လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Tuesday, October 10, 2017
``ဒေဝမနုဿ ပီယဆေးတော်´´အစီအရင်
...အပြောင်အပျက်cmtများမပေးပါရန်...
(ပြောသာပြောတာပါ မြင်ယောင်နေပါတယ် ဘုရားဟောမေတ္တာသုတ်သာရွတ်ပါ ဘုရားဟောလောက်မစွမ်းပါဘူး မေတ္တာပို့ပါ မေတ္တာထားရင်အလိုလိုပီယကောင်းတယ် ဘာညာ လာကြဦးမှာပါ ..... ၊ မှန်ပါတယ် ဘုရားဟောလောက်၊မေတ္တာထားတာလောက်မစွမ်းဘူးဆိုတာ လက်ခံတယ်၊ဟုတ်ပါတယ်၊ သို့သော်
ရှင်းပြလိုတာက ပီယဆေးမဆောင်ပဲ မေတ္တာသုတ်ထိုင်ရွတ်နေမယ်ထား၊မေတ္တာသုတ်ရဲ့အနက်အဓိပ္ပါယ်ကိုတိကျစွာသိပါလား၊ဆင်ခြင်ရှုမှတ်နိုင်ပါသလား၊
မေတ္တာသုတ်(ပရိတ်တော်များ)ရွတ်ဖတ်သူရဲ့ဂုဏ်အင်္ဂါရပ်တွေနဲ့ညီညွတ်ပါပြီလား၊
မေတ္တာသုတ်တော်ကို ဒီတိုင်းထိုင်ပြီး အနက်အဓိပ္ပါယ်မသိ၊မေတ္တာရဲ့သဘောကိုသေချာစွာမသိပဲ ကြက်တူရွေးစာအံသလို ပြီး ပြီးရော ယဿာနုဘာဝတော.... နေလျှင် ကုသိုလ်တော့ရပါသည်။ ပရိတ်တော်၏ အကျိုး၊အစွမ်းအာနိသင်ကို အပြည့်အဝ ရာခိုင်နှုန်းပြည့် ရရှိစံစားနိုင်မည်မဟုတ်ပါ။ ဥပမာ အရဟံ အရဟံ ဆို၍ အနက်မဆင်ခြင်ပဲ နှုတ်မှဖြစ်စေ စိတ်မှဖြစ်စေ ရွတ်ပြီး လက်က ပုတီးလုံးများသာ ချသွားက ဂျောက်ဂျောက်ပုတီးစိပ်ခြင်းသာဖြစ်ပါလိမ့်မည်။ အမှန်မှာ အရဟံ ဟုဆိုလိုက်သည်နှင့် မိမိရဲ့ ဟာဒယနှလုံးအိမ်မှာ လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့ရဲ့ပူဇော်အထူးကိုခံယူတော်မူထိုက်သော ၊ ကိလေသာကင်းစင်တော်မူသော ၊ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား ဆိုပြီး ကြည်ကြည်နူးနူးလှိုက်လှဲစွာ အာရုံပြုရမည်ဖြစ်ပါသည်။
ထို့ကြောင့် လိုရင်းပြောလိုတာက
ယခုဆေးတော်သည် အဓိဋ္ဌာန်ဝင်၍ သူ့နည်းစနစ်နှင့်သူ ဖော်စပ်ကာ မယ်တော်များ ဒေဝီများ၏ အစောင့်အရှောက်ကိုခံယူထားခြင်းဖြစ်ပါသည်။ထို့ကြောင့်ပြောလိုတာက လောကီမှာလည်း သူ့အစွမ်းနဲ့သူပါ။ လောကီ လောကုတ် မရောရှုပ်ကြပါစေရန်.......)
အာရုံလည်းကျ၊အချိန်အခါလည်းသင့်တာနဲ့ ၇ရက်သားသမီးအကျိုးရည်မှန်းပြီး ဒီဆေးတော် ဖော်ခဲ့ပါတယ်.....
ဆေးတော်ဖော်ပုံကိုရေးရရင်ရှည်နေမှာမို့မရေးတော့ပါ..ရေးသော်လည်း သာမာန်လူများအနေနဲ့ဆေးအမည်များမသိခြင်း၊ဆေးတော်ဖော်စဉ်ကျောက်ပျဉ်မှာချရတဲ့အင်းတွေမချတတ်ခြင်း စတာတွေကြောင့် လိုရင်းသာ ရေးပါမည်။
အစီအရင်စီရင်မည့်နေ့၌ ဆိုင်ရာပွဲများထိုး၍ ဝတ်ဖြူစင်ကြယ်ဝတ် ကိုးပါးသီလယူရသည်။ပြီးမှ သူ့နည်းသူ့ဟန်အတိုင်း တိကျသေချာစွာ စီရင်ရသည်။ပြီးသော် သိဒ္ဓိတင်မန္တန် ဆေးကြူးမန္တန်တော် မယ်တော်မန္တန်တော်များနှင့် ၁၀၀၀အုပ်စီ စုတ်ရသည်။
ဆေးတော်အစွမ်းနှင့် အသုံးပြုပုံ
-ဆေးတော်ရဲ့အမည်အတိုင်း ဒေဝမနုဿ နတ်လူတို့ရဲ့ချစ်ခင်မှုရရှိစေသည်။ ပီယအပွင့်အလန်းဖြစ်သည်။
အမျိုးသား အမျိုးသမီး နှစ်ဦးလုံးဆောင်နိုင်သည်။ ရိုးရိုးဆောင်ထားရုံမျှဖြင့် ချစ်ခင်သူများ ဝိုင်းဝိုင်းလည်၊မျက်နှာပွင့်လန်းနေမည်ဖြစ်သည်။
💞မျက်နှာပွင့်ရေမွှေးအဖြစ်အသုံးပြုပုံ
ဆေးတော်အား သူ့ချည်းသက်သက်ဆောင်နိုင်သလို
ဆေးတော်အား အမှုန့်ခြစ်ချ၍ ရေမွှေးနှင့်ရောကာ အသုံးပြုနိုင်သည်။ ရေမွှေးနှင့်ရောက နဖူးဆံစ နှုတ်ခမ်းတို့၌ သုတ်လိမ်းပါ။
💰လာဘ်လာဘအတွက်ဆေးတော်အသုံးပြုပုံ
မိမိဆိုင် လူစည်ကားရောင်းကောင်းချင်တာမျိုး ကုန်ပစ္စည်း အရောင်းသွက်ချင်တာမျိုးဆိုရင်
ဆေးတော်ကိုအမှုန့်ခြစ်၊ရေအနည်းငယ်နှင့်ရောစပ်၍ ဆိုင်အနှံ့၊ကုန်ပစ္စည်းများအား ပက်ဖျန်းပေးပါ။
👳အထက်လူကြီး၊မင်းစိုးရာဇာကိစ္စများအတွက်ဆေးတော်အသုံးပြုပုံ
ဆေးတော်အား ကျောက်ပျဉ်၌ အနည်းငယ်သွေး၍ မျက်ခုံးနှစ်ခုကြားဆေးတော်သုတ်လိမ်းပါ(မှန်ကူခြင်းဟုခေါ်ပါသည်)၊နှုတ်ခမ်း၌အနည်းငယ်လိမ်းပါ။
💑အချစ်ရေး အိမ်ထောင်ရေး၌ အသုံးပြုပုံ
မိမိချစ်သူ/အိမ်ထောင်ဘက်က အရင်လိုမချစ် အချစ်ပေါ့နေက ခြေလှမ်းပျက်နေက
သူစားမည့်အစားအသောက်ထဲကို မိမိ၏ဘယ်ဘက်လက်ညှိုးထိပ်မှသွေးနှင့်ဆေးတော်အမှုန့်ရော၍ခပ်ပါ။ သွေးမဖောက်ရဲက မိမိ၏ရင်ဘက်မှ ဂျေး သို့မဟုတ် မိမိလိမ်းထားသော သနပ်ခါးအမှုန့်နှင့်ရောပါ။
🙅အောက်လမ်းဆေးလုံးဝ(လုံးဝ)မဟုတ်ပါ။🙇 နဂိုချစ်ခင်လက်စရှိပြီးသာ ချစ်သူရည်းစားစုံတွဲများ၊အိမ်ထောင်သည်များသာ ခပ်၍ရသည်။
မိမိတစ်ဖတ်သက်ချစ်နေရသူအား ခပ်ပါက သစ္စာရှိစွာပေါင်းသင်းနိုင်မှခပ်ပါ။ အတည်မယူနိုင်ပဲမခပ်ပါနှင့်။သစ္စာပျက်က ရူးပါမည်။ကြိုတင်သတိပေးထားတာပါ။
ရှောင်ရန်မှာ ကြာကူလီ၊စနိုက်ကြော် မလုပ်ရပါ....
ပရဒါရကံ ကာမေသုကံ အထူးလုံရပါမည်..
ဆေးဖော်ရသည်မှာ ပွဲဖိုး၊ပစ္စည်းဖိုးအပါအဝင် ကုန်ကျစရိတ်ရှိသည့်အတွက်တစ်ကြောင်း
ပညာသင်ပေးခဲ့သောဆရာကြီးများအာဘော်ရှိသည်ကတစ်သွယ် တို့ကြောင့် ဆေးတော်အား ပွဲဖိုးကုန်ကျစရိတ်အပါအဝင်
👉၁သောင်း၈ထောင်👈
နဝင်းကိုက် ပူဇော်ရပါသည်။(ဆရာကြီးတို့ခေတ်ကတော့ ငွေဘယ်နကျပ် စသည်ဖြင့် ပူဇော်စေသည်။)
အဓိဋ္ဌာန်ဝင်၍ တစ်လလျှင် ၇ဦးသာစီရင်ပေးပါမည်။ ပူဇော်ငွေကြိုတင်၍ ကမ္ဘောဇဘဏ်မှလွှဲပေးရပါသည်။ဆေးတော်အစီအရင်များကို ကားဂိတ်မှဖြစ်စေ စာတိုက်မှဖြစ်စေ ပို့ပေးပါမည်။
ဆရာနေလင်းထွန်း(ဣစ္ဆာသယလောကီပညာ)
0995 185 3581
Subscribe to:
Post Comments (Atom)
No comments:
Post a Comment