လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Saturday, March 25, 2017
ပုတီးစိပ်ခြင်း
ပုတီးစိပ်ခြင်းအလုပ်သည် ပါဠိ,အဋ္ဌကထာ,ဋီကာ ကျမ်းများတွင်လာသော ကျမ်းဂန်လာအလုပ်မျိုး
မဟုတ်စေကာမူ ရှေးရှေးဆရာမြတ်တို့ စဉ်ဆက်မပြတ် ကျင့်သုံးတော်မူခဲ့ကြသော ကုသိုလ်ကောင်းမှု လုပ်ငန်းတစ်ခုဖြစ်သည်။
ပုတီးစိပ်ခြင်း
ပုတီးစိပ်ခြင်းဆိုသည်မှာ -
(၁) နှလုံးသွင်းဆင်ခြင်ပွါးများမှု
(၂) ပုတီးစေ့ချမှတ်မှု -ဟူ၍
လုပ်ငန်းနှစ်ရပ်ကို တပြိုင်နက်ပူးတွဲ ဆောင်ရွက်ရသည်ဖြစ်သောကြောင့် { အာရုံမရဘဲ ပုတီးလုံးရေများ ရေတွက်ရုံသက်သက်ဖြင့် ပုတီးစိပ်သည်ဟုဆိုလျှင် မပြည့်စုံကြောင်း, အကျိုးထူးရမည်မဟုတ်ကြောင်း } သိအပ်ပေသည်။
အာရုံမိသော ပုတီးစိပ်ခြင်းသည်သာ အရည်အချင်းကို အကျိုးပြုသော အရေအတွက်တစ်ခုဖြစ်ပေသည်။
ပုတီးစိပ်ခြင်းတွင် ``နှလုံးသွင်းဆင်ခြင်ပွါးများမှု´´
ဟူသောအရာ၌ မိမိတို့နှစ်သက်ရာအားသန်ရာကို အာရုံပြု နှလုံးသွင်းနိုင်ပါသည်။( ဘုရားဂုဏ်,တရားဂုဏ်,သံဃဂုဏ်, ပဋ္ဌာန်း, သစ္စာလေးပါး )စသည်အားဖြင့် အမျိုးမျိုးအာရုံပြု၍ နှလုံးသွင်းကြပါသည်။
ပုတီးမစိပ်မီ ကျင့်ဝတ် ၁၁-ပါး
(၁)- ဆာလောင်မွတ်သိပ်မှုကင်းအောင် တစ်ခုခုစားထားပါ
(၂)- ကိုယ်ခန္ဓာနှင့် အဝတ်အစား သန့်ပြန့်ပါစေ ပုတီးစိပ်သောနေရာလည်း သန့်ရှင်းပါစေ
(၃)- မိမိနှင့် သင့်လျှော်သောအချိန်ကိုရွေးပါ!
(၄)- နေရာစနစ်တကျ ယူပြီးမှ ပုတီးစိပ်အလုပ်ခွင်စပါ
(၅)- သရဏဂုံသီလ ခံယူဆောက်တည်ပါ
(၆)- အနန္တငါးပါးကို ကန်တော့ပါ
(၇)- မေတ္တာပို့ပါ
(၈)- မေတ္တာပို့ပြီးနောက် ဘုရားပင့်ပါ
(၉)- ဘုရားကို မိမိခန္ဓာကိုယ်ကိုလှူဒါန်းလိုက်ပါ
(၁၀)- ပုတီးစိပ်ရန် ကမ္မဋ္ဌာန်းတောင်းပါ
(၁၁)- မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်ပြုပါ။
ပုတီးစိပ်စဉ် ကျင့်ဝတ် ၅-ပါး
(၁)- ကိုယ်ကိုမတ်၍ တင်ပလ္လင်ခွေ, သို့မဟုတ် ပုဆစ်ဒူးတုပ်ထိုင်ပါ
(၂)- ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်စိတ်ပါ
(၃)- ယုံယုံကြည်ကြည်စိပ်ပါ
(၄)- ပုတီးစိပ်နေဆဲကာလမှာ အကျိုးတရားကို မျှော်လင့်သည့် လိုချင်စိတ် လုံးဝမထားရပါ
(၅)- မဆိုင်သည့်စိတ်ကူးတွေ ဝင်လာခဲ့လျင် အမြန်ဖယ်ရှားပစ်ပါ။
ပုတီးစိပ်ပြီး ကျင့်ဝတ် ၂-ပါး
(၁)- ပုတီးစိပ်ခဲ့သည့် လုပ်ငန်းကို ပြန်လည်ဆင်ခြင်သုံးသပ်ပါ!
(၂)- နိဗ္ဗာန်ကို ဆုတောင်းပါ။
ပုတီးစိပ်ခြင်း၏အကျိုး
လုပ်ဆောင်မှုတိုင်းမှာ အကြောင်း/အကျိုးက ရှိစမြဲပါ
ပုတီးစိပ်ခြင်း အကျိုးတရားများစွာထဲမှ ဘုရားဂုဏ်တော် ပွါးများရကျိုးကို ဖော်ပြပါမည်။
ဘုရားဂုဏ်တော်ကို စွဲစွဲမြဲမြဲ ဆင်ခြင်ပွါးများပါမူ-
(၁)- မြတ်စွာဘုရားအပေါ် ကိုင်းညွတ်သောစိတ်ရှိခြင်း
(၂)- ယုံကြည်မှုလေးနက်လာခြင်း
(၃)- သတိပို၍ကောင်းလာခြင်း
(၄)- ပညာဉာဏ်ထက်မြက်လာခြင်း
(၅)- ကောင်းမှုတိုးပွါးလာခြင်း
(၆)- စိတ်ညစ်မှုကင်းပြီး နှစ်သက်ကြည်နူးစွာနေရခြင်း
(၇)- ကြောက်ရွံ့ထိတ်လန့်ဖွယ် ကြုံလာလျင် မကြောက်မလန့် စိတ်တည်တံ့ခြင်း
(၈)- မတော်တဆ ဆင်းရဲဒုက္ခနှင့်တွေ့ကြုံလာခဲ့လျှင် သည်းခံနိုင်ရည်ရှိခြင်း
(၉)- မြတ်စွာဘုရားနှင့်အတူ နေရဘိသကဲ့သို့ စိတ်တွင် ထင်မှတ်လျက်ရှိခြင်း
(၁၀)- ဘုရားဂုဏ်တော်အစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတစ်ပါးတို့ ပူဇော်မှု, ချီးမြောက်မှုကို ကောင်းစွာခံယူနိုင်ခြင်း
(၁၁)- မိမိစိတ်သည် သမ္မာသမ္ဗောဓိဉာဏ်၌ ကိုင်းညွတ်လာခြင်း
(၁၂)- မကောင်းမှုကို ကျုးလွန်ရန် ကြုံရသောအခါမျိုးတွင် မိမိကိုယ်ကို ကောင်းစွာ စောင့်စည်းထိန်းသိမ်းနိုင်ခြင်း
(၁၃)- သေလျှင် အပါယ်လေးပါးမှကင်း၍ လူ့ပြည်နတ်ရပ် ကောင်းမြတ်သော သုဂတိဘုံ သုဂတိဘဝကို ရရှိခြင်း- ဟူသော အကျိုးတရားများကို ခံစားရလေသည်။
( သုတဂဝေသီ )
၃၀-၁၁-၂၀၁၅
Subscribe to:
Post Comments (Atom)
No comments:
Post a Comment