Wednesday, September 28, 2016
KCB Center ၏ ​ဟောလိုဝင်းပွဲ​တော်
မြန်မာနိင်ငံ၏ ပထမ ဦးဆုံး မှော်သင်တန်း ကျောင်းဖြစ်သည့်
KCB Center ၏ ၅နှစ်ပြည့်  အထိမ်းအမှတ် ( KCB COSPLAY & HALLOWEEN PARTY  NIGHT )  ပွဲ ကြီးကို 31.10.2016  ပြည်သူ့ဦးရင် ဦးဝီစာရ  ကွင်း တွင် အနပညာရှင်များ၏တင်ဆက်မူများနှင့် အခြားအော်ပတာ များပါဝင်ပြီး  KCB Center ၏ အဖွဲ့ ခေါင်းဆောင်   ပွဲစီစဉ်သူ  အဖြစ(် KarShine )Auro Thura Aung Htet
မှ ပြုလုပ်သွားမည်ဖြစ်ပြီး   ကျွန်တော်လဲပွဲအတွက်တစ်စိတ်တပိုင်းပါဝင်ကူညီသွားမှာပါ Halloween  ည၏မော်ဆန်ဆန်အတွေ့အကြုံများနင့်  ဖက်ရှင်ဒီဇိုင်းများကို ကျွန်တော်နဲ့အတူ   ရင်ခုန်စိတ်လူပ်ရှားဖွယ်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပရစေလားခင်ဗျာ။
မြန်မာနိုင်ငံတွင်ပထမဆုံးHalloweenရဲ့ မှော်ဆန်ဆန်အတွေ့အကြုံအပြည့်အဝခံစားရမယ့် KCB Halloween & Cosplay Party Night
==================================================
                 ဒီပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံး မှော်ပညာလှုပ်ရှားမှုတွေကို ၂ဝ၁၁ခုနှစ်ကတည်းကလုပ်ဆောင်ခဲ့တဲ့ KCB Center မှ ဦးဆောင်ကျင်းပမည်ဖြစ်ကာ မြန်မာပြည်တွင် တစ်ခါမှမရဖူးသေးသော အနောက်တိုင်း Halloween ပွဲတော်အတွေ့အကြုံအပြည့်အဝခံစားနိုင်စေရန်၊ ပျောက်ကွယ်နေသော ရှေးမြန်မာစုန်းနှင့် အနောက်တိုင်းစုန်းကဝေတို့၏ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာအလေ့အထများကို ဖော်ထုတ်ပြသနိုင်ရန် အဓိကရည်ရွယ်ပါသည်။ ပွဲအစီအစဉ်တွင် Disney Character များအတိုင်း ကပြဖျော်ဖြေမည့် Disney Cosplay အစီအစဉ်များ၊ အရှေ့တိုင်း(မြန်မာ)နှင့် အနောက်တိုင်း စုန်းကဝေတို့၏ ဝတ်စားဆင်ယင်မှုဒီဇိုင်းများကိုပြသသော Model Show များ၊ မှော်ဝင်သီချင်းများနှင့် နာမည်ကျော်သီချင်းများအား တဝကြီးဖျော်ဖြေပေးမယ့် နိုင်ငံကျော်အဆိုတော်များ၊ Dancer Group ပေါင်းများစွာပါဝင်မယ့် မှော်ဆန်ဆန် Gothic အကဖန်တီးမှုများ၊ Halloween ပြဇာတ်များနဲ့ Ceremonial Magick အစီအစဉ်များ ပါဝင်မှာဖြစ်ပါသည်။ ထိုအစီအစဉ်များကို ပွဲပြုလုပ်မည့် Main Stageတွင်ပြုလုပ်သွားမည့်အပြင် ပွဲလုပ်မည့်ကွင်းကျယ်ကြီးထဲတွင် တားရော့ရှေ့ဖြစ်ဟောမေးနိုင်မည့် Tarot Prophecy Booth, အနောက်တိုင်းရိုးရာအကများကို ရောင်စုံမီးများအောက်မှာ ညင်သာစွာတွဲကနိုင်မည့် Western Traditional Dancing Floor, မှော်ပညာပစ္စည်းများရောင်းချထားတဲ့ မှော်ပစ္စည်းအရောင်းဆိုင်၊ Halloweenချိုချဉ်ဝေအလေ့အထအတွက် ချိုချဉ်ဝေနိုင်ဖို့ Candy Bar စတာတွေပါဝင်မှာဖြစ်ကာ ပြည်သူ့ရင်ပြင်ဦးဝိစာရကွင်းမှာပြုလုပ်သွားမည်ဖြစ်ပါသည်။
