13.4.2016မှ 19.4.2016အထိ တစ်ပတ်စာ
၇ရက်သားသမီးဟောစတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အတိုက်အခံများနေသည်။ မလိုသူများရှိသော်လည်း ကျော်လွှားအောင်မြင်နေမည်။ စကားပြောဆင်ခြင်ပါ။မူးဝေမှု၊ ဖျားနာမှု ၊ နာကျင်မှုတို့ဖြစ်ကိန်းရှိသည်။ သင်္ကြန်လည်သူများ အဆုတ်အအေးပတ်ပြီး တော်တော်နဲ့ရောဂါမပျောက်ဖြစ်လိမ့်မည်။သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်ကိန်းရှိသည်
။ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရမည်။ ဝန်ထမ်းအလုပ်ရမည်။ အလုပ်ရာထူးတက်မည်။ ချစ်သူ နှင့် စိတ်ဆိုးပြီး ပြန်ပြေလည်မည်။ ခရီးယာယီသွားဖြစ်မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။
အကျိုးပေးဂဏန်း ၁၊၅၊၇
အထူးဟော အဆင်ပြေမည်။
ယတြာ တနင်္ဂနွေနံနက်မှာ ဘုရားကို အုန်းဆွမ်းကပ်လှူပါ။
တနင်္လာ
သူများ အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ လူရင်းခြင်း အထင်လွဲ တတ်သည်။ သင်္ကြန်လည်ပါက သူများဆန္ဒသာဦးစားပေးပါ။ထီ ၊ မဲ တို့ ပေါက်ကိန်းရှိသည်။ အလုပ်နှင့် ခရီးသွားခြင်း ခေတ္တပြောင်းရွှေ့ရခြင်း တို့ဖြစ်မည်။ သူတစ်ပါးအတွက် ကူညီမှု ပြုရတတ်သည်။ ချစ်သူ၏ အထင်လွဲ ခြင်းခံရမည်။ ဆွေမျိုးသားခြင်းအတွက် စိတ်ရှုပ်ရတတ်သည်။ စက် ၊ မြေ ၀င်ထွက် ဖြစ်မည်။ မိတ်ဆွေ သစ်တွေ့မည်။ စကားပြောဆင်ခြင်ပါ။ စာမေးပွဲအောင်မြင်မည်။ ဝင်ငွေကောင်းမည်။တစ်ပတ်လုံးအငြိမ်မနေရဖြစ်လိမ့်မည်။
အကျိုးပေးဂဏန်း ၂၊၄၊၈
အထူးဟော အောင်မြင်မည်။
ယတြာ တနင်္လာနေ့နံနက်တွင် ငါးအရှင် (၁၅) ကောင်လွှတ်ပါ။
အင်္ဂါ
သင်္ကြန်ကာလ စိတ်စကားရာမှ ချစ်သူသစ်ရတတ်သည်။
လူခင်ခြင်း စိတ်ဝမ်းကွဲ ပြီး ပြန်ခေါ်မည်။ အကြီးအကဲ အကူအညီရမည်။ ငါသိငါတတ် ငါဆရာလုပ်စိတ်ရှိသည်။ အချစ်ရေး အဆင်ပြေမည်။ မမျှော်လင့်သော ခရီးများသွားရမည်။ ရုတ်တရက်ခိုက်မိတတ်သည်။ စာမေးပွဲ အောင်မြင်မည်။ ပြည်တွင်း ၊ ပြည်ပခရီးသွားရမည်။ အလုပ်ရာထူး တက်မည်။ မိသားစု အတွက် စိတ်ရှုပ်ရမည်။ မြေအရောင်းအဝယ် မြင်သည်။ အိမ် ပြောင်း ၊ အိမ်ပြင် ၊ အိမ်ဆောက် ဖြစ်မည်။
အကျိုးပေးဂဏန်း ၃၊၆၊၉
အထူးဟော အားလုံးကောင်းသည်။
ယတြာ အင်္ဂါနေ့တွင် အောင်သပြေ (၁၉) ညွှန့် ကို ဘုရားလှူပါ။
ဗုဒ္ဓဟူး
လူယုံမထားရ။ လူပေါင်းမှားမည်။ အပေါင်းအသင်း နှင့် ချစ်သူတို့၏ အပြစ်တင်ခြင်းခံရမည်။ ကျန်းမာရေး ကောင်းသည်။ စီးပွားရေး ကောင်းမည်။ ပညာရေးကောင်းမည်။ ခရီးသွားရန် ရည်ရွယ်ပြီးမှ မသွားဖြစ်ပဲနေလိမ့်မည်။ ဘာကိစ္စဖြစ်ဖြစာထစ်ငေါ့ပြီးမှအဆင်ပြေမည်။အလုပ်အကိုင် အဆင်ပြေမည်။ အလုပ်ရာထူးတက်မည်။ ရုတ်တရက်အိမ်ထောင်ကျကိန်း မြင်သည်။ဒါကြောင့် သင်္ကြန်ကာလအပျော်ကြူးပြီး
အိမ်ပြန်ချိန်နောက်မကျပါနှင့်။စက် ၊ မြေ ၊ ကား အရောင်းအဝယ် ဖြစ်မည်။
အကျိုးပေးဂဏန်း ၄၊၉၊၆
အထူးဟော အောင်မြင်မည်။
ယတြာ ဘုရားကို ရေသက်စေ့ရေအေးကပ်လှူပါ။
ကြာသပတေး
လူရင်းခြင်း မုန်းရတတ်သည်။ ခရီးသွားများမည်။ ကျန်းမာရေးချူချာမည်။ စီးပွားရေးလုပ်ငန်း သစ်လုပ်ရမည်။ အချစ်ရေးစိတ်ရှုပ်ရမည်။ ပြန်အဆင်ပြေမည်။ အလုပ်အကိုင်အတွက် စိတ်ရှုပ်ရမည်။ ပြောင်းရွှေ့မှု့ဖြစ်မည်။ ငွေဝင် ၊ ထွက် ကြမ်းမည်။ ငယ်ရွယ်သူ သားချင်း သွေးသားအတွက် စိတ်ရှုပ်ရတတ်သည်။ မရောက်ဘူးသော ခရီးတွေ ရောက်မည်။ ဝမ်းဗိုက်ရောဂါရတတ်သည်။ စာမေးပွဲ အောင်မည်။ အလုပ်အကိုင်သစ်ရဖို့သတင်းကြားမည်။ အောင်မြင်မည်။ သင်္ကြန်ကာလ ကမ်းခြေရောက်နေသူများ ရေထဲဆင်းရင်သတိရှိပါ။
အကျိုးပေးဂဏန်း ၅၊၇၊၉
အထူးဟော အဆင်ပြေမည်။
ယတြာ ကြာသပတေးနံဘုရားကို ကြာသပတေးနံနက်တွင် ပေါင်မုန့် (၅) ချပ်ကို ကပ်လှူပါ။
သောကြာ
သင်္ကြန်လည်သူများ ပြဿနာကြုံ၊ရန်ဖြစ်တတ်သည်။
စိတ် ဓာတ်တွေ နောင်တရနေသော ကာလဖြစ်သည်။ စိတ်ရှုပ်စိတ်ဆင်းရဲ နေရတတ်သည်။ ခရီးဝေးယာယီ တွေရောက်နေမည်။ မရောက်ဘူးသော ခရီးတွေရောက်နေမည်။ ကုန်ကျငွေ များနေမယ်။ ငွေကြေးကိစ္စ ရှုပ်မည်။ အကြီးအကဲ၏ အထင်လွဲခြင်းခံရတတ်သည်။ စကားပြော ဆင်ခြင်ပါ။ အပေါင်းအသင်း တို့၏ အထင်လွဲခြင်း ခံရမည်။ အချစ်ရေးမှာ ကျော်တော့ လှေသူကြီး ညားတော့ လှေထိုးသား ဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ အလုပ်ကိစ္စ မှန်းသလိုမဖြစ်။နားပြီးမှ ပြန်ဆက်လုပ်ရမည်။
အကျိုးပေးဂဏန်း ၁၊၉၊၆
အထူးဟော အဆင်ပြေသွားမည်။
ယတြာ သစ်သီး (၉)မျိုးဘုရားလှူပါ။
စနေ
အလုပ်တွေများနေမည်။ သင်္ကြန်ရက်အတွင်းတောင် မိမိအလုပ်နားရင် သူတစ်ပါးအလုပ်ကူရတတ်သည်။အရာရာ ကိုယ်ပါမှ ဖြစ်သလို ကြုံနေမည်။ အလုပ်ကိစ္စတွေ အဆင်ပြေမည်။ ခရီးဝေးယာယီ များမည်။ အလုပ်အကိုင် များမည်။ တစ်ချို့အောင်မြင်ပြီး တစ်ချို့နှောင့်နှေးနေမည်။ အချစ်ရေး ၊ အိမ်ထောင်ရေး ထက် ပညာရေး နှင့်အလုပ်အကိုင် ကို ဦးစားပေးနေရတတ်သည်။ အချစ်ရေးမှာတော့ မိဘပေးစားသူကိုယူဖြစ်လိမ့်မည်။ စက် ၊ မြေ တို့ ဝင်ထွက်မည်။ ကံဇာတာ ကောင်းလာမည်။
အကျိုးပေးဂဏန်း ၇၊၉၊၂
အထူးဟော အဆင်ပြေမည်။
ယတြာ စနေနေ့ တွင် တောင်အရပ်ရှိ လမ်းကို သန့်ရှင်းရေး လုပ်ပါ။
Credit: ငြိမ်းအေးလူ မူရင်းတင်သူကိုဂါရ၀ပြုပါတယ်
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
No comments:
Post a Comment