Wednesday, September 28, 2016

KCB Center ၏ ​ဟောလိုဝင်းပွဲ​တော်

မြန်မာနိင်ငံ၏ ပထမ ဦးဆုံး မှော်သင်တန်း ကျောင်းဖြစ်သည့်
KCB Center ၏ ၅နှစ်ပြည့်  အထိမ်းအမှတ် ( KCB COSPLAY & HALLOWEEN PARTY  NIGHT )  ပွဲ ကြီးကို 31.10.2016  ပြည်သူ့ဦးရင် ဦးဝီစာရ  ကွင်း တွင် အနပညာရှင်များ၏တင်ဆက်မူများနှင့် အခြားအော်ပတာ များပါဝင်ပြီး  KCB Center ၏ အဖွဲ့ ခေါင်းဆောင်   ပွဲစီစဉ်သူ  အဖြစ(် KarShine )Auro Thura Aung Htet
မှ ပြုလုပ်သွားမည်ဖြစ်ပြီး   ကျွန်တော်လဲပွဲအတွက်တစ်စိတ်တပိုင်းပါဝင်ကူညီသွားမှာပါ Halloween  ည၏မော်ဆန်ဆန်အတွေ့အကြုံများနင့်  ဖက်ရှင်ဒီဇိုင်းများကို ကျွန်တော်နဲ့အတူ   ရင်ခုန်စိတ်လူပ်ရှားဖွယ်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပရစေလားခင်ဗျာ။

မြန်မာနိုင်ငံတွင်ပထမဆုံးHalloweenရဲ့ မှော်ဆန်ဆန်အတွေ့အကြုံအပြည့်အဝခံစားရမယ့် KCB Halloween & Cosplay Party Night
==================================================
                 ဒီပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံး မှော်ပညာလှုပ်ရှားမှုတွေကို ၂ဝ၁၁ခုနှစ်ကတည်းကလုပ်ဆောင်ခဲ့တဲ့ KCB Center မှ ဦးဆောင်ကျင်းပမည်ဖြစ်ကာ မြန်မာပြည်တွင် တစ်ခါမှမရဖူးသေးသော အနောက်တိုင်း Halloween ပွဲတော်အတွေ့အကြုံအပြည့်အဝခံစားနိုင်စေရန်၊ ပျောက်ကွယ်နေသော ရှေးမြန်မာစုန်းနှင့် အနောက်တိုင်းစုန်းကဝေတို့၏ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာအလေ့အထများကို ဖော်ထုတ်ပြသနိုင်ရန် အဓိကရည်ရွယ်ပါသည်။ ပွဲအစီအစဉ်တွင် Disney Character များအတိုင်း ကပြဖျော်ဖြေမည့် Disney Cosplay အစီအစဉ်များ၊ အရှေ့တိုင်း(မြန်မာ)နှင့် အနောက်တိုင်း စုန်းကဝေတို့၏ ဝတ်စားဆင်ယင်မှုဒီဇိုင်းများကိုပြသသော Model Show များ၊ မှော်ဝင်သီချင်းများနှင့် နာမည်ကျော်သီချင်းများအား တဝကြီးဖျော်ဖြေပေးမယ့် နိုင်ငံကျော်အဆိုတော်များ၊ Dancer Group ပေါင်းများစွာပါဝင်မယ့် မှော်ဆန်ဆန် Gothic အကဖန်တီးမှုများ၊ Halloween ပြဇာတ်များနဲ့ Ceremonial Magick အစီအစဉ်များ ပါဝင်မှာဖြစ်ပါသည်။ ထိုအစီအစဉ်များကို ပွဲပြုလုပ်မည့် Main Stageတွင်ပြုလုပ်သွားမည့်အပြင် ပွဲလုပ်မည့်ကွင်းကျယ်ကြီးထဲတွင် တားရော့ရှေ့ဖြစ်ဟောမေးနိုင်မည့် Tarot Prophecy Booth, အနောက်တိုင်းရိုးရာအကများကို ရောင်စုံမီးများအောက်မှာ ညင်သာစွာတွဲကနိုင်မည့် Western Traditional Dancing Floor, မှော်ပညာပစ္စည်းများရောင်းချထားတဲ့ မှော်ပစ္စည်းအရောင်းဆိုင်၊ Halloweenချိုချဉ်ဝေအလေ့အထအတွက် ချိုချဉ်ဝေနိုင်ဖို့ Candy Bar စတာတွေပါဝင်မှာဖြစ်ကာ ပြည်သူ့ရင်ပြင်ဦးဝိစာရကွင်းမှာပြုလုပ်သွားမည်ဖြစ်ပါသည်။
Model Show ပါဝင်သော်လည်း stage တွင် လျှောက်လမ်းထားမည်မဟုတ်ဘဲ ပရိသတ်များ၏ VIP ထိုင်ခုံများအကြားတွင် Red Carpet ခင်းထားမည်ဖြစ်သလို Red Carpet ဘေးတွင်လည်း မီးတုတ်များ အစီအရင်ချပေးထားမည်ဖြစ်ပါသည်။ ထို့ကြောင့် Witch Costume များပြသမည့်အချိန်တွင် ပရိသတ်များအနေဖြင့် တကယ့် စုန်းကဝေကမ္ဘာထဲသို့ရောက်သွားသလို ခံစားနိုင်မည်ဖြစ်ပါသည်။ ထို့ပြင်ကွင်းအတွင်း ပြင်ဆင်မှုအပိုင်းတွင်လည်း ကွင်းအတွင်း ခေါင်းတလားပုံစံတူများ ချထားခြင်း၊ သင်္ချိုင်းအုတ်ဂူပုံများ၊ မြေကြီးထဲမှ လက်ထွက်နေသယောင်ကဲ့သို့ ဖန်တီးမှုများ ပြုလုပ်မည်ဖြစ်သလို ချိုချဉ်တောင်းအလေ့အထများလည်း ပြုလုပ်ထားသောကြောင့် Halloween အငွေ့အသက်ကို ရာနှုန်းပြည့် ခံစားနိုင်စေရမည်ဖြစ်ပါသည်။ Main Stage တွင်လည်း ပွဲအစီအစဉ်များအဖြစ် အောက်ပါအတိုင်းပြုလုပ်သွားပါမည်။