Model Show ပါဝင်သော်လည်း stage တွင် လျှောက်လမ်းထားမည်မဟုတ်ဘဲ ပရိသတ်များ၏ VIP ထိုင်ခုံများအကြားတွင် Red Carpet ခင်းထားမည်ဖြစ်သလို Red Carpet ဘေးတွင်လည်း မီးတုတ်များ အစီအရင်ချပေးထားမည်ဖြစ်ပါသည်။ ထို့ကြောင့် Witch Costume များပြသမည့်အချိန်တွင် ပရိသတ်များအနေဖြင့် တကယ့် စုန်းကဝေကမ္ဘာထဲသို့ရောက်သွားသလို ခံစားနိုင်မည်ဖြစ်ပါသည်။ ထို့ပြင်ကွင်းအတွင်း ပြင်ဆင်မှုအပိုင်းတွင်လည်း ကွင်းအတွင်း ခေါင်းတလားပုံစံတူများ ချထားခြင်း၊ သင်္ချိုင်းအုတ်ဂူပုံများ၊ မြေကြီးထဲမှ လက်ထွက်နေသယောင်ကဲ့သို့ ဖန်တီးမှုများ ပြုလုပ်မည်ဖြစ်သလို ချိုချဉ်တောင်းအလေ့အထများလည်း ပြုလုပ်ထားသောကြောင့် Halloween အငွေ့အသက်ကို ရာနှုန်းပြည့် ခံစားနိုင်စေရမည်ဖြစ်ပါသည်။ Main Stage တွင်လည်း ပွဲအစီအစဉ်များအဖြစ် အောက်ပါအတိုင်းပြုလုပ်သွားပါမည်။
၁။ မြန်မာကတော်လေးပါးအကနှင့်ကန်တော့ခြင်း
၂။ အနောက်တိုင်း Halloween နှင့်သက်ဆိုင်သော နတ်ဘုရားများထံခွင့်တောင်းခြင်း
၃။ မီးတုတ်များ ဖယောင်းတိုင်များနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း
၎။Gothic Dance အစီအစဉ်
၅။နာမည်ကြီးအဆိုတော်တစ်ဥိး၏ ဂီတအစီအစဉ်
၆။ Fairy tale Cosplay (Arendelle Cosplay from Frozen Movie)
၇။ Witch Costume Model Show (မြန်မာစုန်းဝတ်စုံပြကွက်)
၈။ Fairy Tale Cosplay (Neverland Cosplay from Peter Pan, Tinker Bell, A Little Mermaid Movies)
၉။ နာမည်ကြီးအဆိုတော်တစ်ဦး၏ဂီတအစီအစဉ်
၁ဝ။ Fairty Tale Cosplay (Oz Cosplay from Oz: The Great and Powerful Movies)
၁၁၊ Gothic Dance အစီအစဉ်
၁၂။နာမည်ကြီးအဆိုတော်တစ်ဦး၏ဂီတအစီအစဉ်
၁၃။Fairy Tale Cosplay (Wonderland Cosplay from Alice in Wonderland & Alicce Throught the looking glass Movies)
၁၄။ Halloween Opera
၁၅။ ငြိမ်းချမ်းမှုတောင်းဆုပြုခြင်း
၁၆။ မှော်ဝင်သီချင်းများအစီအစဉ်
၁၇။ Ceremonia; Magick အစီအစဉ်
၁၈။ Sponsor များအားပန်းစည်းပေးခြင်း အစီအစဉ်
စသည်တို့ပါဝင်မည်ဖြစ်ပါသည်။ Ticket Price များမှာ
VIP - 10000 Kyats
Seat - 7000 Kyats
Stand - 5000 Kyats
အသီးသီးဖြစ်ပြီး ပူးပေါင်းပါဝင်လိုသူ လုပ်ငန်းရှင်များအနေဖြင့်
Thura Aung Htet @ Auro Karshine
Chairperson of KCB Center
Organizer Team Leader
09 776768062
feedback.kcb@gmail.com
သို့ ဆက်သွယ်ပူးပေါင်းနိုင်ကြပါကြောင်း ဖိတ်ကြားလိုက်ရပါသည်
MOP Vol-2 က နည်းလေးတွေပါ...
