လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Saturday, August 13, 2016
ဥာဏ်ပူဇော်ခယူခြင်းနှင့်ပတ်သက်၍
ကျွန်တော်ပေးနေတဲ့အစီအရင်တွေက ဟိုးရှေးကတည်းကလောကီပညာရှင်အကျော်အမော်ဆရာတော်ကြီးများ ဆရာကြီးများခေတ်ကတည်းက တပည့်အစဉ်အဆက်အကျိုးအတွက်လက်ဆင့်ကမ်းပြီးပညာအမွေပေးသင်ကြားပေးခဲ့ကြတဲ့ နည်းဟောင်း နည်းကောင်း နည်းမှန်တွေပါ...
ကျွန်တော့်ဆီမှာ အကူအညီလာတောင်းကြတယ်... ကျွန်တော်ကလည်းအစီအရင်တွေပြောပြတယ် ပညာကိုပူဇော်ခိုင်းပါတယ် စေတနာရှိသလောက်ပါပဲ...
ဘာလို့ပူဇော်ခိုင်းရတာလဲဆိုတော့ ပညာကိုအလေးထားရာရောက်စေချင်လို့ပါ (လက်ဆောင်မပါ ဂါထာမစွမ်းဆိုပြီးစကားပုံလည်းရှိတယ်မဟုတ်လားဗျာ)
ဒါကိုကျွန်တော်က ပညာမပူဇော်ခိုင်းပဲအလကားလုပ်ပေးလိုက်တယ်.... အကူအညီတောင်းသူကလည်း အလကားရတော့တန်ဖိုးမထားဘဲ ပေါ့ပေါ့ဆဆလုပ်တယ်... လောကီအစီရင်တွေဆိုတာက သေသေချာချာနည်းစနစ်တကျ ဆရာ (သို့မဟုတ်)နည်းမှန်သိတဲ့သူခိုင်းတဲ့အတိုင်းသေချာလုပ်မှ လုပ်သူကိုယ်တိုင်ကလည်းယုံယုံကြည်ကြည်လေးလေးစားစားလိုက်နာပြီးလုပ်မှစွမ်းတာဖြစ်တယ်...
အလကားရတော့ ပေါ့ဆစွာလုပ်မယ်..စနစ်တကျမရှိတော့ဘူး...
ဒီတော့ အစီအရင်က လက်တွေ့မှာမစွမ်းတော့ဘူး...
အဲ့တော့ နည်းပေးသူကျွန်တော်ကပဲ တတ်ယောင်ကား မသိမတတ်ဘဲ လုပ်စားနေသလိုလိုဖြစ်နေပါတယ်
အဓိကပြောလိုတာက
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာအစီအရင်လာတောင်းတယ်ဆိုရင် ပညာကိုဦးစွာပူဇော်ခိုင်းပါတယ်...ဗေဒင်မေးလည်းဒီလိုပါပဲ...
ကျွန်တော်သင်ကြားလာခဲ့တဲ့ဒီပညာတွေဟာ အလကားနေရင်းကျွန်တော့်ဦးနှောက်ထဲ အသိဥာဏ်ထဲဝင်ရောက်လာတာမဟုတ်ပါ...
အနှစ်နှစ်အလလ အချိန်ကုန် ငွေကုန် လူပန်းခံပြီး သင်ကြားလေ့လာလာခဲ့တဲ့ပညာရပ်စစ်စစ်တွေပါ.....
မိမိရဲ့ပေါ့ဆမှုကြောင့်အစွမ်းမထက်သည်များကို ရှေးလောကီပညာရှင်များအား မပြစ်မှားမပုတ်ခတ်မိကြပါစေနဲ့ခင်ဗျာ......
သဒိသံ ပါကံ ဇနေတိ
ဂန္ဓာရီခရီးသည်(MOP)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment