လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Friday, October 6, 2017
ရွှေရည်လောင်း၍ လာဘ်ဖွင့်ပါ ငွေရည်လောင်း၍ လာဘ်ဖွင့်ပါ
(၂၀၁၇ အောက်တိုဘာလအတွက်)
======================
ဤလအတွင်း လာဘ်ဖွင့်/ပွင့်ခြင်းအတွက် သင့်လျော်
သောကောင်းမြတ်မင်္ဂလာ နက္ခတ်နေ့အနေနှင့်
ဤ(၂၀၁၇ အောက်တိုဘာ)တွင် (၄)ရက်ကြုံ ၏။
၎င်း နေ့များသည်
# အဝင်နက္ခတ်ကြုံ ခြင်း
# နှစ်ဖက်မြင်နက္ခတ်ကြုံ ခြင်း
# အမြိတ္တ လာဘ သိဒ္ဓိ ဝရ စုတ်ကြုံခြင်းတို့နှင့်ပြည့်
စုံသော ကောင်းမြတ်သောမင်္ဂလာနက္ခတ်နေ့မည်၏။
*16.10.2017(တနင်္လာနေ့) ဗြု ဗ္ဗဖလဂုနီနက္ခတ်
(မနက် ၇နာရီ ၈မိနစ်မှ စတင်၍ တစ်နေကုန်)
*21.10.2017(စနေနေ့) သွာတိနက္ခတ်
(မနက်စောစောမှ နေ့လည် ၁၁နာရီ ၁၈မိနစ်အထိ)
*28.10.2017 (စနေနေ့) သရဝဏ်နက္ခတ်
( နေ့လည် ၂နာရီ ၂မိနစ်မှ စတင်၍ ညအထိ)
*30.10.2017 (တနင်္လာနေ့) သတ္တဘိသျှ နက္ခတ်
(မနက် ၇နာရီ ၄၅မိနစ်မှ တစ်နေကုန်)
ဤကောင်းမြတ်သော မင်္ဂလာနက္ခတ်နေ့များတွင်
မည်သူမဆို မည်သည့်လုပ်ငန်းမျိုးမဆို ကြီးသည်ဖြစ် စေ ငယ်သည်ဖြစ်စေ(လာဘ်ဖွင့်အစီအမံ)အား ပြုလုပ်
နိုင်၏။
*စီးပွားရေးတိုးတက်အဆင်ပြေနေသူများ ပိုမိုတိုး
တက် စီးပွားခိုင်မြဲစေဖို့
*စီးပွားဖောက်သည်(Customer)များမြဲနေစေဖို့
*ကုန်စည်အမှာ(Product Order)များပြားစေဖို့
*ကုန်စည်ဈေးကွက်(Marketing Channal)ပိုမို
ကျ ယ်ပြန့်လာစေဖို့
*ဝယ်လိုအား(Demand)များပြားလာစေဖို့
*စီးပွားရေးကျ ဆင်းနေသူများ ပြန်လည်တည့်မတ်
လာစေဖို့
*လာဘ်ပိတ်နေသူများ လာဘ်ပွင့်လာစေဖို့
*ဈေးရောင်းမကောင်းဖြစ်နေသူများ ရောင်းအားတက်
လာစေဖို့
*အပြို င်အဆိုင်များကြား ရောင်းအားကောင်းစေဖို့
စသဖြင့် များစွာသော စီးပွားလုပ်ငန်းလုပ်သူများ
အတွက် အကျိုးရှိစေပါမယ်။
(ကောင်းကင်နက္ခတ်အခါကောင်းအား အသုံးချ နိုင်သူ
များအတွက် မသိသူကျော်သွား သိသူဖော်စားပါ)
*******(ပထမကဏ္ဍ)မှာ***********
၎င်းနေ့များတွင် . . . . . .
