Sunday, November 15, 2015
သောက ကင်း​ဝေး ငြိမ်း​အေး​စေ​နည်း
     ကျွန်ုပ်​တို့ထံတွင်​အပူတစ်​ခုမဟုတ်​ တစ်​ခု​တော့ရှိကြစမြဲပင်​။တစ်​ချို့ကမိသားစုအတွက်​ပူရသည်​၊တစ်​ချို့ကရည်းစားပူ၊စီးပွားပူ.....စသည်​ဖြင့်​ အပူ​ပေါင်း​သောင်း​ခြောက်​​ထောင်​ရှိကြ​ပေသည်​။၎င်းအပူများပ​ပျောက်​​စေရန်​ကိစ္စများအား​မိမိကိုယ်​တိုင်​ဖြေရှင်း​ရမည်​ဖြစ်​သကဲ့သို့တစ်​ဖက်​တစ်​လမ်းမှ​နေ၍မိမိအားအ​ထောက်​အပံ့ဖြစ်​​စေ​သောဤဒါနကုသိုလ်​အားတွဲဖက်​မည်​ဆိုက မိမိကြုံ​တွေ့ရင်​ဆိုင်​​နေရ​သောအပူအပင်​ကိစ္စများသည်​​အားလုံး​ပြေလည်​သွားမည်​ဖြစ်​သည်​။
  ဤနည်းသည်​ သားပူ၊မယားပူ၊ရည်းစားပူ၊​ရောဂါပူ၊စီးပွား​ရေးပူ၊​ငွေ​ကြေးပူ...အစရှိ​သောအပူဒုက္ခအ​ပေါင်းတို့အားကင်းငြိမ်း​စေသည်​သာမက မီး​ဘေးအန္တရာယ်​များကိုပါကာကွယ်​​ပေး​နိုင်​​ပေသည်​။
     ``​သဘာဝနိယာမအားဖြင့်​မီးကို
       လွတ်​​စေရန်​နှင့်​​သောကအပူမီး
       တို့ကိုပါငြိမ်း​အေး​စေရန်
       ဖလားကိုသုံး​လောကထွဋ်​ထား
       မြတ်​စွာဘုရားရှင်​အားရည်​မှန်း
       ၍ယုံကြည်​သဒ္ဓါတရားထက်
       သန်​စွာတစ်​​နေ့ နံနက်​+
(က)​သောက်​​တော်​​ရေ     (၁)ဖလား
(ခ)မျက်​နှာသစ်​​တော်​​ရေ  (၁)ဖလား
(ဂ)ချိုး​တော်​​ရေ               (၁)ဖလား
(ဃ)​ခြေ​ဆေး​တော်​​ရေ     (၁)ဖလား
(င)သုံး​တော်​​ရေ               (၁)ဖလား
မှတ်​ချက်​ ။  ။ ​ရေ​တော်​များကို ​ကြေးဖလား၊​ငွေဖလား၊စတီးဖလားတို့ဖြင့်​သာသုံး​စေချင်​ပါသည်။
   သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ၊နိဿရည်းဆရာ
       အ​ပေါင်းတို့အား ဦးခိုက်​လျက်
                 သဒိယံ ပါကံ ဇ​နေတိ
No comments:
Post a Comment