လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Friday, December 23, 2016
ထူးဆန်းသောသတ္တဝါကြီးများ
ထူးဆန်းသောသတ္တဝါကြီးများ
သာမန်အနေအထားထက်ပိုမွန်လွန်ကဲသော ထူးဆန်းသောသတ္တဝါကြီးများအကြောင်းကို ရှေးခေတ် အီဂျစ်နှင့်မက်ဆိုပိုတေးမီးယားဒေသတွင် ဘီစီ ၃၀၀၀ မတိုင်ခင်ကတည်းကမှတ်တမ်းတင်ထားခဲ့လေသည်။အိန္ဒိယတွင်ထိုမှတ်တမ်းများရှိသော်လည်း အီဂျစ်ထက်နောက်ကျလေသည်။
ရှေးခေတ်ကဖော်ပြခဲ့သောသတ္တဝါကြီးများမှာ ပုံပန်းသဏာန်ထူးခြားပြီး ကြောက်စရာကောင်းလှပေသည်။ထိုအထဲတွင်လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းဖြစ်နေသောသတ္တဝါကြီးများ လူယောင်ဆောင်ထားသောမိစ္ဆာများနှင့်တိုက်ခိုက်ရခြင်းများပါဝင်လေသည်။ နဂါးစသောသတ္တဝါကြီးများအကြောင်းနှင့်ဆက်စပ်ပြီး ညံစသော ပင်လယ်မြွေကြီးများ မြွေပြိတ္တာကြီးများအကြောင်းကိုရေးသားထားသော မြွေများ၏သမိုင်းမှတ်တမ်းစာအုပ်များပေါ်ပေါက်လာကြသည်။မြွေများသမိုင်း(Hestoric of Serpents)စာအုပ်ကိုရေးသားသူမှာ အက်ဒဝပ်တော့ပ်ဆာလ်(Edward Topsell)ဖြစ်သည်။
1608 ခုနှစ်ကရေးသားခဲ့သောထိုစာအုပ်ထဲတွင် ဝေလငါးတကောင်ကိုရစ်ပတ်သတ်ဖြတ်နိုင်သော ညံသတ္တဝါဟုခေါ်သည့် ပင်လယ်မြွေများအကြောင်းကိုလဲဖော်ပြထားခဲ့လေသည်။(ညံသတ္တဝါများအကြောင်းကိုသီးသန့်ဖော်ပြပါမည်။)ရှေးနှစ်များစွာကပင် လူနှင့်ဆက်နွယ်နေသည့်တိရစ္ဆာန်များပေါ်ပေါက်ခဲ့လေသည်။လူကနေကျားဖြစ်သောသမန်းကျား လူကနေဝံပုလွေဖြစ်သော သမန်းဝံပုလွေ စသောအကြောင်းများပင်ဖြစ်လေသည်။လူမှဖြစ်သောသတ္တဝါများမှာ လူအသိစိတ်ရှိသည့်အတွက်ပိုကြောက်စရာကောင်းသည်ဟု သတ်မှတ်ထားကြလေသည်။
မြန်မာနိုင်ငံတွင်လူမှဖြစ်သော ထမံသီကျားကိုပိုသိကြလေသည်။ချင်းတွင်းမြစ်နားတွင်ရှိသော ထမံသီရွာတွင် သမန်းကျားမျိုးနွယ်များရှိနေသည်ဟုလူသိများကြသည်။ထို့အတူချင်းတွင်းမြစ်ကမ်းတစ်နေရာတွင်ရှိသော်
'မော်က္ကတော်'ရွာတွင် ပြုစားတတ်သော စုန်း ကဝေများရှိသည်ဟု လူသိများကြသည်။