အရောင်းအဝယ် အပွင့်အလန်း အလွန်စွမ်းသည့် သူရဿတီအစီအရင်
 ဒီနေ့တင်ပေးမှာက ခေါင်းစဉ်အတိုင်း ``အရောင်းအဝယ် အပွင့်အလန်း အလွန်စွမ်းသည့် သူရဿတီအစီအရင်´´ဖြစ်တယ်...
  ဘာစွမ်းလဲ.... အရောင်းအဝယ်အလွန်ကောင်းတယ်၊လာဘ်လာဘ အလွန်ရွှင်လန်းတယ်၊အလုပ်လုပ်တဲ့သူဆိုရင်ပေါ့လေ...ဘာမှမလုပ်ဘဲ ထိုင်နေတဲ့သူကို ဘယ်လောက်စွမ်းတဲ့အစီအရင်ပေးပေး ငွေဝင်မလာနိုင်ပါဘူး.... အတိတ်ကံကြောင့်ဆိုရင်တော့လည်းတစ်မျိုးပေါ့လေ...
  ပြောချင်တာက အရောင်းအဝယ်၊ကုန်သွယ်မှုစသည်ဖြင့်စီးပွားရေးတစ်ခုခုလုပ်တဲ့သူတွေအတွက် အလွန်အားကိုးယုံကြည်ထိုက်တဲ့ ရှေးလောကီဆရာအစဉ်အဆက် ပညာအမွေပေးကမ်းထားရစ်ခဲ့တဲ့ စီရင်နည်းဖြစ်တယ်...
Friday, September 23, 2016
ဗေဒင်
(ကြော်ငြာခ မရသော်လည်းကြော်ငြာပေးသည်....ဟဲဟဲ)
 ဒီနေ့ တင်ပေးမှာက ``ဆရာ နေလင်းထွန်း´´ ရဲ့ အကြောင်းပါ.....
 ကဲ...ဆရာနေလင်းထွန်းရေ..
နေ။ ဟုတ်ကဲ့ဗျ
နုပ်။ ဆရာ ဘယ်အချိန်ကတည်းကဗေဒင်ပညာရပ်တွေစတင်လိုက်စားခဲ့တာပါလဲ
နေ။ အဲ...အတိအကျတော့မမှတ်မိဘူးဗျ ၅တန်းအောင်ပြီး နွေရာသီပိုင်းကျောင်းပိတ်ရက်လောက်ကစပြီး ​ဗေဒင်​ဂျာနယ်တွေစဖတ်ဖြစ်ပြီး ဒီအချိန်ထိအောင် လိုက်စားနေဆဲပါပဲဗျ...
နုပ်။ အော် နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ..
နေ။ဟုတ်ပါတယ်ဗျ၊ဝါသနာကလည်းကြီးလို့ပါ..ဟဲဟဲ
နုပ်။ဆရာ့အနေနဲ့ ​ဗေဒင်​လာမေးသူတွေကို ဘာနဲ့ဟောပါလဲခင်ဗျ
နေ။ အဓိကတော့ပေါ့နော် မဟာဘုတ်​ သုံးတန်ပေါ်နိစ် အင်္ဂဝိဇ္ဇာ ဆန်း အဓိကပေါ့နော်
 နောက်တော့ နက္ခတ်​အရလည်းဟောပါတယ်...
လက္ခဏာမေးရင်လည်းဟောတယ် နောက်ပြီး တားရော့လာမေးတဲ့သူများကိုလည်း တားရော့နည်းနဲ့ဟောပေးပါသေးတယ်....
နုပ်။ ဟုတ်ကဲ့ပါဆရာ...ယတြာအနေနဲ့ကရောခင်ဗျာ
နေ။ ယတြာကတော့ လူမမာနဲ့ဆေး တည့်အောင်ပေးဆိုတာလို့ပေါ့ဗျာ..ပန်း၊အညွန့် ကပ်လှူသင့်လှူခိုင်း... ဘုရားသွားသန့်ရှင်းရေးလုပ်ခိုင်းတာမျိုး ..အဓိကတော့ ဒါနမှုပိုင်းဆိုင်ရာယတြာတွေများပါတယ်... ဘုရားလှူတာ၊သက်ကြီးရွယ်အိုတွေကိုလှူခိုင်းတာ၊ရုက္ခစိုးနတ်လှူခိုင်းတာ၊လမ်းဘေးတိရစ္ဆာန်လေးတွေကိုအစာကျွေးခိုင်းတာမျိုးပေါ့...
 အချစ်ရေး အိမ်ထောင်ရေး စီးပွား​ရေး ကြီးပွားရေး လှူမှုရေး အစုံပါပဲ...ကျွန်တော်ကလက်တွေ့ပွဲတွေ့အောင်မြင်တဲ့နည်းတွေပဲပေးတာဆိုတော့ အဆင်ပြေသွားကြတာများပါတယ်... အဲ...ယုံကြည်​မှုရှိဖို့တော့လိုတာပေါ့လေ...
 ကိစ္စကြီးကြီးမားမားမျိုးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် အင်းစမအစီအရင်နဲ့ဖြစ်စေ ဒီပံအစီအရင်တွေဖြစ်စေ အထူးလုပ်ပေးပါတယ်....
နုပ်။ အော်..ဟုတ်ကဲ့ပါဆရာ...ရပ်ဝေးကလူတွေဆိုရင်ရော..အင်းစမ ဒီပံ အဲဒါတွေ ဘယ်လိုပို့ပေးလဲဆရာ...ကားဂိတ်ကနေပဲလား...
နေ။ဟုတ်ပါတယ်ဗျ...အင်းစမအစီအရင်တွေ ဘာတွေကို ကားဂိတ်ကနေပဲပို့ပေးပါတယ်..
နုပ်။ ဥာဏ်ပူဇော်ခအနေနဲ့ရော ဆရာဘယ်လိုယူပါလဲခင်ဗျာ..
နေ။ဟိုလိုမျိုး သတ်မှတ်ထားတာတော့လည်းမရှိပါဘူး...မေးသူတွေကစေတနာအလျောက် ၅ထောင်ဟယ် ၁သောင်းဟယ် အဲလိုမျိုး ကိစ္စကြီးရင်ကြီးသလို ငယ်ရင်ငယ်သလို ကန်တော့သွားကြတာပါပဲ...
နုပ်။ ဟုတ်ဆရာရေ... ကျွန်တော်တို့ရဲ့ MPOအဖွဲ့သားတွေကနေပြီးတော့ ထောင်ထားတဲ့ ``လောကီပညာအစီအရင်များ pageမှာ အခု ဆရာ့ကိုမေးမြန်းခဲ့တာလေးတွေရယ်၊နောက်ပြီး ဆရာ့ကိုဘယ်လိုဆက်သွယ်ရမယ်ဆိုတာလေးရယ် ထည့်သွင်းပါရစေခင်ဗျာ..
နေ။ဟုတ်ကဲ့ပါ ကျွန်တော်ကအများအားဖြင့် စာသင်သွားရတာများတယ်ဗျ..ပညာလည်းဖြန့်ဝေရင်းပေါ့လေ... ဒီတော့ viberကနေပဲ အများဆုံးပြန်ဖြေပေးနိုင်မှာဗျ...
ဖုန်းနံပါတ်​က 09782985472 ပါ.... နံနက် ညစဉ် ၆းဝဝ ကနေ ၉းဝဝ အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်....
နုပ်။ ဟုတ်ကဲ့ပါဆရာ..ကျွန်တော်တို့mopအဖွဲ့သားများကိုယ်စား ရော့ကို ကျေးဇူးတင်ပါတယ်ဆရာ..
နေ။ ဟုတ်ကဲ့ပါ..ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ....
[ ဆရာနေလင်းထွန်းနဲ့အပြန်အလှန်ပြောဆိုထားတာလေးပါ....... မေးလိုသူများ မေးနိုင်ပါကြောင်း...]
Thursday, September 15, 2016
အခက်​အခဲများကို​ပြေ​ပျောက်​​စေ​သောအစီအရင်
အခက်​အခဲမှန်​သမျှကင်း​ဝေး​စေ​သော အစီအရင်
  မိမိတို့ဘဝတွင်​ထွက်​​ပေါက်​မ​တွေ့​လောက်​​အောင်​ အခက်​အခဲအကြပ်​အတည်းများဖြင့်​ရင်​ဆိုင်​​နေရပါက ​အောက်​ပါအစီအရင်​အားလုပ်​​ဆောင်​ကြည့်​ခြင်​​စေပါသည်​။အလွန်​အစွမ်းထက်​ အလွန်​လွယ်​ကူ​သော ကိုယ်​​တွေ့အစီအရင်​ဖြစ်​​သော​ကြောင့်​​ဖော်​ပြလိုက်​ပါသည်​။
 အစီအရင်​ပြုလုပ်​ရန်​အချိန်​များမှာ-
တနင်္ဂ​နွေ​နေ့ နံနက်​ ၇ နာရီခွဲမှ ၉ နာရီအတွင်း
တနင်္လာ​နေ့ ​နေ့လည်​ ၁ နာရီခွဲ မှ ၃ နာရီအတွင်း
အင်္ဂါ​နေ့ နံနက်​ ၉ နာရီမှ ၁၀ နာရီခွဲအတွင်း
ဗုဒ္ဓဟူး​နေ့ ​နေ့လည်​ ၃ နာရီမှ ၄ နာရီခွဲအတွင်း
ကြာသပ​တေး​နေ့ ​နေ့လည်​ ၁၀ နာရီခွဲမှ ၁၂ နာရီအတွင်း
သောကြာ​နေ့ ည​နေ ၆နာရီမှ ၇နာရီခွဲအတွင်း
စ​နေ​နေ့ ​နေ့လည်​ ၁၂နာရီမှ ၁ နာရီခွဲအတွင်း လုပ်​​ဆောင်​ရမှာဖြစ်​ပါတယ်​။
  မြတ်​စွာဘုရားရှင်​အား အလင်းတိုင်​ ၃ တိုင်​ နံ့သာတိုင်​ ၅ တိုင်​နှင့်​ ​သောက်​​တော်​​ရေ ၃ ခွက်​ ကပ်​လှုပါ။ပြီး​နောက်​ ရတနာ ၃ ပါးအားကန်​​တော့ပါ။ထို့​နောက်​ ခင်​ပွန်းကြီး ၁၀ ပါး ရှိခိုးဂါထာကို ၃ ခါ ရွတ်​ဆိုပါ။
   ခင်​ပွန်းကြီးဆယ်​ပါး ရှိခိုးဂါထာ
    ဗုဒ္ဓါ ပ​စ္စေကဗုဒ္ဓါစ ရဟန္တာ အဂ္ဂါသာဝက မာတာပီတု ဂရုသတ္တာ ဒါယကာ ဓမ္မ​ဒေသကာ ဣ​မေဒဿမဟာဂု​ဏေ အဟံဝန္ဒာမိသဗ္ဗဒါ။
အထက်​ပါဂါထာကိုရွတ်​ဆိုပြီးသွားလျှင်​ ​ငွေ​ကြေးအခက်​အခဲဖြစ်​​နေသူများက ဒိဝါတပတိ ဂါထာကိုသက်​​စေ့ရွတ်​​ပေးပါ။
          ဒိဝါတပတိ ဂါထာ
    ဒိဝါတပတိအာဒိ​စ္စော ရတ္တိမာဘာတိစန္ဒိမာ သန္န​ဒ္ဓေါခတ္တိ​ယောဘာတိ ဈာယီတပတိဗြဟ္မ​ဏော အထသဗ္ဗမ​ဟောရတ္တိံဗု​ဒ္ဓောတပတိ​တေဇသာ။
အချစ်​​ရေး ​မေတ္တာ​ရေးမှာအခက်​အခဲဖြစ်​​နေသူများက ​မေတ္တသုတ်​ကိုသက်​​စေ့ရွတ်​​ပေးပါ။(​မေတ္တသုတ်​က ပရိတ်​ကြီး ၁၁ သုတ်မှာပါလို့မ​ဖော်​ပြ​တော့ပါ။)
ပညာ​ရေးအတွက်​က​တော့ ဇယမင်္ဂလာ ​​အောင်​ဂါထာကိုသက်​​စေ့ရွတ်​​ပေးပါ
          ဇယမင်္ဂလာ ​အောင်​ဂါထာ
    ဇယစ​က္ကော ဇယ​န္တော​ယော ဇယိတ​ဗ္ဗေ ဇယာသ​နေ ဇယာ​ပေသိ ဇ​ယေသီနံ ဇယံ​ဒေတု ဇယုတ္တ​ရော။
ကျန်းမာ​ရေးအတွက်​အခက်​အခဲရှိ​နေသူများအတွက်​က​တော့ ​ဗောဇ္ဈင်္ဂသုတ်​ကိုသက်​​စေ့ရွတ်​ဖတ်​​ပေးပါ။
ထိုအစီအရင်​အား အခက်​အခဲများ​တွေ့ကြုံရမှမဟုတ်​ပဲ ဒီအတိုင်းလဲပြုလုပ်​နိုင်​ပါတယ်​ခင်​ဗျာ။
                           မီးခဲ​မောင်​​မောင်​(MOP)
Monday, September 12, 2016
ဂမ္ဘီရကြက်ခြေ[သို့]နာနာဝိဇ္ဇာသယကြက်ခြေ The Mysterious Cross
ဂမ္ဘီရကြက်ခြေသည်နှလုံးလမ်းကြောင်းနှင့်ဦးနှောက်လမ်းကြောင်းကြားစတုဂံလွင်ပြင်တွင်တွေ့ရှိရသောကြက်ခြေများကိုခေါ်ပါသည်။
၁။ယကြာသာပတေးဂြိုလ်ခုံ[လက်ညိုး]အောက်တွင်ရှိလျှင်လျှိ့ဝှက်နက်နဲသောပညာရပ်များကိုအောင်မြင်သည်အထိလေ့လာလီုက်စားလိမ့်မည်။
၂။စနေဂြိုလ်ခုံ[လက်ခလယ်]အောက်တွင်ရှိလျှင်၊များသောအားဖြင့်ကံလမ်းနှင့်ဆက်စပ်ဖြစ်ပေါ်နေတတ်ပါသည်။ဂါထာမန္တန်၊အင်း၊လျှိ့ဝှက်ဆန်းကြယ်သောပညာရပ်စုန်းကဝေ၊နတ်စသောအယူများ၊ဗေဒင်လက္ခဏာ၊သမထဝိပဿနာဘာသာရေးဘက်တွင်သာမန်လူထက်ပိုမိုပေါက်မြောက်မည်။စာပေဘက်ဆိုင်ရာ တွင်လည်းထူးချွန်နိုင်သူဖြစ်သည်။သာသနာ့ဝန်ကိုထမ်းဆောင်
မည့်သူဖြစ်ပါသည်။
၃။တနင်္ဂနွေဂြိုလ်ခုံ[လက်သူကြွယ်]အောက်ရှိလျှင်ဂမ္ဘီရပညာရပ်အယူအဆများကိုလေ့လာရုံတင်မကမိမိအောင်မြင်ကျော်ကြားမှုအတွက်အသုံးပြုလုပ်ဆောင်ပြလိမ့်မည်။ဝိဇ္ဇာလိုင်းလိုက်သူမှန်းသမျှဂမ္ဘီရကြက်ခြေပါရ
မည်ဆိုပါသည်။
Credit - ဆရာဦးစိုးဝင်းထက်