တစ်ခါ တစ်ခါ ကိုယ့်မှာ အားကိုးစရာ အကူအညီတောင်းစရာ မှီခိုစရာ မရှိတာမျိုး၊ ဘေးဒုက္ခပေါင်းစုံ အခက်အခဲများနဲ့ ကြုံတွေ့နေရတာမျိုး၊ ဒုက္ခပင်လယ်ဝေနေတာမျိုး.....စသည် စသည်ဖြင့် ကြုံဘူးကြရပါလိမ့်မယ်...... ခုမကြုံလည်း နောင်တစ်ချိန်တော့ကြုံနိုင်ပါတယ်....
ဒီတော့ မိမိတို့အနေနဲ့ အားကိုးစရာ မှီခိုစရာဆိုလို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပဲ ရှိတယ်မဟုတ်ပါလား.....
မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုးပါးလုံးမဟုတ်တောင် ဂုဏ်တော်တစ်ပါးထဲကို ပွားများတာနဲ့တင် ဘေးဒုက္ခပေါင်းစုံကလွတ်ကင်းကြတဲ့ သာဓကတွေများစွာရှိပါတယ်....
ဒီကနေ့ ကျွန်တော် မျှဝေလိုတဲ့ပုတီးစိပ်နည်းကတော့ အထက်မှာပြောခဲ့သလိုပဲ တစ်ခါ တစ်ခါ ကိုယ့်မှာ အားကိုးစရာ အကူအညီတောင်းစရာ မှီခိုစရာ မရှိတာမျိုး၊ ဘေးဒုက္ခပေါင်းစုံ အခက်အခဲများနဲ့ ကြုံတွေ့နေရတာမျိုး၊ ဒုက္ခပင်လယ်ဝေနေတာမျိုး အဲလိုမျိုးတွေကြုံတွေ့ရတဲ့အခါမှာ...
``နမော ဗုဒ္ဓဿ သုဂတောသိဒ္ဓိ´´
ကို (၁၀၈)လုံးပုတီးနဲ့ အနည်းဆုံး(၉)ပတ် (၉)ရက်ပဲစိပ်ကြည့်ပါ......
မယုံကြည်နိုင်လောက်အောင် အကျိုးကျေးဇူးများရရှိတာကြောင့် မျှဝေတာဖြစ်ပါတယ်.....ကိုယ်တိုင်လုပ်ကြည့်မှကိုယ်တိုင်ရမှာပါ.....ဒီတိုင်း ထိုင်နေရုံ ဆုတောင်းနေရုံနဲ့တော့ ဘာမှဖြစ်မလာပါ.....
သဒိယံ ပါကံ ဇနေတိ ဆိုတဲ့အတိုင်း တူသောအကျိုး ပေးပါလိမ့်မယ်....
ကိုယ်က မြတ်စွာဘုရားရဲ့အနှိုင်းမဲ့ဂုဏ်တော် ကျေးဇူးတော်တွေကို ယုံကြည်မယ်ဆိုရင် အကျိုးအနန္တ ရမှာ မလွဲမသွေ ဧကန်မုချဖြစ်ပါတယ်....
အားလုံးသိကြတဲ့အတိုင်း ``နမော ဗုဒ္ဓဿ´´ဆိုတဲ့ ဘုရားရှိခိုးရဲ့ သမိုင်းကြောင်းဟာ အလွန်ထင်ရှားတာကြောင့်အသေးစိတ်မရေးတော့ပါဘူးဗျာ..... ဣစ္ဆာသယ လိုတရ ဂါထာလို့လည်း ဆရာ့ဆရာကြီးများ မိန့်ခဲ့ဘူးကြပါတယ်....
``သုဂတောသိဒ္ဓိ´´ရဲ့အစွမ်းသတ္တိတော့ ခိုကိုးရာမဲ့ဖြစ်တဲ့အချိန်၊အားထားရာမဲ့ဖြစ်နေတဲ့အချိန် စတဲ့အချိန်မျိုးတွေမှာ ကိုယ့်ကို ကူညီစောင့်ရှောက် ကယ်မမဲ့သူတွေ ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်....
အလွန်အစွမ်းထက်လှတဲ့ ``ဘုရားရှိခိုး + ဂုဏ်တော် + သိဒ္ဓိ ´´အတွဲ ပုတီးစိပ်နည်းအား ကိုယ်တိုင်လက်တွေ့စိပ်ရင်း အကျိုးထူးများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်.....
သဒိယံ ပါကံ ဇနေတိ
ဂန္ဓာရီခရီးသည်
(အများအကျိုးအတွက် ပြန်လည်မျှဝေနိုင်ပါသည်ခင်ဗျာ)
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
No comments:
Post a Comment