Monday, October 3, 2016



လူကလေး...
  တစ်ကျပ်တန်တွေတစ်ထပ်ကြီး...ဥပမာ အရွက်၅၀ရှိတယ်ဆိုပါတော့ကွာ...
 _ဟုတ်ကဲ့အဘ

  -လူကလေးလက်ထဲ ကိုင်ရတာ မများဘူးလား များတယ်မထင်ရဘူးလား...

  - ထင်ရပါတယ်အဘ

-အေး.... စောစောက တစ်ကျပ်တန် အရွက် ၅၀နဲ့ ၉၀တန် တစ်ရွက်ကို ယှဉ်ကြည့်မယ်ဆိုရင် အဲဒီ၉၀တန်တစ်ရွက်ထည်းက နည်းတယ်မထင်ရဘူးလား...
တန်ဖိုးအရာတော့မနည်းပေမယ့် လက်ထဲကိုင်ရတာ မျက်စေ့နဲ့မြင်ရတာတော့ ဟို အရွက်၅၀ကပဲများနေသလိုလို...ဟုတ်တယ်မို့လား...

-ဟုတ်ပါတယ်အဘ

-အေး...တန်ဖိုးမှာတော့ ဟို၉၀တန်တစ်ရွက်ထဲကများတယ် အရေအတွက်မှာဆိုရင်တစ်ရွက်ဆိုတော့နည်းတယ်...
ကျပ်တန်၅၀ရွက်မှာ အရေအတွက်တော့များပါရဲ့...တန်ဖိုးမှတော့နည်းတယ်...
အေး......အဘပြောလိုရင်းက လူလေးတို့ သမထပုတီးနဲ့ဝိဇ္ဇာလမ်းလိုက်တဲ့သူတွေအတွက်ပဲ...

-ဟုတ်ကဲ့..အမိန့်ရှိပါအဘ

_ လူလေးတို့ ပုတီးစိပ်ကြတယ်ကွာ....သရဏဂုံ ဂုဏ်တော် ဂါထာ စသဖြင့်ပေါ့ကွာ...... အဲ့မှာ တစ်ချို့က ငါဖြင့် ဒီဂုဏ်တော်ပွားတာ တစ်နေ့ ပုတီးပတ် ၁၀၀ရတယ် ဘယ်လောက်ရတယ် ညာလောက်ရတယ်...အဲလိုတွေရှိကြတယ်...သူများကိုပြောတဲ့သူကပြောတယ်..မပြောတဲ့သူတော့လည်းမပြောဘူးပေါ့ကွယ်....
 အဲဒီမှာတစ်ချက်ကြည့်ရအောင်... တစ်နေ့ပုတီးပတ်ရေ၁၀၀ရတာတော့ဟုတ်ပါပြီ.....သမာဓိရရဲ့လား...ဂုဏ်တော်စိပ်တယ်ဆိုရင် အဲဒီဂုဏ်တော်ရဲ့အနက်အဓိပ္ပါယ်ကိုပဲ အာရုံတစ်ပါးစိတ်မသွားပဲ စူးစူးစိုက်စိုက်ရှိရဲ့လား.... အာရုံမရဘဲ ပုတီးပတ်ရေ တစ်ရာ မကလို့ တစ်ထောင်ပင်ရစေကာမူ စိတ်ပျံ့လွင့်နေတယ်...ဥဒ္ဓစ္စဖြစ်နေတယ် ထိနမိဒ္ဓတွေဝင်နေတယ်ဆိုရင် ပုတီးစိပ်​တဲ့အတွက် ကုသိုလ်​သာရမယ်.... သမာဓိမရတဲ့အတွက် အကျိုးမရှိဖြစ်တတ်တယ်ကွဲ့....
နောက်ပြီး လောဘမကြီးရဘူးကွဲ့.... ဒီဂါထာကို သုံးကဋေ ခြောက်သန်းပြည့်အောင်ရွတ်ရင် ထုံပြီး ဖြစ်တယ် စွမ်းပြီး သိဒ္ဓိလမ်းစဉ်လှမ်းနိုင်ပြီ...ဆိုရင်​ မြန်မြန်ပြည့်ချင်တဲ့ဇောနဲ့ တစ်နေ့ကို အိုကွာ ဒါပဲ တစ်ဒေဒေစိပ်နေ ရွတ်နေတယ်.... အစတော့ ဟုတ်သလိုလို...
နောက်တော့ ရွတ်ရတာကိုပဲ ပြင်းလာပြီ....ငြီးငွေ့နေပြီ.....
အဲ...ပုတီးတစ်ပတ်ပဲစိပ်တယ် ဒါပေမယ့် ထိနမိဒ္ဓတွေမဝင်ဘူး ဥဒ္ဓစ္စမဖြစ်ဘူးဆိုရင်တော့ စောစောက အဘ ဥပမာနဲ့ပြခဲ့တဲ့ ကျပ်တန်အရွက်၅၀နဲ့၉ဝတန်လိုပေါ့ကွာ.... ကဲ ဒီလောက်ဆိုသဘောပေါက်ပြီမလား....အဘ အကျယ်တဝင့်မပြောတော့ဘူးကွယ်...ဝိဇ္ဇာလမ်းလိုက်တဲ့ပုဂ္ဂိုလ်တွေဆိုတာ တစ်ထွာပြရင် တစ်တောင်မြင်ရတယ်ကွဲ့.... အဓိက မနိုင်ဝန်မထမ်းပါနဲ့...လောဘမကြီးပါနဲ့......
 
-ဟုတ်ကဲ့ပါအဘ..အဘရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်ကြံအားထုတ်ပါ့မယ်ခင်ဗျာ....
  ထို့နောက် အဘအားကန်တော့ရာ အဘမှ သာဓု သုံးကြိမ်ခေါ်လေတော့သတည်းးး.......
                နေလင်းထွန်း

No comments:

Post a Comment