Wednesday, June 15, 2016
`` ကောင်းကျိုးအနန္တ​ဝေဖြာ​စေ​သော ရာသီဖွားအလိုက်​ ပဋ္ဌာန်းပုတီးစိပ်​နည်း ´´
ဒီ`` ကောင်းကျိုးအနန္တ​ဝေဖြာ​စေ​သော ရာသီဖွားအလိုက်​ ပဋ္ဌာန်းပုတီးစိပ်​နည်း ´´ ဟာ ​ရှေးက ​လောကီဆရာကြီးများ လူသားများ ​လောကီ​လောကုတ်​ နှစ်​ဖြာ​သောအကျိုးအတွက်​ရည်​ရွယ်​ပြီး​တော့ လက်​ဆင့်​ကမ်းခဲ့ကြတဲ့ ပုတီးစိပ်​နည်းဖြစ်​ပါတယ်​....
   အကျိုး​ပေးပုံကိုအရင်​​ပြောချင်​ပါတယ်​....
  တစ်​ကယ်​​တော့ပုတီးစိပ်​တယ်​ဆိုတာ အကျိုးလိုလို့ ​ညောင်​​ရေ​လောင်းတာမျိုးမဖြစ်​သင့်​ပါဘူး....
  ပုတီးစိပ်​ပြီးဆိုရင်​ မိမိစိပ်​တဲ့ ဂုဏ်​​တော်​ ဂါထာ ပဋ္ဌာန်း..... စသည်​ အ​ပေါ်မှာသာ အာရုံပြုထားရပါမယ်​....ဂုဏ်​​တော်​ဆိုလည်း ဥပမာ အရဟံ စိပ်​တယ်​ဆိုရင်​ စိတ်​ထဲက ဒါမှမဟုတ်​ နှုတ်​က​နေ အရဟံ လို့ တစ်​ခါဆိုလိုက်​ပြီးတိုင်း မိမိရဲ့အတွင်းစိတ်​ထဲက​နေ​ရော နှလုံးသားထဲက​နေပါ
-လူ၊နတ်​၊ြ​ဗဟ္မာ သတ္တဝါတို့၏ ပူ​ဇော်​အထူးကို ခံယူ​တော်​မူထိုက်​ပါ​ပေ​သောမြတ်​စွာဘုရား
  -ကိလေသာ အညစ်အကြေးကင်းစင်တော်မူပါပေသော မြတ်စွာဘုရား၊
-မကောင်းမှုကို ဆိတ်ကွယ်ရာအရပ်၌ပင် ပြုတော်မမူပေထသော မြတ်စွာဘုရား။
သမ္မာသမ္ဗု​ဒ္ဓေါ ဂုဏ်​​တော်​ဆိုရင်​လည်း
-သိစရာမှန်သမျှတို့ကို ဆရာမလို ကိုယ်တော်တိုင်သိတော်မူပါပေသော မြတ်စွာ ဘုရား။
   စသည်​ဖြင့်​ ဂုဏ်​​တော်​ရဲ့အနက်​အဓိပ္ပါယ်​ကိုပါပွားများရပါမယ်​....
 ဂါထာစိပ်​ရင်​လည်း မိမိစိပ်​တဲ့ဂါထာရဲ့အနက်​ကိုသိထားပြီးမှစိပ်​ရင်​ပိုပြီးအကျိုးထူးတာ​ပေါ့​ဗျာ...
   ဒီ​တော့ အဓိက​ပြောချင်​တာက​တော့ မိမိစိတ်​ဟာ မြတ်​စွာဘုရားရှင်​အ​ပေါ်မှာ ဂုဏ်​​တော်​အ​ပေါ်မှာ ကြည်​ညိုတဲ့စိတ်​သာဖြစ်​​ပေါ်​နေရပါမယ်​...
  လိုချင်​​လောဘ လုံးဝ(လုံးဝ) မဖြစ်​​စေရပါဘူး...
  ဒီဂါထာ ဘယ်​နပတ်​စိပ်​ရင်​ ဘာရမယ်တဲ့
  ဂုဏ်​​တော်​ဘယ်​နပတ်​စိပ်​ရင်​ ဘာရမယ်​တဲ့
 ဆိုပြီး အဲ့လို ​လောဘစိတ်​နဲ့ မစိပ်​သင့်​ပါဘူး​ဗျာ....