ဥရောပတွင် သမန်းကျားထက် သမန်းဝံပုလွေ(Werewolf)ကိုပိုပြီးအသိများကြသည်။၁၅၂၀-၁၆၃၀ နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာပင် ပြင်သစ်နိုင်ငံအတွင်း၌ပင် သမန်းဝံပုလွေနှင့်ပတ်သက်သော အဖြစ်အပျက်(၃၀၀၀၀)ကျော်ရှိသည်ဟုမှတ်တမ်းတင်ထားခဲ့လေသည်။
လူစင်စစ်မှတိရိစ္ဆာန်သို့အသွင်ပြောင်းခြင်းမှာ စိတ်ပြောင်းလဲခြင်းဖြစ်၏။လူကနေအသွင်မပြောင်းပဲ တိရိစ္ဆာန်စိတ် မိစ္ဆာစိတ်မျိုးဝင်ကာ သွေးကိုစုပ်ယူသူများလဲရှိပေသည်။လူနှင့်တိရိစ္ဆာန်များ၏သွေးကိုလာရောက်စုပ်ယူတတ်သော လင်းနို့တစ်မျိုးရှိရာ သွေးစုပ်လင်းနို့် သို့မဟုတ် ဗန်ပိုင်းယားလင်းနို့ဟုခေါ်သည်။
လူစင်စစ်ကနေ လူအသိဖြင့်သွေးစုပ်ယူသူများကို Vampire ဟုသော်လည်းကောင်း သွေးစုပ်ဖုတ်ကောင်ဟူ၍သော်လည်းကောင်းခေါ်ကြသည်။ထိုသူများကိုတော့ ဖုတ်ဝင်နေသောဖုတ်ကောင် သို့မဟုတ် မိစ္ဆာပူးကပ်နေသူများဟုခေါ်ကြလေသည်။
သွေးစုပ်ဖုတ်ကောင်အကြောင်း လူသိများစေသောစာအုပ်မှာ Dracular နှင့်ဇာတ်လမ်းတွဲများဖြစ်လေသည်။တောနက်ကြီးများ လူသူအရောက်အပေါက်နည်းသော နှင်းတောင်တန်းကြီးများပေါ်မှာတော့ လူကနေကျားဖြစ်သောသမန်းကျား လူယောင်ဆောင်ပြီးတိုက်ခိုက်တတ်သော သမန်းဝံပုလွေ များကို၍ကြောက်ဖို့ကောင်းလေသည်။
ကမ္ဘာအနှံ့အပြားမှာလဲ သမန်းဝံပုလွေနှင့်ပတ်သက်သောအဖြစ်အပျက်ပေါင်းများစွာရှိလေသည်။ထိုထဲတွင် ထင်ရှားသောဖြစ်ရပ်တစ်ခုမှာ ၁၅၂၁ ခုနှစ်ကဖြစ်ခဲ့သော ပေါ်လစ်နီအရပ်က 'ပီယာဘူရို'၏ကိစ္စဖြစ်သည်။
သိုးကျောင်းသားဖြစ်သော ပီယာဘူရိုသည် ရုံးတော်၌ အစစ်ဆေးခံရာတွင် သူသည်လွန်ခဲ့သော ၁၉ နှစ်ခန့်က ဆိုးရွားသောမုန်တိုင်းကြားတွင် သူ၏သိုးများကိုလိုက်လံရှာဖွေနေစဉ်၌ မြင်းနက်ကြီးစီးထားသူ၃ယောက်နှင့်တွေ့ဆုံခဲ့သည်။
ထိုသူများက သူ၏ဒုက္ခကိုမေးမြန်းရာ ပီယာဘူရိုကရှင်းပြ၏။ထိုအခါတစ်ယောက်သောမြင်းနက်ရှင်က
