Wednesday, March 29, 2017
တရုတ်ရိုးရာဗေဒင်ပညာသင်တန်း
တရုတ်ရိုးရားဗေဒင်ပညာသင်တန်း
တရုတ်တွေရဲ့တစ်နှစ်တာအတွက်ဗေဒင်ဟောနည်းနဲ့တစ်သက်တာအတွက်ဆောင်ရန်ရှောင်ရန်ဟောနည်းများကို သင်ကြားပေးမည်ဖြစ်ပြီး ဆောင်သင့်သောအဆောင် လုပ်ကိုင်သင့်သောအလုပ်စသည့်ဟောနည်းများကိုပါသင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းကြေးမှာ-Telenor or Ooredoo bill 5000 ကျပ်ဖြစ်ပြီး
Fb viber နှင့် page chat box တို့မှသင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းကာလမှာ ၁ လကြာမြင့်မည်ဖြစ်ပြီး April 20 ရက်နေ့တွင်စတင်သင်ကြားပေးမည်ဖြစ်သည်။
သင်ကြားပေးမည့်သူများမှာ MOP Team ကဆရာများဖြစ်သော နေလင်းထွန်းနှင့်မီးခဲမောင်မောင်(MOP)တို့ဖြစ်ပါတယ်
Min Khant Ko(Fb acc)
Vb 09798168379
Ph 09975434325,09798168379
Page ၏ chat box တို့တွင်ဆက်သွယ်မေးမြန်းကာ သင်တန်းအပ်နိုင်ပါပြီ။
Online သင်ကြားမှုဖြစ်ပါသည်။
#MOP
Saturday, March 25, 2017
လောကီပညာရပ်လိုက်စား - အမျိုးကောင်းသားသမီး
တို့ ၊ ရှေး စာအုပ်စာပေ ၊ အမှတ်အသား များ ၊ သင်္ကေ
တများ ၊ အခေါ်အဝေါ် အသုံးအနှုန်းများ ၊ လွယ်ကူစွာ
မှတ်သား သိရှိစေဖို့ ၊ အယူအဆများကို ရှင်းလင်းတင်
ပြပေးမယ်နော် ။
ဆရာ လုပ်ခြင်းမဟုတ် ၊ ကိုယ်တိုင် ခံစားရဖူး၍ ၊
အခက်ဖြေကူညီခြင်းမျှသာဖြစ်ပါသည် ။ တနေ့ခြင်း ၊
တဆင့်ခြင်း ၊ တင်ပေးသွားပါမယ် ။
* သိပြီး - တတ်ပြီး သူများအတွက် မရည်ရွယ် ပါ ။
--------------------------------------------------------
ကိုးကြောင်း - သင်္ချာ သင်္ကေတများ ။
*************************
ဒဿ ၊ ဋ္ဌဿ ၊ ဧက် ၊ ဧက - ရေးကြ = ၁ ဂဏန်း ။
ဒွေး ၊ ဝီသ ၊ ဒွါ ၊ ဗီသ ၊ ဗာ ၊ဗါး မှာ = ၂ ဂဏန်း ။
တြိန်း ၊ တြိန္န ၊ တြီသ နှင့် တြ ၊ တြိ
                    တိ ၊ တီနိ ရေးဘိ = ၃ ဂဏန်း ။
ဇော ၊ စတုက ၊ စာလီသ နှင့် ဇယ
စတုယာ ၊ စတုန္နာ မှတ်ပါ ---------- = ၄ ဂဏန်း ။
ပြည်းနှင့်ပဉ္စ ပညာသ ရေးကြ = ၅ ဂဏန်း ။
သော ၊ ဆ ---------------------------- = ၆ သာ ။
သတ် ၊ သတ္တာ မှတ်ပါ ------------ = ၇ ဂဏန်း ။
အဿိ ၊ အဿဋ္ဌာ ၊ အဋ္ဌ မှာ မှတ်ပါ = ၈ ဂဏန်း ။
နော ၊ နဝ ------------------------------ = ၉
သံပေါက်ထိုး ၊ ရေးရိုး လင်္ကာဆန်း ။
--------------------------------------------
* နယ်မတူ မူကွဲ ၊ လင်္ကာ ရှိနိုင်ပါသည် ၊ ဤလင်္ကာ
သည် ၊ ကျွန်ုပ် ဝေဒ လက်ရိုးသင်စဉ်က ၊ ကျွနုပ်
ဆရာ သခင်မှ ၊ ချပေးသော မူသာ ဖြစ်ပါချေ၏ ။
                  မင်းသိဒ္ဓိ ( ဂမ္ဘီရ )
=====================================
ပုတီးစိပ်ခြင်း
 ပုတီးစိပ်ခြင်းအလုပ်သည် ပါဠိ,အဋ္ဌကထာ,ဋီကာ ကျမ်းများတွင်လာသော ကျမ်းဂန်လာအလုပ်မျိုး
မဟုတ်စေကာမူ ရှေးရှေးဆရာမြတ်တို့ စဉ်ဆက်မပြတ် ကျင့်သုံးတော်မူခဲ့ကြသော ကုသိုလ်ကောင်းမှု လုပ်ငန်းတစ်ခုဖြစ်သည်။
  ပုတီးစိပ်ခြင်း
 ပုတီးစိပ်ခြင်းဆိုသည်မှာ -
(၁) နှလုံးသွင်းဆင်ခြင်ပွါးများမှု
(၂) ပုတီးစေ့ချမှတ်မှု -ဟူ၍
လုပ်ငန်းနှစ်ရပ်ကို တပြိုင်နက်ပူးတွဲ ဆောင်ရွက်ရသည်ဖြစ်သောကြောင့် { အာရုံမရဘဲ ပုတီးလုံးရေများ ရေတွက်ရုံသက်သက်ဖြင့် ပုတီးစိပ်သည်ဟုဆိုလျှင် မပြည့်စုံကြောင်း, အကျိုးထူးရမည်မဟုတ်ကြောင်း } သိအပ်ပေသည်။
အာရုံမိသော ပုတီးစိပ်ခြင်းသည်သာ အရည်အချင်းကို အကျိုးပြုသော အရေအတွက်တစ်ခုဖြစ်ပေသည်။
ပုတီးစိပ်ခြင်းတွင် ``နှလုံးသွင်းဆင်ခြင်ပွါးများမှု´´
ဟူသောအရာ၌ မိမိတို့နှစ်သက်ရာအားသန်ရာကို အာရုံပြု နှလုံးသွင်းနိုင်ပါသည်။( ဘုရားဂုဏ်,တရားဂုဏ်,သံဃဂုဏ်, ပဋ္ဌာန်း, သစ္စာလေးပါး )စသည်အားဖြင့် အမျိုးမျိုးအာရုံပြု၍ နှလုံးသွင်းကြပါသည်။
   ပုတီးမစိပ်မီ ကျင့်ဝတ် ၁၁-ပါး
(၁)- ဆာလောင်မွတ်သိပ်မှုကင်းအောင် တစ်ခုခုစားထားပါ
(၂)- ကိုယ်ခန္ဓာနှင့် အဝတ်အစား သန့်ပြန့်ပါစေ ပုတီးစိပ်သောနေရာလည်း သန့်ရှင်းပါစေ
(၃)- မိမိနှင့် သင့်လျှော်သောအချိန်ကိုရွေးပါ!
(၄)- နေရာစနစ်တကျ ယူပြီးမှ ပုတီးစိပ်အလုပ်ခွင်စပါ
(၅)- သရဏဂုံသီလ ခံယူဆောက်တည်ပါ
(၆)- အနန္တငါးပါးကို ကန်တော့ပါ
(၇)- မေတ္တာပို့ပါ
(၈)- မေတ္တာပို့ပြီးနောက် ဘုရားပင့်ပါ
(၉)- ဘုရားကို မိမိခန္ဓာကိုယ်ကိုလှူဒါန်းလိုက်ပါ
(၁၀)- ပုတီးစိပ်ရန် ကမ္မဋ္ဌာန်းတောင်းပါ
(၁၁)- မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်ပြုပါ။
 ပုတီးစိပ်စဉ် ကျင့်ဝတ် ၅-ပါး
(၁)- ကိုယ်ကိုမတ်၍ တင်ပလ္လင်ခွေ, သို့မဟုတ် ပုဆစ်ဒူးတုပ်ထိုင်ပါ
(၂)- ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်စိတ်ပါ
(၃)- ယုံယုံကြည်ကြည်စိပ်ပါ
(၄)- ပုတီးစိပ်နေဆဲကာလမှာ အကျိုးတရားကို မျှော်လင့်သည့် လိုချင်စိတ် လုံးဝမထားရပါ
(၅)- မဆိုင်သည့်စိတ်ကူးတွေ ဝင်လာခဲ့လျင် အမြန်ဖယ်ရှားပစ်ပါ။
   ပုတီးစိပ်ပြီး ကျင့်ဝတ် ၂-ပါး
(၁)- ပုတီးစိပ်ခဲ့သည့် လုပ်ငန်းကို ပြန်လည်ဆင်ခြင်သုံးသပ်ပါ!
(၂)- နိဗ္ဗာန်ကို ဆုတောင်းပါ။
    ပုတီးစိပ်ခြင်း၏အကျိုး
လုပ်ဆောင်မှုတိုင်းမှာ အကြောင်း/အကျိုးက ရှိစမြဲပါ
ပုတီးစိပ်ခြင်း အကျိုးတရားများစွာထဲမှ ဘုရားဂုဏ်တော် ပွါးများရကျိုးကို ဖော်ပြပါမည်။
ဘုရားဂုဏ်တော်ကို စွဲစွဲမြဲမြဲ ဆင်ခြင်ပွါးများပါမူ-
(၁)- မြတ်စွာဘုရားအပေါ် ကိုင်းညွတ်သောစိတ်ရှိခြင်း
(၂)- ယုံကြည်မှုလေးနက်လာခြင်း
(၃)- သတိပို၍ကောင်းလာခြင်း
(၄)- ပညာဉာဏ်ထက်မြက်လာခြင်း
(၅)- ကောင်းမှုတိုးပွါးလာခြင်း
(၆)- စိတ်ညစ်မှုကင်းပြီး နှစ်သက်ကြည်နူးစွာနေရခြင်း
(၇)- ကြောက်ရွံ့ထိတ်လန့်ဖွယ် ကြုံလာလျင် မကြောက်မလန့် စိတ်တည်တံ့ခြင်း
(၈)- မတော်တဆ ဆင်းရဲဒုက္ခနှင့်တွေ့ကြုံလာခဲ့လျှင် သည်းခံနိုင်ရည်ရှိခြင်း
(၉)- မြတ်စွာဘုရားနှင့်အတူ နေရဘိသကဲ့သို့ စိတ်တွင် ထင်မှတ်လျက်ရှိခြင်း
(၁၀)- ဘုရားဂုဏ်တော်အစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတစ်ပါးတို့ ပူဇော်မှု, ချီးမြောက်မှုကို ကောင်းစွာခံယူနိုင်ခြင်း
(၁၁)- မိမိစိတ်သည် သမ္မာသမ္ဗောဓိဉာဏ်၌ ကိုင်းညွတ်လာခြင်း
(၁၂)- မကောင်းမှုကို ကျုးလွန်ရန် ကြုံရသောအခါမျိုးတွင် မိမိကိုယ်ကို ကောင်းစွာ စောင့်စည်းထိန်းသိမ်းနိုင်ခြင်း
(၁၃)- သေလျှင် အပါယ်လေးပါးမှကင်း၍ လူ့ပြည်နတ်ရပ် ကောင်းမြတ်သော သုဂတိဘုံ သုဂတိဘဝကို ရရှိခြင်း- ဟူသော အကျိုးတရားများကို ခံစားရလေသည်။
                                                      ( သုတဂဝေသီ )
                                                ၃၀-၁၁-၂၀၁၅
တောမှီသူတော်စင်တို့ မှီဝဲအပ်သော အာဟာရသိဒ္ဓိ ဓါတ်ဆား
******************************************
တောတောင်အတွင်း တရာရှာမှီး အားထုတ်ကြကုန်သော သူတော်စင်တို့သည် ပင်ပန်းဆင်းရဲစွာ အာဟာရဒုက္ခ ၊ အာရောဂျဒုက္ခဘေးမှ ကာကွယ်ရန်အလို့ငှာ ဓါတ်ဆားကို စီမံပြုလုပ် သုံးဆောင်အပ်၏။
ကြက်မောက်ဆူးပြန် (ခေါ်) တောကြက်မောက် ကို ရုက္ခမူဆားချက်ပါ။တောကြက် မောက်သည် သီတင်းကျွတ် တန်ဆောင်မုန်း၌ ပဉ္စငါးပါး ပြည့်စုံနေသည်။
ခံတက်ပင်ပဉ္စငါးပါး ရုက္ခမူဆား
ထန်းနို့ချောင်းနု ရုက္ခမူဆား(တပေါင်းလ၌ ထွက်ပေါ်သည် မရင့်မှီခုတ်၍ ဆားချက်ပါ။)
ဣဿရမူလီ ရုက္ခမူဆား
၎င်းရုက္ခမူဆား လေးပါးကို ဆတူယူ၍ လုံနှင့် ချော်ချက်ပါ။ ၄င်းချော်ကို အမှုန့်ထောင်းပြီး လေလုံသောပုလင်းမှာ လုံစွာထားရမည်။ငှက်ပျော်သီးမှည့်ကို တုတ်နှင့်ထိုး၍ တို့ထားပါက ရက်အခါလည်လျှင် ပြန်စိမ်း၏။တစ်လုံးစားလျှင် ခုနှစ်ရက် ထမင်းမဆာ၊ အာဟာရပြီး၏။မွတ်သိပ်မှု မရှိ ပကတိနေနိုင်၏။အရွယ်နုပျို၏။ထမင်း မဆာ။အနာရောဂါကင်း၏။
Tuesday, March 21, 2017
ဗုဒ္ဓ ဂုဏ်တော် ဉာဏ်တော် ဂါထာတော်
         ဗုဒ္ဓ ဂုဏ်တော် ဉာဏ်တော် ဂါထာ
နမော ဗုဒ္ဓါယ၊ဣတိ ပိသော ဘဂဝါ
ပုဗ္ဗေ နိဝါသာ နုဿတိ ဉာဏံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊အရဟံ
သမ္မာ သမ္ဗုဒ္ဓေါ၊ဒိဗ္ဗ စက္ခုဉာဏံ
ဓမ္မံသရဏံ ဂစ္ဆာမိ၊ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော၊လောကဝိဒူ၊အာသဝက္ခယ ဉာဏံ၊
သံဃံ သရဏံ ဂစ္ဆာမိ၊အနုတ္တရော ပုရိသ
ဓမ္မ သာရထိ၊သဗ္ဗ ဣစ္ဆိတံ စက္ခုဝိညာဏဉ္စ
သတ္ထာ ဒေဝ မနုဿနံ၊ပူရေ န္တောပိ၊
ဗုဒ္ဓေါ၊ဘဂဝါတိ။
မနော မယိဒ္ဓိ ဘဝန္တု မေ။
၎င်းဂါထာတော်မြတ်ကို တစ်နေ့လျှင် ၁၀၈ လုံးပုတီးဖြင့် တစ်နေ့တစ်ပတ်စိပ်ပါ။(သို့မဟုတ်)
(၁၁၁)ခေါက်နေ့စဉ်ရွတ်ပါ။ဤသို့ဖြင့် (၂) နှစ်ကျော်ခန့် ပုတီးစိပ်/ဂါထာရွတ်ပါက အိမ်ပိုင်ရရှိစေနိုင်ပါသည်။ကျန်းမာ ချမ်းသာစေသော ဂါထာမြတ်ဖြစ်သည်။ရေစကြိုမြို့မှ ဦးချင်း သူဌေးဖြစ်သော ဂါထာတော်ဟု ရွှေပြည့်ငွေလျှံ အမွှေးတိုင်အထုပ်ကြီးတွင် ညွှန်းဆိုဖော်ပြထားပါသည်။
                           မီးခဲမောင်မောင်
                 (Myanmar Occult Page)
Thursday, March 16, 2017
ပီယ​မှော်​​ရေ​မွှေးအ​ကြောင်း
  ကျွန်​​တော်​အရင်​အပတ်​က ပီယ​ဆေး​တော်​အ​ကြောင်းတင်​ပြ​ပေးခဲ့ပါတယ်​...
 ဒီ​နေ့တင်​ပြ​ပေးမှာက ပီယ​မှော်​​ရေ​မွှေးအ​ကြောင်းပါ....
 စီရင်​ရန်​ နက္ခတ်​​၊​နေ့​ကောင်းရက်​သာ​၊အချိန်​​ရွေးပြီး
စီရင်​မဲ့​နေ့မှာ မိမိနိုင်​​သော(၈ပါး၊၉ပါး)သီလယူ၊ဝတ်​ဖြူစင်​ကြယ်​ဝင်​၊ဆိုင်​ရာ ပူ​ဇော်​ပသပွဲတင်​​၍ 
ကြေးပြား​ပေါ်မှာ ပီယ​မှော်​ အင်း​တော်​ကြီးကို
အင်းကျိုးခြင်း၊
အင်းကန်းခြင်း၊
အင်း​ပေါက်​ခြင်း စ​သည်​တို့မှကင်းလွတ်​​အောင်​ စီရင်​ရပါသည်​။
၎င်း​နောက်​ လက်​ဖွဲ့လိပ်​ကာ သန​ချေ၊သိဒ္ဓိတင်​၊အသက်သွင်း​​​အ​​စောင့်​ချုပ်​၊အ​စောင့်​အပ်​၊အ​စောင့်​နှိုး၊ပီယဂါထာများဖြင့်​ အသီးသီးစုတ်​ရပါသည်​။....။
၎င်း​နောက်​ လက်​ဖွဲ့အဖြစ်​ပြုလုပ်​​၍ ​ရေ​မွှေးပုလင်းထဲထည့်​ကာ ပီယ​မှော်​ဂါထာဖြင့်​ထပ်​မံ​၍(၁ထောင်)အုပ်​ စုပ်​ရပါသည်​။
အနည်းငယ်​သာ​ပြောပါမည်​...
ရေ​မွှေးအား မှန်​ကူ(မျက်​​ခုံးနှစ်​ခုကြားအားသုတ်​လိမ်းခြင်း)၊သို့မဟုတ်​ ဆွတ်​ဖြန်းသွားက လူချစ်​လူခင်​များခြင်း၊မျက်​နှာပွင့်​လန်းခြင်း၊​ပြောဆိုသမျှ​အောင်​မြင်​ခြင်း၊မျက်​နှာမြင်​ချစ်​ခင်​ကြခြင်း၊
ဈေးဆိုင်​များအ​နေနှင့်​ မနက်​​စော​စောဆိုင်​ဖွင့်​စ​၌ မိမိရ​သောဂါထာများ၊ပရိတ်​များရွတ်​ကာ ​ရေ​မွှေးအား ​ဈေး​ရောင်းမည့်​ပစ္စည်းများအား ပက်​ဖြန်းပါ​လေ။ ​ရောင်းမထွက်​ပဲကြံ့ကြာ​နေ​သော ပစ္စည်းများပင်​လျှင်​​ရောင်းထွက်​​စေ၏။
အိမ်​၊ခြံ၊​မြေ ​အမြန်​​ရောင်းထွက်​​စေရန်​ အင်းအစီအရင်​နှင့်​၎င်း​ရေ​မွှေးတွဲဖက်​၍သုံးက တစ်​ပတ်​အတွင်း မည်​သည့်​ အိမ်​၊ခြံ၊​မြေ မဆို​ရောင်းထွက်​​စေ၏။
သမီးရည်းစား၊လင်​မယားကိစ္စများ- မိမိချစ်​သူ၊အိမ်​​ထောင်​ဘက်​ကအရင်​လိုမချစ်​​တော့တာမျိုး၊အချစ်​​ပေါ့​နေတာမျိုးဆိုရင်​လည်းသုံးနိုင်​၏၊
တရားတ​ဘောင်​ကိစ္စ၊အ​ရောင်းအဝယ်​ကိစ္စများ၌ ၄င်း​ရေ​မွှေးကိုပါးစပ်​နား၌သုတ်​လိမ်း​၍သွားပါ၊ မိမိ​ပြောသ​မျှ ​အောင်​မြင်​​စေ၏။
မိမိအိမ်​၌ ပက်​ဖြန်းပါက ကျက်​သ​ရေမင်္ဂလာနှင
့်​ပြည့်​စုံ၍စီးပွားဥစ္စာတိုးတက်​ကာအိမ်​တွင်း​ရေး၌သာယာ​စေ၏။ 
မိမိဉာဏ်​ရှိသလို ၄င်း​ရေ​မွှေးအားအသုံးပြုနိုင်​၏။ကျွန်ုပ်​​ဖော်​ပြသမျှတို့မှာ
ပီယ​မှော်​​ရေ​မွှေးအစွမ်း၏
၁၀ပုံ ပုံ တစ်​ပုံမျှသာလျှင်​ဖြစ်​၏။
ကျွနု​ပ်​၏အဓိဋ္ဌာန်​အတိုင်း တစ်​လလျှင်​ ၄င်းပီယ​မှော်​​ရေ​မွှေးအား ၅ဦိး (အလွန်​အ​ရေးကြီးသူရှိက ​နောက်​၂ဦး၊အားလုံး​ပေါင်း ၇ဦးသာ)စီရင်​​ပေးပါမည်​။
ဆရာ​နေလင်းထွန်း
09-774802309
အစီအရင်​အတွက်​ ပွဲဖိုး၊ပညာပူ​ဇော်​ရန်​ ထိုက်​သ​လောက်​ပူ​ဇော်​ရပါမည်​။.....။
Friday, March 10, 2017
😇😇😇မနက်​ဖြန်
တ​ပေါင်းလပြည့်​အခါသမယ၌
ဝေ​နေယျများအတွက်​ ပညာဒါနပြုကာ ​ဆေး​တော်​​များဖော်​စပ်​ပါမည်​......😇😇😇
ကျွနု​ပ်​၏အဓိဋ္ဌာန်​အတိုင်း ပထမဆုံးလူ ၅ဦး (အလွန်​လိုအပ်​သူရှိက ၂ဦးထပ်​တိုး၍ ၇ဦးသာ) ​ပေးပါမည်​.....
ဆရာ​နေလင်းထွန်း 09774802309
Thursday, March 9, 2017
ပီယဆေး​တော်​အ​ကြောင်း
   ကျွန်​​တော်​တင်​ပြ​ပေးမှာက
ပီယဆေး​တော်​အ​ကြောင်းပါ...
 အရင်​ ပီယ​ဆေးလာလာ​တောင်းတဲ့သူ​တွေအတွက်​ကျွန်​​တော်​​ဖော်​​ပေးခဲ့ပါတယ်​...ပွဲဖိုးနဲ့ပညာကန်​​တော့​ကြေးယူပါတယ်​....
   ပညာနဲ့​ဆေး စစ်​မှန်​တဲ့အတွက်​ ကန်​​တော့​ကြေးယူတာပါ...
 - ရိုးရိုးပဲ​ဆောင်​ထားရင်
စန်းပွင့်​တယ်​၊လူကြားသူကြားထဲမှာ မျက်​နှာပွင့်​လန်းပြီး အလုပ်​အကိုင်​မှာဆိုရင်​ အကြီးအကဲ​တွေမစတာ၊ချစ်​ခင်​တာမျိုး....
- သမီးရည်းစားကိစ္စ​တွေမှာလည်းသုံးနိုင်​တယ်​...
 ခွဲခွာသွားတဲ့ချစ်သူကိုပြန်​ခေါ်တာမျိုး....
 မိမိချစ်​​နေတဲ့သူရဲ့အချစ်​ကိုပြန်​ရဖို့အတွက်​လည်းသုံးနိုင်​တယ်​(မှတ်​ချက်​-ယုတ်​ညံ့​သော​အောက်​လမ်းနည်းမဟုတ်​ပါ...​ဆေး​တော်​ယူပါက နည်း​ပြောပြမည်​)
-လင်​ကွဲမယားကွဲကိစ္စ​တွေအထိ အသုံးဝင်​တယ်​.....
ပြန်​​ပေါင်းအင်းအစီအရင်​နဲ့တွဲသုံးရင်​အလွန့်​အလွန်​​ကောင်းတယ်​...မိမိကိုခွဲခွာသွားတဲ့လက်​တွဲ​ဖော်​ ပြန်​လာ​စေတယ်​...ဒါ​ပေမယ့်​ မိမိဘက်​က​တော့ သူ့ကို သ​ဘောထားကြီးပြီး ခွင့်​လွှတ်​​ပေးနိုင်​ရမယ်​....
- သားသမီး ​ပြောဆိုမရ ဆုံးမမရဖြစ်​​နေရင်​လည်းသုံးနိုင်​တယ်​....
- စီးပွား​ရေးပိုင်းမှာလည်းသုံးနိုင်​တယ်​...
 မိမိက ​ကုန်​ပစ္စည်း​ရောင်းဝယ်​တယ်​ဆိုရင်
ဈေး​ရောင်း​ကောင်းတယ်​....
-ဆေး​တော်​က​နေ ​ဆေးအမှုန်​​လေးနည်းနည်း​လောက်​ ဓားနဲ့ခြစ်​ယူ၊​ရေနဲ့​ဖျော်​ပြီး မိမိရဲ့အိမ်​​ရှေ့၊​ဈေးဆိုင်​​ရှေ့မှာ ပက်​ဖျန်း​ပေးရင်​ ကျက်​သ​ရေတိုးတက်​ပြီး ​စီးပွားဥစ္စာ၊လာဘ်​လာဘများ ရွှင်​လန်း​ပွားများစေတယ်​....
-​ဆေး​တော်​ကို​ ပိုက်​ဆံ​သေတ္တာထဲ ထည့်​ထား၊​ငွေပွား​စေတယ်​...(လာဘ်ရွှင်​ခြင်းကိုဆိုလိုပါတယ်​)....
- သနပ်​ခါးလိမ်းရင်​ ​ဆေး​တော်​အမှုန့်​နည်းနည်းထည့်​လိမ်း၊မျက်​နှာအလွန်​ပွင့်​လန်း​နေမယ်​...
- အလုပ်​ကိစ္စ၊အင်​တာ​ဗျူး၊စာ​မေးပွဲကိစ္စ​တွေမှာ ​ဆေး​တော်​ကို ​ဒေဝီဂါထာစုတ်​ပြီးသွား၊​အောင်​မြင်​​စေတယ်​(​ဆေး​တော်​ယူက ဂါထာ​ပြော​ပေးမည်​)...
 ဒါ​တွေက​တော့ ​ဆေး​တော်​အသုံးပြုပုံ နမူနာ​တွေပါ...
ဒါ့ထက်​မက မိမိဉာဏ်​ရှိသလိုသုံးစွဲနိုင်​ပါ​သေးတယ်​...
အရင်​က ယူလိုသူတိုင်းကို အချိန်​အခါ​ရွေးပြီးစီရင်​​ဖော်​စပ်​​ပေးပါတယ်​...
 ပွဲဖိုး၊ပညာကန်​​တော့​ကြေးယူပါတယ်​...
ခုချိန်​မှစ၍
ပွဲဖိုးနှင့်​ပညာပူ​ဇော်​​ကြေးအား
ွ ပညာဒါန အဖြစ်​ ကျွန်​​တော်​မှ တစ်​ဝက်​စိုက်​ကာ စီရင်​​ပေးပါမည်​.....
ဆေး​တော်​ယူလိုသူမှ တစ်​ဝက်​သာ ​စိုက်​ရပါမည်​...
တစ်လလျှင် (၅)ဦး​သာ ​ပေးပါမည်​......
(၅)​ဦးပြည့်​ပြီး​သော်​လည်းအလွန်​အ​ရေးကြီးလို့ယူခြင်​ရင်
ဖုန်းဆက်​၍မိမိကိစ္စအား​ပြော​ပေးပါ....ကူညီ​ပေးပါမည်​....
ဆရာ​နေလင်းထွန်း 09-774802309
ကျွန်​​တော့်​ဆီမှာ နမူနာပြစရာ​ဆေး​တော်​လက်​ကျန်​မရှိသဖြင့်
ပုံများ ဆရာမင်းချစ်​သူထံမှ ယူထားပါသည်​...
ဣစ္ဆာသယမဟိဒ္ဓိ​စေဂိုဏ်း​တော်​မှ​ဆေး​တော်​များဖြစ်​ပါသည်​....
Thursday, March 2, 2017
မတ်​လ​ဟောစာတမ်း
ရာသီခွင် အသီးသီးရဲ့အကြောက်တရားများ
သင့်ရာသီခွင် နဲ့ ပတ်သက်ပြီး ကောင်းမွန်မှု တွေကို အချိန် တစ်ခုကြာ ဖတ်ရှုသိရှိပြီးခဲ့ပြီ ဆိုရင်တော့ အခုတစ်ကြိမ်မှာ သင့် ရာသီခွင် နဲ့ ပတ်သက်ပြီး အမှောင်ဘက် အခြမ်းတွေကို လေ့လာကြည့်ရအောင်။ လူတိုင်းလူတိုင်းမှာ အကြောက်တရား ကိုယ်စီ ရှိကြပါတယ်။ အဲဒီအကြောက်တရားတွေကို ကျွန်ုပ်တို့ ပိုပြီး သတိရှိလေလေ ၊ ကျွန်ုပ်တို့ရဲ့  အောင်မြင်မှုတွေကို ပိုပြီး ရယူနိုင်လေလေ ပါပဲ။ ဒါကြောင့် ရာသီခွင်တိုင်းရဲ့  ရှိလေ့ရှိထ ရှိတဲ့ အကြောက်တရားတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
Aries - မိဿ ရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)
မိဿ ရာသီဖွား တစ်ယောက်အတွက် အကြောက်ရဆုံး အရာကတော့ ချစ်ခင်ရသူ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ချစ်ခင်ရသူ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာ ကြောက်တယ်ဆိုတဲ့ အသိတရား ကိုလည်း အမြဲတမ်း နောက်ဆုံးမှ သတိထားမိကြသူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရင်ဆိုင်မှု တစ်ခုခုကိုလည်း ဆုံးရုံးရမှာ ကြောက်တတ်ကြပါတယ်။ မိဿ ရာသီဖွားတွေဟာ စစ်သည်တွေပါ။ သူတို့ဟာ အနိုင်လိုချင်ရုံတစ်ခုတည်းမဟုတ်ပဲ သူတို့ရဲ့  သဘာဝ တရားအရ တိုက်ပွဲဝင်နေရသူတွေဖြစ်ပါတယ်။ အဲဒီလို တိုက်ပွဲဝင် နေမှုတွေ ၊ ထိုးစစ်ဆင်နေမှုတွေကြောင့်ပဲ သူတို့ချစ်ရသူတစ်ယောက်ကို ဆုံးရှုံးရလေ့ရှိပြီး မိဿ ရာသီဖွားတွေဟာ အဲဒီလို အမှားမျိုးကို မမေ့မလျော့ဖြစ်နေတတ်ကြတာ ကလည်း မိဿ ရာသီဖွားတွေရဲ့  သံသရာ ပဲ ဖြစ်ပါတယ်။
Taurus - ပြိဿ ရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )
ပြိဿ ရာသီဖွား တစ်ယောက်အတွက် အကြောက်ဆုံးက ငွေကြေး မပြေလည်မှု ပဲ ဖြစ်ပါတယ်။ ပြိဿ ရာသီဖွား တွေဟာ သက်တောင့်သက်သာ ရှိတာ ကို သဘောကျကြပါတယ်။ သူတို့ဟာ အစားကောင်း အသောက် ကောင်း ၊ သူငယ်ချင်း ကောင်း ၊ ချမ်းနေတဲ့အချိန် အပူဓါတ် ၊ ပူနေတဲ့အချိန် အအေး ဓါတ် အစရှိတဲ့ ပြီးပြည့်စုံမှုတွေကို မက်မောကြပါတယ်။ ဒါကြောင့် သူတို့ အမြဲတမ်း အဆင်ပြေနေစေဖို့ သူတို့ ငွေကြေးပိုင်ဆိုင်မှုတွေကို ထိန်းသိမ်း ကာကွယ်ကြပြီး အကြွေးတင်ခြင်းကိုလည်း ကပ်ရောဂါတစ်ခုလို ရွံရှာကြသူတွေပါ။
Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )
မေထုန်ရာသီဖွားတွေ အကြောက်ဆုံးကတော့ ဆုံးဖြတ်ချက် ချရမှာကိုပါ။ သူတို့ဟာ ကတိပေးထားတာတွေ ၊ ရွေးချယ်ထားတာတွေ ၊ ခံယူထားတာတွေ ၊ ဆုံးဖြတ်ထားတာတွေကို ပြောင်းလဲတတ်လေ့ရှိကြပါတယ်။ ဒါကြောင့် မေထုန်ရာသီတွေကို အမြွှာ ၂ ဦး ရဲ့  ရုပ်ပုံနဲ့ သင်္ကေတ သတ်မှတ်ထားတာပါ။မေထုန် ရာသီဖွားတွေဟာ အမြဲတမ်း ၂ ယောက်စာ တွေးခေါ်နေကြပါတယ်။ တစ်ယောက်က ဒီလိုဆို နောက်တစ်ယောက် ဟိုလို ဖြစ်နေတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဒွိဟ တွေအမြဲဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မေထုန်ရာသီဖွားတွေရဲ့  စိတ်နှစ်ခွ လုံးဟာ အကြံဥာဏ်ကောင်းတွေ ရှိနေတတ်ကြပါတယ်။
Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )
ကရကဋ် ရာသီဖွားတွေကတော့ အိမ်နဲ့ ခွဲခွာ ရမှာ အကြောက်ဆုံးပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အေးချမ်းပြီးလုံခြုံ တဲ့ အရပ်မှာသာ နေလိုကြပါတယ်။ ထို အခြေအနေကို ပြင်ပမှာ မနေ၀ံ့ခြင်း(Agoraphobia) လို့လည်း ခေါ်ပါတယ်။ လွတ်မြောက်ဖို့ ခက်ခဲတဲ့ နေရာ(သို့) အခြေအနေတစ်ခုခု ကျရောက်လာမှာ ကြောက်ရွံ့နေတာလို့လည်း အဓိပ္ပာယ်ရပါတယ်။ နောက်ဆုံးမှာတော့ ကိုယ်တိုင် အကျဉ်းကျနေတဲ့ ထောင်သား တစ်ယောက်လို ဖြစ်လာပါတယ်။ ကရကဋ် ရာသီဖွားတွေဟာ အမြဲထိတွေ့နေရတဲ့ အရပ်မှာပဲ ပိုမို လုံခြုံတယ်လို့ ခံစားရတတ်ပါတယ်။
Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )
သိဟ် ရာသီဖွားတွေ အကြောက်ဆုံး အရာက လစ်လျူရှု ခံရမှာကိုပါ။ သိဟ် ရာသီဖွားတစ်ယောက် သည်းမခံနိုင်တဲ့အရာက အခန်းတစ်ခန်းထဲကို သူဝင်ရောက်လာတဲ့အခါမှာ တစ်ခန်းလုံးက သတိမပြုမိမှာကိုပါ။ ဒါပေမယ့် သိဟ် ရာသီဖွားတွေဟာ ထို အကြောက်တရားကို ရင်ဆိုင်တတ်ကြပါတယ်။ သိဟ် ရာသီဖွားတွေဟာ ၀တ်စားဆင်ယင်မှုကို အသုံးချခြင်း ၊ ခန္ဓာကိုယ် လှုပ်ရှားမှုကို ဂရုစိုက်ခြင်း ၊ ကိုယ့်အကြောင့်ကိုယ် အမွှန်းတင်ပြောဆိုခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး သူ့ ပတ်ဝန်းကျင်က လူတွေရဲ့  စိတ်ဝင်စားမှု ကို ရယူ တတ်ပါတယ်။ ပြီးတော့ သိဟ်ရာသီဖွား တွေဟာ သက်သေ လိုအပ်သူပါ။ သူတို့ကို သစ်ပင် တစ်ပင် တောထဲမှာ ပြိုသွားတယ် လို့ ပြောရင် သစ်ပင်လဲကျသံ ဘယ်သူမှ မကြားရင် မဖြစ်နိုင်ဘူး လို့ ငြင်းခုန်တတ်ကြသူတွေပါ။
Virgo - ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် - စက်တင်ဘာလ ၂၂ ရက် )
ကန်ရာသီဖွား တစ်ယောက် အကြောက်ဆုံး အရာက ပြီးပြည့်စုံမှု မရှိခြင်းပဲ ဖြစ်ပါတယ်။ ကန်ရာသီဖွား တွေဟာ အရာရာဟာ လုံးဝ ဥသုံ အဆင်ပြေ ချောမွေ့ ပြည့်စုံနေတာကို သဘောကျတတ်ကြပါတယ်။ ကန်ရာသီဖွား တစ်ယောက်ရဲ့  အခန်းထဲမှာ ကော်ဇောပေါ် ၀ိုင် အနည်းငယ် ဖိတ်ကျသွားတာ ၊ မြေပြင်ပေါ် သုံးပြီးသား တစ်သျှုးတွေ လွှင့်ပစ်လိုက်တာ ၊ သူတို့ရဲ့ ပန်းကန်တွေကို လက်မဆေးပဲ ကိုင်တာမျိုးတွေ သူတို့က သဘောမကျကြပါဘူး။ သူတို့ဟာ သဘာဝ အားဖြင့် အဆိုးမြင်တတ်သူတွေလည်း ဖြစ်ကြပေမယ့် အသင်းအဖွဲ့ ၊ မိတ်ဆွေအပေါင်းအသင်း မရှိပဲလည်း မနေတတ်ကြပါဘူး။ သူတို့ဟာ အပြင်ပန်းက မပြည့်စုံမှုတွေထက် စိတ်အတွင်းက မပြည့်စုံ မှုတွေကို ပိုကြောက်တတ်ကြပါတယ်။
Libra - တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် - အောက်တိုဘာလ ၂၂ ရက် )
တူရာသီဖွားတွေအကြောက်ဆုံး အရာက အထီးကျန်နေမှု ပါ။ ထက်မြက်ခြင်း ၊ သံယောဇဉ်ကြီးခြင်း ၊ စိတ်ကောင်းရှိခြင်း တို့နဲ့ မွေးဖွားလာတဲ့ တူရာသီဖွားတွေဟာ ကဗျာဆန်တဲ့ ချစ်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ အဖော်မရှိပဲ အထီးကျန်နေရမှာကို ရင်မဆိုင်ရဲသူတွေပါ။ ဒါ့အပြင် တူရာသီဖွားတွေဟာ ခေါင်းမာကြပါတယ်။ တူရာသီဖွား တစ်ယောက် အထီးကျန်နေတဲ့အချိန် လှေကား ပေါ်က ချော်ကျမိလို့ ဘာဒဏ်ရာမှ မရခဲ့ရင်တောင် သူ့ကို ဖေးမ ထူ ပေးမယ့် သူမရှိရကောင်းလားဆိုပြီး ခံစားနေတတ်သူတွေပါ။ တူရာသီဖွားတွေဟာ အထီးကျန်နေတဲ့အခါမှာ အလိုလို စိတ်ဖိစီးလာတတ်ပါတယ်။
Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )
ဗြိစ္ဆာရာသီဖွား တွေ အကြောက်ဆုံးကတော့ ရင်းနှီးကျွမ်းဝင်မှု ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ ရှုပ်ထွေး ၊ နက်နဲ ပြီး အမှောင်ရဲ့ လွှမ်းမိုးမှု ရှိသူတွေဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို အပြည့်အ၀ ဖော်ပြဖို့အတွက်လည်း ဆန္ဒမရှိကြပါဘူး။ ပစ်ပယ်လိုက်ခြင်း နဲ့ လွှမ်းမိုးလိုက်ခြင်း တွေဟာ ဗြိစ္ဆာရာသီဖွားတွေ အတွက် ရင်းနှီးကျွမ်းဝင်မှုကို ကြောက်ရွံ့လာစေတဲ့ အကြောင်းပြချက်လည်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ကို လူတွေက ပစ်ပယ်ထားရစ်ခဲ့မှာလည်း ကြောက်ကြသလို ဆက်ဆံရေးတစ်ခုမှာ သူတို့ရဲ့  ပင်ကို လက္ခဏာတွေ ပျောက်ဆုံး သွားမှာလည်း ကြောက်တတ်ကြပါတယ်။ သူတို့ဟာ သက်ဆိုင်သူတွေကို သူတို့ နဲ့ ရင်းနှီးလာဖို့ ကြိုးစားပုံ ကြိုးစားနည်းဟာ ထို သက်ဆိုင်သူတွေကို အဝေး ထွက်ပြေးသွားစေပါတယ်။ ဗြိစ္ဆာရာသီဖွားတွေနဲ့ သူငယ်ချင်း ဖြစ်လာရင်တော့ ငါ ဘာဆက်လုပ်ရမလဲ ဆိုတဲ့ အတွေးကို လတိုင်းတွေးဖြစ်နေမှာပါ။
Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )
ဓနု ရာသီဖွားတွေအကြောက်ဆုံးအရာက နေရာဒေသတွေနဲ့ဝေးကွာနေမှာကိုပါ။ ဓနု ရာသီဖွားတွေဟာ သဘာဝ အားဖြင့် စူးစမ်းလေ့လာသူတွေပါ။ သူတို့ဟာ ယုံကြည်မှုတွေအရ ခရီးသွားရတာကို သဘောကျကြပါတယ်။ ဓနု ရာသီဖွားတွေဟာ ကျယ်ပြန့်ခြင်း နက္ခတ် ကို ဆောင်ကြဉ်းတဲ့ ဂျူပီတာ ဂြိုလ် ရဲ့  အုပ်ချုပ်မှု အောက်မှာရှိနေသူတွေပါ။ ဂျူပီတာ ဂြိုလ် အုပ်ချုပ်တယ်ဆိုပေမယ့်လည်း ဓနု ရာသီဖွားတွေဟာ ပိတ်လှောင်ခံထားရမှုကို ကြောက်တတ်တဲ့ စိတ်အပြည့် ပါလာပါတယ်။ သူတို့ဟာ သူတို့ရဲ့  လွတ်လပ်မှုကို ဟန့်တားမယ့် အရာ ထက် ကြောက်တာ ဘာမှမရှိပါဘူး။
Capricorn - မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် - ဇန်န၀ါရီလ ၁၉ ရက် )
မကာရ ရာသီဖွားတွေအကြောက်ဆုံး က ရှုံးနိမ့်မှုပါ။ သူတို့တွေဟာ စီးပွားရေးအမြဲတွေးထားတတ်တဲ့ လူတွေလည်း ဖြစ်ပါတယ်။ အလုပ်ကြိုးစားကြပြီး အမြဲတမ်း အောင်မြင်မှုဆီတက်လှမ်းနိုင်ဖို့ မျှော်လင့်နေတတ်တာကြောင့် သူတို့ရဲ့  အကြောက်ဆုံးအရာက ကျရှုံးမှု ဖြစ်လာပါတယ်။ မကာရ ရာသီဖွားတွေဟာ ဖခင်ရဲ့  စိတ်ဆန္ဒတွေကို အမွေ အဖြစ် ဆက်ခံထားရသူတွေပါ။ မကာရ ရာသီခွင်ဟာ အောင်မြင်မှု ၊ ဂုဏ်သိက္ခာ ၊ ဖခင် စတာတွေနဲ့ ပတ်သက်တဲ့ ဆယ်လုံးမြောက်အိမ်ဆိုတဲ့ နက္ခတ်က အုပ်စိုးထားပါတယ်။
Aquarius - ကုံရာသီဖွား ( ဇန်န၀ါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )
ကုံရာသီဖွား တွေအကြောက်ဆုံး အရာက အသင်းအဖွဲ့ တစ်ခုခု ၊ စည်းမျဉ်းတစ်ခုခု ရဲ့  လက်အောက် ရောက်နေမှာကိုပါ။ သူတို့တွေဟာ တွဲဖက် အလုပ်လုပ်ရခြင်း ၊ ကျောင်းတက်ရခြင်း ၊ ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေ ၊ အိမ်ထောင်ကျခြင်း စတဲ့ အသင်းအဖွဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ကြပါတယ်။ သူတို့ဟာ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တိုင်းကိုလည်း အသိဥာဏ်အကျဉ်းချခံထားရခြင်း အဖြစ် မှတ်ယူတတ်ကြပြီး အများရဲ့  တွေးခေါ်မှု ဆိုတဲ့ အိုင်ဒီယာ မျိုးကိုလည်း မုန်းတီးကြပါတယ်။ သူတို့ကို တစ်ခုခု ဆို ပူးပေါင်းပါဝင်ပေးလို့ မရပါဘူး။ တစ်ယောက်တည်း ဖြေရှင်းပါစေ။ သူတို့က အဲဒါကို ပိုသဘောကျကြပါတယ်။
Pisces - မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် - မတ်လ ၂၀ ရက်)
မိန်ရာသီဖွားတွေ ကြောက်တဲ့အရာက တာဝန်ယူရမှာကိုပါ။ မိန်ရာသီဖွားတွေရဲ့  စိတ်ဟာ ကလေးဆန်လေ့ရှိပြီး ရင့်ကျင်လာချင်စိတ်လည်း မရှိကြပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ အတွေ့အကြုံ ကာလတွေရဲ့  အသိပညာ အတတ်ပညာ တွေကို အပြည့်အ၀ ရယူနိုင်သူတွေပါ။ ဒါပေမယ့် ရင့်ကျက်မှု တော့ ကင်းမဲ့နေဆဲပါ။ သူတို့တွေဟာ ကမ္ဘာကြီးရဲ့  တာဝန်တွေကို ရယူခြင်း အား ရပ်နားနိုင်ဖို့အတွက် မူးယစ်ဆေးဝါး တွေနဲ့ အရက်သေစာ တွေကို မှီဝဲလေ့ရှိကြပါတယ်။ သူတို့ဟာ အဆုံးမရှိတဲ့ ဖန်တီးမှု နဲ့ မွေးဖွားလာကြတဲ့အတွက် နေ့စဉ် ဘ၀ ဆိုတာကြီးကို ဆန့်ကျင်လိုစိတ်ရှိကြသူတွေလည်း ဖြစ်ကြပါတယ်။
Credit : Trend Myanmar
Wednesday, March 1, 2017
၂၀၁၇ ခုနှစ် မတ်လအတွက်​ ယတြာ
မိတ်ဆွေတို့၌ အရေးအကြောင်းအခက်အခဲကြုံလျှင် အသုံးပြုနိုင်ရန်အတွက် ကိစ္စအသီးသီးလိုက် ယတြာလက်ဆောင်များဖြစ်ပါသည်။ အဘမင်းသိင်္ခလေ့ကျင့်သင်ကြားပေးထားသည့် ပညာရပ်များကို အသုံးပြုလျှက် …။
.
စေတနာအရင်းခံဖြင့် သစ္စာဆို အဓိဌာန်ပြုပြီး လက်ဆောင်ဖော်ပြပေးခြင်းဖြစ်သည်။
.
.
မိတ်ဆွေတို့ကောင်းကျိုးများကို အစဉ်လိုလားသော
.
မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
.
.
ဆောင်းအကုန် နွေအကူး ၊ လေရူးက တသုန်သုန် ၊ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ကောင်းလှသော နွေဦးကာလ၏ နေ့ရက်များ
.
.
.
တနင်္ဂနွေသားသမီးများအတွက်
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ ဥပဒေကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ခြေသည်း၊လက်သည်း၊ဆံပင် ကို အိုးအပဲ့ထဲထည့်ပြီးစွန့်လိုက်ပါ။
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင်
1.3.2017 မှ စတင်​​၍
19.3.2017 အထိသာ
မိမိ၏ဘဝတစ်​သက်​စာ
နှစ်​စဉ်​အလိုက်​ ကြုံ​တွေ့ရမည့်
ကံကြမ္မာအား တိကျစွာ တွက်​ချက်​​ပေးထား​သော
ဟောစာတမ်းအား
ဉာဏ်​ပူ​ဇော်​ခ တယ်လီနောဘေ၅ထောင်နှင့်​​ဟော​ပြော​ပေးပါမည်​....
အ​ဆောင်​များ၊အစီအရင်​ယတြာများပါ ​ပေးမည်​.....
09774802309 မနက်​ ၉း၀၀ မှ ည​နေ ၄းဝဝ အထိသာ......
Tarrot​မေးလိုသူများအ​နေနှင့်​လည်း
မေးခွန်း၁ခုလျှင်​ တယ်​လီ​နော​ဘေ၁ထောင်ပူ​ဇော်​၍​မေးနိုင်​ပါသည်​....