လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Tuesday, August 15, 2017
စက်ပစ္စည်းများအလွယ်တကူပျက်တတ်သော်
ကျွန်တော်တို့တစ်ခါခါစက်ပစ္စည်းတွေဝယ်လို့ရှိရင် အဲ့ဒီစက်ပစ္စည်းကိုသိပ်ကြာကြာမသုံးလိုက်ရဘဲနဲ့အလွယ်တကူ
ပျက်တတ်တာမျိုးတို့ရှိပါတယ်၊ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုမိတ္တူ ကူးစက်
လေးတစ်လုံးဝယ်ထားတာသိပ်မကြာသေးဘူး၊ခဏခဏစက်ကပျက်သွားတာနဲ့၊ပုံသိပ်မထွက်တာနဲ့ စက်ကသိပ်မကောင်းလှဘူးပေါ့ဗျာ၊ဒါနဲ့ကျနော့်ဆီလာပီးအကူအညီတောင်းတာနဲ့ ကျနော်လည်းအပေါ်ကOsirisဆိုတဲ့နတ်မင်းပုံလေးကိုပေးလိုက်ပီး အဲ့ဒီနတ်မင်းပုံကိုမင်းရဲ့ မိတ္တူ စက်မှာကပ်သာထားလိုက် လို့အကြံရောပုံရောပေးလိုက်ပါတယ်၊ဒီ့နောက်တော့်သူ့ဆီကဘာစက်ပျက်သံမှမကြားရတော့ပါဘူး။
ကျနော်ဆိုလိုချင်တာကမိတ်ဆွေတို့ရဲ့မည်သည့်စက်မဆိုအလွယ်တကူပျက်တတ်ရင်ပဲဖြစ်ဖြစ်၊ပျက်မှာစိုးလို့ပဲဖြစ်ဖြစ် အဲ့ဒီစက်မှာအထက်ကပြထားတဲ့Osirisနတ်မင်းပုံလေးကိုကပ်ထားကြပါလို့ဆို။
:-) အဆင်ပြေကြပါစေ၊စက်ပျက်ခြင်းမှကင်းဝေးကြပါစေ။♥★♬
၂၀၁၅တုန်းက လောကီပညာပြန့်ပွားရေး blogမှာရေးခဲ့တဲ့postအဟောင်းလေးပါ
မင်းဒေဝါ(Tarot)
myanmaroccultpage90.blogspot.com
အမတေ ဟူသည်
ကျွန်တော် အိပ်တော့မည့် အလုပ်မှာ
ဒီ အကြောင်းကို ပြန်စဉ်းစားမိလို့  ရေးဖြစ်
သွားပါတယ် ။
ကျွန်တော်တို့  လူတော်တော်များများ
ဟာ ဂမ ၻီရ အေဆာင္မ်ား အမေတမ်ားကို
အပတ်တကုတ် အချိန်ယူပြီး ရှာဖွေစုဆောင်းချင်သူက များပါတယ် ။
သတင်းရတာ နင့် လိုက်ကြသူတွေလည်း
ရှိပါတယ် ။ ဒါပေမဲ့ မိမိ ခန္ဓာကိုယ်ကို
အမတေ ဖြစ်အောင် လုပ်ယူဖို့  သတိမပြုမိသူက များပါတယ် ။
မိမိကိုယ်ကို အမတေ သိဒ္ဓိဝင် ပစ္စည်း
ဖြစ်အောင်လုပ်နည်း ။
၁။ နေ့ စဉ် အချိန်သတ်မှတ်၍ မိမိနိုင်နင်း
သောသီလ ကို အချိန်ပိုင်းဖြစ်စေ ။
တစ်ရက်တာဖြစ်စေ စောင့်ထိန်းနိုင်
အောင် ကြိုးစားပါ ။
၂။ သည်းခံစိတ်မွေးပါ ။
၃။ ငယ်သူကို သနား ။ ရွယ်တူကိုလေးစား။
ကြီးသူကို ရိုသေပါ ။
၎။ ဗြဟ္မစိုရ်တရား လေးပါးကို လိုက်နာ
စောင့်ထိန်းပါ ။
၅။ လောဘ ဒေါသ မောဟ မာနတရား
များ အစွန်းမရောက်ပါစေနင့် ။
၆။ ကံကြီး မထိုက်မိပါစေနင့် ။
၇။ အခါ အားလျော်စွာ ကုသိုလ်ဒါန လုပ်ပါ
၈။ မိမိ ကြိုက်နစ်သက်သော ဂါထာကို
ဂုဏ်တော်ကို မကြာခဏ သတိရတိုင်း
ရွတ်ဆိုပေးပါ ။ လူအများကြားတွင်
စိတ်ထဲက ရွတ်ပါ။
၉။ အခါအားလျော်စွာ မိမိ၏ အသက်
ဝိညာဉ် ခန္ဓာကိုယ်ကို ဘုရားလှူ ပါ။
၁၀။ရုတ်ရမ်း ကြမ်းတမ်း ခက်ထန်ပြီး
အနှစ်မရှိသော စကားများကို မပြောမိ
ဖို့  သတိပြုပါ ။
၁၁။ သူတစ်ပါးအား ထိခိုက်စေသော
မုသာဝါဒ နှင့် ကုန်းချောစကားများ
ကို မပြောမိဖို့  စောင့်ထိန်းပါ ။
၁၂။ မေထုန်ဂယာဝါသ အမူတွင် လူ့ 
သဘောသဘာဝ ကို ဆန့် ကျင်၍
မလွန်ကူးးဖို့  သတိပြုပါ ။
၁၃။ သူတော်ကောင်းတရား ခုနစ်ပါးကို
လက်ကိုင်ထားပါ ။
၁၄။ ပါရမီ ဆယ်ပါးကို စွမ်းနိုင်သလောက်
ဖြည့်ကျင့်ပါ ။
၁၅။ တတ်နိုင်သလောက် ။ စွမ်းနိုင်
သလောက် သာသနာပြုပါ ။
ဤ အချက် ( ၁၅ ) ချက်ကို ကြိုး
စားပြီး လေ့ကျင့် ဆောင်ရွက်နေလျှင်
မိမိ ခန္ဓာကိုယ်သည် အမတေ ဆိုက်ပြီဟု
ယုံကြည်လိုက်ပါ ။
အမတေ ဆိုက်သော ခန္ဓာကိုယ်
သည် လားရာဂတိကောင်း၏ ။ ချမ်းသာ
စွာအိပ်စက်ရ၏ ။ အနာရောဂါ နှိပ်စက်ခြင်း
မရှိ ။ ဥပစ္စေဒက ကံဖြင့် သေဆုံးခြင်းမရှိ။
သတ္တန္တရကပ်။ ရောဂန္တရကပ် ။
ဒုဘိက္ခန္တရကပ် တို့ မှ ကင်းဝေး၏ ။
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့
ဖြစ်စေ၏ ။
ဝိဇ္ဇာတို့လျှောက်သောလမ်း
Saturday, August 5, 2017
”လမိုင်း ဆိုသည်မှာ”
ဆရာ ဦးဝင်းကို ရှင်းပြထားတဲ့ လမိုင်းအကြောင်းပါ...ဂမ္ဘီရပညာရပ်တွေ
လေ့လာရင် အဲဒါလေးတွေက သတိထားစရာတွေ ဖြစ်ပါတယ်...
လမိုင်း
*****
လမိုင်းအကြောင်း ကျေကျေလည်လည်ရေးမယ်စဉ်းစားမိတာကြာပါပြီ။ အားလုံးကလွယ်လွယ်လေးပြောနေကြလို့အံသြမိတာတော့အမှန်ဘဲ မေးချင်ပါတယ်...။ လမိုင်းဆိုတာဘာလဲ?ဘာကြောင့်လမိုင်းဖြစ်တာလဲ...? အဲဒီလမိုင်းကဘာလုပ်နိုင်သလဲ...?
နောက်ယှက်ယုံလား...? ကူညီကောကူညီတက်လား...? ကျွန်တော်လက်လမ်းမိသလောက် လေ့လာလိုက်တော့ လမိုင်းအကြောင်း တိတိပပလာတဲ့ကျမ်းဆိုတာကျွန်တော်ဘဲလေ့လာမူအားနည်းလို့လား...?
ဒါမှမဟုတ်တချိုသောပညာရှင်တွေက ရှင်းပြရင်ပိုရှုပ်ကုန်မှာစိုးလို့မရေးတာလား...?
အင်းစဉ်းစားစရာဘဲ...။ ထားပါတော့...။ ရှိနေရင်လည်း သိသော တတ်သော ဆရာအပေါင်းပညာရှိအပေါင်းတို့ရေးသားပြပါဟုတောင်းဆိုရင်း
ကျွန်တော်သိသလောက်လေးဉာဏ်မိသလောက်လေး ရေးသားလိုက်ပါတယ်...။
လမိုင်း=ကပ်ညှိခြင်း ဒီလို့အဓိပ္ပယ်ထွက်လာတယ် ...။
ကပ်ညှိတက်တယ်ပေါ့ ...။
သူတို့ဘယ်ကလာသလဲ •••?
ဖုတ် လူဘဝ နတ်ဘဝ(နတ်တွေသရဲမဖြစ်သော်လည်းဖုတ်ဖြစ်နိုင် ဘုမ္မစိုးနတ်အနွယ်ဝင်တွေပါ)
(နတ်ရဲဆို့တဲ သူရဲနတ်တမျိုးကတော့ ဂန္ဓဗ္ဗနတ်တွေကိုပြောတာပါ)တိရစ္ဆာန် ဘဝမှလာနိုင်တယ်...။ အဝိဇ္ဇာ တဏှာ ကာမကိလေသာတို့ကိုသာ မက်မောတွယ်တာ လုံ့လစိုက်သူမှန်သမျှဖုတ်ဖြစ်နိုင်တယ်။
(ဖုတ်)ပါဠိမှာတော့ ဘုတ် လို့ပြတယ်။
အဖွဲအစည်း အသင်းအပင်းနှင့်စုစည်းနေထိုင်ကြတယ်...။ အဲဒီမှာဖုတ်အမျိုးပေါင်းများစွာရှိတယ် ။ ပြန်ချုပ်လိုက်တော့ ဖုတ်ကြီး ၄၀ ရပြန်တယ် ။ ရေနေ ၁၀မျိုး တောင်ကုန်းနေ၁၀မျိုး လျိုမြောင်တောနေ ၁၀မျိုး ချိုင့်ဝှမ်းမြစ်နေ ၁၀မျိုး
သူတို့ ၁၀မျိုးစီကြတော့ တစ်ဦးနဲတဦး ကမ္မဇိဒ္ဓိကလည်း မတူကြပါဘူး...။ ဆက်စပ်မှုလည်း မရှိကြတော့ဘူး...။ သူ့နေရာနဲ့သူ စည်းကမ်းရှိကြတယ် ။
ရေမှာနေတဲ့ဖုတ်ထက် တောမှာနေတဲဖုတ်ကနိမ့်တယ်...။
တောမှာနေတဲဖုတ် ထက်
တောင်မှာနေတဲဖုတ်ကနိမ့်တယ်...။
တောင်မှာနေတဲ့ဖုတ်ထက်ချိုင့်ဝှမ်းမြစ်နေဖုတ်တို့ကပိုနိမ့်ကြတယ် ။
အဲဒီထက်နိမ့်ကြပြီး လမ်းကြမ်း အိမ်ကြမ်း သစ်ပင်အောက် တွေမှာနေရတာတွေကို
အဆင့်အနိမ်ဆုံး ပို့ပြီးနိမ့်ကြတာကိုလမိုင်းလို့ခေါပါတယ် ။
ဟုတ်ပြီ ။ ဒါဆို လမိုင်းဆိုတာဘာလဲ... တစ်ပိုင်းတော့ရှင်းပြီပေါ့နော်...။
နောက် အဲဒီလမိုင်းဖြစ်ရတဲ့ သူတွေကဘယ်လိုလူတွေလဲ...?
(လမိုင်းဘာကြောင့်ဖြစ်သလဲ)
ဇနပဒ ဂန္ဓာရီလို့ခေါ်တဲ့ အတတ်ဖြစ်တဲ့ အောက်လမ်းအတတ်ကို လိုက်စားတဲ့ပုဂ္ဂိုလ်မှန်သမျှဟာ ဖုတ်ကြီးလေးဆယ်ကို ကျွေးမွှေးပြီးမှသာ ပညာတက်နိုင်ကြတယ်...။
(ဥပမာ သင့်နေတိုင်းထမင်းကျွေးထားတဲခွေးတစ်ကောင်ဟာ သူရှေ့မှ တစ်ယောက်ယောက်က သင့်ကို ရိုက်ပုက်ဟန်ပြုရင်သင်ထမင်းကျွေးထားတဲခွေးဟာ သူကိုရန်ပြုတဲသူကို ကိုက်မယ်မို့လား)
ဒီလိုဘဲ...။ အောက်လမ်းဆရာတွေက ဖုတ်ကြီးလေးဆယ်ကို ကျွေးပြီးအကူအညီယူတယ် ...။
အဲဒီကနေ အောက်စူဠဂန္ဓာရီ ပညာရပ်တွေကိုလေ့လာတယ်
...။ (ဥပမာ အင်းကိုအတိုက်ဖြစ်အောင်လုပ်ရင် သူတပါးကို မိမိတက်တဲ့အတတ် ဂါထာမန္တာန်မန္တရား အင်း ဓါတ်တွေနဲ့ တိုက်ခိုက်တဲ့ပညာ ၊ ခြေရာကောက် ရုပ်ထားနာမ်ထား ကြိတ်လက်သေ စသည့် စူဠဂန္ဓာရီပညာ အငယ်ဆုံး ဂန္ဓာရီအတတ် ၊ ဥပမာ ကဝေသာရကျမ်းအလိုစီစဉ်တဲ့ပညာ) အဲဒီအဆင့်ရောက်ရင်တော့ အောက်လမ်းစစ်စစ် ။ သူသွားရာလမ်းက ငရဲ ဘုရားအဆူဆူနဲ့လွဲပြီး လွယ်လွယ်နဲ့လူမဖြစ်နိုင်တော့ အဲဒီအဆင့်မရောက်ခင် ဖုတ်ကြီးလေးဆယ်ကို အကူအညီတောင်းပြီး ပြုစားခြင်း ၊ဒုက္ခပေးခြင်းတွေကို ပြုလုပ်ပြီး သေသွားရင်အဲဒီဖုတ်ကြီးလေးဆယ်ရဲ့အခိုင်းခံအနိမ်ဆုံး
လမိုင်းဆိုတာဖြစ်ကြရတယ်...။
လမိုင်းဘာကြောင့်ဖြစ်သလဲ...?ရှင်းပြီပေါ့နော်...။
သူတို့ကနောက်ယှက်ယုံလား... ကူညီတက်သေးလား ဆိုတာကတော့ လွယ်ပါတယ်...။
သူတို့နောက်ယှက်တတ်တယ်ဆိုတာတော့ လူတိုင်းသိပါတယ်...။
ကူညီတတ်တယ်ဆိုတာကတော့
အရပ်ထဲမှာ ပြောကြတယ်...။ဒီနေ့ ဘာလုပ်လုပ် လမိုင်းမကပ်ပါဘူးကွာ... တလွဲတွေကြီးကြီးဖြစ်နေတယ် ...။
နောက်ဇာတ်သဘင်ပညာရှင်တွေ
အနုပညာရှင်တွေက လမိုင်းပွဲပေးကြတာကြားဖူးပါလိမ့်မယ်
...။ "လမိုင်းဝင်သွားတယ်ဗျာ ...သရုပ်ဆောင်ရတာ (သို့)က ရတာပျော်လိုက်တာ... လုံးဝကိုယ်ကိုတောင်မထင်မိဘူး"
ဒီ လိုလည်း ဆိုကြတယ်မို့လား...။
ဒီလောက်ဆိုရင် လမိုင်းအကြောင်း အတော်အသင့်ပြည်စုံပြီပေါ့...။
ကဲ...အခုပြောချင်တဲ့ အကြောင်းလာပြီ ။
လမိုင်းအကြောင်းမသိဘဲ လမိုင်းဘာကြောင့်ဖြစ်ရတယ်ဆိုတာမသိဘဲ ရမ်းတုပ်နေကြတဲ့ ပြသနာတွေမြင်ရတာစိတ်မချမ်းသာလို့...။
ဘာတဲ့...။ အဘဘိုးမင်းခေါင်ကိုလမိုင်းတဲ့...။
သေချာစဉ်းစား အဘဘိုးမင်ခေါင်ဘာတွေလုပ်သွားသလဲ...။ ဘုရားတည် ၊ကျောင်းဆောက် လူတွေကို သီလလုံအောင်ထိမ်းအောင် လုပ်ပေးသွားတာကို လမိုင်းတဲ့လား...။
ဘာပယောဂကုတုန်း ကိုယ့်ရှေ့လူနာမှာ
ငါဘိုးမင်းခေါင်ကွလို့ ပူးတဲ့သူကပြောတဲ့အတိုင်း ယုံရအောင် အဘဘိုးမင်းခေါင်အစစ်က ခင်ဗျားအောက်မှာထိုင်ပြီးခင်ဗျားက သူ့အပေါ်ရောက်နေရအောင် ခင်ဗျားတို့အတွေးအခေါ်ပညာမညံ့သေးပါဘူး...။
နိုး ...ကျွန်တော်အဘဘိုးမင်းခေါင်ကိုမကိုးကွယ်ပါဘူး...။ ပွဲမပေးပါဘူး...။ ဒါပေမယ့် တစ်ခါမှလည်းမစော်ကားဖူးပါဘူး။
ကဲ...ကျွန်တော်ပယောဂကုတုန်းက အမျိုးသမီးတစ်ယောက်ကို စွဲရင်းတိုင်းရောက်လို့ ခေါ်လိုက်တာ ငါဘိုးမင်းခေါင်ကွဆိုပြီး တင်ပလ္လင်ချိတ်ပြီး ဝင်လာပါရော ။
ကျွန်တော်အကြောင်း သိရသလောက်နဲ့ ကျွန်တော်က အထက်မှာထိုင်ပြီး ဘိုးမင်းခေါင်ဆိုပြီး ကျွန်တော်အောက်ရောက်နေကတည်းက ဒါ မဖြစ်နိုင်မှန်း ဉာဏ်မျက်စိကသိနေပြီ...။
ဒီတော့ အသားလေးဘေးကပ် ၊ သူဘုရားကျောင်းဆောင်ကို မြင်ရအောင်ပေါ့ ။ သူမြင်တယ် ။ လောကမှာအကြီးဆုံးဘုရားကိုတောင် မကန်တော့ဘူး ။ အဘဘိုးမင်းခေါင်တာဆိုရင်နေမလား...။ ဒါနဲ့ ကျွန်တော်က ကျွန်တော်ထက် ပိုမြင့်တဲ့နေရာမှာအခင်းသန့်သန့်လေးထားပြီး စိတ်တွင်းမှ အဘဘိုးမင်းခေါင်ခင်ဗျာ... အဘနာမည်သုံးပြီး အဘသိက္ခာကိုချနေပါတယ်... အဘကိုယ်တိုင်ဆုံးမပေးပါအုံးလို့ပြောနေတုံးရှိသေး... အခုနဝင်ပူးတဲလူနာက ဝုန်းဆိုပြီးပက်လက်လန့်သွားတယ် ။ ပြန်စစ်ပြန်ခေါ်တော့ အောက်လမ်းအစွဲ... တောင်းပန်နေလိုက်တာ.. ကြောက်နေလိုက်တာ... နောက်ကိုဘယ်တော့မှဟန်မဆောင်တော့ပါဘူးပေါ့..။
ပယောဂရဲ့ သဘောကတော့ လိမ်လို့ရရင်လိမ်မယ် ...ခြောက်လို့ရရင်ခြောက်မယ်... ဒါသူတို့အလုပ် ။ အဲ... သူတို့ဘာကောင်လဲ... မိသွားရင်တော့ကြောက်လိုက်တာ တုန်လို့ ...။(ဒီလောက်ဆိုရင်သိရောပေါ့) ။
ဘာအဲဒီလိုမှ ဝင်ပူးနေတဲ့ သူကငါဘိုးမင်းခေါင်ကွ လို့ဆိုနေသေးရင် ဟုတ်လား ...
ခင်ဗျားတို့ကလည်းဗျာ...။ အဲဒါဆိုလူပူးပေါ့...။
လေးငါးချက်လောက်နားရင်းရိုက်ရင်အဖြေမှန်ပေါ်လာပါ
လိမ့်မယ်...။ ဟုတ်ပြီလား ။
သူတော်ကောင်းတွေကို မကိုးကွယ်ရင်နေပါ စော်တော့မစော်ကားမိပါစေနဲ့...။
ဒီထဲမှာ လမိုင်းဘာကြောင့်ဖြစ်ရတယ်ဆိုတာရေးပြီးပါပြီ ။ ဒီလောက်ဆိုရင် အဘဘိုးမင်းခေါင်တို့
အဘဘိုးတော်ဟန်တို့ နာယကဆရာကြီး ဦးစံသိန်းတို့ဟာ
သူတော်ကောင်းတွေဆိုတာဉာဏ်ရှိလို့ စဉ်းစားရင်သိနိုင်လောက်ပြီလို့ထင်ပါတယ် ...။
ပညာရှင်ဆန်ဆန်ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်...။ ဝေဖန်နိုင်ပါတယ်...။ လူမိုက်ဆန်ဆန်ပြောဆိုမယ့်ဆွေးနွေးမယ့် သူတွေအတွက် ဝမ်းတွင်းကန်းကို အရောင်အကြောင်းရှင်းပြရင်ရှင်းပြတဲ့ သူသာသေသွားမယ် ...။မွေးကတည်းက ကန်းနေတဲ့ လူကတော့ ဘယ်တော့မှ နားလည်နိုင်မယ်မဟုတ်ပါကြောင်း ရေးသားရင်း မိမိလောက်မသိသေးသောပညာသင်ညီငယ်ညီမတို့ကို ပညာဝေမျှရင်း မိမိထက်ဂုဏ်ဝါကြီးသော ပညာကြီးသော ဆရာကြီး ဆရာမကြီးအပေါင်းတို့အားဦးညွှတ်ရှိခိုးရင်း
များထွေပုဂ္ဂိုလ်တက်စေသော်....။
လမိုင်း နဲ့ ဝိဇ္ဇာ ဘာကွာသလဲ...??
***************
Credit မင်းကံစည်ဝင်း
နဂိုရ်က ရှည်လျားတဲ့ဆောင်းပါးတစ်ပုဒ် ရေးမလို့ပါပဲ ။
သို့သော်... လိုရင်းပဲ ရေးပါတော့မယ်။ လမိုင်းအကြောင်းက
ဂန္ဓာရီနယ်ပယ်မှာ အင်မတန်ကျယ်ဝန်းပါတယ် ။ အခြေအနေ
အရ ကြုံတွေ့ရတာ အမျိုးမျိုးရှိတယ် ။
လမိုင်းဘယ်က စတင် ဖြစ်ပေါ်လာသလဲ လို့မေးရင်း ကမ္ဘာ
ဦးရာဇဝင်ထဲက ကဝါလမိုင်းအကြောင်းအရာကနေ စတင်
ဖြစ်ပေါ်လာခဲ့တယ်လို့ ပြောလို့ရပါတယ် ။
အများသိပြီးသား ဖြစ်မှာပါ ။ သင်္ကြန်ရာဇဝင်အကြောင်း
ဖတ်ရင် တွေ့ရပါလိမ့်မယ် ။နည်းနည်းပြောပါရစေ ။
တစ်ချိန်က လောကီပညာအရပ်ရပ် တတ်မြောက်ထားတဲ့
ရသေ့ကြီးတစ်ပါးပေါ့။တစ်နေ့တော့ သူ့ပညာနဲ့သူနေရမယ့် အသက်အပိုင်းအခြားကို တွက်ချက်လိုက်တဲ့အခါ မကြာခင်မှာပဲ သူ့သက်တမ်း ကုန်ဆုံးမှာကို သိသွားတယ်။
ဒါနဲ့ သူဘယ်လိုလုပ်ရင် လူ့ဘဝဆက်နေရမလဲဆိုပြီး တွေး
တောကြံဆတဲ့အခါမှာ သူတတ်ထားတဲ့ သက်ပြောင်းကိုယ်
ခွာ အတတ်ပညာနဲ့ အသက်ဆက်နေလို့ရကြောင်း သိရှိခဲ့ပါ
တယ် ။ သက်ပြောင်းကိုယ်ခွာ အတတ်ပညာက လောလော
လတ်လတ် သေဆုံးပြီးမကြာသေးတဲ့ လူသေတစ်ဦးရဲ့ရုပ်ခန္ဓာလိုအပ်တယ် ။ ( ဒီပညာက ဝိဇ္ဇာတွေ တတ်အပ်တဲ့ပညာ
ရပ်ကြီးတစ်ခုပါ ။ အလွန်ဆန်းကြယ်တဲ့ ပညာရပ်ဖြစ်ပါတယ်)
ရသေ့ကြီးလည်း ဒိဗ္ဗစက္ခုဉာဏ်နဲ့သေဆုံးတော့မယ့်သူကို ကြည့်လိုက်တဲ့အခါ မကြာခင်မှာ မြွေကိုက်ခံရပြီး သေဆုံး
တော့မယ့် ကဝါလမိုင်းဆိုတဲ့ တောသူတောင်သားတစ်ဦးကို
တွေ့လိုက်ပါတယ် ။ ဒါနဲ့ ရသေ့ကြီးက ဈာန်အဘိညာဉ်နဲ့ကြွ
သွားပြီး ကဝါလမိုင်းမြွေကိုက်ခံရလို့ သေဆုံးသွားတဲ့အခါမှာ
သူ့ရဲ့ သက်ပြောင်းကိုယ်ခွာအတတ်ပညာနဲ့ ကဝါလမိုင်းရဲ့
ရုပ်ခန္ဓာအသုံးပြု ပြီး ဆက်လက်အသက်ရှင်နေထိုင်သွားပါ
တယ်။ ရသေ့ကြီးရုပ်ဟောင်းကိုတော့ ကဝါလမိုင်းတစ်ဖြစ်လဲ
ရသေ့ကြီးက သဂြိုဟ်လိုက်တယ်။
ရသေ့ကြီးကနေ ကဝါလမိုင်းဖြစ်လာတဲ့ ကဝါလမိုင်းက
ယခင် ကဝါလမိုင်းမယားနဲ့အတူတကွပေါင်းသင်းနေထိုင်ခဲ့ပါ
တယ်။ သို့သော်... ရသေ့ကြီးကဝါလမိုင်းက အသက်မွေးမှု
အရ လောကီပညာကျွမ်းကျင်သူပီပီ ဗေဒင်ဟော ဆေးကုအတတ်ပညာနဲ့ နာမည်ကျော်ကြားလာခဲ့ပါတယ်။
ရသေ့ကြီးက သူ့ရဲ့တပည့်တွေကို သူတတ်ထားတဲ့ပညာ
အရပ်ရပ်တွေ သင်ကြားပေးပြီး အတတ်ပညာဖြန့်ဝေခဲ့တယ်။
ဒါကို အကြောင်းပြုပြီး နောက်ပိုင်း ထူးဆန်းတဲ့ လောကီဂမ္ဘီရပညာတွေကို တတ်မြောက်ထားတဲ့သူတွေကို လူတွေက ကဝါလမိုင်းတပည့်တွေဖြစ်တဲ့အတွက် ကဝါဖြုတ်ပြီး လမိုင်းလို့ ခေါ်ဝေါ်
ကြပါတယ် ။ လမိုင်းအဖွဲ့အစည်းပေါ့ ။
ဒီလောက်ဆိုရင် လမိုင်းရာဇဝင် ရိပ်မိလောက်ပြီထင်ပါတယ် ။ ပုံပြင်ပဲ ပြောပြော၊ ဒဏ္ဍာရီလို့ပဲဆိုဆို ဒီကဝါလမိုင်း
အကြောင်းက လမိုင်းနဲ့ပတ်သက်ပြီး အခြေအနေအရရော
ပညာရပ်အနေအထားအရပါ ဆက်စပ်မှုရှိနေတဲ့ အရာတွေပါ။
အခုသိပ္ပံခေတ်မှာတောင် လိုအပ်တဲ့သုတေသနအတွက်
ဒဏ္ဍာရီက ပစ်ပယ်လို့မရမှန်း ၊ အရေးပါတဲ့အရာမှန်း လက်ခံ
လာကြတာ အမှန်ပါပဲ။ ဒဏ္ဍာရီကိုအခြေခံပြီး သမိုင်းအမှန်ကို
ရှာဖွေကြရပါတယ် ။
လောကီပညာဆိုတာက ကမ္ဘာဦးကတည်းက တည်ရှိနေတဲ့
ပညာ။ ဒေသကွဲပြားမှုအလိုက် ပညာရပ်၊ အခေါ်အဝေါ်ကွဲပြား
သွားကြတာပါ။
အရင်က လောကီပညာဆိုတာ ပညာတတ်အသိုင်းအဝိုင်း
တွေ လေ့လာလိုက်စားတဲ့ပညာ ။ အနေအထိုင် အပြောအဆို
သိမ်မွေ့ကြတဲ့ ပညာတတ်အလွှာအတန်းစား ၊ လောကစည်း
မျဉ်း ဥပဒေသတွေကို လေးစားလိုက်နာကြတဲ့ပညာတတ်သူ
တွေ သင်ကြားကြတဲ့ပညာတွေပါ ။ ဆိုတော့ သူတို့တွေ လေ့
လာမှုအားကောင်း ၊ တကယ်လည်း ကြိုးစားကြတော့ ဆိုင်ရာပညာရပ်တွေ တတ်မြောက်လာကြပါတယ်။ ဒီလောကီပညာရပ်တွေကို ကောင်းမွန်တဲ့နေရာ၊
အကျိုးရှိမယ့်နေရာတွေသာ လူတွေအသုံးချခဲ့ပါတယ်။
သို့သော် နောက်ပိုင်းလူတွေက လောဘ ဒေါသ မာန်မာနတရားတွေ ၊ ဣဿာ မစ္ဆရိယတရားတွေ ထူပြောလာတဲ့အခါ အဖိုးတန် ခက်ခဲနက်နဲတဲ့ပညာတွေကို မကောင်းတဲ့ဘက်မှာ အသုံးချ လာကြပါတယ် ။ မကောင်းတဲ့
နတ်မိစ္ဆာတွေ ပူဇော်ပသပြီး အတတ်ပညာနဲ့လူသတ်နည်း
သေအောင်ပြု စားနည်းတွေ ပြုလုပ်အားထုတ်လာကြပါတယ်။ပညာရပ်က ကောင်းတာတွေရော၊ မကောင်းတာတွေရော
ရောထွေးကုန်တယ်။ သူတော်ကောင်းလမ်းစဉ် မဟုတ်တော့ပဲ အကုသိုလ်များတဲ့
လမ်းစဉ်ဖြစ်လာကြပါတယ် ။သေဆုံးသွားကြတဲ့အခါ ပညာတွေကို စွဲလမ်းပြီး မကောင်းတဲ့ဘုံဘဝတွေ ရောက်
သွားကြတယ်။ ပညာရပ်တွေကို ဝန်တိုတဲ့စိတ်တွေများတဲ့
အတွက်
ပညာရပ်လိုက်စားတဲ့သူတွေကို နှောင့်ယှက်ဖျက်ဆီးကြပါ
တယ်။ တစ်ခါ ပညာရပ်တွေ အသုံးချတဲ့အခါ နည်းမှန်လမ်းမှန်
မဟုတ်တဲ့အတွက် ဂန္ဓာရီ ထွက်ရပ်ပေါက်ပညာမဖြစ်တော့ပဲ အောက်ဘက်မိစ္ဆာအနွယ်ဝင် လမိုင်းဖြစ်သွားကြတယ်။ လမိုင်းနဲ့ ထွက်ရပ်ပေါက်က တစ်ခြားစီ။ အဖြူနဲ့အမည်း ၊ အမှောင်နဲ့
အလင်းဆိုသလိုပေါ့ ။ ဆိုတော့ လမိုင်းက ဆိုးဝါးတဲ့ အခြေအနေရောက်သွားခဲ့ပါတယ်။ ဒါကြောင့် လောကီပညာကို လိုက်စားကြတဲ့အခါ လမိုင်းက အဓိကသတိထားရမယ့် သူတွေဖြစ်သွားပါတယ်။ သူတို့က အောက်အနွယ်ဝင်ပီပီ နှောင့်ယှက်
ဖျက်ဆီးတတ်ကြတဲ့သူတွေ ။
သို့သော်...သူတို့ကို ပူဇော်ပသရင်တော့ လမိုင်းက စောင့်ရှောက်ကြပြန်တယ်။
လမိုင်းက တောလမိုင်း၊ တောင်လမိုင်း၊ ကုန်းလမိုင်း၊ ရေ
လမိုင်း၊ လေလမိုင်း၊ မိုးလမိုင်း၊ ကဝါလမိုင်း စသည်ဖြင့် နေရာ
ဋ္ဌာနနဲ့ ကျွမ်းကျင်တဲ့ပညာမူတည်ပြီး အမျိုးအစားကွဲပြားကြပါ
တယ်။
လမိုင်းပညာရပ်က ၆၂ ရပ်ရှိပါတယ်။ ထူးဆန်းတဲ့လောကီပညာ အရပ်ရပ်တွေပါ။
လမိုင်းကပ်ရင် ခွာဖို့မလွယ်သလို လမိုင်းဖျက်ရင် ဒဏ်ခံနိုင်
တဲ့သူတွေ ရှားပါးကြပါတယ်။ အထူးသဖြင့် နာမ်ပိုင်းဆိုင်ရာနဲ့
ရုပ်ပြောင်းရုပ်လွဲအတတ်ပညာတွေနဲ့ပေါ့။ မသိပဲနဲ့ ခံရတတ်ပါ
တယ် ။
တစ်ချို့ဆေးတွေ နှိုးတဲ့အခါမှာ "ထ ထ ဆရာလမိုင်းထ ၊
ကြွ ကြွ ဆရာလမိုင်းကြွ "လို့ နှိုးရတာ တွေ့ရပါလိမ့်မယ် ။လမိုင်းကပ်တဲ့ ဆေးတွေဆိုရင် လမိုင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေကို အေးအေးဆေးဆေးနှိမ်နှင်းလို့ရတယ် ။
လမိုင်းအန္တရာယ်ကြီးမားတဲ့အတွက် ဝိဇ္ဇာကြီးတွေက လမိုင်းနိုင်တဲ့ဆေးတွေ ၊ အင်း ၊ စမတွေ စီရင်ပေးကြပါတယ်။
ကျင့်စဉ်ပိုင်းမှာ အများဆုံးကြုံရတတ်ပါတယ် ။
လမိုင်းကို လမိုင်းမှန်း မသိရင် ခံပေတော့ပဲ။ တစ်ချို့ ပါရမီ
အားကြီးတဲ့ သူတော်ကောင်းတွေ ကျင့်စဉ်ကျင့်တဲ့အခါ ဝိဇ္ဇာ
ကြီးတွေ ကိုယ်တိုင်လာစောင့်ပေးရပါတယ်။ ဝိဇ္ဇာကြီးတွေ
မလာနိုင်ကြတဲ့အခါ ကိုယ့်ဘာသာကိုယ် ဉာဏ်နဲ့ရင်ဆိုင်ကြ
ရတယ်။
ဥပမာ... ကျင့်စဉ်ထက်မြက်လာတဲ့အခါ လမိုင်းက အာရုံ
ထဲ မနောထဲမှာ အဘဘိုးမင်းခေါင် ၊ အဘဘိုးဘိုးအောင်
စသည်ဖြင့် ဖန်ဆင်းပြီး စကားတွေပြော ၊ ဆေးတွေ၊ ပစ္စည်း
တွေ ၊ လာပေးတတ်ကြတယ်။ လမိုင်းပညာရပ်တွေလည်း
သင်ကြားပေးကြတယ် ။ လူ့သည်းခြေကြိုက် အကြားအမြင်
အထူးအဆန်း စသည်လည်း ပါတယ်။ လူက အဲဒါတွေနဲ့ သာယာသွားပြီး ဝိဇ္ဇာလိုလို ဘိုးတော်လိုလိုဖြစ်တတ်ကြ
တယ်။ လမိုင်းမာယာလှည့်စားမှုအောက်မှာ အထင်ကြီးလာကြပါတယ်။ လူက လမိုင်းကြောင် ကြောင်သွားပြီး
အထူးအဆန်းနောက်ကိုသာ လိုက်နေမိကြတယ်။ နောက်
ဆုံး ရူးသလိုလို ကြောင်သလိုလိုဖြစ်ပြီး သေတဲ့အခါ လမိုင်း
ဘဝ၊ လမိုင်းတွေရဲ့လက်အောက်ခံဘဝ ရောက်သွားကြတယ်။ ( စစ်မှန်သော ဝိဇ္ဇာကြီးများလည်း
ထိုသို့ ချီးမြောက်တတ်ပါသည် ။ သို့သော် အဖြူ နဲ့အမည်း မတူပါ )
တစ်ချို့က အဲဒီလို လမိုင်းလှည့်စားမှု မသိကြတဲ့အခါ လမိုင်းနဲ့
အဘဘိုးတော်တွေကို မှားပြီး အပြစ်တင်ပြောဆို ပစ်မှားတတ်ကြတယ် ။ အထူးသဖြင့် နာမည်ကြီး အဘဘိုးမင်း
ခေါင် ၊ အဘဘိုးဘိုးအောင်အဖြစ် ဟန်ဆောင်လှည့်ဖျားနေ
တတ်ကြတာတွေပါ ။ သရဏဂုံ၊ ဂုဏ်တော် စွမ်းအင်တွေကို
ထက်ထက်မြက်မြက်ပွားများနေကြတဲ့ ဝိဇ္ဇာကြီးတွေက လူ
တွေကို ဒုက္ခရောက်အောင်လုပ်ပါ့မလား...။
ကျနော် မင်းသစ္စာ တွေ့ဖူးသော လမိုင်းဆရာတွေကတော့ လမိုင်းကို အားမကိုးဘို့ ရယ် မယုံကြည်ဖို့ရယ်ပြောပြပေးပေမယ့်
လက်မခံကြပါဘူး။ အဲတော့ကာ ကျနော်ကလည်း နောက်သို့ ခြေတလှမ်းပြန်ဆုတ် ပြောကြည့်လိုက်တော့ လက်ခံတာတွေ့ရတယ်။
”ဝိဇ္ဇာ ဆိုတာ အဖေရင်းနဲ့တူတယ်
လမိုင်းဆိုတာ ပထွေးနဲ့တူတယ်”
ကြည့်သာပေါင်းပါလို့
မင်းသစ္စာ
Thursday, August 3, 2017
``လေ့လာဖူးသော ဂဏန်းဗေဒင်များအကြောင်း"
၁။ပိုအောင်မြင်တဲ့သူ!
(2,11,20,29)
(5,14,23)
(7,16,25)
(8,17,26)
(9,18,27)
ရက်နေ့မွေးဖွားတဲ့သူတွေ
လောကီပညာရပ်များကို
လေ့လာလိုက်စားရင်ကျန်တဲ့နေ့မွေးတဲ့သူတွေထက်ပိုပြီးတော့ အောင်မြင်ပါတယ်။
၂။တစ်သက်တာ ကံကောင်းစေသော
အရောင်များ
(1,10,19,28)ရက်နေ့မွေးဖွားသောသူများသည်အဝါရောင် ကိုဝတ်ဆင်ပါ။
(2,11,20,29)ရက်နေ့ မွေးဖွားသောသူများသည် အဖြူရောင်ကို ဝတ်ဆင်ပါ။
(3,12,21,30)ရက်နေ့ မွေးဖွားသောသူများသည် ခရမ်းရောင် ကိုဝတ်ဆင်ပါ။
(4,13,22,31)ရက်နေ့မွေးဖွားသောသူများသည် မီးခိုးရောင်ကို ဝတ်ဆင်ပါ။
(5,14,23) ရက်နေ့မွေးဖွားသောသူများသည်
အဖြူရောင်ကို ဝတ်ဆင်ပါ။
(6,15,24) ရက်နေ့မွေးဖွားသောသူများသည်
အပြာရောင် ကိုဝတ်ဆင်ပါ။
(7,16,25) ရက်နေ့မွေးဖွားသောသူများသည်
အဝါရောင်ကို ဝတ်ဆင်ပါ။
(8,17,26) ရက်နေ့မွေးဖွားသောသူများသည်
အနက်ရောင်ကို ဝတ်ဆင်ပါ။
(9,18,27) ရက်နေ့မွေးဖွားသောသူများသည်
အနီရောင်ကို ဝတ်ဆင်ပါ။
၃။ကိုသစ်နက်ရဲ့ ဂဏန်းဗေဒင်အတို
ကျွန်တော်ဘာသာ အတိုချုံးပြီး
ရေးသားထားပါ။ ယေဘုယျ အဟောတွေ
ပါ။
(1,10,19,28)ရက်နေ့မွေးဖွားသောသူများသည်
ရည်မှန်းချက်ကြီးမားသော သူများဖြစ်သည်။
(2,11,20,29)ရက်နေ့ မွေးဖွားသောသူများသည်
စိတ်ကူးယဉ်သမားများ သာဖြစ်ကြသည်။
(3,12,21,30)ရက်နေ့ မွေးဖွားသောသူများသည်
စည်းကမ်းကို လိုက်နာသောသူများ ဖြစ်ကြသည်။
(4,13,22,31)ရက်နေ့မွေးဖွားသောသူများသည် ခွတီးခွကျသမား ဖြစ်ကြသည်။
(5,14,23) ရက်နေ့မွေးဖွားသောသူများသည်
ငွေကြေးပေါများသော သူများဖြစ်ကြသည်။
(6,15,24) ရက်နေ့မွေးဖွားသောသူများသည်
အပေါင်းအသင်းကို အရမ်းခင်သော သူများ ဖြစ်ကြသည်။
(7,16,25) ရက်နေ့မွေးဖွားသောသူများသည်
တီထွင်ဖန်တီးသော သူများ ဖြစ်ကြသည်။
(8,17,26) ရက်နေ့မွေးဖွားသောသူများသည်
ဘဝတွင် "သေလျှင်မြေကြီးမသေလျှင်ရွှေထီးသမား" များဖြစ်ကြသည်။
သင်သည်(9,18,27) ရက်နေ့မွေးဖွားသောသူများသည်
ကိုယ့်ထူးကိုယ်ချွန်သော သူများသာ ဖြစ်ကြသည်။
၉ ဆိုတဲ့ ကိုသစ်နက်
တင်သမျှစာတိုင်း ဖတ်လိုပါက အောက် "link"ကိုနှိပ်
ပြီးတော့ "Follow"လုပ်နိုင်ပါသည်။
https://www.facebook.com/kothitnet9999
Subscribe to:
Posts (Atom)