Thursday, June 4, 2015
(၇)ရက်​သားသမီးအ​ပေါင်း အန္တရာယ်​ကင်း လာဘ်​ရွှင်​ ကံပွင့်​​စေရန်
ဤဂါထာ​တော်​ကြီးသည်​ ​ရှေးကထင်​ရှား​​ကျော်​ကြား​သောဆရာ​တော်​ကြီးများ၊​ရှေး​ဆရာကြီးများအမြဲရွတ်​ဖတ်​ပူ​ဇော်​ခဲ့ကြ​သောဂါထာ​တော်​ကြီးဖြစ်​သည်​။အိပ်​ရာဝင်​ချိန်​၊အိပ်​ရာထချိန်​၊ခရီးသွားချိန်​၌ပင်​ရွတ်​ဖတ်​ပါ​လေ။
    စီးပွား​ရေး၊လူမှု​ရေး၊အလုပ်​အကိုင်​အကြံအစည်​၊အ​ရောင်းအဝယ်​၊အန္တရာယ်​ကင်းကာရန်​အ​ပေါင်း​အောင်​မြင်​​စေသည်​။
   လူ၊နတ်​၊ြ​ဗဟ္မာ၊သတ္တဝါ အစ,ပုဂ္ဂိုလ်​​ပေါင်းစုံချစ်​ခင်​​လေးစား၏၊​မြွေဆိပ်​၊ကင်းဆိပ်​ စ​သောအဆိပ်​အမျိုးမျိုးနိုင်​နင်း၏၊ဥာဏ်​ရှိတိုင်းအသုံးပြုနိုင်​သည်​၊ယုံကြည်​စွာနှင့်​အမြဲရွတ်​ဖတ်​ပူ​ဇော်​​ပေးပါက ​လောကီ​ရေးရာကိစ္စများ၌သာမက ​လောကုတ္တရာကိစ္စာအဖြာဖြာနှင့်​သာသနာပြုကိစ္စများ၌ထူးခြား​အောင်​မြင်​​စေ၏။
  ရွတ်​ဖတ်​သူသည်​ယုံကြည်​မှုအပြည့်​အဝနှင့်​သီလ၊သမာဓိ၊ပညာ၊ပါရမီပြည့်​ဝခဲ့လျှင်​ပိုမိုအစွမ်းထက်​မြက်​၏။
         အန္တရာယ်​ကင်း လာဘ်​ပွင့်
     စည်းအရံအတား ဂါထာ​​တော်​ကြီး
         ``ဥပဝရဿ       န​မော ဗု​ဒ္ဓေါ၊
           ပဝရဿ       န​မော ဗု​ဒ္ဓေါ။
           ပဝရဿ       န​မော ဗု​ဒ္ဓေါ၊
      မဟာ ပဝရဿ       န​မော ဗု​ဒ္ဓေါ။
          စက္ကပါကာ​ရော´´
အိပ်​ရာဝင်​၊အိပ်​ရာထ(၉)​ခေါက်​စီရွတ်​ဖတ်​ပူ​ဇော်​ရမည်​။ဂါထာ​တော်​ကြီးအားအမြဲရွတ်​​ဖတ်​ပူ​ဇော်​​နေပါက အစွမ်းသတ္တိအကျိုး​ကျေးဇူးအားပိုမိုစံစားရမည်​ဖြစ်​သည်​။
ဂါထာ​တော်​ကြီး၏အနက်​အဓိပ္ပါယ်​အားသိထားရန်​လည်းလိုအပ်​၏။သို့မှသာဂါထာ​တော်​၏အနက်​အဓိပ္ပါယ်​နှင့်​ဂါထာ​တော်​တွဲမိပြီးသဒ္ဒါယုံကြည်​မှုပိုမိုပြည့်​ဝနိုင်​မည်​ဖြစ်​သည်​။
ဂါထာအနက်
ယော ​ဗု​ဒ္ဓေါ-အကြင်​ ဝိပ​ဿီဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီးသည်​၊ဥပဝ​ရော-အလွန်​မြင့်​မြတ်​​တော်​မူပါ​ပေ၏။အဿ      -ထို ဝိပ​ဿီဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီးအား၊န​မော-ရို​သေမြတ်​နိုးရှိခိုးပါ၏အရှင်​ဘုရား။
ယော ​ဗု​ဒ္ဓေါ-အကြင်​သိခီမြတ်​စွာဘုရားရှင်​သည်​၊ပဝ​ရော-​ကောင်းစွာအပြားအားဖြင့်​မြတ်​​တော်​မူပါ​ပေ၏၊အ​ဿ      -ထို သိခီမြတ်​စွာဘုရားရှင်ကိုယ်​​တော်​မြတ်​ကြီးအား၊ န​မော-ရို​သေမြတ်​နိုးရှိခိုးပါ၏အရှင်​ဘုရား။
ယော ​ဗု​ဒ္ဓေါ-အကြင်​​ဝေဿ      ဘူမြတ်​စွာဘုရားသည်​၊ပဝ​ရော-တန်​ခိုးကြီးမားအစိုးရ​သောအားဖြင့်​မြင့်​မြတ်​​တော်​မူပါ​ပေ၏၊အဿ      -ထို​​ဝေဿ      ဘူမြတ်​စွာဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီးအား၊ န​မော-ရို​သေမြတ်​နိုးရှိခိုးပါ၏အရှင်​ဘုရား။
ယော ​ဗု​ဒ္ဓေါ-အကြင်​ကကုသန်​မြတ်​စွာဘုရားသည်​၊မဟာပဝ​ရော-အလွန်​အပြားအားဖြင့်​​တောင့်​တအပ်​,မြတ်​​တော်​မူပါ​ပေ၏၊အဿ      -ထို ကကုသန်​မြတ်​စွာဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီးအား၊ န​မော-ရို​သေမြတ်​နိုးရှိခိုးပါ၏အရှင်​ဘုရား။
ဗု​ဒ္ဓေါ-​ကောဏာဂုံ ဘုရားရှင်​ ကိုယ်​​တော်​မြတ်​ကြီးသည်​လည်း​ကောင်း၊​ဗု​ဒ္ဓေါ-ကဿ      ပ ဘုရားရှင်​ ကိုယ်​​တော်​မြတ်​ကြီးသည်​လည်း​ကောင်း၊​ဗု​ဒ္ဓေါ-​ဂေါတမ ဘုရားရှင်​ ကိုယ်​​တော်​မြတ်​ကြီးသည်​လည်း​ကောင်း၊​​မေ-ရတနတ္တယဂုဏ်​,စိတ်​မှထုံ၍၊ယုံကြည်​အားထုတ်​ အကျွန်ုပ်​အား၊စက္ကပါကာ​ရော-စကြာရစ်​ဝိုင်းတံတိုင်းမခြား ကြီးကျယ်​​သောအရံအတားသည်​၊​ဟောတု-ထင်​ရှားမ​သွေဖြစ်​ပါ​စေသတည်း။
                              အဆင်​​ပြေကြပါ​စေ
                            Magic King
No comments:
Post a Comment