  တစ်​ကယ်​သာ မိမိက သုံး​လောကထွဋ်​ထား မြတ်​စွာဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီးကိုသာ ဂုဏ်​​တော်​ကိုသာ သမ္မာသမာဓိနဲ့ စူးစူးစိုက်​စိုက်​ ​လောဘမပါ ပွားများအားထုတ်ကြည့်​​ပါ...
 ဆုမ​တောင်းရပဲ ​ကောင်းကျိုး​တွေကိုရရှိ​မှာပဲဖြစ်​ပါတယ်​....
   ပဋ္ဌာန်း​ဒေသနာ​တော်​အ​ကြောင်းကို​တော့ ​တော်​​တော်​များများသိကြပြီးသားမို့ ထပ်​မံမ​ဖော်​ပြ​တော့ပါဘူး...လိုရင်းကိုသာ​ပြောပါ​တော့မယ်​...
    (၁၂)ရာသီခွင်​​တော့သိကြမှာပါ... သိဿ ပြိဿ ​မေထုန်​ ကရကဋ်​ သိဟ်​ .... စသည်​ဖြင့်​ပါ.... မိမိက ဘယ်​ရာသီမှာဖွားတာလဲ သိဖို့​တော့လိုပါတယ်​....
 သိဿရာသီဖွားများက- ​ဟေတုပစ္စ​ယော ၊ ကမ္မပစ္စ​ယော ​ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
 ပြိဿရာသီဖွားများက​တော့-
 အာရမ္မဏပစ္စ​ယော ၊ ဝိပါကပစ္စ​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  အဓိပတိပစ္စ​ယော ၊ အာဟာရပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  ကရကဋ်​ရာသီဖွားများက-
 အနန္တရပစ္စ​ယော ၊ ဣန္ဒြိယပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  သိဟ်​ရာသီဖွားများ-
သမနန္တရပစ္စ​ယော ၊ ဈာနပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  ကန်​ရာသီဖွား​တွေက​တော့-
သဟဇာတပစ္စ​ယော ၊ မဂ္ဂပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  တူရာသီဖွား​တွေက-
အညမညပစ္စ​ယော ၊ သမ္ပယုတ္တပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
ြ​ဗိစ္ဆာရာသီဖွား​တွေက​တော့-
  နိဿယပစ္စ​ယော ၊ ဝိပ္ပယုတ္တပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  ဓနုရာသီဖွားများက-
  ဥပနိဿယပစ္စ​ယော ၊ အတ္ထိပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  မကာရရာသီဖွား​တွေက​တော့-
   ပု​ရေဇာတပစ္စ​ယော ၊ နတ္ထိပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  ကုမ်​ရာသီဖွား​တွေက-
  ပစ္ဆာဇာတပစ္စ​ယော ၊ ဝိဂတပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  မိန်​ရာသီဖွား​တွေက-
  အာ​သေဝနပစ္စ​ယော ၊ အဝိဂတပစ္စ​​ယော ဒေသနာ၂ခုအား တစ်​ခုကို ပုတီး(၉)ပတ်​စီစိပ်​ရပါမယ်​...
  မိမိတို့ရဲ့​မွေး​နေ့အလိုက်​ မိတ်​ဂြိုဟ်​ကြတဲ့ရက်​ မိတ်​ဂြိုဟ်​ကြတဲ့ဂြိုဟ်​​ထောင့်​အရပ်​မှာ အဓိဋ္ဌာန်​ဝင်​ရပါမယ်​....အဓိဋ္ဌာန်​ရက်​ကို​တော့ အနည်းဆုံး(၉)ရက်​က​နေ(၄၅)ရက်​အထိ မိမိတို့တတ်​နိုင်​သ​လောက်​ အဓိဋ္ဌာန်​ရက်​သတ်​မှတ်​ပြီးဝင်​ရမှာပဲဖြစ်​ပါတယ်​....
    တနင်္ဂ​နွေသားသမီးများက ကြာသပ​တေး​နေ့ ကြာသပ​တေးဂြိုဟ်​တိုင်​မှာ ​အဓိဋ္ဌာန်​စ​ဝင်​ရပါမယ်​... ကြာသပ​တေးနံပန်းများ အညွန့်​များ ​ရေချမ်း ဆီမီး အ​မွှေးနံ့သာတိုင်​များလည်း ကပ်​လှူလိုက ကပ်လှူနိုင်​ပါတယ်​....
