Saturday, August 5, 2017

”လမိုင်း ဆိုသည်မှာ”



ဆရာ ဦးဝင်းကို ရှင်းပြထားတဲ့ လမိုင်းအကြောင်းပါ...ဂမ္ဘီရပညာရပ်တွေ
လေ့လာရင် အဲဒါလေးတွေက သတိထားစရာတွေ ဖြစ်ပါတယ်...

လမိုင်း
*****

လမိုင်းအကြောင်း ကျေကျေလည်လည်ရေးမယ်စဉ်းစားမိတာကြာပါပြီ။ အားလုံးကလွယ်လွယ်လေးပြောနေကြလို့အံသြမိတာတော့အမှန်ဘဲ မေးချင်ပါတယ်...။ လမိုင်းဆိုတာဘာလဲ?ဘာကြောင့်လမိုင်းဖြစ်တာလဲ...? အဲဒီလမိုင်းကဘာလုပ်နိုင်သလဲ...?
နောက်ယှက်ယုံလား...? ကူညီကောကူညီတက်လား...? ကျွန်တော်လက်လမ်းမိသလောက် လေ့လာလိုက်တော့ လမိုင်းအကြောင်း တိတိပပလာတဲ့ကျမ်းဆိုတာကျွန်တော်ဘဲလေ့လာမူအားနည်းလို့လား...?
ဒါမှမဟုတ်တချိုသောပညာရှင်တွေက ရှင်းပြရင်ပိုရှုပ်ကုန်မှာစိုးလို့မရေးတာလား...?
အင်းစဉ်းစားစရာဘဲ...။ ထားပါတော့...။ ရှိနေရင်လည်း သိသော တတ်သော ဆရာအပေါင်းပညာရှိအပေါင်းတို့ရေးသားပြပါဟုတောင်းဆိုရင်း
ကျွန်တော်သိသလောက်လေးဉာဏ်မိသလောက်လေး ရေးသားလိုက်ပါတယ်...။

လမိုင်း=ကပ်ညှိခြင်း ဒီလို့အဓိပ္ပယ်ထွက်လာတယ် ...။
ကပ်ညှိတက်တယ်ပေါ့ ...။
သူတို့ဘယ်ကလာသလဲ •••?
ဖုတ် လူဘဝ နတ်ဘဝ(နတ်တွေသရဲမဖြစ်သော်လည်းဖုတ်ဖြစ်နိုင် ဘုမ္မစိုးနတ်အနွယ်ဝင်တွေပါ)
(နတ်ရဲဆို့တဲ သူရဲနတ်တမျိုးကတော့ ဂန္ဓဗ္ဗနတ်တွေကိုပြောတာပါ)တိရစ္ဆာန် ဘဝမှလာနိုင်တယ်...။ အဝိဇ္ဇာ တဏှာ ကာမကိလေသာတို့ကိုသာ မက်မောတွယ်တာ လုံ့လစိုက်သူမှန်သမျှဖုတ်ဖြစ်နိုင်တယ်။
(ဖုတ်)ပါဠိမှာတော့ ဘုတ် လို့ပြတယ်။
အဖွဲအစည်း အသင်းအပင်းနှင့်စုစည်းနေထိုင်ကြတယ်...။ အဲဒီမှာဖုတ်အမျိုးပေါင်းများစွာရှိတယ် ။ ပြန်ချုပ်လိုက်တော့ ဖုတ်ကြီး ၄၀ ရပြန်တယ် ။ ရေနေ ၁၀မျိုး တောင်ကုန်းနေ၁၀မျိုး လျိုမြောင်တောနေ ၁၀မျိုး ချိုင့်ဝှမ်းမြစ်နေ ၁၀မျိုး
သူတို့ ၁၀မျိုးစီကြတော့ တစ်ဦးနဲတဦး ကမ္မဇိဒ္ဓိကလည်း မတူကြပါဘူး...။ ဆက်စပ်မှုလည်း မရှိကြတော့ဘူး...။ သူ့နေရာနဲ့သူ စည်းကမ်းရှိကြတယ် ။
ရေမှာနေတဲ့ဖုတ်ထက် တောမှာနေတဲဖုတ်ကနိမ့်တယ်...။
တောမှာနေတဲဖုတ် ထက်
တောင်မှာနေတဲဖုတ်ကနိမ့်တယ်...။
တောင်မှာနေတဲ့ဖုတ်ထက်ချိုင့်ဝှမ်းမြစ်နေဖုတ်တို့ကပိုနိမ့်ကြတယ် ။
အဲဒီထက်နိမ့်ကြပြီး လမ်းကြမ်း အိမ်ကြမ်း သစ်ပင်အောက် တွေမှာနေရတာတွေကို
အဆင့်အနိမ်ဆုံး ပို့ပြီးနိမ့်ကြတာကိုလမိုင်းလို့ခေါပါတယ် ။
ဟုတ်ပြီ ။ ဒါဆို လမိုင်းဆိုတာဘာလဲ... တစ်ပိုင်းတော့ရှင်းပြီပေါ့နော်...။
နောက် အဲဒီလမိုင်းဖြစ်ရတဲ့ သူတွေကဘယ်လိုလူတွေလဲ...?
(လမိုင်းဘာကြောင့်ဖြစ်သလဲ)
ဇနပဒ ဂန္ဓာရီလို့ခေါ်တဲ့ အတတ်ဖြစ်တဲ့ အောက်လမ်းအတတ်ကို လိုက်စားတဲ့ပုဂ္ဂိုလ်မှန်သမျှဟာ ဖုတ်ကြီးလေးဆယ်ကို ကျွေးမွှေးပြီးမှသာ ပညာတက်နိုင်ကြတယ်...။
(ဥပမာ သင့်နေတိုင်းထမင်းကျွေးထားတဲခွေးတစ်ကောင်ဟာ သူရှေ့မှ တစ်ယောက်ယောက်က သင့်ကို ရိုက်ပုက်ဟန်ပြုရင်သင်ထမင်းကျွေးထားတဲခွေးဟာ သူကိုရန်ပြုတဲသူကို ကိုက်မယ်မို့လား)

