Wednesday, April 27, 2016

၂၇-၄-၂၀၁၆ မှ၃-၅-၂၀၁၆အထိခုနစ်ရက်သားသမီးတို့အတွက်ဗေဒင်


တနင်္ဂနွေ
ရည်ရွယ်ချက်အောင်မြင်မည်။ မေတ္တာရေးကံကောင်းမည်။ မိသားစု အလုပ်စီးပွားကိစ္စများ၊ ထွန်းထွန်းပေါက်ပေါက် လုပ်ကိုင်နို်င်မည်။ စုပေါင်းတွဲဖက်လုပ်ငန်းများ
ဆောင်ရွက်ရန် အခါကောင်းကြုံမည်။ စွန့်စားပြီး ဆောင်ရွက်လိုက်သည့်ကိစ္စများမှ အောင်မြင်မှုများ ဖြစ်ပေါ်မည်။
ယတြာ-ဘုရားကျောင်းကန် တန်ဆောင်းဆောက်လုပ်သော နေရာများတွင် သစ်၊ သံ၊ သွပ် အလှူဒါနပြုပါ။


တနလာၤ
ပစ္စည်းပျောက်မည်။ ငွေကုန်များမည်။ လူလိမ်ခံရမည်။ ဆောင်ရွက်သမျှ အစီအစဉ်မကျ။ ဖရိုဖရဲကစဥ့်ကလျား နှင့်လုပ်ကိုင်ရလိမ့်မည်။ သူတစ်ပါးပေါ် မှီခိုအားထား၍ မရ။ ယုံကြည်လွှဲအပ်ပြီးလုပ်သောကိစ္စများ ဒုက္ခပေးတတ်သည်။ ခရီးနှင့်ပတ်သက်သော ကံ အထူးကောင်းသည်။ အပြောင်းအလဲ ပြုရမည်။
ယတြာ-အိုးဟောင်း၊ အုတ်ခဲကျိုးတို့ကို ရှာဖွေ၍စွန့်ပစ်ပါ။


အင်္ဂါ
ဆိုးမယောင်နှင့် ကောင်းသောကာလဖြစ်သည်။ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ အစကနဦးပိုင်း၌ အခက်အခဲများရှိမည်။ မဖြစ်မနေလုပ်ခြင်း ၊ ဇွဲကြီးခြင်းကြောင့် တစ်စတစ်စ အဆင်ပြေရာမှ ရည်ရွယ်မှန်းဆထားသည်ထက် ပိုမိုမြင့်မားသော အောင်မြင်မှုကို ရပေမည်။ အတတ်ပညာကို အခြေတည်၍ တိုးတက်မှုများ ရရှိမည်။
ယတြာ-ဘုရားတွင် ရွှေသင်္ကန်းကပ်လှူပါ။


ဗုဒ္ဓဟူး
ရည်မှန်းထားသည်က တစ်မျိုး လက်တွေ့ဖြစ်ပေါ်သည်က တစ်မျိုးကြုံမည်။ ကြိုတင်တွက်ဆ၍မရ ရုတ်တရက်ဖြစ်ပေါ်သော အခြေအနေ အပြောင်းအလဲကြောင့် ရင်းနှီးမြုပ်နှံထားသည်များ ဆုံးရှုံးတတ်သည်။ လက်ဝယ်ပိုင်ဆိုင်သော ပစ္စည်းများတန်ဖိုးလျော့နည်းသွားတတ်သည်။ စကားဗလောင်းဗလဲ ပြောသူများနှင့်ကြုံမည်။
ယတြာ-ရဟန်းတော်တစ်ပါးကို လွယ်အိတ်လှူဒါန်းပါ။


ရာဟု
ဆုံးဖြတ်ချက်မှန်မည်။ လုပ်ထုံးလုပ်နည်းဟောင်းတို့ကို ရပ်တန့်၍ လမ်းသစ်ထွင်ကာဆောင်ရွက်ခြင်းဖြင့် အလိုဆန္ဒ ရှိသမျှအောင်မြင်မည်။ အကြီးအကဲများထံမှ အထောက်အကူကောင်းရမည်။ အခက်အခဲများကို ကျော်လွှားနိုင်မည်။ ဆန့်ကျင်ဘ က်ပြုသူများ ရန်ပဋိပက္ခပြုသူများနှင့် ပြန်လည်မဟာမိတ်ဖွဲ့ရမည်။
ယတြာ- လမ်းပြုပြင်ခြင်း၊ ချိုင့်ခွက်ဖို့ခြင်းတို့ကို ပြုလုပ်ပါ။


ကြာသပတေး
ပြဿနာအဟောင်းများ ပြန်လည်ဖြေရှင်းးရမည်။ ပြည်ဖုံးကားချ မေ့လျော့ထားသည့် အတိတ်ကိစ္စဟောင်းများကို ပြန်လည်ဖော်ထုတ်လာသူများကြောင့် စိတ်ရှုပ်စရာများ ဆက်တိုက်ကြုံမည်။ မနာလိုသူများ လုပ်ဇာတ်ခင်း၍ ဝေဖန်တိုက်ခိုက်ခြင်းများ ကြုံတွေ့ရမည်။
ယတြာ-မိဘမဲ့ဂေဟာတွင် ချိုချဉ် ကျွေးမွေးလှူဒါန်းပါ။


သောကြာ
စကားအရှုပ်အထွေးများကြား ပါဝင်ပတ်သတ်ရတတ်သည်။ သူတစ်ပါးဆောင်ရွက်ထားသည့် ပြဿနာများ တာဝန်ဖြေရှင်းရမည်။ နာမည်သိက္ခာထိခိုက်တတ်သည်။ စိတ်ဆန္ဒမပါဘဲ အိမ်ထောင်ရေးကိစ္စများ ဆုံးဖြတ်ရခြင်းများရှိမည်။အကျပ်ကိုင်ခံရတတ်သည်။ ပြဿနာအဟောင်းများ ပြန်လည်ဖြေရှင်းရတတ်သည်။
ယတြာ-ပိုက်ဆံအိတ်အသစ်တစ်ခု ဝယ်ယူသုံးစွဲပါ။


စနေ
အခက်အခဲ အတိုက်အခံအားလုံးကိုကျော်လွှား၍ ဆန္ဒရည်ရွယ်ချက်တို့ကို ပြည့်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ အပြိုင်အဆိုင် အတိုက်အခံအားလုံးကို ကျော်လွှား၍ အလိုဆန္ဒရည်ရွယ်ချက်တို့ အောင်မြင်မည်။ အတတ်ပညာကို အသုံးချ၍ အလိုဆန္ဒနှင့်ရည်ရွယ်ချက်များလက်တွေ့အကောင်အထည်ဖော်နိုင်သည်။ ငွေမမြဲ၊ ကုန်ကျစရိတ်များမည်။
ယတြာ-ကြေးလင်ဗန်းပေါ်တွင် ထမင်းငါးပုံပုံ၍ ဆီဆမ်းနှစ်သက်ရာ ဘုရားတွင်ကပ်လှူပြီး လိုရာဆုတောင်းပါ။
Post by - ဂန္ဓာရီခရီးသည်

Credit - စံ- ဇာဏီဘို

No comments:

Post a Comment