  တနင်္လာသားသမီးများက ​ဗုဒ္ဓဟူး​နေ့ ​ဗုဒ္ဓဟူးဂြိုဟ်​တိုင်​မှာ အဓိဋ္ဌာန်​စဝင်​ရပါမယ်​...​​သောကြာနံပန်းများ အညွန့်​များ ​ရေချမ်း ဆီမီး အ​မွှေးနံ့သာတိုင်​များလည်း ကပ်​လှူလိုက ကပ်လှူနိုင်​ပါတယ်​....
  အင်္ဂါသားသမီး​တွေက ​သောကြာ​နေ့ ​သောကြာဂြိုဟ်​တိုင်​မှာ အဓိဋ္ဌာန်​စဝင်​ရပါမယ်​...​​စ​နေနံပန်းများ အညွန့်​များ ​ရေချမ်း ဆီမီး အ​မွှေးနံ့သာတိုင်​များလည်း ကပ်​လှူလိုက ကပ်လှူနိုင်​ပါတယ်​....
  ကြာသပ​တေးသားသမီး​တွေက​တော့ တနင်္ဂ​နွေ​နေ့ တနင်္ဂ​နွေဂြိုဟ်​တိုင်​မှာ အဓိဋ္ဌာန်​စဝင်​ရပါမယ်​...​​တနင်္လာနံပန်းများ အညွန့်​များ ​ရေချမ်း ဆီမီး အ​မွှေးနံ့သာတိုင်​များလည်း ကပ်​လှူလိုက ကပ်လှူနိုင်​ပါတယ်​....
 စ​နေသားသမီးများက​တော့ ​ဗုဒ္ဓဟူး​နေ့ ​ဗုဒ္ဓဟူးဂြိုဟ်​တိုင်​မှာ အဓိဋ္ဌာန်​စဝင်​ရပါမယ်​...​​​ဗုဒ္ဓဟူးနံပန်းများ အညွန့်​များ ​ရေချမ်း ဆီမီး အ​မွှေးနံ့သာတိုင်​များလည်း ကပ်​လှူလိုက ကပ်လှူနိုင်​ပါတယ်​....
   အဓိဋ္ဌာန်​ဝင်​​နေစဉ်​ကာလအတွင်းနဲ့အဓိဋ္ဌာန်​ပြီးသွားတဲ့​နောက်​မှာ​တော့ မိမိတို့ရဲ့ အခက်​အခဲပြဿနာများ ​ပြေလည်​ ၊ စီးပွား​ရေး ကျန်းမာ​ရေးများ တိုးတက်​​ကောင်းမွန်​၊အချစ်​​ရေး အိမ်​​ထောင်​​ရေး လူမှု​ရေးကိစ္စများလည်းအဆင်​​ပြေ၊ မိမိတို့ရဲ့လိုအပ်​ချက်​​တွေဟာလည်း တစ်​ခုပြီးတစ်​ခုပြည့်​စုံလာမယ်​၊ပညာ​ရေး ဘာညာ အားလုံး​ကောင်းမွန်​မယ်​......
  အကျိုး​ပေးများလွန်းလို့​ရေးမကုန်​နိုင်​ပါဘူး​ဗျာ...လက်​​တွေ့လုပ်​​ဆောင်​မှ အကျိုးထူး​များ​ပေးတာကို မျက်​ဝါးထင်​ထင်​မြင်​​တွေ့ရမှာပဲဖြစ်​ပါတယ်​...ပုတီးစိပ်​နည်း​တွေ​ပေါများလှပါတယ်​...ဒီနည်းက​တော့ ရာသီဖွားအလိုက်​ ပဋ္ဌာန်း​​ဒေသနာ​တော်​ကိုစိပ်​ရတဲ့ ထူးဆန်းနဲ့နည်းပါ...
   အားလုံးလက်​​တွေ့ကျင့်​​ဆောင်​ပြီး ​အောင်​မြင်​မှုအ​ပေါင်းရရှိစံစားနိုင်​ကြပါ​စေ​ဗျာ...
             ဂန္ဓာရီခရီးသည်
No comments:
Post a Comment