Saturday, November 14, 2015
ဇော်​ဂျီ ရှင်​ဇာဂရ ​ပေးသွား​သော ပြဒါးတက်​လမ်း
၁။ ပြဒါး (၁)ကျပ်​သား
၂။ ဒုတ္ထာ (၁)ကျပ်​သား
၃။ ဆား (၄)ကျပ်​သား
     ယင်းသုံးမျိုးကိုသံဒယ်​အိုးအသစ်​တစ်​လုံးတွင်​ထည့်​၍ ​ရေ ​ရောကာမီး​အေး​အေးဖြင့်​ဖုံခုံ​လောက်​(၃)လုံးခွင်​၌ချက်​​လေ။
၁။ ၄င်း ပြဒါးသံပုရာ အလုံးအားလုံတစ်​လုံးထဲထည့်​၊ဖိုအလယ်​တည်​၍ဖြည်းဖြည်းချင်းထိုး၊သံပရာရည်​ခန်းကတစ်​မီးရသည်​မှတ်​။
၂။ သံပုရာသီး (၃၆)လုံး​ရောက်​လျှင်​ ​မြွေ၊ကင်းနှင့်​ပ​ယောဂဟူသမျှနိုင်​နင်း​တော့၏။
၃။ သံပုရာသီး (၁၀၈)လုံး​ရောက်​လျှင်​ (၃၂)ပါး​သော​ရောဂါနိုင်​​တော့၏။
၎။ သံပုရာသီး (၂၁၆)လုံး​ရောက်​လျှင်
(၉၆)ပါး​သော​ရောဂါဟူသမျှနိုင်​​တော့၏။ ထိုအခါ ပြဒါးလုံးအား ​ဘော်​(၁)ပဲသား​ကျွေး​လေ။
၅။ (၃၂၄)မီး​ရောက်​လျှင်​ ပထဝီဓာတ်​​ပေါက်​၏။
၆။(၄၃၂)မီး​ရောက်​လျှင်​ ကာယသိဒ္ဓိ​ပေါက်​၏။
၇။ (၅၄၀)မီး​ရောက်​လျှင်​ ဥဒကသိဒ္ဓိ​ပေါက်​၏။
၈။ (၆၄၈)မီး​ရောက်​လျှင်​ အဂ္ဂိ​တေ​ဇောသိဒ္ဓိ​ပေါက်​၏။
၉။(၈၆၄)မီး​ရောက်​လျှင်​ အာကသသိဒ္ဓိ​ပေါက်​​တော့၏။ယင်းအဆင့်​၌ပြဒါးလုံးအား​ရွှေ(၁)ပဲသား​ကျွေး​လေ။
၁၀။(၉၇၂)မီး​ရောက်​လျှင်​ အာဟာရသိဒ္ဓိ​ပေါက်​ပြီး​ရွှေတစ်​ပဲသားထပ်​​ကျွေး​လေ။ယင်းအချိန်​ ပြာအန်​မည်​။ယင်းပြာအားကွမ်းရိုးတစ်​တို့၊​ဘော်​တစ်​ကျပ်​သား၌တို့၊​ရွှေဖြစ်​ပြီး ဓနသိဒ္ဓိ ​ပေါက်​​တော့၏။
၁၁။(၉၉၉)မီး​ရောက်​လျှင်​ မ​နောမယသိဒ္ဓိ​ပေါက်​၍ ထိုအဆင့်​ ချဉ်​ရည်​စိမ်​​လေ။ကိုယ်​​ရောစိတ်​ပါလိုရာ​ရောက်​ပြီးလျှင်​ အသက်​တစ်​ကမ္ဘာတည်​​တော့၏။
ဘော်​၊​ရွှေတစ်​ပဲ​သား​ကျွေးပုံမှာ- လုံထဲသို့ ​ဘော်​/​ရွှေ တစ်​ပဲသားထည့်​၊အရည်​​ပျော်​​သော်​ပြဒါးလုံးထည့်​၊မီးဖြင့်​နှပ်​ထား၊​နောက်​မှ သံပုရာသီး ထပ်​ထည့်​၍အဆင့်​တက်​​လေ။
                     သဒိယံ ပါကံ ဇ​နေတိ
                            ဂန္ဓာရီခရီးသည်
No comments:
Post a Comment