Myanmar Occult Page Vol-9 အား Download ရယူနိုင်ပါပြီ.....
ဒီမှာ {download} လိုက်ပါ
ဂန္ဓာရီခရီးသည် နှင့် Ko Thit Net
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Monday, October 31, 2016
Tuesday, October 25, 2016
Monday, October 24, 2016
Friday, October 14, 2016
အကြောင်းအမျိုးမျိုးကြောင့် online မှ ဗေဒင်မေးမြန်းသူတို့အားပြန်လည်၍မဖြေကြားပေးနိုင်သည်ကိုခွင့်လွှတ်သည်းခံပေးကြပါခင်ဗျာ..... ယခု ဟောခန်းပြန်လည်ဖွင့်လှစ်ပါပြီ....ယခင်ဖုန်းနံပါတ်အားပြောင်းလဲထားပါသည်.....
ဗေဒင်မေးလိုသူများ၊အစီအရင်ပြုလုပ်လိုသူများ၊ပီယအဆောင်လုပ်လိုသူများ၊ယတြာချေလိုသူများ....အနေနှင့်
09782985472 သို့ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ.....
ဗေဒင်မေးလိုသူများ၊အစီအရင်ပြုလုပ်လိုသူများ၊ပီယအဆောင်လုပ်လိုသူများ၊ယတြာချေလိုသူများ....အနေနှင့်
09782985472 သို့ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ.....
Monday, October 3, 2016
လူကလေး...
တစ်ကျပ်တန်တွေတစ်ထပ်ကြီး...ဥပမာ အရွက်၅၀ရှိတယ်ဆိုပါတော့ကွာ...
_ဟုတ်ကဲ့အဘ
-လူကလေးလက်ထဲ ကိုင်ရတာ မများဘူးလား များတယ်မထင်ရဘူးလား...
- ထင်ရပါတယ်အဘ
-အေး.... စောစောက တစ်ကျပ်တန် အရွက် ၅၀နဲ့ ၉၀တန် တစ်ရွက်ကို ယှဉ်ကြည့်မယ်ဆိုရင် အဲဒီ၉၀တန်တစ်ရွက်ထည်းက နည်းတယ်မထင်ရဘူးလား...
တန်ဖိုးအရာတော့မနည်းပေမယ့် လက်ထဲကိုင်ရတာ မျက်စေ့နဲ့မြင်ရတာတော့ ဟို အရွက်၅၀ကပဲများနေသလိုလို...ဟုတ်တယ်မို့လား...
-ဟုတ်ပါတယ်အဘ
-အေး...တန်ဖိုးမှာတော့ ဟို၉၀တန်တစ်ရွက်ထဲကများတယ် အရေအတွက်မှာဆိုရင်တစ်ရွက်ဆိုတော့နည်းတယ်...
ကျပ်တန်၅၀ရွက်မှာ အရေအတွက်တော့များပါရဲ့...တန်ဖိုးမှတော့နည်းတယ်...
အေး......အဘပြောလိုရင်းက လူလေးတို့ သမထပုတီးနဲ့ဝိဇ္ဇာလမ်းလိုက်တဲ့သူတွေအတွက်ပဲ...
-ဟုတ်ကဲ့..အမိန့်ရှိပါအဘ
_ လူလေးတို့ ပုတီးစိပ်ကြတယ်ကွာ....သရဏဂုံ ဂုဏ်တော် ဂါထာ စသဖြင့်ပေါ့ကွာ...... အဲ့မှာ တစ်ချို့က ငါဖြင့် ဒီဂုဏ်တော်ပွားတာ တစ်နေ့ ပုတီးပတ် ၁၀၀ရတယ် ဘယ်လောက်ရတယ် ညာလောက်ရတယ်...အဲလိုတွေရှိကြတယ်...သူများကိုပြောတဲ့သူကပြောတယ်..မပြောတဲ့သူတော့လည်းမပြောဘူးပေါ့ကွယ်....
အဲဒီမှာတစ်ချက်ကြည့်ရအောင်... တစ်နေ့ပုတီးပတ်ရေ၁၀၀ရတာတော့ဟုတ်ပါပြီ.....သမာဓိရရဲ့လား...ဂုဏ်တော်စိပ်တယ်ဆိုရင် အဲဒီဂုဏ်တော်ရဲ့အနက်အဓိပ္ပါယ်ကိုပဲ အာရုံတစ်ပါးစိတ်မသွားပဲ စူးစူးစိုက်စိုက်ရှိရဲ့လား.... အာရုံမရဘဲ ပုတီးပတ်ရေ တစ်ရာ မကလို့ တစ်ထောင်ပင်ရစေကာမူ စိတ်ပျံ့လွင့်နေတယ်...ဥဒ္ဓစ္စဖြစ်နေတယ် ထိနမိဒ္ဓတွေဝင်နေတယ်ဆိုရင် ပုတီးစိပ်တဲ့အတွက် ကုသိုလ်သာရမယ်.... သမာဓိမရတဲ့အတွက် အကျိုးမရှိဖြစ်တတ်တယ်ကွဲ့....
နောက်ပြီး လောဘမကြီးရဘူးကွဲ့.... ဒီဂါထာကို သုံးကဋေ ခြောက်သန်းပြည့်အောင်ရွတ်ရင် ထုံပြီး ဖြစ်တယ် စွမ်းပြီး သိဒ္ဓိလမ်းစဉ်လှမ်းနိုင်ပြီ...ဆိုရင် မြန်မြန်ပြည့်ချင်တဲ့ဇောနဲ့ တစ်နေ့ကို အိုကွာ ဒါပဲ တစ်ဒေဒေစိပ်နေ ရွတ်နေတယ်.... အစတော့ ဟုတ်သလိုလို...
နောက်တော့ ရွတ်ရတာကိုပဲ ပြင်းလာပြီ....ငြီးငွေ့နေပြီ.....
အဲ...ပုတီးတစ်ပတ်ပဲစိပ်တယ် ဒါပေမယ့် ထိနမိဒ္ဓတွေမဝင်ဘူး ဥဒ္ဓစ္စမဖြစ်ဘူးဆိုရင်တော့ စောစောက အဘ ဥပမာနဲ့ပြခဲ့တဲ့ ကျပ်တန်အရွက်၅၀နဲ့၉ဝတန်လိုပေါ့ကွာ.... ကဲ ဒီလောက်ဆိုသဘောပေါက်ပြီမလား....အဘ အကျယ်တဝင့်မပြောတော့ဘူးကွယ်...ဝိဇ္ဇာလမ်းလိုက်တဲ့ပုဂ္ဂိုလ်တွေဆိုတာ တစ်ထွာပြရင် တစ်တောင်မြင်ရတယ်ကွဲ့.... အဓိက မနိုင်ဝန်မထမ်းပါနဲ့...လောဘမကြီးပါနဲ့......
-ဟုတ်ကဲ့ပါအဘ..အဘရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်ကြံအားထုတ်ပါ့မယ်ခင်ဗျာ....
ထို့နောက် အဘအားကန်တော့ရာ အဘမှ သာဓု သုံးကြိမ်ခေါ်လေတော့သတည်းးး.......
နေလင်းထွန်း
Subscribe to:
Posts (Atom)