ဒီလိုဘဲ...။ အောက်လမ်းဆရာတွေက ဖုတ်ကြီးလေးဆယ်ကို ကျွေးပြီးအကူအညီယူတယ် ...။
အဲဒီကနေ အောက်စူဠဂန္ဓာရီ ပညာရပ်တွေကိုလေ့လာတယ်
...။ (ဥပမာ အင်းကိုအတိုက်ဖြစ်အောင်လုပ်ရင် သူတပါးကို မိမိတက်တဲ့အတတ် ဂါထာမန္တာန်မန္တရား အင်း ဓါတ်တွေနဲ့ တိုက်ခိုက်တဲ့ပညာ ၊ ခြေရာကောက် ရုပ်ထားနာမ်ထား ကြိတ်လက်သေ စသည့် စူဠဂန္ဓာရီပညာ အငယ်ဆုံး ဂန္ဓာရီအတတ် ၊ ဥပမာ ကဝေသာရကျမ်းအလိုစီစဉ်တဲ့ပညာ) အဲဒီအဆင့်ရောက်ရင်တော့ အောက်လမ်းစစ်စစ် ။ သူသွားရာလမ်းက ငရဲ ဘုရားအဆူဆူနဲ့လွဲပြီး လွယ်လွယ်နဲ့လူမဖြစ်နိုင်တော့ အဲဒီအဆင့်မရောက်ခင် ဖုတ်ကြီးလေးဆယ်ကို အကူအညီတောင်းပြီး ပြုစားခြင်း ၊ဒုက္ခပေးခြင်းတွေကို ပြုလုပ်ပြီး သေသွားရင်အဲဒီဖုတ်ကြီးလေးဆယ်ရဲ့အခိုင်းခံအနိမ်ဆုံး
လမိုင်းဆိုတာဖြစ်ကြရတယ်...။
လမိုင်းဘာကြောင့်ဖြစ်သလဲ...?ရှင်းပြီပေါ့နော်...။
သူတို့ကနောက်ယှက်ယုံလား... ကူညီတက်သေးလား ဆိုတာကတော့ လွယ်ပါတယ်...။
သူတို့နောက်ယှက်တတ်တယ်ဆိုတာတော့ လူတိုင်းသိပါတယ်...။
ကူညီတတ်တယ်ဆိုတာကတော့
အရပ်ထဲမှာ ပြောကြတယ်...။ဒီနေ့ ဘာလုပ်လုပ် လမိုင်းမကပ်ပါဘူးကွာ... တလွဲတွေကြီးကြီးဖြစ်နေတယ် ...။
နောက်ဇာတ်သဘင်ပညာရှင်တွေ
အနုပညာရှင်တွေက လမိုင်းပွဲပေးကြတာကြားဖူးပါလိမ့်မယ်
...။ "လမိုင်းဝင်သွားတယ်ဗျာ ...သရုပ်ဆောင်ရတာ (သို့)က ရတာပျော်လိုက်တာ... လုံးဝကိုယ်ကိုတောင်မထင်မိဘူး"
ဒီ လိုလည်း ဆိုကြတယ်မို့လား...။
ဒီလောက်ဆိုရင် လမိုင်းအကြောင်း အတော်အသင့်ပြည်စုံပြီပေါ့...။

ကဲ...အခုပြောချင်တဲ့ အကြောင်းလာပြီ ။
လမိုင်းအကြောင်းမသိဘဲ လမိုင်းဘာကြောင့်ဖြစ်ရတယ်ဆိုတာမသိဘဲ ရမ်းတုပ်နေကြတဲ့ ပြသနာတွေမြင်ရတာစိတ်မချမ်းသာလို့...။
ဘာတဲ့...။ အဘဘိုးမင်းခေါင်ကိုလမိုင်းတဲ့...။
သေချာစဉ်းစား အဘဘိုးမင်ခေါင်ဘာတွေလုပ်သွားသလဲ...။ ဘုရားတည် ၊ကျောင်းဆောက် လူတွေကို သီလလုံအောင်ထိမ်းအောင် လုပ်ပေးသွားတာကို လမိုင်းတဲ့လား...။

ဘာပယောဂကုတုန်း ကိုယ့်ရှေ့လူနာမှာ
ငါဘိုးမင်းခေါင်ကွလို့ ပူးတဲ့သူကပြောတဲ့အတိုင်း ယုံရအောင် အဘဘိုးမင်းခေါင်အစစ်က ခင်ဗျားအောက်မှာထိုင်ပြီးခင်ဗျားက သူ့အပေါ်ရောက်နေရအောင် ခင်ဗျားတို့အတွေးအခေါ်ပညာမညံ့သေးပါဘူး...။
နိုး ...ကျွန်တော်အဘဘိုးမင်းခေါင်ကိုမကိုးကွယ်ပါဘူး...။ ပွဲမပေးပါဘူး...။ ဒါပေမယ့် တစ်ခါမှလည်းမစော်ကားဖူးပါဘူး။
ကဲ...ကျွန်တော်ပယောဂကုတုန်းက အမျိုးသမီးတစ်ယောက်ကို စွဲရင်းတိုင်းရောက်လို့ ခေါ်လိုက်တာ ငါဘိုးမင်းခေါင်ကွဆိုပြီး တင်ပလ္လင်ချိတ်ပြီး ဝင်လာပါရော ။
ကျွန်တော်အကြောင်း သိရသလောက်နဲ့ ကျွန်တော်က အထက်မှာထိုင်ပြီး ဘိုးမင်းခေါင်ဆိုပြီး ကျွန်တော်အောက်ရောက်နေကတည်းက ဒါ မဖြစ်နိုင်မှန်း ဉာဏ်မျက်စိကသိနေပြီ...။
ဒီတော့ အသားလေးဘေးကပ် ၊ သူဘုရားကျောင်းဆောင်ကို မြင်ရအောင်ပေါ့ ။ သူမြင်တယ် ။ လောကမှာအကြီးဆုံးဘုရားကိုတောင် မကန်တော့ဘူး ။ အဘဘိုးမင်းခေါင်တာဆိုရင်နေမလား...။ ဒါနဲ့ ကျွန်တော်က ကျွန်တော်ထက် ပိုမြင့်တဲ့နေရာမှာအခင်းသန့်သန့်လေးထားပြီး စိတ်တွင်းမှ အဘဘိုးမင်းခေါင်ခင်ဗျာ... အဘနာမည်သုံးပြီး အဘသိက္ခာကိုချနေပါတယ်... အဘကိုယ်တိုင်ဆုံးမပေးပါအုံးလို့ပြောနေတုံးရှိသေး... အခုနဝင်ပူးတဲလူနာက ဝုန်းဆိုပြီးပက်လက်လန့်သွားတယ် ။ ပြန်စစ်ပြန်ခေါ်တော့ အောက်လမ်းအစွဲ... တောင်းပန်နေလိုက်တာ.. ကြောက်နေလိုက်တာ... နောက်ကိုဘယ်တော့မှဟန်မဆောင်တော့ပါဘူးပေါ့..။
ပယောဂရဲ့ သဘောကတော့ လိမ်လို့ရရင်လိမ်မယ် ...ခြောက်လို့ရရင်ခြောက်မယ်... ဒါသူတို့အလုပ် ။ အဲ... သူတို့ဘာကောင်လဲ... မိသွားရင်တော့ကြောက်လိုက်တာ တုန်လို့ ...။(ဒီလောက်ဆိုရင်သိရောပေါ့) ။
ဘာအဲဒီလိုမှ ဝင်ပူးနေတဲ့ သူကငါဘိုးမင်းခေါင်ကွ လို့ဆိုနေသေးရင် ဟုတ်လား ...
ခင်ဗျားတို့ကလည်းဗျာ...။ အဲဒါဆိုလူပူးပေါ့...။
လေးငါးချက်လောက်နားရင်းရိုက်ရင်အဖြေမှန်ပေါ်လာပါ
လိမ့်မယ်...။ ဟုတ်ပြီလား ။
သူတော်ကောင်းတွေကို မကိုးကွယ်ရင်နေပါ စော်တော့မစော်ကားမိပါစေနဲ့...။
ဒီထဲမှာ လမိုင်းဘာကြောင့်ဖြစ်ရတယ်ဆိုတာရေးပြီးပါပြီ ။ ဒီလောက်ဆိုရင် အဘဘိုးမင်းခေါင်တို့
အဘဘိုးတော်ဟန်တို့ နာယကဆရာကြီး ဦးစံသိန်းတို့ဟာ
သူတော်ကောင်းတွေဆိုတာဉာဏ်ရှိလို့ စဉ်းစားရင်သိနိုင်လောက်ပြီလို့ထင်ပါတယ် ...။
ပညာရှင်ဆန်ဆန်ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်...။ ဝေဖန်နိုင်ပါတယ်...။ လူမိုက်ဆန်ဆန်ပြောဆိုမယ့်ဆွေးနွေးမယ့် သူတွေအတွက် ဝမ်းတွင်းကန်းကို အရောင်အကြောင်းရှင်းပြရင်ရှင်းပြတဲ့ သူသာသေသွားမယ် ...။မွေးကတည်းက ကန်းနေတဲ့ လူကတော့ ဘယ်တော့မှ နားလည်နိုင်မယ်မဟုတ်ပါကြောင်း ရေးသားရင်း မိမိလောက်မသိသေးသောပညာသင်ညီငယ်ညီမတို့ကို ပညာဝေမျှရင်း မိမိထက်ဂုဏ်ဝါကြီးသော ပညာကြီးသော ဆရာကြီး ဆရာမကြီးအပေါင်းတို့အားဦးညွှတ်ရှိခိုးရင်း
များထွေပုဂ္ဂိုလ်တက်စေသော်....။

လမိုင်း နဲ့ ဝိဇ္ဇာ ဘာကွာသလဲ...??
***************
Credit မင်းကံစည်ဝင်း
    နဂိုရ်​က ရှည်​လျားတဲ့​ဆောင်းပါးတစ်​ပုဒ်​ ​ရေးမလို့ပါပဲ ။
သို့​သော်​... လိုရင်းပဲ ​ရေးပါ​တော့မယ်​။ လမိုင်းအ​ကြောင်းက
ဂန္ဓာရီနယ်​ပယ်​မှာ အင်​မတန်​ကျယ်​ဝန်းပါတယ်​ ။ အ​ခြေအ​နေ
အရ ကြုံ​တွေ့ရတာ အမျိုးမျိုးရှိတယ်​ ။
    လမိုင်းဘယ်​က စတင်​ ဖြစ်​​ပေါ်လာသလဲ​ လို့​မေးရင်း ကမ္ဘာ
ဦးရာဇဝင်​ထဲက ကဝါလမိုင်းအ​ကြောင်းအရာက​နေ စတင်
ဖြစ်​​ပေါ်လာခဲ့တယ်​လို့ ​ပြောလို့ရပါတယ်​ ။
     အများသိပြီးသား ဖြစ်​မှာပါ ။ သင်္ကြန်​ရာဇဝင်​အ​ကြောင်း
ဖတ်​ရင်​ ​တွေ့ရပါလိမ့်​မယ်​ ။နည်းနည်း​ပြောပါရ​စေ ။
     တစ်​ချိန်​က ​လောကီပညာအရပ်​ရပ်​ တတ်​​မြောက်​ထားတဲ့
ရ​သေ့ကြီးတစ်​ပါး​ပေါ့။တစ်​​နေ့​တော့ သူ့ပညာနဲ့သူ​နေရမယ့်​ အသက်​အပိုင်းအခြားကို တွက်​ချက်​လိုက်​တဲ့အခါ မကြာခင်​မှာပဲ သူ့သက်​တမ်း ကုန်​ဆုံးမှာကို သိသွားတယ်​။
     ဒါနဲ့ သူဘယ်​လိုလုပ်​ရင်​ လူ့ဘဝဆက်​​နေရမလဲဆိုပြီး ​တွေး
တောကြံဆတဲ့အခါမှာ သူတတ်​ထားတဲ့ သက်​​ပြောင်းကိုယ်
ခွာ အတတ်​ပညာနဲ့ အသက်​ဆက်​​နေလို့ရ​ကြောင်း သိရှိခဲ့ပါ
တယ်​ ။ သက်​​ပြောင်းကိုယ်​ခွာ အတတ်​ပညာက ​လော​လော
လတ်​လတ်​ ​သေဆုံးပြီးမကြာ​သေးတဲ့ လူ​သေတစ်​ဦးရဲ့ရုပ်​ခန္ဓာလိုအပ်​တယ်​ ။ ( ဒီပညာက ဝိဇ္ဇာ​တွေ တတ်​အပ်​တဲ့ပညာ
ရပ်​ကြီးတစ်​ခုပါ ။ အလွန်​ဆန်းကြယ်​တဲ့ ပညာရပ်​ဖြစ်​ပါတယ်​)
     ရ​သေ့ကြီးလည်း ဒိဗ္ဗစက္ခုဉာဏ်​နဲ့​သေဆုံး​တော့မယ့်​သူကို ကြည့်​လိုက်​တဲ့အခါ မကြာခင်​မှာ ​မြွေကိုက်​ခံရပြီး ​သေဆုံး
တော့မယ့်​ ကဝါလမိုင်းဆိုတဲ့ ​တောသူ​တောင်​သားတစ်​ဦးကို
တွေ့လိုက်​ပါတယ်​ ။ ဒါနဲ့ ရ​သေ့ကြီးက ဈာန်​အဘိညာဉ်​နဲ့ကြွ
သွားပြီး ကဝါလမိုင်း​မြွေကိုက်​ခံရလို့ ​သေဆုံးသွားတဲ့အခါမှာ
သူ့ရဲ့ သက်​​ပြောင်းကိုယ်​ခွာအတတ်​ပညာနဲ့ ကဝါလမိုင်းရဲ့
ရုပ်​ခန္ဓာအသုံးပြု ပြီး ဆက်​လက်​အသက်​ရှင်​​နေထိုင်​သွားပါ
တယ်​။ ရ​သေ့ကြီးရုပ်​​ဟောင်းကို​တော့ ကဝါလမိုင်းတစ်​ဖြစ်​လဲ
ရ​သေ့ကြီးက သဂြိုဟ်​လိုက်​တယ်​။
     ရ​သေ့ကြီးက​နေ ကဝါလမိုင်းဖြစ်​လာတဲ့ ကဝါလမိုင်းက
ယခင်​ ကဝါလမိုင်းမယားနဲ့အတူတကွ​ပေါင်းသင်း​နေထိုင်​ခဲ့ပါ
တယ်​။ သို့​သော်​... ရ​သေ့ကြီးကဝါလမိုင်းက အသက်​​မွေးမှု
အရ ​လောကီပညာကျွမ်းကျင်​သူပီပီ ​ဗေဒင်​ဟော ​ဆေးကုအတတ်​ပညာနဲ့ နာမည်​​ကျော်​ကြားလာခဲ့ပါတယ်​။
   
     ရ​သေ့ကြီးက သူ့ရဲ့တပည့်​​တွေကို သူတတ်​ထားတဲ့ပညာ
အရပ်​ရပ်​​တွေ သင်​ကြား​ပေးပြီး အတတ်​ပညာဖြန့်​​ဝေခဲ့တယ်​။
ဒါ​ကို အ​ကြောင်းပြုပြီး ​နောက်​ပိုင်း ထူးဆန်းတဲ့ ​​လောကီဂမ္ဘီရပညာ​တွေကို တတ်​​မြောက်​ထားတဲ့သူ​တွေကို လူ​တွေက ကဝါလမိုင်းတပည့်​တွေဖြစ်​တဲ့အတွက်​ ကဝါဖြုတ်​ပြီး လမိုင်းလို့ ​ခေါ်​ဝေါ်
ကြပါတယ်​ ။ လမိုင်းအဖွဲ့အစည်း​ပေါ့ ။
    ဒီ​လောက်​ဆိုရင်​ လမိုင်းရာဇဝင်​ ရိပ်​မိ​လောက်​ပြီထင်​ပါတယ်​ ။ ပုံပြင်​ပဲ ​ပြော​ပြော၊ ဒဏ္ဍာရီလို့ပဲဆိုဆို ဒီကဝါလမိုင်း
အ​ကြောင်းက လမိုင်းနဲ့ပတ်​သက်​ပြီး အ​ခြေအ​နေအရ​ရော
ပညာရပ်​အ​နေအထားအရပါ ဆက်​စပ်​မှုရှိ​နေတဲ့ အရာ​တွေပါ။
အခုသိပ္ပံ​ခေတ်​မှာ​တောင်​ လိုအပ်​တဲ့သု​တေသနအတွက်
ဒဏ္ဍာရီက ပစ်​ပယ်​လို့မရမှန်း ၊ အ​ရေးပါတဲ့အရာမှန်း လက်​ခံ
လာကြတာ အမှန်​ပါပဲ။ ဒဏ္ဍာရီကိုအ​ခြေခံပြီး သမိုင်းအမှန်​ကို
ရှာ​ဖွေကြရပါတယ်​ ။

လောကီပညာဆိုတာက ကမ္ဘာဦးကတည်းက တည်​ရှိ​နေတဲ့
ပညာ။ ​ဒေသကွဲပြားမှုအလိုက်​ ပညာရပ်​​၊ အ​ခေါ်အ​ဝေါ်ကွဲပြား
သွားကြတာပါ။ 

     အရင်​က ​လောကီပညာဆိုတာ ပညာတတ်​အသိုင်းအဝိုင်း
တွေ ​လေ့လာလိုက်​စားတဲ့ပညာ ။ အ​နေအထိုင်​ အ​ပြောအဆို
သိမ်​​မွေ့ကြတဲ့ ပညာတတ်​အလွှာအတန်းစား ၊ ​လောကစည်း
မျဉ်း ဥ​ပ​ဒေသ​တွေကို ​လေးစားလိုက်​နာကြတဲ့ပညာ​တတ်​သူ
တွေ သင်​ကြားကြတဲ့ပညာ​တွေပါ ။ ဆို​တော့ သူတို့​တွေ ​လေ့
လာမှုအား​ကောင်း ၊ တကယ်​လည်း ကြိုးစားကြ​တော့ ဆိုင်​ရာပညာရပ်​​တွေ တတ်​​မြောက်​လာကြပါတယ်​။ ဒီ​လောကီပညာရပ်​​တွေကို ​ကောင်းမွန်​တဲ့​နေရာ၊
အကျိုးရှိမယ့်​​နေရာ​တွေသာ လူ​တွေအသုံးချခဲ့ပါတယ်​။

 သို့​သော်​ ​နောက်​ပိုင်းလူ​တွေက ​လောဘ ​ဒေါသ မာန်​မာနတရား​တွေ ၊ ဣဿာ မစ္ဆရိယတရား​တွေ ထူပြောလာတဲ့အခါ အဖိုးတန်​ ​ခက်​ခဲနက်​နဲတဲ့ပညာ​တွေကို မ​ကောင်းတဲ့ဘက်​မှာ အသုံးချ လာကြပါတယ်​ ။ မ​ကောင်းတဲ့
နတ်​မိစ္ဆာ​တွေ ပူ​ဇော်​ပသပြီး အတတ်​ပညာနဲ့လူသတ်​နည်း
သေ​အောင်​ပြု စားနည်း​တွေ ပြုလုပ်​အားထုတ်​လာကြပါတယ်​။ပညာရပ်​က ​ကောင်းတာ​တွေ​ရော၊ မ​ကောင်းတာ​တွေ​ရော
ရော​ထွေးကုန်​တယ်​။ သူ​တော်​​ကောင်းလမ်းစဉ်​ မဟုတ်​​တော့ပဲ အကုသိုလ်​များတဲ့
လမ်းစဉ်​ဖြစ်​လာကြပါတယ်​ ။သေဆုံးသွားကြတဲ့အခါ ပညာ​တွေကို စွဲလမ်းပြီး မ​ကောင်းတဲ့ဘုံဘဝ​တွေ ​ရောက်
သွားကြတယ်​။ ပညာရပ်​​တွေကို ဝန်​တိုတဲ့စိတ်​​တွေများတဲ့
အတွက်
ပညာရပ်​လိုက်​စားတဲ့သူ​တွေကို ​နှောင့်​ယှက်​ဖျက်​ဆီးကြပါ
တယ်​။ တစ်​ခါ ပညာရပ်​​တွေ အသုံးချတဲ့အခါ နည်းမှန်​လမ်းမှန်
မဟုတ်​​တဲ့အတွက်​ ဂန္ဓာရီ ထွက်​ရပ်​​ပေါက်​ပညာမဖြစ်​​တော့ပဲ ​အောက်​ဘက်​မိစ္ဆာအနွယ်​ဝင်​ လမိုင်းဖြစ်​သွားကြတယ်​။ လမိုင်းနဲ့ ထွက်​ရပ်​​ပေါက်​က တစ်​ခြားစီ။ အဖြူနဲ့အမည်း ၊ အ​မှောင်​နဲ့
အလင်းဆိုသလို​ပေါ့ ။ ဆို​တော့ လမိုင်းက ဆိုးဝါးတဲ့ အ​ခြေအ​နေ​ရောက်​သွားခဲ့ပါတယ်​။ ဒါ​ကြောင့်​ ​လောကီပညာကို လိုက်​စားကြတဲ့အခါ လမိုင်းက အဓိကသတိထားရမယ့်​ သူ​တွေဖြစ်​သွားပါတယ်​။ သူတို့က ​အောက်​အနွယ်​ဝင်​ပီပီ ​နှောင့်​ယှက်
ဖျက်​ဆီးတတ်​ကြတဲ့သူ​တွေ ။
သို့​သော်​...သူတို့ကို ပူ​ဇော်​ပသရင်​​တော့ လမိုင်းက ​စောင့်​​ရှောက်​ကြပြန်​တယ်​။

      လမိုင်းက ​တောလမိုင်း၊ ​တောင်​လမိုင်း၊ ​ကုန်းလမိုင်း၊ ​ရေ
လမိုင်း၊ ​လေလမိုင်း၊ မိုးလမိုင်း၊ ကဝါလမိုင်း စသည်​ဖြင့်​ ​နေရာ
ဋ္ဌာနနဲ့ ကျွမ်းကျင်​တဲ့ပညာမူတည်​ပြီး အမျိုးအစားကွဲပြားကြပါ
တယ်​။
     လမိုင်းပညာရပ်​က ၆၂ ရပ်​ရှိပါတယ်​။ ထူးဆန်းတဲ့​လောကီပညာ အရပ်​ရပ်​​တွေပါ။
     လမိုင်းကပ်​ရင်​ ခွာဖို့မလွယ်​သလို လမိုင်းဖျက်​ရင်​ ဒဏ်​ခံနိုင်
တဲ့သူ​တွေ ရှားပါးကြပါတယ်​။ အထူးသဖြင့်​ နာမ်​ပိုင်းဆိုင်​ရာနဲ့
ရုပ်​​ပြောင်းရုပ်​လွဲအတတ်​ပညာ​တွေ​နဲ့​ပေါ့။ မသိပဲနဲ့ ခံရတတ်​ပါ
တယ်​ ။
     တစ်​ချို့​ဆေး​တွေ နှိုးတဲ့အခါမှာ "ထ ထ ဆရာလမိုင်းထ ၊
ကြွ ကြွ ဆရာလမိုင်းကြွ "လို့ နှိုးရတာ ​တွေ့ရပါလိမ့်​မယ်​ ။လမိုင်းကပ်​တဲ့ ​ဆေး​တွေဆိုရင်​ လမိုင်းနိုင်​တဲ့ ပုဂ္ဂိုလ်​​တွေကို ​အေး​အေး​ဆေး​ဆေးနှိမ်​နှင်းလို့ရတယ်​ ။
      လမိုင်းအန္တရာယ်​ကြီးမားတဲ့အတွက်​ ဝိဇ္ဇာ​ကြီး​တွေက လမိုင်းနိုင်​တဲ့​ဆေး​တွေ ၊ အင်း ၊ စမ​တွေ စီရင်​​ပေးကြပါတယ်​။
      ကျင့်​စဉ်​ပိုင်းမှာ အများဆုံးကြုံရတတ်​ပါတယ်​ ။
      လမိုင်းကို လမိုင်းမှန်း မသိရင်​ ခံ​ပေ​တော့ပဲ။ တစ်​ချို့ ပါရမီ
အားကြီးတဲ့ သူ​တော်​​ကောင်း​တွေ ကျင့်​စဉ်​ကျင့်​တဲ့အခါ ဝိဇ္ဇာ
ကြီး​တွေ ကိုယ်​တိုင်​လာ​စောင့်​​ပေးရပါတယ်​။ ဝိဇ္ဇာကြီး​တွေ
မလာနိုင်​ကြတဲ့အခါ ကိုယ့်​ဘာသာကိုယ်​ ဉာဏ်​နဲ့ရင်​ဆိုင်​ကြ
ရတယ်​။
     ဥပမာ... ကျင့်​စဉ်​ထက်​မြက်​လာတဲ့အခါ လမိုင်းက အာရုံ
ထဲ မ​နောထဲမှာ အဘဘိုးမင်း​ခေါင်​ ၊ အဘဘိုးဘိုး​အောင်
စသည်​ဖြင့်​ ဖန်​ဆင်းပြီး စကား​တွေ​ပြော ၊ ​ဆေး​တွေ၊ ပစ္စည်း
တွေ ၊ လာ​ပေးတတ်​ကြတယ်​။ လမိုင်းပညာရပ်​​တွေလည်း
သင်​ကြား​ပေးကြတယ်​ ။ လူ့သည်း​ခြေကြိုက်​ အကြားအမြင်
အထူးအဆန်း စသည်​​လည်း ပါတယ်​။ လူက အဲဒါ​တွေနဲ့ သာယာသွားပြီး ဝိဇ္ဇာလိုလို ဘိုး​တော်​လိုလိုဖြစ်​တတ်​ကြ
တယ်​။ လမိုင်းမာယာလှည့်​စားမှု​အောက်​မှာ အထင်​ကြီးလာကြပါတယ်​။ လူက လမိုင်း​ကြောင်​ ​ကြောင်​သွားပြီး
အထူးအဆန်း​နောက်​ကိုသာ လိုက်​​နေမိကြတယ်​။ ​နောက်
ဆုံး ရူးသလိုလို ​ကြောင်​သလိုလိုဖြစ်​ပြီး ​သေတဲ့အခါ လမိုင်း
ဘဝ၊ လမိုင်း​တွေရဲ့လက်​​အောက်​ခံဘဝ ​ရောက်​သွားကြတယ်​။ ( စစ်​မှန်​​သော ဝိဇ္ဇာကြီးများလည်း
ထိုသို့ ချီး​မြောက်​တတ်​ပါသည်​ ။ သို့​သော်​ အဖြူ နဲ့အမည်း မတူပါ )

တစ်​ချို့က အဲဒီလို လမိုင်းလှည့်​စားမှု မသိကြတဲ့အခါ လမိုင်းနဲ့
အဘဘိုး​တော်​​တွေကို မှားပြီး အပြစ်​တင်​​ပြောဆို ပစ်​မှားတတ်​ကြတယ်​ ။ အထူးသဖြင့်​ နာမည်​ကြီး အဘဘိုးမင်း
ခေါင်​ ၊ အဘဘိုးဘိုး​အောင်​အဖြစ်​ ဟန်​​ဆောင်​လှည့်​ဖျား​နေ
တတ်​ကြတာ​တွေပါ ။ သရဏဂုံ၊ ဂုဏ်​​တော်​ စွမ်းအင်​​တွေကို
ထက်​ထက်​မြက်​မြက်​ပွားများ​နေကြတဲ့ ဝိဇ္ဇာကြီး​တွေက လူ
တွေကို ဒုက္ခ​ရောက်​​အောင်​လုပ်​ပါ့မလား...။

ကျနော် မင်းသစ္စာ တွေ့ဖူးသော လမိုင်းဆရာတွေကတော့ လမိုင်းကို အားမကိုးဘို့ ရယ် မယုံကြည်ဖို့ရယ်ပြောပြပေးပေမယ့်
လက်မခံကြပါဘူး။ အဲတော့ကာ ကျနော်ကလည်း နောက်သို့ ခြေတလှမ်းပြန်ဆုတ် ပြောကြည့်လိုက်တော့ လက်ခံတာတွေ့ရတယ်။

”ဝိဇ္ဇာ ဆိုတာ အဖေရင်းနဲ့တူတယ်
လမိုင်းဆိုတာ ပထွေးနဲ့တူတယ်”
ကြည့်သာပေါင်းပါလို့

မင်းသစ္စာ

No comments:

Post a Comment