Mayလအတွက် စာရင်း စတင်လက်ခံပါပြီ........
တစ်လလျှင် ၅ဦး (အရေးတစ်ကြီးလိုသူရှိက ၇ဦး) သာ စီရင်ပေးပါသည်။ ဂါထာများစုတ်ရခြင်း...စသည်ဖြင့် အစီအရင်တစ်ခု ဖြစ်မြောက်အောင်မြင်ရန်မလွယ်ပါ၍ လူဦးရေကန့်သတ်၍စီရင်ပေးခြင်းဖြစ်သည်။
Senior no ဖြင့် မှတ်သည် ဖြစ်၍ အစီအရင် သေချာစွာ ယူမည့်သူများသာ ဆက်သွယ်ပါ.........
Nay Lin Tun
16 Mar at 21:10
ပီယမှော်ရေမွှေးအကြောင်း
******************
ကျွန်တော်အရင်အပတ်က ပီယဆေးတော်အကြောင်းတင်ပြပေးခဲ့ပါတယ်...
ဒီနေ့တင်ပြပေးမှာက ပီယမှော်ရေမွှေးအကြောင်းပါ....
စီရင်ရန် နက္ခတ်၊နေ့ကောင်းရက်သာ၊အချိန်ရွေးပြီး
စီရင်မဲ့နေ့မှာ မိမိနိုင်သော(၈ပါး၊၉ပါး)သီလယူ၊ဝတ်ဖြူစင်ကြယ်ဝင်၊ဆိုင်ရာ ပူဇော်ပသပွဲတင်၍
ကြေးပြားပေါ်မှာ ပီယမှော် အင်းတော်ကြီးကို
အင်းကျိုးခြင်း၊
အင်းကန်းခြင်း၊
အင်းပေါက်ခြင်း စသည်တို့မှကင်းလွတ်အောင် စီရင်ရပါသည်။
၎င်းနောက် လက်ဖွဲ့လိပ်ကာ သနချေ၊သိဒ္ဓိတင်၊အသက်သွင်းအစောင့်ချုပ်၊အစောင့်အပ်၊အစောင့်နှိုး၊ပီယဂါထာများဖြင့် အသီးသီးစုတ်ရပါသည်။....။
၎င်းနောက် လက်ဖွဲ့အဖြစ်ပြုလုပ်၍ ရေမွှေးပုလင်းထဲထည့်ကာ ပီယမှော်ဂါထာဖြင့်ထပ်မံ၍(၁ထောင်)အုပ် စုပ်ရပါသည်။
ရေမွှေးအစွမ်း-ပြောရင် ကြွားတယ်ထင်မှာစိုး၍မပြောတော့ပါ။
အနည်းငယ်သာပြောပါမည်...
ရေမွှေးအား မှန်ကူ(မျက်ခုံးနှစ်ခုကြားအားသုတ်လိမ်းခြင်း)၊သို့မဟုတ် ဆွတ်ဖြန်းသွားက လူချစ်လူခင်များခြင်း၊မျက်နှာပွင့်လန်းခြင်း၊ပြောဆိုသမျှအောင်မြင်ခြင်း၊မျက်နှာမြင်ချစ်ခင်ကြခြင်း၊
ဈေးဆိုင်များအနေနှင့် မနက်စောစောဆိုင်ဖွင့်စ၌ မိမိရသောဂါထာများ၊ပရိတ်များရွတ်ကာ ရေမွှေးအား ဈေးရောင်းမည့်ပစ္စည်းများအား ပက်ဖြန်းပါလေ။ ရောင်းမထွက်ပဲကြံ့ကြာနေသော ပစ္စည်းများပင်လျှင်ရောင်းထွက်စေ၏။
အိမ်၊ခြံ၊မြေ အမြန်ရောင်းထွက်စေရန် အင်းအစီအရင်နှင့်၎င်းရေမွှေးတွဲဖက်၍သုံးက တစ်ပတ်အတွင်း မည်သည့် အိမ်၊ခြံ၊မြေ မဆိုရောင်းထွက်စေ၏။
သမီးရည်းစား၊လင်မယားကိစ္စများ- မိမိချစ်သူ၊အိမ်ထောင်ဘက်ကအရင်လိုမချစ်တော့တာမျိုး၊အချစ်ပေါ့နေတာမျိုးဆိုရင်လည်းသုံးနိုင်၏။
မိမိချစ်သူနှင့်တွေ့စဉ်ဆွတ်သွားက ယခင်ထက်ပို၍ဂရုစိုက်ကြင်နာမှုခံရခြင်း.....အချစ် ပိုမိုတိုးပွား၍ အချစ်ရေး၊အိမ်ထောင်ရေး ခိုင်မြဲစေ၏။
တရားတဘောင်ကိစ္စ၊အရောင်းအဝယ်ကိစ္စများ၌ ၄င်းရေမွှေးကိုပါးစပ်နား၌သုတ်လိမ်း၍သွားပါ၊ မိမိပြောသမျှ အောင်မြင်စေ၏။
မိမိအိမ်၌ ပက်ဖြန်းပါက ကျက်သရေမင်္ဂလာနှင
့်ပြည့်စုံ၍စီးပွားဥစ္စာတိုးတက်ကာအိမ်တွင်းရေး၌သာယာစေ၏။
မိမိဉာဏ်ရှိသလို ၄င်းရေမွှေးအားအသုံးပြုနိုင်၏။ကျွန်ုပ်ဖော်ပြသမျှတို့မှာ
ပီယမှော်ရေမွှေးအစွမ်း၏
၁၀ပုံ ပုံ တစ်ပုံမျှသာလျှင်ဖြစ်၏။
ကျွန်ုပ်၏အဓိဋ္ဌာန်အတိုင်း တစ်လလျှင် ၄င်းပီယမှော်ရေမွှေးအား ၅ဦိး (အလွန်အရေးကြီးသူရှိက နောက်၂ဦး၊အားလုံးပေါင်း ၇ဦးသာ)စီရင်ပေးပါမည်။
ဆရာနေလင်းထွန်း
09-973532909
အကုန်အကျခံ၍စီရင်ရသည်။ထို့ကြောင့်
အစီအရင်အတွက် ပွဲဖိုး၊ပညာပူဇော်ရန် ထိုက်သလောက်ပူဇော်ရပါမည်။.....။
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Thursday, April 27, 2017
*ကျောက်ခဲ ရေပေါ် ယတြာ*
မိတ်ဆွေ များအတွက် ပြောထားတဲ့ စကားအတိုင်းကျွန်တော် ယတြာလေးတင်ပြပေးလိုက်ပါတယ်။
အလုပ်များဖြင့်ရှုပ်နေ၍ အခုမှ တင်ပြပေးလိုက်ရတာ ကို နားလည်ပေးစေချင်ပါတယ်။
~~~~~~~~~~~~
ကျွန်တော့် ရဲ့ မိတ်ဆွေ များ
အလုပ်မရှိခြင်းများ/အလုပ်ပြုတ်ခြင်းများ
အလုပ်ရှာမရခြင်းများ/ ပြောထားသော အလုပ်များ ရရှိစေလိုသူများ/ စီးပွားရေး သမားများအနေနဲ့ အလုပ်ထဲမှာ ငွေတွေ ဝင်နေပြီး ပြန်မပေါ်ဘဲ မြုပ်နေခြင်းများ
ငွေကြေးများချေးငှားထားခြင်းကြောင့် ပြန်လည်တောင်းယူလို့ ခက်ခဲနေပြီး
စိတ်ညစ်နေရသော မိတ်ဆွေများ အစရှိသည်ဖြင့် မြုပ်နေသော အကြောင်း ကိစ္စများအတွက် အောက်ပါ ကျောက်ခဲရေပေါ် ယတြာ နည်းလေးကို ပြု့လုပ်ပေးခြင်းဖြင့် အောင်မြင်တော်မူနိုင်ကြပါစေရန် ရည်ညွှန်း၍ ဖော်ပြပေးလိုက်ပါသည်။
ယတြာပြု့လုပ်ရန် လိုအပ်သော ပစ္စည်းများကတော့
၁။ လင်ဗန်း သေး တစ်ချပ်
၂။ ကျောက်စလစ်ခဲ သန့်သန့် ကြီးကြီးနဲ့လင်ဗန်းထဲထည့်လျှင်မလှုပ်ဘဲ ငြိမ်နေသော ကျောက်ခဲ ၁၀ လုံး
၃။ ရေသန့်သန့် အနည်းငယ်
၎။ ဖယောင်းတိုင် သေး ၁၀ တိုင်(၁၀၀) တိုင်
လိုအပ်ပါတယ်ဗျာ ****
ယတြာ ပြု့လုပ်ပုံ
လင်ဗန်းထဲကို ရေ တဝက်ခန့်ထည့်ပါ
ကျောက်ခဲ မမြုပ်ဘဲ တဝက်ပေါ်နေလောက်ပေါ့**
ပြီးလျှင် ကျောက်ခဲ ၁၀ လုံးကို ပုံပါ အတိုင်း လင်ဗန်းထဲ လိုက်ထည့်လိုက်ပါ
ပြီးလျှင် ထိုကျောက်ခဲများပေါ်တွင် ဖယောင်းတိုင် ကျောက်ခဲတစ်လုံးကို တစ်တိုင်ထွန်းပေးပါ စုစုပေါင်း ၁၀ တိုင်ပေါ့ ပြီးလျှင် မိမိအိမ်မှ ဘုရားကျောင်းဆောင်ပေါ်တွင် မိမိမွေးနေ့ ၉ :၄၅ မိနစ်တွင် စတင်တင်လှု၍ ဆုတောင်းပါ
ဖယောင်းတိုင်ကုန်အောင် စောင့်ကြည့်ပါ။
ပြီးလျှင် လင်ဗန်းအား ထိုအတိုင်း ထားပြီး နောက်နေ့ ၁၀ တိုင်ထပ်ထွန်းပြီး ဆုတောင်းပါ ထိုနည်းအတိုင်း ၁၀ ရက်တိတိပြု့လုပ်ပေးပါ မိတ်ဆွေ
မိတ်ဆွေ အလိုရှိရာ များမနှေးမကြာ ရရှိပါလိမ့်မယ်ဗျာ****
မှတ်ချက်"
ဖယောင်းတိုင်မီးပူဇော်လှုဒါန်းသော အခါ ဖယောင်းတိုင်မီးကုန်တဲ့ အထိ စောင့်ကြည့်ပေးပါ ****
ဤမျှသာ
ဖြိုးသီဟကျော်
အလုပ်များဖြင့်ရှုပ်နေ၍ အခုမှ တင်ပြပေးလိုက်ရတာ ကို နားလည်ပေးစေချင်ပါတယ်။
~~~~~~~~~~~~
ကျွန်တော့် ရဲ့ မိတ်ဆွေ များ
အလုပ်မရှိခြင်းများ/အလုပ်ပြုတ်ခြင်းများ
အလုပ်ရှာမရခြင်းများ/ ပြောထားသော အလုပ်များ ရရှိစေလိုသူများ/ စီးပွားရေး သမားများအနေနဲ့ အလုပ်ထဲမှာ ငွေတွေ ဝင်နေပြီး ပြန်မပေါ်ဘဲ မြုပ်နေခြင်းများ
ငွေကြေးများချေးငှားထားခြင်းကြောင့် ပြန်လည်တောင်းယူလို့ ခက်ခဲနေပြီး
စိတ်ညစ်နေရသော မိတ်ဆွေများ အစရှိသည်ဖြင့် မြုပ်နေသော အကြောင်း ကိစ္စများအတွက် အောက်ပါ ကျောက်ခဲရေပေါ် ယတြာ နည်းလေးကို ပြု့လုပ်ပေးခြင်းဖြင့် အောင်မြင်တော်မူနိုင်ကြပါစေရန် ရည်ညွှန်း၍ ဖော်ပြပေးလိုက်ပါသည်။
ယတြာပြု့လုပ်ရန် လိုအပ်သော ပစ္စည်းများကတော့
၁။ လင်ဗန်း သေး တစ်ချပ်
၂။ ကျောက်စလစ်ခဲ သန့်သန့် ကြီးကြီးနဲ့လင်ဗန်းထဲထည့်လျှင်မလှုပ်ဘဲ ငြိမ်နေသော ကျောက်ခဲ ၁၀ လုံး
၃။ ရေသန့်သန့် အနည်းငယ်
၎။ ဖယောင်းတိုင် သေး ၁၀ တိုင်(၁၀၀) တိုင်
လိုအပ်ပါတယ်ဗျာ ****
ယတြာ ပြု့လုပ်ပုံ
လင်ဗန်းထဲကို ရေ တဝက်ခန့်ထည့်ပါ
ကျောက်ခဲ မမြုပ်ဘဲ တဝက်ပေါ်နေလောက်ပေါ့**
ပြီးလျှင် ကျောက်ခဲ ၁၀ လုံးကို ပုံပါ အတိုင်း လင်ဗန်းထဲ လိုက်ထည့်လိုက်ပါ
ပြီးလျှင် ထိုကျောက်ခဲများပေါ်တွင် ဖယောင်းတိုင် ကျောက်ခဲတစ်လုံးကို တစ်တိုင်ထွန်းပေးပါ စုစုပေါင်း ၁၀ တိုင်ပေါ့ ပြီးလျှင် မိမိအိမ်မှ ဘုရားကျောင်းဆောင်ပေါ်တွင် မိမိမွေးနေ့ ၉ :၄၅ မိနစ်တွင် စတင်တင်လှု၍ ဆုတောင်းပါ
ဖယောင်းတိုင်ကုန်အောင် စောင့်ကြည့်ပါ။
ပြီးလျှင် လင်ဗန်းအား ထိုအတိုင်း ထားပြီး နောက်နေ့ ၁၀ တိုင်ထပ်ထွန်းပြီး ဆုတောင်းပါ ထိုနည်းအတိုင်း ၁၀ ရက်တိတိပြု့လုပ်ပေးပါ မိတ်ဆွေ
မိတ်ဆွေ အလိုရှိရာ များမနှေးမကြာ ရရှိပါလိမ့်မယ်ဗျာ****
မှတ်ချက်"
ဖယောင်းတိုင်မီးပူဇော်လှုဒါန်းသော အခါ ဖယောင်းတိုင်မီးကုန်တဲ့ အထိ စောင့်ကြည့်ပေးပါ ****
ဤမျှသာ
ဖြိုးသီဟကျော်
Wednesday, April 26, 2017
ယတြာအတိုအထွာများ
ယတြာအတိုအထွာများ
သင့်ကိုကြည့်မရသူများ ရန်သူများ မနာလိုသူ မုန်းနေသူများ ရှိနေပါက သင်၏မွေးနေ့နံနက်တွင်
မြတ်စွာဘုရားရှင်ကို မုန့်ဖက်ထုပ် ၃ ထုပ်၊၅ထုပ်၊၇ထုပ် စေတနာရှိသလောက်ကပ်လှူပြီး အမုန်းတွေဖယ်ထုတ်ပေးပါဟုဆုတောင်းပါ။
သင့်တွင်ဘေးအန္တရာယ်များ များပြားနေပါက
ဘယာကြော်ကို မကြာခဏကပ်လှူပါ မိတ်ဆွေများ စင်ယော်ဌက်များကိုကျွေး၍ ဘေးအန္တရာယ်ကင်းရှင်းစေလိုကြောင်းဆုတောင်းပါ။
ပညာရေးတွင်ထူးချွန်လိုပါက ကြာသပတေးနေ့တွင် ပေါက်ပန်းဖြူဟင်းချိုကို ဘုရားတွင်ကပ်လှူပါ။ပြီးနောက်ပညာရေးနှင့်ပတ်သက်တာဆုတောင်းပါ။(သင်၏ကြိုးစားအားထုတ်မှုလဲပါရမည်ဖြစ်သည်။)
ငွေရေးကြေးရေး အခက်အခဲများရှိပါက ခွေး၊ကြောင်၊ခို၊ငါး စသော တနင်္လာနှင့်စသော တိရိစ္ဆာန်လေးများကို အစာကျွေး၍ဆုတောင်းပါ။
ငွေပန်းကို ဘုရားတွင် ၂ ပွင့် မဟုတ်ရင်လဲ ၁၁ ပွင့်ကပ်လှူပါ။
လာဘ်ရွှင်စေလိုလျှင် ညတိုင်း ၆ နာရီခန့်တွင် မြတ်စွာဘုရားရှင်ကို ဆီမီးပူဇော်ပါ။
မီးခဲမောင်မောင်
(Myanmar Occult Page)
ဆရာဇော်ရဲနောင်နဲ့ တစ်ပတ်စာ ၇ရက်သားသမီး သူ့ဟောကိန်း 27-4-2017 to 3-5-2017
တနင်္ဂနွေသာသမီးများ
ဒီအချိန်မှာ အပျော်ပါး လျှော့ သင့်တဲ့ အချိန်တခုပါ အပျော်ပါးကြောင့် အောင်မြင် တိုးတက်မူ အခက်ခဲဖြင့် စေတတ်ပါတယ် လူမူရေးကိစ္စ အရူပ်ရှင်းဖြင့်ပေါ်တတ်ပြီး ကျမ်းမာရေးမှာ စိတ်ပိုင်းဆိုင်ရာအားနည်းမူများတွေရတတ်ပြီး စိတ်လေ နေတတ်ပါတယ် ပညာရေးဟာ ထင်သလောက် ခရီးမရောက်ပဲဖြင့်နေတတ်ပါမယ် အောင်မြင်မူတော့ ရပါမယ် အချစ်ရေးမှာအပြိုင် ကိစ္စများပေါ်ဖေါက်လာတတ်ပြီး တိတ်တိတ်ပုန်း အရူပ်တွေ ပေါ်လာတော့မဲ့အချိန်ပါပဲ အိမ်ထောင်ရေးမှာ ဆွေမျိုးများကြောင့် စိတ် မသာယာဖြင့်တတ်ပြီး ငွေကြေးအားဖြင့် ထိုက်သင့် သလောက်ကံကောင်းနေမှာပါ ငွေအဝင်များလာရင်တော့ အိမ်ထောင် ကိစ္စသတိထားပါ ဆူပူတတ်ပါတယ် အလုပ်ကိုင်အဆက်သွယ်အသစ်များ ရလာတတ်ပြီး အလုပ်ကိုင်များ ပြန်လည် ကောင်းမွန်လာမဲ့အချိန်လဲဖြင့်ပါတယ် သင့် အလုပ်မှာ အာရုံစိုက်ဖို့သာ မမေ့ပါနဲ့ ဝန်ထမ်းလခစားများဟာ ဒီအချိန်မှာ ကြားကဖြတ်စား လက်စားများကြောင့် စိတ်ညစ်ရပါမယ်
ယတြာ -ဇီးသီး ၃လုံး ၃ပန်းကန် အိမ်ဘုရား စေတီ တခုခု မှာလှူပါ
တနလာၤသားသမီးမ်ား
မိမိအပေါ်မိမိ ယုံကြည်မူ အပြည့်အဝနဲ့ လုပ်ဆောင်ပါ အောင်မြင်မူများရပါမည် လူတဦး ထိန်းချုပ်မူကြောင့် စိတ်ကျဉ်းကျပ်မူ တွေ့နေရတတ်ပါတယ် ကျမ်းမာရေးမှာ အားနည်းမူတခု ပေါ့ဆမူတခု ကြောင့် ဆေးခန်းရောက်ရတတ်ပါတယ် ပညာရေးဟာ ကောင်းမွန်မူ ပြည့်စုံမူရှိနေပြီး ကြိုးစားမူများ အရာထင်ပါမည် အချစ်ရေးမှာ နာမည်ကြီး ထမင်းငတ်ကြုံပါ ဟုတ်မလိုလို နဲ့အဆုံးသတ် မလှပဲ အထီးကျန်နေရတတ်ပါတယ် အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက် အမျိုးသား အလုပ်အကိုင်အခွင့်လမ်း အသစ်များတွေ့ ရပြီး အလုပ်ဟောင်းထက် အသစ်က ပို မို အဆင်ပြေပါမယ် ဝန်းထမ်းလခစားများ မကြာမီ လစာတိုး ရာထူးတိုးနေရာအပြောင်းလဲရှိပါတယ်
ယတြာ-ဘုရားဆင်းတုတော် ထီးတော်မိုးပေးပါ လှူပေးပါ
အင်္ဂါသားသမီးများ
ဆုံးရူံးမူများဆက်တိုက်ဆိုသလိုတွေ့ ကြုံနေရမဲ့ အချိန်တခုပါ မောပန်းပင်ပန်းမူ စိတ်ညစ်မူများ တွေ့နေရပါမယ် မျော်လင့်ချက်များပျောက်ဆုံးနေတတ်ပါတယ် ကျမ်းမာရေး ကတော့ သင်ဟာဒီအချိန်မှာ မျက်စိ ထခိုက် နာကျင်မှု အာရုံကျော အားနည်းမူများ တွေ့ နေရတတ်ပါမယ် ပညာရေးဟာ ဝမ်းနည်းမူများ စိတ်မချမ်းသာစရာများတွေ့ရတတ်ပါတယ် အချစ်ရေးမှာ မျက်ကန်း အချစ်ပါပဲမကောင်းမှန်းသိသိနဲ့ ချစ်နေကြလို့ လူမော စိတ်မောနေရတတ်ပြီး အနားရှိ မိမိအပေါ်ကောင်းသူကိုပင် မမြင်ပဲ အသည်းကွဲသူကိုပဲ လွမ်းသသ ဖြစ်နေမဲ့အချိန်ပါ အိမ်ထောင်ရေးမှာ ငွေကုန် ကြေးကျ အရမ်းများနေတတ်ပါတယ် ရွှေထွက်ကိန်း ရှိပါတယ် အလုပ်ကိုင်မှာ စိတ်ထင်တိုင်း လုပ်မူတွေကြောင့် နောင်တရ စေမဲ့ အချိန်လဲဖြစ်ပါတယ် ဝန်ထမ်းလခစားများ မျော်လင့်သလို လစာ ရာထူး ကြာနေ မရပါသောကြောင့် စိတ်မောပန်းနေရမဲ့အချိန်တခု ပါပဲ
ယတြာ- သူတောင်းစားနိမ့်ကျသူကိုငွေကြေးလှူဒါန်းပေးပါ
ဗုဒ္ဓဟူးသားသမီးများ
အကူညီအထောက်ပံကောင်းများရတတ်ပြီ ငွေရွင်စေမဲ့ အခွင့်အလမ်း အလုပ်အကိုင်တွေ့  ရတတ်ပါတယ် မိန်းမ ကိစ္စ ပြာများရတတ်ပါတယ် ကျမ်းမာရေးမှာ သူတပါး ကျမ်းမာရေးအခက်ခဲ ကူညီပေးရတတ်ပါတယ် ပညာရေးမှာ သူတပါးအကူညီဖြင့် ပညာ အသစ်အဆန်းများ သင်ကြားခွင့်ရတတ်ပါတယ် အချစ်ရေးမှာ မပြေလည်မူများ ကြန်လည် အဆင်ပြေမူ ရလာတတ်ပြီး သာယာမူရရှိ တတ်ပါမယ် အိမ်ထောင်ရေးကိစ္စများတွင် အိမ်ထောင်သည်အမျိုးသမီး ငွေကြေးအကုန်များပြီး ငွေကြေး အရူပ်ရှင်းပေါ်တတ်ပါတယ် အလုပ်အကိုင်များမှာ ပျော်ရွင်မူများတွေ့ ရပြီး ငွေဝင်ကိန်းတွေ့ရတတ်ပါမယ် ဝန်ထမ်းလခစာစားများ ဟာ မိတ်ဆွေအသစ် လုပ်ဖေါ်ကိုင်ဘက်အသစ်များ ရရှိတတ်ပြီး ရေရှည်မိတ်ဆွေကောင်းများဖြစ်သွားတတ်ပါတယ်
ယတြာ -အကျီ င်္ အဟောင်း အပေါက်ပြဲများစွန့်ပေးပါ
ကြာသပတေးသားသမီးများ
ဘာသာတရားအားနည်းနေပါက ဘာသာတရား သေချာပြန်လုပ်ပါ အဆင်ပြေမူများ ပြန်ရလာပါမယ် တကိုယ်ထီး နေလိုစိတ်များဖြင့်ပေါ်နေပြီး လူများနဲ့ ဆက်ဆံရမဲ့နေရာများတွင် သွားလာလုပ်ကိုင်လိုစိတ်အားနည်းနေတတ်ပါတယ် ကျမ်းမာရေးမှာ လက်ယားနာ ထိခိုက် နာကျင်မူတွေ့ ရပြီး ပညာရေး အထူးကောင်းမွန် နေပြီး ဆရာကောင်းပညာကောင်းဆည်ဖူးခွင့်ရပါမည် အချစ်ရေးကိစ္စများတွင် ထိန်းချုပ်မူ များကြောင့် အနည်းငယ် စိတ်ရူပ်မူ ပေါ်တတ်ပါတယ် အိမ်ထောင်ရေးမှာ အလှူဒါန်းလုပ်ရကိန်း ဘုန်းကြီးတဦးဦး ဘုရားပုံတော် အိမ်သို့ ရောက်လာတတ်ပါတယ် ရောက်က ထီထိုးပါ အလုပ်ကိုင်များ လုပ်ကိုင်ပါက မိမိထက်သိတတ်နားလည်သူများထံ လေ့လာ ဆည်းဖူးသင်ယူမှတ်သား လုပ်ကိုင်ပါက အကောင်းဆုံးအချိန်ပါ ဝန်ထမ်းလခစားများ အထက်လူကြီး အပြောင်းလဲရှိတတ်ပါတယ်
ယတြာ -ဘဲသားမုန့် ဘုရားလှူပေးပါ
သောကြာသားသမီးများ-
အရာရာ ကံကြမ္မာက သင့်ဘက်မှာပါ သင်တည်ဆောက်စတင်ဖို့သာလိုပါမယ် ခက်ခဲမူ တချို့တော့ မလွဲမတွေ တွ့ ရမှာပါပဲ ဒီအချိန်ဟာ လူချမ်းသာခြင်းထက် စိတ်ချမ်းသာမူပိုရနိုင်ပါတယ် ကျမ်းမာရေးမှာ အကျော အားနည်းတတ်ပြီး လူပင်ပန်းမှာတွေ့ ရတတ်ပါတယ် ပညာရေးဟာ ပြည့်စုံသော အချိန်နေတခု ပဲ သင်လိုချင်တာကို သင်ယူမှတ်သားပါ လမ်းဆုံးထိလျှောက်လှမ်းဖို့ လိုအပ်ပါတယ်
အချစ်ရေးမှာကံတတ်စန်းပွင့် နေပြီး အချစ်ရေးမပြေလည်သူများပင် ပြန် အဆင်ပြေလာနိုင်ပါသည် အိမ်ထောင်ရေးမှာ သားသမီးရတနာရတတ်ပြီး အိမ်ခြံမြေ ရောင်းခြင်း ဝယ်ခြင်းများ အောင်မြင်ပါမယ် လုပ်ကိုင် အသစ်များအဟောင်းများ သေချာလုပ်ဆောင်ပါအောင်မြင်မူ ကောင်းများရရှိနိုင်ပါသည် ဝန်ထမ်းလခစားများ ရပ်ဝေခရီး အလုပ်ကိစ္စ သွားရတတ်ပါသည်
ယတြာ -စာခလေးအိမ်လှူ ပေးပါ စာခလေးလွတ်ပေးပါ
စနေသားသမီးများ
အဆိုးအကောင်း ရူပ်ထွေးနေတတ်ပြီး အာရုံများ ခေါင်းစားနေမဲ့အချိန်တခုပါ သူများ ကိစ္စမကြာ ခဏ ဆိုသလို ကူညီပေးရခြင်း ကြားဝင်ပါပေးရတတ်ပါတယ် သိပ်မကူညီပါနဲ့စေတနာက ဝေဒနာ ဖြစ်တတ်ပါတယ် ကျမ်းမာရေးမှာတော့ ရေချိုးမှားပြီ အေးမိနှာစီး ဖြစ် တတ်ပြီး တခြားအကြီးအမား ဖြင့်ကိန်းမရှိပါ ဖြစ်နေသူပင်ပြန်သက်သာလာနိုင်ပါတယ် ပညာရေးဟာ ရွေးချယ်စရာများကြောင့် ရူပ်ထွေးနေတတ်ပါတယ် အေးဆေး အချိန်ယူ စဉ်းစားပါ အဖြေ ကောင်းထွက် လာပါမည် ချစ်ရေးမှာ ချစ်သူ ဆီက လက်ဆောင် ရတတ်ခြင်း ဝမ်းစရာ စိတ်ချမ်းသာစရာ တခုခု သတင်းကောင်းရတတ်ပါတယ် အိမ်ထောင်ရေးမှာ ဟိုလို ဒီလိုလိုနဲ့ ဘာမှ မဟုတ်ပဲ အချိန်ကုန်နေတတ်ပြီး သူများပြောစရာဖြင့်တတ်ပါတယ် အလုပ်အကိုင်မှာ လုပ်ငန်း စပ်တူ ရှယ် များ အားကောင်းနေပြီး နယ်ခြား ပြည်ခြား နိုင်ငံခြား အကျိုးပေးပါမည် ဝန်ထမ်းလခစားများ လမဲ့ ၆ လပိုင်း ၇လပိုင်း သတင်းကောင်းတခု သေချာပေါက် ကြားရတတ်ပါတယ်
ယတြာ - ရေနွေးကြမ်း ၉ခွက် ဘုရားလှူပေးပါ
ဆရာဇော်ရဲနောင်
Monday, April 24, 2017
မျက်နှာလွဲ ခဲပစ်
လူတဦးတယောက်ကို ခဏတာ မတွေ့ချင် မဆုံချင်ရင်
ကျောက်ခဲတစ်လုံးမှာ မတွေ့ချင်သောသူ၏နာမည်ရေးပြီး ခဲကို နောက်ပြန် ပစ်လိုက်ပါ......
ဗေဒင်ပညာနှင့်ယတြာသင်တန်း ဗေဒင်ပညာနှင့်ယတြာသင်တန်း သင်ကြားပေးမည့်သူ-မီးခဲမောင်မောင်(MOP) သင်တန်းကာလ-၁လ ပိတ်ရက်-လပြည့်၊လကွယ်၊ဥပုသ်နေ့များတွင်ပိတ်သည်။ သင်တန်းကြေး-15000(ph bill လက်မခံပါ) သင်တန်းအချိန်-အဆင်ပြေမည့်အချိန်ညှိယူနိုင်သည်။ သင်ကြားပေးမည့်ပညာရပ်များ ဗေဒင်ပညာရပ်တွင် မြန်မာ့ရိုးရာဗေဒင်ပညာ ယခုနှစ်မိုးကောင်း မကောင်းတွက်နည်း နာမည်ဗေဒင် ပန်းဗေဒင် ချစ်သူရည်းစားပေါင်းရမပေါင်းရတွက်နည်း စတာတွေပဲဖြစ်ပါတယ် ယတြာပညာရပ်တွင် ကံပွင့်ကံမြှင့်ယတြာများ လာဘ်လာဘယတြာများ အချစ်ရေးနှင့်ပတ်သက်သောယတြာများ အဆောင်များ(ပြုလုပ်ပုံ ပြုလုပ်နည်းများ) နာမည်နှင့်ယတြာချေနည်း လူသိနည်း အစွမ်းထွက်သောဂါထာများ အရောင်းအဝယ်ကောင်းစေသောယတြာ အိမ်၊ကား စသည်တို့ကိုရောင်းဝယ်ထွက်စေနိုင်သောယတြာများနှင့် အထွေထွေယတြာများစသည်တို့ကိုသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကိုတက်ရောက်လိုသူများသည် ဧရာဝတီ Bank acc number 0190223010000549 သို့ငွေလွှဲပေးရမှာဖြစ်ပါတယ်။ ဒီနေ့ငွေလွှဲပြီးလျှင် ဒီနေ့စတင်သင်ကြားပေးမည်။မနက်ဖြန်ငွေလွှဲပြီးလျှင် မနက်ဖြန်စတင်သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိလိုလျှင် 09975434325,09798168379 Viber-09798168379 ထူးဆန်းထွေလာလောကီပညာ Page သို့ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။ မီးခဲမောင်မောင် (Myanmar Occult Page)
ဗေဒင်ပညာနှင့်ယတြာသင်တန်း
သင်ကြားပေးမည့်သူ-မီးခဲမောင်မောင်(MOP)
သင်တန်းကာလ-၁လ
ပိတ်ရက်-လပြည့်၊လကွယ်၊ဥပုသ်နေ့များတွင်ပိတ်သည်။
သင်တန်းကြေး-15000(ph bill လက်မခံပါ)
သင်တန်းအချိန်-အဆင်ပြေမည့်အချိန်ညှိယူနိုင်သည်။
သင်ကြားပေးမည့်ပညာရပ်များ
ဗေဒင်ပညာရပ်တွင်
မြန်မာ့ရိုးရာဗေဒင်ပညာ
ယခုနှစ်မိုးကောင်း မကောင်းတွက်နည်း
နာမည်ဗေဒင်
ပန်းဗေဒင်
ချစ်သူရည်းစားပေါင်းရမပေါင်းရတွက်နည်း
စတာတွေပဲဖြစ်ပါတယ်
ယတြာပညာရပ်တွင်
ကံပွင့်ကံမြှင့်ယတြာများ
လာဘ်လာဘယတြာများ
အချစ်ရေးနှင့်ပတ်သက်သောယတြာများ
အဆောင်များ(ပြုလုပ်ပုံ ပြုလုပ်နည်းများ)
နာမည်နှင့်ယတြာချေနည်း
လူသိနည်း အစွမ်းထွက်သောဂါထာများ
အရောင်းအဝယ်ကောင်းစေသောယတြာ
အိမ်၊ကား စသည်တို့ကိုရောင်းဝယ်ထွက်စေနိုင်သောယတြာများနှင့်
အထွေထွေယတြာများစသည်တို့ကိုသင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကိုတက်ရောက်လိုသူများသည်
ဧရာဝတီ
Bank acc number
0190223010000549
သို့ငွေလွှဲပေးရမှာဖြစ်ပါတယ်။
ဒီနေ့ငွေလွှဲပြီးလျှင် ဒီနေ့စတင်သင်ကြားပေးမည်။မနက်ဖြန်ငွေလွှဲပြီးလျှင် မနက်ဖြန်စတင်သင်ကြားပေးမည် ဖြစ်သည်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိလိုလျှင်
09975434325,09798168379
Viber-09798168379
ထူးဆန်းထွေလာလောကီပညာ Page သို့ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။
မီးခဲမောင်မောင်
(Myanmar Occult Page)
ရုပ်ပျိုသက်ရှည် ကျန်းမာဆေးနည်း
ဆင်တုံးမနွယ် ၅ကျပ်
ငုနှစ် ၅ကျပ်
သမုန်းဥ ၅ကျပ်
ရှားစောင်းလက်ပပ် ၂၅ကျပ်
ပျားရည် ၅၀ကျပ်
ရှားစောင်းလက်ပပ်ကို ရိတ်ပြီး ပါးပါးလေးလှီးပါ... ဆင်တုန်းမနွယ်၊ငုနှစ်၊သမုန်းဥတို့ကို အမှုန့်ပြုပါ (ပရဆေးဆိုင်မှာ အမှုန့် အလွယ်တကူ ဝယ်၍ရ)
၎င်းတို့ကို ရောစပ်ပြီး ရေနွေးငွေ့နဲ့ချက်ရပါမယ်....
ချက်နည်း...
ဆေးချက်မဲ့ဇလုံနဲ့ကိုက်ညီတဲ့ ဒန်အိုးတစ်လုံး ရှာရပါမယ်... ဒန်အိုးအဝကို ဇလုံပိတ်လိုက်တဲ့အခါ ဇလုံဖင်ဟာ ဒန်အိုးထဲမှာ ရှိစေပြီး ဒန်အိုးနှုတ်ခမ်းနဲ့ ဇလုံနှုတ်ခမ်းများ အဖုံးပိတ်နေသလိုမျိုးဖြစ်ရပါ့မယ်....
ဒန်အိုးမှာ ရေတစ်ဝက်ထည့်...၄င်းအပေါ် ကြွေဇလုံတင်ပြီး ဒန်အိုးအောက်မှာ မီးထည့်ချက်ပါ... ရေနွေးငွေ့နဲ့ချက်နည်းလို့ခေါ်ပါတယ်...
အထက်ပါနည်းအတိုင်း ဆေးချက်ပြီးရင် အအေးခံပြီး ပျားရည်နဲ့ သမအောင် ရောစပ်ပြီး မွှေရပါမယ်။
ဆေးကိုလေလုံပုလင်းနဲ့ထည့်ထားပြီး ညစဉ် အိပ်ရာဝင်တိုင်း တစ်နေ့တစ်ကြိမ် လက်ဘက်စားဇွန်းနဲ့စားပြီး ရေအေးအေးသောက်ပါ။
ဆေးရဲ့အာနိသင်တွေကတော့
ဆီးဝမ်းသွေးလေမှန်ခြင်း၊သွေးသားကြည်လင်သန့်ရှင်းစေခြင်း၊မျက်စိကြည်လင်ခြင်း၊စားဝင်အိပ်ပျော်ကာ အသားအရည်စိုပြေပြီး နုပျိုအသက်ရှည်စေတဲ့.....ဖော်ရတာ လွယ်ကူပြီး အကုန်အကျသက်သာသလောက် အစွမ်းထက်မြက်လှတဲ့ မြန်မာ့ရိုးရာတိုင်းရင်းဆေးတစ်လက်ကို
အများပြည်သူတို့အကျိုးအတွက် စေတနာရှေ့ထားပြီး ဖော်ပြပေးလိုက်ပါတယ်......
နေလင်းထွန်း
အာယုဝဏ္ဏောသုခံဗလံ
Sunday, April 23, 2017
ကြောငြာမဟုတ်ပါ.......
ရက်ပိုင်း လပိုင်း အတွင်း ငွေဝင်လာဘ်ရွှင်စေဖို့....
ဈေးဆိုင်တွေ လူစည်ကားရောင်းအားကောင်းလာဖို့...
ဉာဏ်ရည်ထက်မြက်ထူးချွန်ပြီး စာမေးပွဲများ လွယ်ကူစွာအောင်မြင်စေဖို့....
အင်တာဗျူးကိစ္စ၊အလုပ်လျှောက်ကိစ္စများ အဆင်ပြေချောမွေ့ အောင်မြင်စေဖို့ ...
ရာထူးတိုး၊အပြောင်းအရွှေ့များ အဆင်ပြေဖို့...
ရောင်းချင်သော အိမ်၊ခြံ၊မြေ၊ဝိုင်း၊ကား၊တိုက်၊ကျောက်မျက်ရတနာ၊...စသည် လျှင်မြန်စွာရောင်းထွက်ဖို့.....
နိုင်ငံခြားအမြန်သွားရဖို့နဲ့ နိုင်ငံခြားမှာ အဆင်ပြေဖို့.....
သင်္ဘောတက်ချင်သူတွေ အမြန်တက်ရပြီး အန္တရာယ်ကင်း ဘေးရန်ရှင်းစေဖို့.....
အချစ်ရေး၊အိမ်ထောင်ရေး အကွဲအကွာ ကိစ္စတွေ ပြန်လည် ပေါင်းသင်းနိုင်ပြီး ချစ်ချစ်ခင်ခင် ပြန်နေနိုင်ဖို့.....
အနုပညာလုပ်ငန်း..လူအများနဲ့ ထိတွေ့ ဆက်ဆံနေရသူများ အောင်မြင် အဆင်ပြေဖို့.... မိမိပြောစကား အောင်မြင်စေဖို့...မိမိကို လူအများက ချစ်ခင်လေးစား ယုံကြည်စေဖို့.....
ကုမ္ပဏီ...စသည် လုပ်ငန်းများ အောင်မြင် အဆင်ပြေစေဖို့.....
လိုရာသုံး ဣစ္ဆာသယ ရတနာဒီပံတော်များ၊ဂုဏ်တော်ဒီပံများ၊ရှင်သီဝလိ လာဘ်ရွှင်ဒီပံတော်များ...
ပီယဆေးတော်၊ပီယမှော်ရေမွှေး၊ပီယအဆောင်လက်ဖွဲ့များ...
အကျွန်ုပ် ဆရာ နေလင်းထွန်း မှ အဓိဋ္ဌာန်ဝင်၍ အထူး စီရင်ပေးပါသည်။
မှတ်ချက်။ ။ ကြော်ငြာခြင်းမဟုတ်ပါ၊အစီအရင်များ လုပ်စားခြင်း၊ရောင်းစားခြင်းမဟုတ်ပါ။
အများအတွက် စေတနာ၊မေတ္တာ အရင်းခံကာ စီရင်ပေးခြင်းသာ ဖြစ်သည်။
အစီအရင်များကို အကုန်အကျခံကာ ပွဲထိုးခြင်း၊အစီအရင်အတွက်လိုအပ်သော ပစ္စည်းများဝယ်ယူရခြင်း စသည်.....ကုန်ကျမှုရှိပါသဖြင့်
ထိုက်သင့်သော ပညာဉာဏ်ပူဇော်ခ ပူဇော်ရပါမည်။ ကမ္ဘောဇဘဏ်မှ ပူဇော်ငွေများ လွှဲပေးနိုင်သည်။
အစီအရင်များကို ကားဂိတ် သို့မဟုတ် စာတိုက်မှနေပြီး
တစ်နိုင်ငံလုံးသို့ အရောက် ပို့ပေးပါမည်။
ဒီပံတော်များအသုံးပြုနည်းမှာ
မိမိထံ ဒီပံတော်များရောက်လျှင် မိမိရသော ဂုဏ်တော်၊ဂါထာများဖြင့် ရွတ်ဖတ်၍ သိဒ္ဓိတင်ပါ။
ပြီးလျှင် မိမိမွေးနေ့နံနက် (၉းဝဝ)မှ (၁၀း၃၀)အတွင်း သို့မဟုတ်
စီးပွားရေးအတွက်ဆိုလျှင် လာဘံအခါ၊အရာရာအောင်မြင်မှုများအတွက်ဆိုလျှင် ဇေယျံ အခါ၊ချမ်းသာလိုသောကိစ္စများဆိုလျှင် သုခံအခါ၊ အချစ်ရေး အိမ်ထောင်ရေး ကိစ္စများအတွက်ဆိုလျှင် ပီယံအခါ၌ ထွမ်းရသည်။အချိန်အခါများကို အစီအရင်ယူလျှင် ပြောပြပေးမည်။
ဆရာ နေလင်းထွန်း
09973532909
(ဣစ္ဆာသယ လောကီပညာ)
Tuesday, April 18, 2017
ကိုးသင်္ချိုင်းဓားအကြောင်း
ကိုးင်္သချိုင်းဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှ သံများကိုစုပေါင်း၍ သံရည်ကျိုပြီးသွန်းလုပ်ရသည်။သံရည်ကျိုပြီးသောအခါ စနေသားပန်းပဲဆရာမှက ဓားပုံလောင်းရသည်။(အများအားဖြင့် စနေနေ့တွင်ဓားကိုပုံလောင်းကျသည်။)
ဓားကိုပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သင်္ချိုင်း၌ဆေးရသည်။
ဓားမဆေးမှီ ၇ ရက်တိုင်တိုင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကိုပင့်ဖိတ်ပြီး သက်ဆိုင်ရာဂါထာမန္တာန်တို့ကို ၇ ရက်တိတိရွတ်ဖတ်ရသည်။
ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေသွေးဖြင့်သာဆေးရသည်။
အကယ်၍ အစိမ်းသေမှရသောသွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ၊နွားသွေးများရောနှောကာဆေးရသည်။
ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ ၇ ရက်ပြည့်အောင်ထားရသည်။
ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မ၀ါဖတ်နေချိန်၌ ဘုန်းတော်ကြီးများမသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မ၀ါဖတ်သံကြားရသောနေရာ၌ထားရသည်။
ပြီးလျှင် မြို့တော်ရှင်ဟုလူအသိများသော ကိုးမြို့ရှင်နတ်ကွန်းတွင် ဓားကို ၉ ရက်တိတိထားရသည်။
ဓားပြီးသောအခါ ဓားအိမ်ကို တလားပျဉ်(ခေါင်းပျဉ်)နှင့်ပြုလုပ်ရသည်။
ဓားအရိုးကိုလူသေထိုးသော တစူးဝါးဖြင့်ပြုလုပ်ရသည်။ဓားကိုသပ်ပင်းသည့်အခါ အစိမ်းသေဆံပင်ကိုးချောင်းဖြင့် ဒမင်းကို သပ်ပင်းရစ်ပတ်ပြီးမှ သပ်ပင်းရသည်။
ဓားတစ်ချောင်းလုံးပြီးစီးသောအခါ သက်ဆိုင်ရာဂါထာဖြင့် ၉ ရက်မန်းမှုတ်ပူဇော်ရသည်။ပြီးပါက ဓားကိုအသုံးပြူနိုင်မည်ဖြစ်သည်။
ဓားကိုသွေးဖြင့်ဆေးထားသောကြောင့် ဓားအရောင်မှာ သွေးအရောင်ကဲ့သို့ ညိုမှိုင်းမှိုင်းဖြစ်နေသည်။အကြောင်းမရှိပဲဓားကို ဓားအိမ်မှထုတ်၍မရပေ။
