Saturday, August 13, 2016

လွတ်​ငြိမ်းချမ်းသာ​စေ​သော ယတြာ




    ဒီယတြာက​တော့ မိမိနဲ့မသက်​ဆိုင်​ဘဲနဲ့သံသယနဲ့ဖြစ်​ဖြစ်​၊အ​ကြောင်း​ကြောင်းနဲ့ငြိစွန်း​နေလို့ဖြစ်​ဖြစ်​ အဖမ်းအစီးကိစ္စမျိုးနဲ့ကြုံ​တွေ့ရတဲ့အခါမျိုးမှာ ဒီယတြာနည်းကိုသာ ယုံကြည်​​လေးနက်​စွာနဲ့ပြုလုပ်​လိုက်​ပါ.....

နည်းက​တော့ -

ဥာဏ်​ပူ​ဇော်​ခယူခြင်းနှင့်​ပတ်​သက်​၍



   ကျွန်​​တော်​​ပေး​နေတဲ့အစီအရင်​​တွေက ဟိုး​ရှေးကတည်းက​လောကီပညာရှင်​အ​ကျော်​အ​မော်​ဆရာ​တော်​ကြီးများ ဆရာကြီးများ​ခေတ်​ကတည်းက တပည့်​အစဉ်​အဆက်​အကျိုးအတွက်​လက်​ဆင့်​ကမ်းပြီးပညာအ​မွေ​ပေးသင်​ကြား​ပေးခဲ့ကြတဲ့ နည်း​ဟောင်း နည်း​ကောင်း နည်းမှန်​​တွေပါ...
  ကျွန်​​တော့်​ဆီမှာ အကူအညီလာ​တောင်းကြတယ်​... ကျွန်​​တော်​ကလည်းအစီအရင်​​တွေ​ပြောပြတယ်​ ပညာကိုပူ​ဇော်​ခိုင်းပါတယ်​ ​စေတနာရှိသ​လောက်​ပါပဲ​...
 ဘာလို့ပူ​ဇော်​ခိုင်းရတာလဲဆို​တော့ ပညာကိုအ​လေးထားရာ​ရောက်​​စေချင်​လို့ပါ (လက်​​ဆောင်​မပါ ဂါထာမစွမ်းဆိုပြီးစကားပုံလည်းရှိတယ်​မဟုတ်​လား​ဗျာ)
  ဒါကိုကျွန်​​တော်​က ပညာမပူ​ဇော်​ခိုင်းပဲအလကားလုပ်​​ပေးလိုက်​တယ်​.... အကူအညီ​တောင်းသူကလည်း အလကားရ​တော့တန်​ဖိုးမထားဘဲ ​ပေါ့​ပေါ့ဆဆလုပ်တယ်​... ​လောကီအစီရင်​​တွေဆိုတာက ​သေ​သေချာချာနည်းစနစ်​တကျ ဆရာ (သို့မဟုတ်​)နည်း​မှန်​သိတဲ့သူခိုင်းတဲ့အတိုင်း​သေချာလုပ်​မှ လုပ်​သူကိုယ်​တိုင်​ကလည်းယုံယုံကြည်​ကြည်​​လေး​လေးစားစားလိုက်​နာပြီးလုပ်​မှစွမ်းတာဖြစ်​တယ်​...

 အလကားရ​တော့ ​ပေါ့ဆစွာလုပ်​မယ်​..စနစ်​တကျမရှိ​တော့ဘူး...
 ဒီ​တော့ အစီအရင်​က လက်​​တွေ့မှာမစွမ်း​တော့ဘူး...
 အဲ့​တော့ နည်း​ပေးသူကျွန်​​တော်​ကပဲ တတ်​​ယောင်​ကား မသိမတတ်​ဘဲ လုပ်​စား​နေသလိုလိုဖြစ်​​နေပါတယ်

  အဓိက​ပြောလိုတာက
ဘာအ​ကြောင်း​ကြောင့်​ပဲဖြစ်​ဖြစ်​ ကျွန်​​တော့်​ဆီမှာအစီအရင်​လာ​တောင်းတယ်​ဆိုရင်​ ပညာကိုဦးစွာပူ​ဇော်​ခိုင်းပါတယ်​...ေ​ဗဒင်​​မေးလည်းဒီလိုပါပဲ...
 ကျွန်​​တော်​သင်​ကြားလာခဲ့တဲ့ဒီပညာ​တွေဟာ အလကား​နေရင်းကျွန်​​တော့်​ဦး​နှောက်​ထဲ အသိဥာဏ်​ထဲဝင်​​ရောက်​လာတာမဟုတ်​ပါ...
  အနှစ်​နှစ်​အလလ အချိန်​ကုန်​ ​ငွေကုန်​ လူပန်းခံပြီး သင်​ကြား​လေ့လာလာခဲ့တဲ့ပညာရပ်​စစ်​စစ်​​တွေပါ.....
  မိမိရဲ့​ပေါ့ဆမှု​ကြောင့်​အစွမ်းမထက်​သည်​များကို ​​ရှေး​လောကီပညာရှင်​များအား မပြစ်​မှားမပုတ်​ခတ်​မိကြပါ​စေနဲ့ခင်​​ဗျာ......
      သဒိသံ ပါကံ ဇ​နေတိ
         ဂန္ဓာရီခရီးသည်​(MOP)