(ကြော်ငြာခ မရသော်လည်းကြော်ငြာပေးသည်....ဟဲဟဲ)
ဒီနေ့ တင်ပေးမှာက ``ဆရာ နေလင်းထွန်း´´ ရဲ့ အကြောင်းပါ.....
ကဲ...ဆရာနေလင်းထွန်းရေ..
နေ။ ဟုတ်ကဲ့ဗျ
နုပ်။ ဆရာ ဘယ်အချိန်ကတည်းကဗေဒင်ပညာရပ်တွေစတင်လိုက်စားခဲ့တာပါလဲ
နေ။ အဲ...အတိအကျတော့မမှတ်မိဘူးဗျ ၅တန်းအောင်ပြီး နွေရာသီပိုင်းကျောင်းပိတ်ရက်လောက်ကစပြီး ဗေဒင်ဂျာနယ်တွေစဖတ်ဖြစ်ပြီး ဒီအချိန်ထိအောင် လိုက်စားနေဆဲပါပဲဗျ...
နုပ်။ အော် နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ..
နေ။ဟုတ်ပါတယ်ဗျ၊ဝါသနာကလည်းကြီးလို့ပါ..ဟဲဟဲ
နုပ်။ဆရာ့အနေနဲ့ ဗေဒင်လာမေးသူတွေကို ဘာနဲ့ဟောပါလဲခင်ဗျ
နေ။ အဓိကတော့ပေါ့နော် မဟာဘုတ် သုံးတန်ပေါ်နိစ် အင်္ဂဝိဇ္ဇာ ဆန်း အဓိကပေါ့နော်
နောက်တော့ နက္ခတ်အရလည်းဟောပါတယ်...
လက္ခဏာမေးရင်လည်းဟောတယ် နောက်ပြီး တားရော့လာမေးတဲ့သူများကိုလည်း တားရော့နည်းနဲ့ဟောပေးပါသေးတယ်....
နုပ်။ ဟုတ်ကဲ့ပါဆရာ...ယတြာအနေနဲ့ကရောခင်ဗျာ
နေ။ ယတြာကတော့ လူမမာနဲ့ဆေး တည့်အောင်ပေးဆိုတာလို့ပေါ့ဗျာ..ပန်း၊အညွန့် ကပ်လှူသင့်လှူခိုင်း... ဘုရားသွားသန့်ရှင်းရေးလုပ်ခိုင်းတာမျိုး ..အဓိကတော့ ဒါနမှုပိုင်းဆိုင်ရာယတြာတွေများပါတယ်... ဘုရားလှူတာ၊သက်ကြီးရွယ်အိုတွေကိုလှူခိုင်းတာ၊ရုက္ခစိုးနတ်လှူခိုင်းတာ၊လမ်းဘေးတိရစ္ဆာန်လေးတွေကိုအစာကျွေးခိုင်းတာမျိုးပေါ့...
အချစ်ရေး အိမ်ထောင်ရေး စီးပွားရေး ကြီးပွားရေး လှူမှုရေး အစုံပါပဲ...ကျွန်တော်ကလက်တွေ့ပွဲတွေ့အောင်မြင်တဲ့နည်းတွေပဲပေးတာဆိုတော့ အဆင်ပြေသွားကြတာများပါတယ်... အဲ...ယုံကြည်မှုရှိဖို့တော့လိုတာပေါ့လေ...
ကိစ္စကြီးကြီးမားမားမျိုးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် အင်းစမအစီအရင်နဲ့ဖြစ်စေ ဒီပံအစီအရင်တွေဖြစ်စေ အထူးလုပ်ပေးပါတယ်....
နုပ်။ အော်..ဟုတ်ကဲ့ပါဆရာ...ရပ်ဝေးကလူတွေဆိုရင်ရော..အင်းစမ ဒီပံ အဲဒါတွေ ဘယ်လိုပို့ပေးလဲဆရာ...ကားဂိတ်ကနေပဲလား...
နေ။ဟုတ်ပါတယ်ဗျ...အင်းစမအစီအရင်တွေ ဘာတွေကို ကားဂိတ်ကနေပဲပို့ပေးပါတယ်..
နုပ်။ ဥာဏ်ပူဇော်ခအနေနဲ့ရော ဆရာဘယ်လိုယူပါလဲခင်ဗျာ..
နေ။ဟိုလိုမျိုး သတ်မှတ်ထားတာတော့လည်းမရှိပါဘူး...မေးသူတွေကစေတနာအလျောက် ၅ထောင်ဟယ် ၁သောင်းဟယ် အဲလိုမျိုး ကိစ္စကြီးရင်ကြီးသလို ငယ်ရင်ငယ်သလို ကန်တော့သွားကြတာပါပဲ...
နုပ်။ ဟုတ်ဆရာရေ... ကျွန်တော်တို့ရဲ့ MPOအဖွဲ့သားတွေကနေပြီးတော့ ထောင်ထားတဲ့ ``လောကီပညာအစီအရင်များ pageမှာ အခု ဆရာ့ကိုမေးမြန်းခဲ့တာလေးတွေရယ်၊နောက်ပြီး ဆရာ့ကိုဘယ်လိုဆက်သွယ်ရမယ်ဆိုတာလေးရယ် ထည့်သွင်းပါရစေခင်ဗျာ..
နေ။ဟုတ်ကဲ့ပါ ကျွန်တော်ကအများအားဖြင့် စာသင်သွားရတာများတယ်ဗျ..ပညာလည်းဖြန့်ဝေရင်းပေါ့လေ... ဒီတော့ viberကနေပဲ အများဆုံးပြန်ဖြေပေးနိုင်မှာဗျ...
ဖုန်းနံပါတ်က 09782985472 ပါ.... နံနက် ညစဉ် ၆းဝဝ ကနေ ၉းဝဝ အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်....
နုပ်။ ဟုတ်ကဲ့ပါဆရာ..ကျွန်တော်တို့mopအဖွဲ့သားများကိုယ်စား ရော့ကို ကျေးဇူးတင်ပါတယ်ဆရာ..
နေ။ ဟုတ်ကဲ့ပါ..ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ....
[ ဆရာနေလင်းထွန်းနဲ့အပြန်အလှန်ပြောဆိုထားတာလေးပါ....... မေးလိုသူများ မေးနိုင်ပါကြောင်း...]
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
No comments:
Post a Comment