- ဦးစွာမြတ်စွာဘုရားရှင်အား သောက်တော်ရေ
(၅)ခွက် အလင်းတိုင်(၅)တိုင် လင်ဗန်းထဲ လက်ဖက်
(၅)ပုံ မိမိသဒ္ဒါသည့်ဆွမ်းထမင်း/ဟင်းများလှူ ဒါန်းပါ။
၎င်းနောက်
- လုပ်ငန်းနာမည်ဆိုင်းဘုတ်ရှိသူများအနေနှင့်
မိမိတို့၏လုပ်ငန်းဆိုင်းဘုတ်အား (သရော်ကင်ပွန်း)
ဖြင့်ဆေးကြောသန့်စင်ပေးရပါမည်။
(ရှိသမျှ လုပ်ငန်းဆိုင်းဘုတ် အကုန်လုပ်ပါ)
- လုပ်ငန်းစတင်ဖွင့်စဉ်အချိန်ကဲ့သို့ ဖလားထဲသို့ ရွှေရည်စိမ်ထားသောရေ အမွှေးနံ့သာရေများထည့်
ကာ လုပ်ငန်းဆိုင်းဘုတ်များအား သပြေ(၅)ခက်ဖြင့် ပက်ဖြန်းပေးပါ။ ပက်ဖြန်းစဉ်
"ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ
ဂစ္ဆာမိ"ဟု သရဏဂုံပွားများပေးနေပါ။ပက်ဖြန်း၍
ပြီးပါက ၎င်း သပြေပန်းအား ဘုရားပန်းအိုးထဲထိုးလှူ
ပေးပါ။
(ဤတွင် တစ်ကဏ္ဍပြီး၏)
အမြန်ဆုံးလာဘ်ဖွင့်/ပွင့်နည်း
=========================
ယနေ့မှာ ခုနှစ်ရက်သားသမီးများအတွက် အလွန်
အဖိုးတန်ပြီး မဖြစ်မနေလိုအပ်လွန်းတဲ့ ယတြာ အစီ
အမံတစ်ခုကို တင်ပြပေးပါမယ်။
လူတိုင်းလိုလိုအတွက် ငွေ(ပိုက်ဆံ)ဟာ လောကီ
အသုံးအလို့ငှာ အရေးကြီးတဲ့အရာပါ။
ချ မ်းသာသောသူဖြစ်စေ ဆင်းရဲသောသူဖြစ်စေ ကိုယ့်အထွာနဲ့ကိုယ် ကိုယ့်အတိုင်းအတာနဲ့ကိုယ်
ငွေကြေးလည်ပတ်စီးဆင်းမှုနဲ့ သုံးစွဲကာ ဘဝထူ
ထောင်နေကြရတာပါ။
လှုပ်ရှားလုပ်ကိုင်နေကြရတဲ့ ဘဝကိုယ်စီကိုယ်စီ
မှာလည်း အဆင်ပြေမှု မပြေမှုလိုအပ်ချ က်တွေဟာ
လည်း သူ့အတိုင်းအတာနဲ့အတူရှိကြပါတယ်။
ရံဖန်ရံခါမှာ ငွေကြေးပြတ်လပ်မှု လည်ပတ်စီးဆင်း
မှုတို့ရပ်တန့်ကာ ရစရာရှိသည်များ မရခြင်း မဝင်လာ
ခြင်းတို့လည်းဖြစ်တတ်ကြပါသည်။
အရောင်းဆိုင်များသည်လည်း ရက်အနည်းငယ်
အရောင်းထိုင်းခြင်း ဈေးဦးမပေါက်ခြင်းစသဖြင့်ကြုံ
တတ်ပါသည်။
ဒါသည် တနည်းအားဖြင့် လာဘ်ပိတ်ခြင်းဟုခေါ်
နိုင်ပါသည်။ ရှေ့ဆက်၍လုပ်ငန်းလုပ်ကိုင်ရန် ခက်
လှပါသည်။ တချို့ စိတ်ဓါတ်တွေ ကျ ကုန်ကာ မလုပ်
ချ င်မကိုင်ချ င်ဖြစ်ကုန်ကြသည်။ဘာအလုပ်မှမလုပ်
ချ င်လောက်အောင် စိတ်လေ စိတ်လွင့်ကာ ကြိုးစား
အားထုတ်လိုစိတ်ပင် ပပျောက်သွားတတ်ကြသည်။
ထို့ကြောင့် လာဘ်ပိတ်ခြင်းသည် အရေးမကြီး
ဟုမဆိုနိုင်။အရေးပါသော အကြောင်းအရာဖြစ်၏။
(ဤသည် စကားချ ပ်)
၎င်းကောင်းမြတ်မင်္ဂလာနက္ခတ်နေ့တွင် ဆက်၍လုပ်
ရမည့်
******(ဒုတိယကဏ္ဍ)မှာ ***********
ယတြာနည်းလမ်း
============
*လာဘ်ဖွင့်/ပွင့်ရန်အတွက် အဓိကလိုအပ်သော
ပစ္စည်းများမှာ-
၁။ဘုရားရှင်အား ကပ်လှူ ထားသော ရေ
၂။ ဆား
၃။ သံပုရာသီး(၅)စိပ်
၎။ သပြေ(၅)ခက်
၅။ရွှေစ/ငွေစ
စသဖြင့်(၅)မျိုးလိုအပ်ပါတယ်။
*မည်သူမဆို အိမ်၌ဖြစ်စေ ရုံးခန်း၌ဖြစ်စေ ဆိုင်၌ဖြစ်
စေမနက်(၉)နာရီမှ(၁၀)နာရီခွဲအတွင်း
စတင်ဆောင်ရွက်မှုပြု ရပါမယ်။
*ဦးစွာ ဖလားတစ်လုံးထဲ ဘုရားရှင်အားလှူ ဒါန်းထား
ပြီးသော သောက်တော်ရေအားစွန့်ယူကာ ထည့်ပါ။
*ထို့နောက် ရွှေစအဖြစ် လက်စွပ် နားကပ်စသဖြင့်
ထည့်ပါ။ ငွေစအဖြစ် ပိုက်ဆံအကြွေစေ့ထည့်ပါ။
(ငွေစမရှိလျှ င်လည်း ကိစ္စမရှိပါ။ရွှေစနှင့်ပင်ရပါပြီ)
*သပြေခက်အား အဆင်ပြေသလို ထည့်ပါ။
*ထိုသို့ပြည့်စုံစွာထည့်ပြီးပါက ဖလားအားလက်နှစ်
ဖက်ဖြင့်ကိုင်ကာ ဘုရားစင်ရှေ့၌ နေရာယူပါ။
(ဘုရားစင်မရှိက ဘုရားရှင်၏ ရုပ်ပုံတော်ရှေ့နေရာယူ
ပေးပါ)
-နေရာယူပြီးပါက မိမိ၏စက္ခု တစ်စုံ(မျ က်လုံးနှစ်လုံး)
အား ဖလားထဲရှိရေအား အသေအချာ အာရုံစူးစိုက်
ကြည့်ကာ
"နမောတသ (၃)ကြိမ် "
"သရဏဂုံ (၃)ကြိမ်"
"သံဗုဒ္ဓေဂါထာတော်(၉)ကြိမ်"အား ရွတ်ဆိုပါ။
ရွတ်ဆို၍ပြီးလျှ င် ဖလားအား အဆင်ပြေရာနေရာ
တွင်ခေတ္တချ ပါ။
*ပြီးလျှ င် ၎င်းဖလားထဲသို့ အသင့်စိတ်ပြီးသား သံပုရာ
သီး(၅)စိပ်အား ညှစ်ထည့်ပါ။
-သံပုရာသီးစိပ်ညှစ်ထည့်ရာတွင် တစ်စိပ်ညှစ်ထည့်
နေစဉ်
"နမောတေဂါထာတော်"အားတစ်ခေါက်
ရွတ်ပါ။ (၅)စိပ်ဖြစ်၍ (၅)ခေါက်ရွတ်ပေးရပါမည်။
*ထို့နောက် ၎င်းဖလားထဲသို့ "ဆား" စုစုပေါင်း(၂၄)
ဇွန်းအားထပ်မံထည့်ပေးပါ။
-" ဆား"ထည့်ရာတွင် လက်ဖက်စားဇွန်းအား အသုံး
ပြု ရပါမည်။
-ထို့အပြင် "ဆား"တစ်ဇွန်းမထည့်ခင်တွင် ပဌာန်း
(၂၄)ပစ္စည်း(အကျ ဉ်း)အားတစ်ခေါက်ရွတ်ပါ။
(၂၄)ဇွန်းထည့်ရမည်ဖြစ်၍ (၂၄)ခေါက်ရွတ်ပြီး "ဆား"
ထည့်ပေးပါ။
-ဆားထည့်ပြီးပါက သပြေခက်ဖြင့် သမအောင်မွှေပေး
ပါ။
*ပြီးလျှ င် ၎င်းဖလားအားကိုင်ကာ
"မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွ
ရဟန္တာအရှင်မြတ်များ သံဃာတော်အရှင်မြတ်များ
မြင်အပ် မမြင်အပ် ကမ္မဇိတ္ထိရှိကြကုန်သော နတ်မြတ်
နတ်ကောင်းများ ပုဂ္ဂို လ်များ အဘဘိုးဘိုးအောင်
အဘဘိုးမင်းခေါင်နှင့်ဝိဇ္ဇာအဘဘိုးတော်များ ကွမ်ရင်
မယ်တော် လချ မီးမယ်တော် ကာလီမာန်မယ်တော်
နှင့် အမေသူရစန္ဓီ သူရသတီမဟာပိန္နဲအစရှိသော
မယ်တော်အပေါင်း သိကြားဗြဟ္မာနှင့် လောကကို
စောင့်ရှောက်ကြကုန်သော နတ်မင်းကြီးလေးပါးတို့
အား တပည့်တော်/တပည့်တော်မသည် ရိုသေမြတ်နိုး
လက်စုံမိုး၍ လျှောက်ထားအပ်ပါသည် (မိမိတို့အဆင်ပြေသလိုလည်း လျှောက်ထားနိုင်သည်)
စီးပွားအဆင်မပြေသူများအတွက် ဆုတောင်း
------------------------------------------------------
(တပည့်တော်/တပည့်တော်မသည် ဤ လ/ရက်ပိုင်း
အတွင်း၌ ငွေကြေးစီးပွားဆိုင်ရာများပိတ်ဆို့နေပါ
သည်ဘုရား တားဆီးနေပါသည်ဘုရား ကာဆီးနေပါ
သည်ဘုရား လာဘ်ပိတ်နေပါသည်ဘုရား။)
စီးပွားတိုးတက်လိုသူများအတွက်ဆုတောင်း
--------------------------------------------------------
(တပည့်တော်/တပည့်တော်မ၏ လုပ်ငန်းစီးပွားများ
သည် တက်သစ်စနေဝန်းကဲ့သို့ တစ်နေ့တစ်ခြား တိုး
တက် ပွားများလာပါစေဘုရား )
သို့ကြောင့်
ယခုအခါတွင် တပည့်တော်/တပည့်တော်မ
တို့အားအရပ် ၄မျ က်နှာ ၈မျ က်နှာ ၁၀မျ က်နှာတို့မှ
ပို့လာစရာရှိကုန်သော ရောက်လာစရာရှိကုန်သော
ရစရာရှိကုန်သောရွှေငွေများသည်လည်းကောင်း
မိတ်ကောင်းဆွေကောင်းများ အခွင့်အလမ်းတို့သည်
လည်းကောင်း
ရောက်လာ ပွင့်ထွက်လာစေရန် အတွက် မြတ်စွာဘုရား
ရှင်အားကပ်လှူ ပူဇော်ကာသိဒ္ဓိဓါတ်ရှိနေသော သောက်တော်ရေများ အညံ့ဟူသမျှ အပိတ်ဟူသမျှ
အားဖယ်ရှားနိုင်သော ဆားများ ပယောဂအဖုံဖုံကို
တုန်ဆင်းဖယ်ခွာစေသော သံပုရာသီးများ ငွေကြေး
များပွင့်လာစေရန်အတွက် ရွှေစငွေစများ အရာအား
လုံးအား အဆင်ပြေငြိမ်းချ မ်းမှုပေးနိုင်သော သပြေပန်း
များအား မြတ်စွာဘုရားရှင်၏တန်ခိုးထက်မြက်လှ
သောဂါထာတော် မန္တန်တော်များဖြင့်ရွတ်ဖတ်ကာ
ဤလာဘ်ဖွင့်အစီအရင်အားစီရင်ခြင်းဖြစ်ပါသည်
ရား။
("ထို့ကြောင့် တပည့်တော်အား လာဘ်ပွင့်စေသော
တန်ခိုးသိဒ္ဓိ ကမ္မဇိဒ္ဓိများအားပေးသနားတော်
မူကြပါ။") <<<<<<<(၃)ကြိမ်
စောင့်ရှောက်ကြပါ။"
ပြီးလျှ င် ဆိုင်ရာဆိုင်ရာအား မေတ္တာပို့ပေးပါ။
အမျှ ဝေပေးပါ။
*အားလုံးပြီးသွားပြီဆိုပါက ၎င်းဖလားထဲရှိ သပြေ(၅)
ခက်ဖြင့် မိမိအိမ် ရုံးခန်း ဆိုင်ရှေ့မှစတင်ကာ နေရာ
အနှံ့စုံနေအောင် ၎င်းရေမန်းအားပက်ဖြန်းပေးပါ။
မိတ်ဆွေတို့ . . . . . . . . အပန်းမကြီးဘူးဆိုရင်တော့ ရေမန်းပက်ဖြန်းနေစဉ်အတွင်းမှာ
-သမ္ဗုဒ္ဓေတစ်ခေါက်
-ဒိဝါတပတိတစ်ခေါက် စသဖြင့် မပြီးမချ င်း အလှည့်
ကျ ရွတ်သွားပေးပါလားဗျာ။
ဤကဏ္ဍနှစ်ခုစလုံးလုပ်ပြီးပါက ၎င်းနေ့အတွက်
လာဘ်ဖွင့် အစီအမံအောင်မြင်ပြီဖြစ်ပါသည်။
မိတ်ဆွေတို့အကျိုးအတွက်ပါ။
ကဲ့ . . . . . .ယုံကြည်သူများအတွက်ပါ။
(အောင်လံထူဆရာဟိန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment