`` ချိုးအမြုတေ´´ဆိုသည်မှာချိုးငှက်၏ဥပင်ဖြစ်၏။သို့ရာတွင်အခြားဥများနှင့်မတူ၊သာမန်ဥများသည်ဥပြောက်များဖြစ်ပြီးအမြုတေဥသည်အဖြူ ဗြောင်ဖြစ်၏။
အမြုတေထွန်းနိုင်သောချိုးငှက်သည်အခြားချိုးငှက်များနှင့်မတူသောသဘာဝရှိပြီးအသိုက်ပြုလုပ်ရာတွင်လည်းအခြားချိုးငှက်များကဲ့သို့အပင်များ၊အကိုင်းများအထက်ဝယ်အသိုက်ပြုလုပ်လေ့မရှိဘဲသစ်ခေါင်းများ၊ခြုံပုတ်များအတွင်း၌သာအသိုက်ပြုလုပ်နေထိုင်ကြလေသည်။
ချိုးအမြုတေသည်အထူးသဖြင့်ကာယသိဒ္ဓိပြီးစီးစေသည်။မီးကွင်းလေသည်။ချိုးအမြုတေသည်ခွဲ၍မရ၊အလွန်မာကျော၏။
အမြုတေဥထွန်းထားသောခြုံပုတ်ထဲရှိချိုးငှက်၏အသိုက်သည်တောမီးလောင်သောဝ်လည်းယင်းအမြုတေရှိသောချိုးငှက်၏အသိုက်ခြုံပုတ်အနီးဆယ်ပေခန့်အထိမီးများမရောက်နိုင်ဘဲမီးကွင်းနေသည်ကိုတွေ့ရှိခဲ့ကြသောကိုယ်တွေ့ဖြစ်ရပ်များလည်းရှိခဲ့ပေသည်။
ထို့ကြောင့်ချိုးအမြုတေသည် မီးဖြင့်ပြုလုပ်ထားသောဓား၊လှံ၊သေနတ်ကျည်......စသည့်ပစ္စည်းများ၏အစွမ်းသတ္တိအားပယ်ဖျက်စေနိုင်သောအစွမ်းရှိသည့်အတွက်ချိုးအမြုတေဆောင်သူသည်ကာယသိဒ္ဓိပြီးစီးသည်ဟုဆိုနိုင်ပေသည်။
*** ချိုးအမြုတေစစ်၊မစစ်စမ်းသတ်နည်း***
အချို့နည်းများသည်ချိုးအမြုတေအားလက်သ္မားသုံးကိုက်တံဖြင့်ညှပ်၍ဆယ်ပေါင်တူဖြင့်ထုခြင်း..စသောနည်းမျိုးစုံဖြင့်စမ်းသပ်ကြသည်။အောက်ပါနည်းမှာအလွန်လွယ်ကူ၏။
ကြွေပန်းကန်လုံးတစ်လုံးအတွင်းရေအနည်းငယ်ထည့်၍ချိုးအမြုတေဥ၏အပြင်နံရံနှင့်ကြွေပန်းကန်၏အတွင်းနံရံတို့ပွတ်တိုက်ပေးပါက နို့နှစ်ကဲ့သို့အဖြူရည်များကြွေပန်းကန်၏အောက်ခြေသို့စီးကျလာမည်၊ထိုသို့စီးကြလျှင်အမြုတေဥစစ်၏။
အဆိုပါအဖြူနှစ်အရည်များကိုရေနှင့်ဖျော်၍မျက်စိနာခြင်း၊မျက်စိအောင့်ခြင်း၊မျက်စိမှုန်ခြင်း၊မျက်ကြောကိုက်ခြင်း၊မျက်စိတိမ်ကွယ်ခြင်းများကိုနေ့စဉ်နှစ်ကြိမ်မျှမျက်စဉ်းခပ်ပေးခြင်းဖြင့်လျှင်မြန်စွာပျောက်ကင်းစေနိုင်သည်။
ချိုးအမြုတေသည်ကျည်မထွက်၊ကာယပြီး၊လာဘ်ရွှင်စီးပွားတက်စေသောကြောင့်သိဒ္ဓိဝင်အဆောင်တစ်မျိုးဖြစ်ကြောင်းဖော်ပြပေးလိုက်ရပါသည်။
Magic King

I have one this stone
ReplyDelete