"သတ္တိကိုမွေးမြူစမ်းပါ မင်းသာယုံကြည်စိတ်ရှိမယ်ဆိုရင် ငါ့သခင်က လမ်းလွဲရောက်နေတဲ့မင်းရဲ့သိုးတွေကိုစောင့်ရှောက်ပေးထားလိမ့်မယ်"ဟုပြောသည်။
ပီယာသည်ယုံကြည်မှုရှိသွားပုံရ၏။အဘယ်ကြောင့်ဆိုသော်ရက်အနည်းငယ်အတွင်းသူ၏သိုးများကိုတွေ့သောကြောင့်ဖြစ်သည်။ထို့နောက်ရက်အနည်းငယ်ကြာသောအခါ မြင်းနက်စီးထားသောသူသည် ထပ်မံရောက်လာပြန်ကာ ပီယာသည် စေတန်၏ကျေးကျွန်အဖြစ်ခံယူလျှင် အပြန်အလှန်အားဖြင့် စေတန်က ကြွယ်ဝချမ်းသာမှုနှင့်ဘေးအန္တရာယ်ကင်းမှုကိုပေးမည်ဟုဆိုသည်။
"ဒါနဲ့ကျွန်တော်ဒူးထောက်ပြီး စေတန်ရဲ့ကျေးကျွန်အဖြစ်ခံယူလိုက်ပါသည်"ဟုရုံးတော်တွင်ထွက်ဆိုခဲ့သည်။
ထို့နောက် မစ်ချယ်ဗာဒွန်းအမည်ရှိသောအခြားသမန်းဝုံပလွေကိုအဖော်ပြုကာ ပီယာသည် ဝံပုလွေအသွင်ဆောင်၍ မရည်မတွက်နိုင်အောင် လုယက်မှုများ လူသတ်မှုများကို ကျူးလွန်ခဲ့သည်။တိုက်ခိုက်ခြင်းခံရသူများမှာ အများအားဖြင့် မိန်းကလေးများဖြစ်ပြီး မိန်းကလေးတစ်ယောက်ဆိုလျှင် လည်ပင်းပါဖောက်ခံခြင်းခံခဲ့ရသည်ဟုဆိုသည်။
နိဂုံးချုပ်ရသည်ကား အဖော်ဖြစ်သော မစ်ချယ်ဗာဒွန်းသည် ဝံပုလွေအသွင်ဖြင့်ခရီးသည်တစ်ဦးကိုတိုက်ခိုက်ရာ ခရီးသည်ကပြန်လည်တိုက်ခိုက်ခဲ့သဖြင့် မစ်ချယ်ဗာဒွန်းမှာဒဏ်ရာရသွားခဲ့သည်။သွေးစက်များ၏အဆုံးတွင် ဒဏ်ရာရနေသော မစ်ချယ်ကို လူအသွင်ဖြင့်မြင်ခဲ့ရပြီး ဇနီးဖြစ်သူကပြုစုပေးနေရသည်ဟုဆိုသည်။
ရုံးတော်ကစစ်ဆေးသဖြင့်သိရသည်တွင် ပီယာသည်စေတန်၏တပည့်ပေးသော အထူးဖော်စပ်ထားသောဆေးရည်ကိုတစ်ကိုယ်လုံးလိမ်းကျံပေးခြင်းဖြင့်ဝံပုလွေအသွင်သို့ပြောင်းသည်ဟုဆိုသည်။မစ်ချယ်ကမူ ပင်ကိုယ်ပကတိစွမ်းအားကောင်းသူဖြစ်သောကြောင့် လိုအပ်သည့်အချိန်တွင်လိုအပ်သလို ဝံပုလွေအသွင်သို့ပြောင်းနိုင်သည်။
ထိုသူနှစ်ဦးကို အခြားသောသမန်းဝံပုလွေများနှင့်အတူ ကွပ်မျက်ခဲ့လေသည်။အလားတူဖြစ်ရပ်မျိုး ၁၅၇၃ ခုနှစ်ကလဲဖြစ်ခဲ့သည်ဟုမှတ်တမ်းရှိလေသည်။
ဒိုး(လ်)အရပ်နားက ပြင်သစ်ရွာတစ်ရွာတွင် ကြောက်စရာကောင်းသောသတ္တဝါတစ်ကောင်သည် ကလေးငယ်များကိုတိုက်ခိုက်သတ်ဖြတ်၍ တစ်ဝက်တစ်ပျက်ဝါးမျိုစားသောက်ခဲ့သည်။တစ်နေ့၌ရွာသားတစ်အုပ်သည် ဧရာမဝံပုလွေကြီးတစ်ကောင်က ကလေးတစ်ယောက်ကိုတိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
ဝံပုလွေ၏မျက်နှာမှာ အပေါင်းအသင်းကင်းမဲ့စွာ လပေါင်းများစွာတစ်ကိုယ်တော်နေထိုင်သည့် ဂီး(လ)ဂါနီယာနှင့်ဆင်တူနေသည်ကိုတွေ့ရသည်။ထို့နောက် ဂီး(လ)ဂါနီယာကိုဖမ်း၍ စစ်မေးသောအခါသူကဖြောင့်ချက်ပေးသည်။ဆင်းရဲမွဲတေ၍ စားရမဲ့သောက်ရမဲ့ဖြစ်နေသောကြောင့် သူသည် တောလမ်းတစ်နေရာ၌တွေ့ခဲ့ရသည့် သဘောတူညီချက်ပြုလုပ်ခဲ့သည်။
မကောင်းဆိုးဝါးက သူ့အားလိမ်းဆေးဆီတစ်မျိုးလိမ်းပေးရာ ထိုဆေးလိမ်းပြီးလျှင်သူသည် ဝံပုလွေအသွင်သို့ပြောင်းသွားရသည်။ထိုအခါတွင်သူငတ်ပြတ်သောအခါ မစားရသော အသားငါးများကိုစားရသည်။ဤသို့ဖြောင့်ချက်ရသောအခါ ဂီး(လ)ဂါနီယာအား အရှင်လတ်လတ်မီးရှို့သတ်ခဲ့လေသည်။
၁၅၈၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘက်ကတ်ဆိုသောမြို့လေးတွင် ပီတာစတပ်ဆိုသူအားသုတ်သင်ပွဲကို လူ(၄၀၀၀)ကျော်ခဲ့မြင်တွေ့လိုက်ရသည်။သူသည် မှော်ဆရာတစ်ဦးဖြစ်ကာ ဝံပုလွေနှင့်တူအောင်ပြုလုပ်နိုင်၍ မိစ္ဆာကျင့်များကို ၂၅ နှစ်တိတိကျင့်ကြံခဲ့ရာ လူပေါင်းများကိုသေကြေစေခဲ့သည်။
ဘက်ဘတ်တစ်မြို့လုံးမှာ သိုးများ နွားများကို တိုက်ခိုက်သတ်ဖြတ်ပါသော်လည်း လူသားများကိုတိုက်ခိုက်ရတာပို၍နှစ်သက်သော တစ်ကိုယ်တော် ဝံပုလွေကြောင့်ကြောက်လန့်တစ်ကြားဖြစ်နေရသည်။ယင်းဝံပုလွေနောက်ကို လိုက်လံရှာဖွေနေသောလူအုပ်ကြီးသည် အမဲလိုက်ခွေးများဖြင့်လိုက်လံရှာဖွေကြရာ မှော်ဆရာပီတာစတပ်ကို လျှိုမြှောင်တစ်ခုကြားတွင်ပိတ်ဆို့ဖမ်းမိလေသည်။
လေးဖက်ထောက်၍ ကြမ်းကြုတ်သောပုံဖြင့် တိရိစ္ဆာန်တစ်ကောင်အသွင်မာန်ဖီကာ သာမန်လူထက်ပိုသောခွန်အားဖြင့် ပီတာစတပ်သည် ပြန်လည်တိုက်ခိုက်သည်။နောင်သော် ကိုးလုံတရားတွင်စစ်ဆေးသောအခါ ကြားနေကျအတိုင်းပင် စေတန်နတ်ဆိုးနှင့်အပေးအယူလုပ်ခဲ့သည်တွင် ပီတာစတပ်သည် ဝံပုလွေသားရေကြမ်းခါးပတ်ကိုရရှိခဲ့သည်ဟုဆို၏။