၁။ မြန်မာကတော်လေးပါးအကနှင့်ကန်တော့ခြင်း
၂။ အနောက်တိုင်း Halloween နှင့်သက်ဆိုင်သော နတ်ဘုရားများထံခွင့်တောင်းခြင်း
၃။ မီးတုတ်များ ဖယောင်းတိုင်များနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း
၎။Gothic Dance အစီအစဉ်
၅။နာမည်ကြီးအဆိုတော်တစ်ဥိး၏ ဂီတအစီအစဉ်
၆။ Fairy tale Cosplay (Arendelle Cosplay from Frozen Movie)
၇။ Witch Costume Model Show (မြန်မာစုန်းဝတ်စုံပြကွက်)
၈။ Fairy Tale Cosplay (Neverland Cosplay from Peter Pan, Tinker Bell, A Little Mermaid Movies)
၉။ နာမည်ကြီးအဆိုတော်တစ်ဦး၏ဂီတအစီအစဉ်
၁ဝ။ Fairty Tale Cosplay (Oz Cosplay from Oz: The Great and Powerful Movies)
၁၁၊ Gothic Dance အစီအစဉ်
၁၂။နာမည်ကြီးအဆိုတော်တစ်ဦး၏ဂီတအစီအစဉ်
၁၃။Fairy Tale Cosplay (Wonderland Cosplay from Alice in Wonderland & Alicce Throught the looking glass Movies)
၁၄။ Halloween Opera
၁၅။ ငြိမ်းချမ်းမှုတောင်းဆုပြုခြင်း
၁၆။ မှော်ဝင်သီချင်းများအစီအစဉ်
၁၇။ Ceremonia; Magick အစီအစဉ်
၁၈။ Sponsor များအားပန်းစည်းပေးခြင်း အစီအစဉ်

စသည်တို့ပါဝင်မည်ဖြစ်ပါသည်။ Ticket Price များမှာ
VIP - 10000 Kyats
Seat - 7000 Kyats
Stand - 5000 Kyats
အသီးသီးဖြစ်ပြီး ပူးပေါင်းပါဝင်လိုသူ လုပ်ငန်းရှင်များအနေဖြင့်
Thura Aung Htet @ Auro Karshine
Chairperson of KCB Center
Organizer Team Leader
09 776768062
feedback.kcb@gmail.com

သို့ ဆက်သွယ်ပူးပေါင်းနိုင်ကြပါကြောင်း ဖိတ်ကြားလိုက်ရပါသည်

No comments:

Post a Comment