Wednesday, March 1, 2017

၂၀၁၇ ခုနှစ် မတ်လအတွက်​ ယတြာ




မိတ်ဆွေတို့၌ အရေးအကြောင်းအခက်အခဲကြုံလျှင် အသုံးပြုနိုင်ရန်အတွက် ကိစ္စအသီးသီးလိုက် ယတြာလက်ဆောင်များဖြစ်ပါသည်။ အဘမင်းသိင်္ခလေ့ကျင့်သင်ကြားပေးထားသည့် ပညာရပ်များကို အသုံးပြုလျှက် …။
.
စေတနာအရင်းခံဖြင့် သစ္စာဆို အဓိဌာန်ပြုပြီး လက်ဆောင်ဖော်ပြပေးခြင်းဖြစ်သည်။
.
.
မိတ်ဆွေတို့ကောင်းကျိုးများကို အစဉ်လိုလားသော
.
မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
.
.
ဆောင်းအကုန် နွေအကူး ၊ လေရူးက တသုန်သုန် ၊ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ကောင်းလှသော နွေဦးကာလ၏ နေ့ရက်များ

.
.
.
တနင်္ဂနွေသားသမီးများအတွက်
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ ဥပဒေကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ခြေသည်း၊လက်သည်း၊ဆံပင် ကို အိုးအပဲ့ထဲထည့်ပြီးစွန့်လိုက်ပါ။
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင်
မြေအိုးထဲမှာ ခြေသည်း ၊ လက်သည်း ၊ ဆံပင် ၊ အကျီအစုတ် ၊ လုံချည်အစုတ်များထည့်ပါ။အိပ်ယာဘေးမှာ တစ်ညထားသိပ်ပါ။နောက်နေ့မနက် စီးနေတဲ့ ရေထဲမှာ သွားမျှောလိုက်ပါ။ ( အခိုက်အညံ့တွေ ရောဂါတွေ အားလုံးပါသွားပါစေဆုတောင်းပါ )
.
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင် ၊စက်တူရှယ်ယာ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သပြေ(၆)ညွန့် ပန်းအိုးထိုးပြီး မိမိနဲ့ အနီးဆုံးနေရာတွင်ထားပါ။
.
ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ကော်ပုံးထဲမှာ မြေဆွေးထည့်ပါ။အုန်းပင်စိုက်ပါ။မကြာခဏ ရွှေရည်ငွေရည်လောင်းရင်း ဆုတောင်းပါ။
.
ပညာ၊ဖုန်း၊မြေ၊မုန့်၊ပဲ၊ပြောင်း၊ပွဲစား ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် အုန်းသားပေါ်တွင် ဖယောင်းတိုင်ထွန်း ဘုရားလှူဆုတောင်းပါ။(လစ်ပိုပုလင်းခွံထဲမှာ ထည့်ပြီးထွန်းပါ)
.
သစ်၊သံ၊သွပ်၊သတ္တု၊သစ်သီး၊သင်္ဘော၊ရေကြောင်းခရီး၊ခရီး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဇီးပင်(သို့)ညောင်ပင်အောက်မှာ အရှေ့တောင်အရပ်ကိုမျက်နှာမူပါ။ဖိနပ်ချွတ်ပါ။ရေသောက်ရင်း အလိုရှိရာများကို စိတ်ထဲမှနေ ပြတ်ပြတ်သားသား ဆုတောင်းပါ။
.
လူမျိုးခြား၊နိုင်ငံခြား၊အထည်အလိပ် ၊ထီး၊ဖိနပ်၊နာရီ၊ထီ၊အောက်လက်ငယ်သား၊အမှုအခင်း ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ပုံးထဲမှာ မြေဆွေးထည့်ပါ ။ ရွက်လှပင်စိုက်ပါ။မကြာခဏ ရွှေရည်ငွေရည်လောင်းရင်း ဆုတောင်းပါ။
.
.
.
တနင်္လာသားသမီးများအတွက်
.
.
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ အုပ်ချုပ်ရေး ၊ဥပဒေ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သံပုံးထဲမှာ မြေဆွေးထည့်ပါ။ ပိတောက်ပင်စိုက်ပါ။ မကြာခဏ ရွှေရည်ငွေရည်လောင်းပြီး ဆုတောင်းပါ။
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ငါးစာကျွေးရင်းဆုတောင်းပါ။
.
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင် ၊ စက်တူရှယ်ယာ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် စာအုပ် ၊ စာရေးကရိယာ ဒါနပြုလှူဒါန်းပါ။
.
ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သူတောင်းစားကို ငွေ(၄၀၀) ကျပ် စွန့်ကျဲလှူဒါန်းရင်းဆုတောင်းပါ။
.
ပညာ၊ဖုန်း၊မြေ၊မုန့်၊ပဲ၊ပြောင်း၊ပွဲစား ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ကံ့ကော် (၂)ညွန့်၊ ကိတ်မုန့် (၂)ချပ် ၊ ကော်ဖီ (၂) ခွက် ဘုရားလှူဆုတောင်းပါ။
.
သစ်၊သံ၊သွပ်၊သတ္တု၊သစ်သီး၊သင်္ဘော၊ရေကြောင်းခရီး၊ခရီး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဆွမ်းခံကြွတဲ့ဘုန်းကြီးကို သရက်သီးယိုလှူဒါန်းရင်း ဆုတောင်းပါ။
.
အထည်အလိပ် ၊ ထီး၊ဖိနပ်၊နာရီ၊ထီ ၊အောက်လက်ငယ်သား ၊ အမှုအခင်း ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ၀ါး ပင်အောက်မှာ တောင်အရပ်ကိုမျက်နှာမူပါ။ဖိနပ်ချွတ်ပါ။ပေါင်မုန့်စားရင်း အလိုရှိရာများကို စိတ်ထဲမှနေ ပြတ်ပြတ်သားသား ဆုတောင်းပါ။
.
.
.
.
.
အင်္ဂါသားသမီးများအတွက်
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ အုပ်ချုပ်ရေး ၊ ဥပဒေ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဆွမ်းခံကြွတဲ့ဘုန်းကြီးကို အုန်းနို့ခေါက်ဆွဲလှူရင်း ဆုတောင်းပါ။
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သပြေပင်(သို့)သရက်ပင်အောက်မှာ မြောက်အရပ်ကိုမျက်နှာမူပါ။ဖိနပ်ချွတ်ပါ။ထန်းလျက်ခဲစားရင်း အလိုရှိရာများကို စိတ်ထဲမှနေ ပြတ်ပြတ်သားသား ဆုတောင်းပါ။
.
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင်၊ စပ်တူရှယ်ယာ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် အိုးတစ်လုံးထဲမှာ မြေဆွေးထည့်ပါ ။ နှင်းဆီပင်စိုက်ပါ။ မကြာခဏ ရွှေရည်ငွေရည်လောင်းထည့်ရင်း ဆုတောင်းပါ ။
.
ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဘုရားရင်ဘတ်တော်တွင် ရွှေသင်္ကန်းကပ်လှူဆုတောင်းပါ။
.
ပညာ၊ဖုန်း၊မြေ၊မုန့်၊ပဲ၊ပြောင်း၊ပွဲစား ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် မိကျောင်းကို ငါးပတ်ကျွေးပြီး ဆုတောင်းပါ။
.
သစ်၊သံ၊သွပ်၊သတ္တု၊သစ်သီး၊သင်္ဘော၊ရေကြောင်းခရီး၊ခရီး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ခြေသည်း၊လက်သည်း၊ဆံပင်ကို သံပုံးအစုတ်ထဲတွင် ထည့်ပြီးစွန့်ပါ။
.
အထည်အထိပ်၊ထီး၊ဖိနပ်၊နာရီ၊ထီ ၊အောက်လက်ငယ်သား ၊ အမှုအခင်း ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဘုန်းကြီးတစ်ပါးကို ထီးဖွင့်ပြီးလှူရင်းဆုတောင်းပါ။
.
.
.
ဗုဒ္ဓဟူးသားသမီးများအတွက်
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ အုပ်ချုပ်ရေး ၊ ဥပဒေကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် မေးမြို့ပန်း(၅) ပွင့် ပန်းအိုးထိုးပြီး မိမိနဲ့ အနီးဆုံးနေရာမှာထားပေးပါ။
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ခြေသည်း၊လက်သည်း၊ဆံပင်၊ကော်ပစ္စည်းအစုတ်များကို ( ဥပမာ ... ရေသန့်ဗူးခွံ ၊ ဆေးဗူးခွံ ၊ အအေးဗူးခွံ စတဲ့ ကော် နဲ့ လုပ်ထားတဲ့ ပစ္စည်းများ )ကို ခြေရင်းဘက် (သို့) နောက်ဖေးဘက်တွင်စွန့်ရင်း ဆုတောင်းပါ ။
.
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင်၊ စက်တူရှယ်ယာကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ထန်းပင်(သို့)ဒန်းကြီးပင်အောက်မှာ အနောက်တောင်အရပ်ကိုမျက်နှာမူပါ။ဖိနပ်ချွတ်ပါ။အုန်းသီးပါသောမုန့်စားရင်း အလိုရှိရာများကို စိတ်ထဲမှနေ ပြတ်ပြတ်သားသား ဆုတောင်းပါ။
.
ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ရေသန့် (သို့) ရေနှင့်ပက်စက်တဲ့ပစ္စည်းများလှူရင်း ဆုတောင်းပါ။
.
ပညာ၊ဖုန်း၊မြေ၊မုန့်၊ပဲ၊ပြောင်း၊ပွဲစား ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဇလုံတစ်လုံးထဲမှာ မြေဆွေးထည့်ပါ။ ကံ့ကော်ပင်စိုက်က်ပါ ။ မကြာခဏ ရွှေရည်ငွေရည်လောင်းပြီးဆုတောင်းပါ။
.
သစ်၊သံ၊သွပ်၊သတ္တု၊သစ်သီး၊သင်္ဘော၊ ရေကြောင်းခရီး၊ခရီး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သိမ်အ၀င်လမ်းမှာ သဲခင်းရင်း ဆုတောင်းပါ။
.
လူမျိုးခြား၊နိုင်ငံခြား၊အထည်အထိပ်၊ထီး၊ဖိနပ်၊နာရီ၊ထီ ၊အောက်လက်ငယ်သား ၊ အမှုအခင်း ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် တံတား(အသေး)လှူရင်း ဆုတောင်းပါ။
.
.
.
ကြာသပတေးသမီးများအတွက်
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ အုပ်ချုပ်ရေး ၊ ဥပဒေ ၊ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ပိတ်တောက် (၅) ညွန့်ပန်းအိုးထိုးပြီး မိမိနဲ့အနီးဆုံးနေရာတွင်ထားပါ။
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ကြက်သားဟင်းကို ချိုင့်နဲ့ထည့်ပြီး ဘုန်းကြီးကျောင်းပို့ရင်း လှူရင်းဆုတောင်းပါ။
.
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင်၊စာရွက်စာတမ်း ၊ စပ်တူရှယ်ယာ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သပြေ(၆) ညွန့်ပန်းအိုးထိုးပြီး မိမိနဲ့အနီးဆုံးနေရာတွင်ထားပါ။
.
ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် အုန်းပင်အောက်မှာ အရှေ့မြောက်အရပ်ကိုမျက်နှာမူပါ။ဖိနပ်ချွတ်ပါ။ကိတ်မုန့်စားရင်း အလိုရှိရာများကို စိတ်ထဲမှနေ ပြတ်ပြတ်သားသား ဆုတောင်းပါ။
.
ပညာ၊ဖုန်း၊မြေ၊မုန့်၊ပဲ၊ပြောင်း၊ပွဲစား ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ကံ့ကော်ပင်အောက်မှာ အရှေ့တည့်တည့်ကိုမျက်နှာမူပါ ။ဖိနပ်ချွတ်ပါ ။ ဇီးသီး (သို့)ဇီးယို စားရင်း စိတ်ထဲကနေဆုတောင်းပါ ။
.
သစ်၊သံ၊သွပ်၊သတ္တု၊သစ်သီး၊သင်္ဘော၊ရေကြောင်းခရီး၊ခရီး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သစ်သီး(၉)မျိုးဘုရားလှူဆုတောင်းပါ။
.
လူမျိုးခြား၊နိုင်ငံခြား၊အထည်အလိပ် ၊ ထီး၊ဖိနပ်၊နာရီ၊ထီ ၊အောက်လက်ငယ်သား ၊ အမှုအခင်း ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် အိမ်ထဲမှာရှိတဲ့ ထီးစုတ်၊ဖိနပ်စုတ်၊အ၀တ်အစားစုတ်များကို စွန့်ပြီးဆုတောင်းပါ။
.
.
သောကြာသားသမီးများအတွက်
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ အုပ်ချုပ်ရေး ၊ ဥပဒေကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ပိတောက်သားပေါ်မှာ ဖယောင်းတိုင်ထွန်းဆုတောင်းပါ။(လစ်ပိုပုလင်းခွံထဲမှာ ထည့်ပြီး ထွန်းပါ )
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် နှီးတောင်းထဲမှာ မြေဆွေးထည့်ပါ။ သပြေပင်စိုက်ပြီး မကြာခဏရွှေရည်ငွေရည်လောင်းရင်းဆုတောင်းပါ။
.
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင်၊ စာရွက်စာတမ်း ၊ စက်တူရှယ်ယာ ကိစ္စများနှင့်ပက်သက်ပြီး သက်ကြီးရွယ်အိုတစ်ယောက်ကို ဆပ်ပြာအကြမ်းလှူ ရင်းဆုတောင်းပါ။
.
ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် လမ်းမှာတွေ့တဲ့ဘုန်းကြီးကို ရေသန့်လှူရင်းဆုတောင်းပါ။
.
ပညာ၊ဖုန်း၊မြေ၊မုန့်၊ပဲ၊ပြောင်း၊ပွဲစား ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ကံ့ကော်ပင်(သို့)ခရေပင (သို့) ကုကိုပင်အောက်မှာ အရှေ့အရပ်ကိုမျက်နှာမူပါ။ဖိနပ်ချွတ်ပါ။ဇီးသီး (သို့) ဇီးယိုစားရင်း အလိုရှိရာများကို စိတ်ထဲမှနေ ပြတ်ပြတ်သားသား ဆုတောင်းပါ။
.
သစ်၊သံ၊သွပ်၊သတ္တု၊သစ်သီး၊သင်္ဘော၊ရေကြောင်းခရီး၊ခရီး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် သတင်းစာစက္ကူပေါ်မှာသရက်ယိုတင်ပြီး ဘုရားလှူဆုတောင်းပါ။
.
လူမျိုးခြား၊နိုင်ငံခြား၊အထည်အလိပ် ၊ ထီး၊ဖိနပ်၊နာရီ၊ထီ ၊အောက်လက်ငယ်သား ၊ အမှုအခင်း ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် အိမ်ဘုရားမှာ လက်ဖက်ရည်(၄)ခွက် ၊ ရွက်လှ (၄) ညွန့် ဘုရားလှူပြီးဆုတောင်းပါ။ သူငယ်ချင်းမိတ်ဆွေများကို လက်ဖက်ရည် ဒါလုပ်ပါ။
.
.
.
စနေသားသမီးများအတွက်
.
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိမ်ထောင်ရေး ၊ အိမ်ထောင်ရေး၊အိုးအိမ်အဆောက်အဦး ၊ အိမ်ခြံမြေ ၊ အုပ်ချုပ်ရေး ၊ ဥပဒေ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ပိတောက်ပင်အောက်မှာ အနောက်အရပ်ကိုမျက်နှာမူ ဖိနပ်ချွတ်ပါ။သရက်ယိုစားရင်း စိတ်ထဲမှနေ ပြတ်ပြတ်သားသားဆုတောင်းပါ။
.
ကျန်းမာရေး၊အချစ်ရေး၊ငွေကြေး၊ခြံ၊ကားကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ငါး (၇) ကောင် မကြာခဏဘေးမဲ့လွှတ်ရင်း ဆုတောင်းပါ။
.
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင် ၊ စပ်တူရှယ်ယာ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဆိတ်သားဟင်း ဘုန်းကြီးကျောင်းပို့ပြီးဆုတောင်းပါ။
.
ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ရေသန့် ၊ ရေအိုး ၊ ရေအိုးဖုံး ၊ ရေခွက် ၊ ရေဗူး စသည့် ရေနှင့်ပက်သက်သည့်အလှူလုပ်ရင်းဆုတောင်းပါ။
.
ပညာ၊ဖုန်း၊မြေ၊မုန့်၊ပဲ၊ပြောင်း၊ပွဲစား ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ဆွမ်းခံကြွတဲ့ဘုန်းကြီးကိုကိတ်မုန့်လှူရင်း စိတ်ထဲကနေဆုတောင်းလိုက်ပါ။
.
သစ်၊သံ၊သွပ်၊သတ္တု၊သစ်သီး၊သင်္ဘော၊ရေကြောင်းခရီး၊ခရီး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ၀ါးတောင်းထဲမှာ မြေဆွေးထည့်ပါ။ ဇီးပင်စိုက်ပါ။ မကြာခဏ ရွှေရည်ငွေရည်လောင်းပြီး ဆုတောင်းပါ ။
.
လူမျိုးခြား၊နိုင်ငံခြား၊အောက်လက်ငယ်သား၊အထည်အထိပ်၊ထီး၊ဖိနပ်၊နာရီ၊ထီ ၊အောက်လက်ငယ်သား အမှုအခင်း ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရပါလျှင် ၀ါးပင်အောက်မှာ တောင်အရပ်ကိုမျက်နှာမူ ပဲကြီးလှော်စားရင်း ဖြစ်ချင်တာများကို စိတ်ထဲကနေဆုတောင်းပါ။
.
.
.
မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
.
.
ဆောင်းအကုန် နွေအကူး ၊ လေရူးက တသုန်သုန် ၊ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ကောင်းလှသော နွေဦးကာလ၏ နေ့ရက်များ

No comments:

Post a Comment