ထို့ပြင်သူသည် ဝံပုလွေအသွင်ဖြင့်ယောကျာ်း မိန်းမ ကလေးများအားတိုက်ခိုက်သည်တွင် ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိလည်းရခဲ့သည်ဟုဆို၏။ယင်းသို့သော သမန်းဝံပုလွေ ဟုခေါ်ရမည့် လူကနေဝံပုလွေအသွင်ပြောင်းသောဖြစ်ရပ်များကို လေ့လာနေကြသောသူများကမူ သမန်းဝံပုလွေဟုယူဆရသူများသည် မိမိကိုယ်မိမိဝံပုလွေဖြစ်သွားပြီဟုထင်မြင်စွဲမှတ်တတ်သော 'လိုင်ကင်သရပီ'ဟုခေါ်သည့် စိတ်ဝေဒနာစွဲကပ်နေသူများဖြစ်သည်ဟုမှတ်ယူထားကြသည်။
သူတို့သည်မူလကပင်စိတ်အလုပ်မလုပ်သူများ ဖြစ်ကြသည်။ထို့ပြင် လွဲမှားသော ဆေးဝါးများသုံးစွဲမှီဝဲကြသောအခါတွင် သူတို့ကိုယ်သူတို့ တကယ်ပင် အသွင်ပြောင်းသွားသည်ဟုမှတ်ယူကြသည်။အသားအသွေးများ လွန်လွန်ကြူးကြူးစားသုံးသူဖြစ်လျှင် ပို၍ ပီပီပြင်ပြင်မှတ်ယူသွားကြလေသည်။
သို့သော် 'လိုင်ကင်သရပီ'ဟုခေါ်သည့်စိတ်ရောဂါအကြောင်း တစ်ဖြည်းဖြည်းနားလည်လာသည့်ကြားကပင် သမန်းဝံပုလွေသည်လူတို့၏အစွဲမှလုံးဝမပျောက်သွားသေးပင်။၁၉၄၉ နောက်ပိုင်းတိုင်အောင်အစွဲရှိသေးသည်။
အထက်ပါဖော်ပြချက်များသည် မိစ္ဆာပူးကပ်ခံရသူများနှင့်ထူးဆန်းသောသတ္တဝါများအကြောင်းဖော်ပြချက်ပင်ဖြစ်လေသည်။ထိုအကြာင်းအရာများမှာရှေးကပင်ရှိခဲ့သောအကြောင်းအရာများဖြစ်လေသည်။ ရှေးနှစ်ပေါင်းများစွာက ဒေဝတာပုရာဏ်များဟု ယူဆရသောအရာတော်တော်များများမှာ ယခုနောက်ပိုင်းကာလသို့ရောက်ရှိလာသောအခါ ပစ္စည်းကိရိယာများ အယူအဆများဖြင့် လေ့လာ၍မရသည်အထိဆန်းကြယ်လှပေသည်။
အချို့ဖြစ်ရပ်များကိုသိပ္ပံပညာကပင် လက်ခံပေးကြရသည်။ထိုအဖြစ်အပျက်များသည် ရှေးခေတ်ဒဏ္ဏာရီများကပေါ်ပေါက်ခဲ့သည်ဆိုသော်လည်း ယခုကာလရောက်သည်အထိ လက်ခံယုံကြည်နေကြသည်။ဘီလူး နဂါး သမန်းကျား ဂဠုန် သမန်းဝံပုလွေ စသည့်ဆန်းကြယ်သောသတ္တဝါများအပြင် အခြားသောထူးဆန်းသောသတ္တဝါများရှိကြလေသည်။ထိုထူးဆန်းသော သတ္တဝါများထဲတွင် ဂရိဒဏ္ဏာရီလာ ပက်ဂဆပ်(စ်)သတ္တဝါလဲပါဝင်သည်။
ပက်ဂဆပ်(စ်){Pegasus}
ဂရိဒဏ္ဏာရီလာ ပက်ဂဆပ်(စ်)ခေါ်အဖြူရောင်မြင်းကြီးသည် ရေနတ်ဘုရာ်းဖြစ်သော ပိုဆိုက်ဒွန်(Poseidon)နတ်မင်းနှင့်ဦးခေါင်းတွင်ဆံပင်များအစားမြွေများဖြစ်ပေါ်နေသည့် ဂေါ်ဂွန်းမီဒူဆာ(Gorgon Medusa)ခေါ်သတ္တဝါကြီးနှင့်ပေါင်းစပ်မွေးမြူလာသောမြင်းထီးကြီးဖြစ်သည်။ပက်ဂဆပ်(စ်)သည်ဖွေးဖွေးဖြူသောအဆင်းရှိပြီး အတောင်ပံဖြင့်ကောင်းကင်တွင်ပျံသန်းနိုင်သည့် ထူးဆန်းသောမြင်းတစ်ကောင်ဖြစ်သည်။ဂရိဒဏ္ဏာရီတွင်ဤမျှအစွမ်းထက်လှသောမြင်းဖြူကြီးအား သူရဲကောင်း ဘဲလာရိုဖွန်း(Belleronphon)ကဖမ်းဆီးခဲ့သည်။မြင်းပျံကြီးသည်
သူရဲကောင်းစီးနင်းခြင်းကိုလက်ခံခဲ့သည်။ထို့အတွက်သူရဲကောင်းသည် အခြားသတ္တဝါဆန်းတစ်ကောင်ဖြစ်သော ခိုင်မဲရား(Chimera)အား သုတ်သင်ရာတွင်ပါဝင်ကူညီခဲ့သည်ဟုဆိုသည်။
ခိုင်မဲရား(Chimera)
ခိုင်မဲရားဆိုသည့်ထူးဆန်းသောသတ္တဝါမှာ ဂရိဒဏ္ဏာရီတွင်ထင်ရှားသောသတ္တဝါတစ်ကောင်ဖြစ်သည်။ဒဏ္ဏာရီတွင်ခိုင်မဲရားသည် မီးများမှုတ်နိုင်ပြီး ခြင်္သေ့ မြွေ ဆိတ် ၃ ကောင်ပေါင်းစပ်ထားသည့်သတ္တဝါဖြစ်သည်။ထိုသတ္တဝါ၏ဖော်ပြချက်တွင် ခြင်္သေ့တစ်ကောင်ဖြစ်ပြီး ယင်းခြင်္သေ့၏ကျောပေါ်မှဆိတ်ခေါင်းပေါက်လျက်ရှိသည်။ခြင်္သေ့၏အမြှီးမှာမူမြွေတစ်ကောင်ဖြစ်သည်။အမြှီး၏အဆုံးတွင်မြွေခေါင်းတည်ရှိနေသည်။
ဆန်တို(Centaur)
ထူးဆန်လှသောသတ္တဝါတစ်ကောင်မှာ ဆန်တိုဖြစ်သည်။ယင်းသတ္တဝါကား လူတစ်ပိုင်းမြင်းတစ်ပိုင်းသတ္တဝါဖြစ်သည်။မြင်း၏ခန္ဓာကိုယ်တွင် လူသား၏ဦးခေါင်းနှင့်ရင်ပိုင်းပေါင်းစပ်ထားခြင်းဖြစ်သည်။
ဂရစ်ဖင်(Griffin) ခေါ် ဂရစ်ဖွန်(Gryphon)
၁ နောက်ထူးခြားသောသတ္တဝါတစ်မျိုးမှာ ဂရစ်ဖင်(Griffin) ခေါ် ဂရစ်ဖွန်(Gryphon)ဖြစ်သည်။ထိုသတ္တဝါ၏တည်ဆောက်ပုံမှာလဲထူးဆန်းသည် ။ထိုသတ္တဝါ၏အမြှီးနှင့် ကိုယ်ခန္ဓာခြေထောက်တို့သည် ခြင်္သေ့တစ်ကောင်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ပြီး ရှေ့လက်နှစ်ဖက်နှင့်ဦးခေါင်းတို့သည် လင်းယုန်တစ်ကောင်၏ခြေထောက်နှင့်ခြေသည်းများဖြစ်ကြသည်။ဒဏ္ဏာရီများတွင် ဂရစ်ဖင်သည် ရတနာများကိုစောင့်ရှောက်ရသောသူဖြစ်သည်။
ဟိုက်ဒြာ(Hydra)
ထူးဆန်းသောအခြားသတ္တဝါတစ်ကောင်မှာ ဟိုက်ဒြာ(Hydra)ဖြစ်သည်။ယင်းသတ္တဝါကြီးမှာ နဂါးပုံရေသတ္တဝါဖြစ်သော်လည်း ဦးခေါင်းပေါင်းများစွာပါဝင်လျက်ရှိသည်။ဒဏ္ဏာရီတွင် ထိုသတ္တဝါ၏ဦးခေါင်းအားဖြတ်တောက်လိုက်ပါက နောက်ထပ်ဦးခေါင်း ၂ ခုထပ်ထွက်လာဟုအဆိုရှိသည်။ထို့အပြင်ထွက်သက်ဝင်သက်သည်အဆိပ်ဖြစ်နေပြီး သွေးသည်လည်းအဆိပ်ဖြစ်သောကြောင့် သူသွားရာလမ်းကြောင်းများတွင် သေဆုံးမှုများဖြစ်ကြသည်။
ဆာဘားရပ်(စ်)(Cerberus)
အခြားထင်ရှားသောသတ္တဝါတစ်ကောင်မှာ ဆာဘားရပ်စ်(Cerberus)ခေါ် ခေါင်း ၃ လုံးနှင့်ခွေးကြီးဖြစ်သည်။ဂရိဒဏ္ဏာရီတွင်ထိုသတ္တဝါသည် မိစ္ဆာလောက၏ဂိတ်တံခါးကိုစောင့်ရသော သတ္တဝါကြီးဖြစ်သည်။
ဒဏ္ဏာရီများနှင့်သတ္တဝါဆန်းများနှင့်
ပတ်သက်သော အယူအဆများများစွာရှိသည်။ဂရိဒဏ္ဏာရီတွင်မဖော်ပြနိုင်သေးသော သတ္တဝါဆန်းများအများကြီးရှိသေးသည်။ဂရိဒဏ္ဏာရီပုံပြင်များဖြစ်ပေါ်လာသည်မှာ နှစ်ပေါင်း (3000)ခန့်ကြာမြင့်ပြီဖြစ်သည်။
မွန်းတောက်မွန်းစတား(Montauk Monstar)
၂၀၀၈ ခုနှစ် July ၁၃ ရက်နေ့တွင်ဖြစ်သည်။Newyork City၊Montauk ခရိုင်အတွင်းရှိ ကမ်းခြေတစ်ခုတွင် Montauk မြို့မှအသက် ၂၆ နှစ်အရွယ်ရှိ ဂျီးနှဟီးဝှမ်း(Jenna Hewitt)နှင့်သူငယ်ချင်း၃ယောက်သည် ကမ်းခြေတွင်လမ်းလျှောက်လာစဉ် ကမ်းခြေသ်ို့လှိုင်းပုတ်ကာရောက်ရှိလာသော အမျိုးအမည်မသိထူးဆန်းသောတိရိစ္ဆာန်အသေတစ်ကောင်ကိုတွေ့ခဲ့ရသည်။ယင်းအားကျွမ်းကျင်သူများကစစ်ဆေးခဲ့ရာတွင် ဦးခေါင်းနှင့်နှုတ်သီးတို့မှာ ငှက်တစ်ကောင်နှင့်တူညီနေပြီး ကိုယ်ခန္ဓာမှာခွေးတစ်ကောင်၏ကိုယ်ခန္ဓာအတိုင်းဖြစ်သည်။
ဤသည်မှာ ကျွန်ုပ်သိသော ဒဏ္ဏာရီလာသတ္တဝါများဖြစ်လေသည်။
မီးခဲမောင်မောင်
(Myanmar Occult Page)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment