လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Thursday, February 25, 2016
``မြန်မာလူမျိုးတို့၏ တစ်သက်တာ အမှားများ´´
စာဖတ်သူများသည် မြန်မာနိုင်ငံသားများ
ဖြစ်ကြသည်။မြန်မာနိုင်ငံသားများသည်
``အမှားကြာ အမှန်ဖြစ်´´ဟူသော
စကားပုံအတိုင်းပင် ဖြစ်သည်။
အမှားကို လက်တွေ့ ကိုယ်တိုင်ပြင်ဆင်ဖို့ကို ရှက်
စရာ ကြောက်စရာ အဖြစ်ထားရှိကြည်။ယခုဖော်ပြ
မည့်အမှားများသည် ယခင်ခေတ်မှ
ယနေ့ခေတ်ကာ
လတိုင်အောင် ပြုလုပ်နေသော အမှားများဖြစ်ကြ
သည်။ရှေးရိုးစွဲအမှားများသာ
ဖြစ်ကြသည်။ထိုအမှား
များကို လူတိုင်းက မသိကြ သိသော်လည်း
ပြင်ဖို့ကိုမပြုလုပ်ကြ။သို့ကြောင့် ဤစာကိုဖတ်ပြီးသည်မှ
စကာ အောက်ဖော်ပြပါ အမှားများကို ထပ်မံ၍ မပြု
လုပ်ကြပါရန် တောင်းပန်အပ်ပါသည်။
အမှားကို သိ၍ပြင်သောသူသည်
သူတော်ကောင်းဖြစ်၍ မပြင်သောသူကား
သူယုတ်မာ
ပင်ဖြစ်သည်။သို့ကြောင့် အောက်ဖော်ပြပါ
အမှားများ
ကို ပြင်သင့်တာ ပြင်၍ ဆင်ခြင်သင့်တာ ဆင်ခြင်ပါ။
၁။ထမင်းပန်းကန်ဟာ အမှိုက်ပုံးလား။
စာဖတ်သူတို့ ထမင်းစားတ့အဲ ခါ
အောက်ကိုကျတဲ့ ထမင်းဖတ်တွေ
ဟင်းဖတ်တွေကို
စားပွဲခုံပေါ် တင်ထားလေ့ရှိကြပါတယ်။
ပြီးတော့ ဟင်းတွေ စားလို့ပြီးတဲ့အခါ
အရိုးတွေကို ထမင်းစားပွဲပေါ်
တင်ထားကြပြန်ရော။
အဲ့ဒီလိုမျိုး ထမင်းစားပွဲပေါ်တင်ထားတဲ့
အရိုးတွေ ထမင်းလုံးတွေကို
ထမင်းစားသောက်ပြီးတဲ့
အခါ ထမင်းပန်ကန်းထဲ ထည့်ပြီးယူဆောင်သွား
ကြတယ်။ပြီးတော့ ပန်းကန်ဆေးပါတယ်။ပြီးရင်
နောက်တစ်ခါ ထမင်းပြန်စားတော့ ဒီပန်းကန်န့ပဲ
ပြန်စားကြပြန်တယ်။
စဉ်းစားကြည့်စမ်းပါ!။
အမှိုက်ပုံးနဲ့ ထမင်းစားနေတာနဲ့ တူ
မနေဘူးလား။
ဒီလိုမျိုးစားတာက မိမိရဲ့ အာစက်၊
လျှာစက်ကို အင်မတန်မှ ညံ့ ဖျင်းစေပါတယ်။
ဒီလိုမျိုး လုပ်သင့်ပါသလား?။
သင့်မှာ ဒီအကျင့်ရှိနေပါသလား?။
ဒါကြောင့် အရိုးတွေ ထမင်းလုံးတွေ
ထည့်ဖို့ ပန်းကန်တစ်ခု ထားပေးသင့်ပါတယ်။
ဒီအကျင့်ရှိနေရင် အခုပဲ ပြင်လိုက်
တော့။
၂။အဝတ်စုတ်တွေကို ကြမ်းတိုက်မသင့်ပါဘူး
စာဖတ်သူတို့တွေ အိမ်မှာ မဝတ်တော့တဲ့
အဝတ်အစားတွေကို ကြမ်းတိုက်တာတို့ ဖုန်သုတ်
တာတို့ကို လုပ်လေ့ရှိပါတယ်။တချို့ကြပြန်တော့
မီးဖိုချောင်မှာ လက်နှီးစုတ်အဖြစ် အသုံးပြုကြပြန်
ရော။
အဲ့လိုမျိုးလုံးဝ မလုပ်သင့်ပါဘူး။
ဘာလို့လဲ ဆိုတော့…။
အဲဒီ ကြမ်းတိုက်တဲ့အဝတ်တွေ၊ လက်နှီး
စုတ်တွေ၊ဖုန်သုတ်ဝတ်တွေဟာ
မိမိအိမ်ရဲ့အိမ်ထောင်
ဦးစီး(ဖခင်)ဖြစ်နေရင် မကောင်းပါဘူး။
ဘာလို့လဲဆိုတော့ …။
မိမိရဲ့ဖခင်ကို နိမ်တဲ့နေရာ၊ ယုတ်ညံ့
တဲ့နေရာမှာ ထားပြီး နှိမ်ထားသလို
ဖြစ်နေပါတယ်။
ပြင်စရာရှိရင် အခုပဲ ပြင်လိုက်ပါ။
၃။ဖိနပ်ဟောင်းတွေကို အိမ်သာစီး ဖိနပ်အဖြစ်
မသုံးသင့်ဘူး။
စာဖတ်သူတို့ စဉ်းစားကြည့်ကြပါ။
ဖိနပ်စုတ်တွေ၊ ဖိနပ်ဟောင်းတွေ၊မစီး
တော့တဲ့ ဖိနပ်တွေကို
တတ်နိုင်သလောက်ပြင်ဆင်
ပြီးတော့ စီးလို့ရလာတဲ့အခါ
အိမ်သာစီးဖိနပ်အဖြစ်
ပြန်ပြီး အသုံးပြုကြတာ
များပါတယ်။အဲ့လိုမလုပ်သင့်
ပါဘူး။ဘာလို့လဲဆိုတော့ …။
မိမိအိမ်ရဲ့ အကြီးအကဲ
ဖိနပ်ဖြစ်နေရင် မိဘ လူကြီးကို
အိမ်သာမှာ ထားသလို
ဖြစ်နေတယ်။
ထို့ကြောင့် ဆင်ခြေပေးဖို့
မစဉ်းပဲ ယခုပဲ ဖိနပ်စုတ်
ကို လွှင့်ပစ်ပြီး ပြင်ဆင်လိုက်ပါ။
အထက်ပါ အချက်များသည်
ကျွန်ုပ်လေ့လာတွေ့ရှိရသလောက် အချက်အလက်
များကို ပြန်လည်၍ ပြောပြပေးနေခြင်းဖြစ်သည်။
ထို့ကြောင့် ယခုပဲ ပြောင်းလဲ ပြင်ဆင်လိုက်ပါ။
မည်သည့်အရာမှ ပုံသေမတွက်နှင့်။
ကိုသစ်နက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment