်သူရှင်ဘုရား ရွှေတန့်တစ်ဘုရား အပါအဝင်သရက္ခန်ဘုရားငါးဆူဖြစ်ကြပေသည်။ထိုရုပ်ပွားတော် ၅ ဆူတို့မှာ မြင်းမိုရ်တောင်ခြေရင်း၌ သိကြားမင်းက အလောင်းစည်သူမင်းကြီးအား သရက္ခန်သားဖြင့်ကိုယ်တိုင်ထုလုပ်ခဲ့သော ရုပ်ပွားတော် ၅ ဆူဖြစ်သဖြင့် မြင်းမိုရ်တောင်သည် ဗုဒ္ဓဘာသာဝင်တို့အလေးအနက်ထားရာ နေရာဖြစ်သည်။

Sunday, June 12, 2016
သူခိုးတားအစီအရင်
ကျွန်တော် ဒီနေ့ ဖော်ပြပေးမယ့်နည်းကတော့ ရှေးလောကီဆရာ့ဆရာကြီးများလက်ထက်ကတည်းက အသုံးပြုခဲ့ကြတဲ့ ``သူခိုးတားအစီအရင်´´ ဖြစ်ပါတယ်...
တစ်ချို့ သူခိုးပူလို့ သူခိုးပူလို့နဲ့ ကြားနေရပါတယ်....
ဒါ့ကြောင့် ဒီနည်းကို ဖော်ပြပေးလိုက်ပါတယ်....
လွယ်ပေမယ့်လို့အထင်မသေးလိုက်ပါနဲ့ဗျာ.... ရှေးကတည်းက သုံးခဲ့ကြတဲ့ လောကီနည်းပါ...
Saturday, June 11, 2016
မိဘပြည်သူများခင်ဗျားးးးး
အလုပ်များနေတာကတစ်ကြောင်း....ဟောပြောနေရသည်ကတစ်သွယ်နဲ့ မအားမလပ်တာကြောင့် လောကီပညာရပ်တွေအကြောင်း မရေးဖြစ် မတင်ဖြစ်တာတောင်အတော်ကြာပြီခင်ဗျာ....
ဒီ့အတွက် ကျွန်တော် ဂန္ဓာရီခရီးသည် ရဲ့ စာဖတ်ပရိတ်သတ်များအား အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ....
နောက်အပတ်လောက်ဆိုရင်တော့ ကျွန်တော်လည်းအားလပ်လောက်မှာပါ...အားတဲ့အချိန်တွေမှာ အချိန်ရရင် ရသလို ကျွန်တော့်ရဲ့စာဖတ်ပရိတ်သတ်ကြီးများအတွက် လက်တွေ့ လူတိုင်း လွယ်လွယ်ကူကူစီရင်လုပ်ဆောင်နိုင်မည့် အင်းအိုင် စမ လက်ဖွဲ့ ဂါထာမန္တန် မန္တရား များ
အကျိုးထူးပေးသောပုတီးစိပ်နည်းအသွယ်သွယ် အဂ္ဂိယတ်နည်းများအဖြာဖြာတို့ကိုလည်းကောင်း ကံကောင်းလာဘ်ရွှင်ယတြာများ ဗေဒင်
အစရှိသည်တို့အား ရှေးဆရာ့ဆရာကြီးများ၏ နည်းနာနိဿယအမှန်အကန်များအား မတိမ်ကော မပပျောက်စေရန်အတွက်
ကျွန်တော် `` ဂန္ဓာရီခရီးသည် (ခ) Naing Gyi (၄င်းမှာ FB Accဖြစ်သည်) ´´
မှ ပြန်လည်ဖော်ထုတ် တင်ပြပေးပါမည်ဖြစ်ပါသည်ဆိုသည့်အကြောင်း စာဖတ်ပရိတ်သတ်ကြီးအား ပြောကြားလိုပါသည်ခင်ဗျာ....
စာကြွင်း။ ။ တစ်ချို့က ကျွန်တော် ဂန္ဓာရီခရီးသည် နှင့် ကိုသစ်နက် အား မှားယွင်းနေကြပါသည်။ 09787707263မှာ ကျွန်တော် ဂန္ဓာရီခရီးသည် ကိုင်ဆောင်သော ဖုန်းနံပါတ်ဖြစ်ပြီး 09778360240မှာ ကျွန်တော့်ညီ ကိုသစ်နက် ကိုင်ဆောင်သော ဖုန်းနံပါတ် ဖြစ်ပါကြောင်း....။
ဤ လောကီပညာပြန့်ပွားရေး blog မှာ စာရေးပေးတဲ့ ဆရာများ၊ ညီများဖြစ်သော ကိုသစ်နက်နှင့် မီးခဲမောင်မောင်ကိုရော TZ သတင်းစုံကိုပါ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ....

Wednesday, June 8, 2016
မဟာသရဘူမဉ္ဇူကျမ်း ပမထတွဲ
ကိုလင်းအိမ်သစ် ဆီမှ မလာပါသည်...
မဟာသရဘူမဉ္ဇူကျမ်း
ပထမတွဲ
8.74MB သာရှိ
http://www.mediafire.com/download/dxjcnxs8n5lvwmh/%E1%80%99%E1%80%9F%E1%80%AC%E1%80%9E%E1%80%9B%E1%80%98%E1%80%B0%E1%80%99%E1%80%A5%E1%81%A8%E1%80%B4%E1%80%80%E1%80%BA%E1%80%99%E1%80%B9%E2%80%8B%E1%80%B8.pdf
Credit - ကိုလင်းအိမ်သစ်
Share by - ဂန္ဓာရီခရီးသည်

Subscribe to:
Posts (Atom)