ထုတ်ပြီးလူသွေးမစွန်းပဲ ဓားအိမ်အတွင်းသို့ပြန်ထည့်၍မရပေ။အခြားသူကိုမခုတ်ခြင်လျှင် မိမိလက်မောင်းကိုဖောက်ပြီးသွေးစွန်းမှပြန်ထည့်၍ရသည်။
ဓားအစွမ်းမှာကာယသိဒ္ဓိပြီသူကိုခုတ်လျှင်ပြတ်။စုန်း၊ကဝေတို့၏ စက်ကြိုးများကို ဓားနှင့်ဖြတ်နိုင်သည်။ဥာဏ်ရှိလျှင်ရှိသလိုသုံးနိုင်၏။
ကိုးသင်္ချိုင်းဓားမှာ ပရလောကသားများနှင့် ပတ်သက်နေသောဓားဖြစ်၏။ ထို့ကြောင့်သုံးစွဲသူများအတွက်လဲအန္တရာယ်များသည်။အိမ်ပေါ်မှာမထားပဲ အိမ်အောက်တွင်လျှို့ဝှက်စွာထားရသည်။မကြာခဏသွေးလောင်းရသည်။
မေ့လျော့နေလျှင် မကောင်းဆိုးဝါးများရောက်လာပြီး ခြောက်လှန့်သတိပေးခြင်း သုံးစွဲသူများအတွက် အန္တရာယ်ကျရောက်ခြင်းများဖြစ်နိုင်လေသည်။
#ဤသည်မှာကျွန်ုပ်သိသော ကိုးသင်္ချိုင်းဓားအကြောင်းပင်ဖြစ်လေသည်။လိုအပ်သည်များကိုဖြည့်စွက်ပေးကြပါခင်ဗျာ။
မီးခဲမောင်မောင်
(Myanmar Occult Page)
Monday, April 17, 2017
ရက် (၃၀) ကျင့်စဉ်
ဤ ကျင့်နည်းသည် မိမိမွေးနေ့ နံနက် အိပ်ရာထ ချိန်မှ
စတင်ကျင့်ရပါမည် ။
ရက် (၃၀) တိုင်ပြည့်သည်အထိ ရက်ပျက် ရက်ခြားမရှိ
ကျင့်ရပါမည် ။
ပျက်ကွက်ပါက အစက ပြန်၍ ကျင့်ရပါမည် ။
မိမိ မွေးနေ့ နံနက် စောစော တွင်ငွေဖလားနှင့်ဖြစ်စေ
ကြေးဖလား နှင့်ဖြစ်စေ ရေ သန့်သန့်ထည့်ပြီး နေထွက်
ရာအရှေ့ဘက်သို့ မျက်နှာမူ၍ ထိုရေတော်ဖလားကို
လက်နှစ်ဘက်ဖြင့် ဦးခေါင်းထက်တိုင်အောင် ပင့်မြှောက်
ပြီး နှုတ်မှ ...
" ဗုဒ္ဓံ သက်တော်ထင်ရှား မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးအား ဤသန့်ရှင်းစင်ကြယ်သော မျက်နှာသစ်တော်ရေ အာလုတ်ကျင်းတော်ရေ ကို ဆက်ကပ်ပါ
၏ ဘုရား " ဟု့ စိတ်ထဲမှ လေး နက်စွာ ပြောဆိုပြီး
ဆက်ကက်ပါ။ ပြီးလျှင် ....
ဣတိ တဿ နမော
နမော တဿ ဣတိ
ဟု့ အာရုံဆန္ဒရှိသမျှရွတ်ဆိုပါ ။
ညအိပ်ရာဝင်လျှင်လည်း အိပ်ခါနီး မိမိခေါင်းအုံးကို ထိုဂါ
ထာဖြင့် (၃၇) ခေါက် ရွတ်ဖတ် မန်းမှုတ်ပါ ။
အစားစာ တခု့ခု့စားတိုင်း (၇) ခေါက်ရွတ်ပါ ။
မိမိ ထံသို့ ဆိုက်ရောက်လာတက်သော အကုသိုလ်၏
အကျိုးပေးမှု့များ ကို ကာကွယ်တားဆီးပြီး ကုသိုလ်
၏ အကျိုးပေးမှု့ကို ခံစားစေသလို ကုသိုလ်တရားတို့
တိုးပွားစေ သော အကြောင်းလည်းဖြစ်ပါသည် ။
လွယ်ကူသောနည်း ဟု့ ထင်ရသော်လည်း သတိချို့
ယွင်း၍ မေ့တက်သောကြောင့် သတိ ကို အထူးစောင့်
ရှောက်၍ အောင်မြင်အောင် ကျင့်ဆောင်ကြပါရန်
တင်ပြအပ်ပါသည် ။
📝📝📝📝
ရာဟုသက်ရောက်သူများအတွက် ယတြာအထူး
ရာဟုသက်ရောက်သို့ကျရောက်သော ရှစ်နေ့သားသ
မီးများအတွက် ယတြာတစ်ခုတင်ပေးလိုက်ပါတယ်။
ရာဟုသက်ရောက်သောသူများ နီးရာဘုရားတစ်ခုခု
တွင်သွား၍ ယပ်အဖြူ ၁၂ ချောင်းဝယ်ပါ ။ ၎င်းယပ်
အဖြူ ၁၂ ချောင်းလုံးတွင် နာမည်ရေး ဤနေ့မှစ၍
တစ်နှစ်တာကာလပတ်လုံး အေးချမ်းတည်ငြိမ်စွာနေ
ထိုင်နိုင်ပါစေ လို့ရေးပါ ။ ဘာကြောင့်လဲဆိုတော့ ရာ
ဟုဓာတ်သဘောမှာ လေဓာတ်ဖြစ်သောကြောင့်ပါ ။
ပြီးလျှင်ရာဟုဂြိုဟ်တိုင်ဘုရားတွင် တရော်ကင်းပွန်း
သုံးထုပ်ဖောက်ပြီး ရွှေဆိုင်းထည့်ပြီး ဘုရားဆင်းတု
အားသန့်ရှင်းဆေးကြောပေးပါ ။ တရော်ကင်းပွန်း အနဲငယ်ချန်ထားပြီး မိမိတို့ဦးခေါင်းကို စတိလျှော်
ပြီး တစ်နှစ်တာကာလပတ်လုံး အညစ်အကြေးဒုက္ခ
ဆိုးများလွတ်မြောက်ပါစေဆုတောင်းပါ ။
ဘုရားဆင်းတု ရင်ဘတ်တော်အား တတ်နိုင်သလော
က်ရွှေဆိုင်းကပ်လှူဆုတောင်းပေးပါ ။
ရှစ်နေ့သားသမီးများ၏ ရာဟုအသက်အပိုင်းများ
တနင်္ဂနွေ..... 7..15..23..31..39..47..55..63..71
တနလာၤ..... 6..14..22..30..38..46..54..62..70
အဂၤါ..... 5..13..21..29..37..45..53..61..69..77
ဗုဒၶဟူး..... 4..12..20..28..36..44..52..60..68..76
ၾကာသပေတး..... 2..10..18..26..34..42..50..58..66..
74
သောကြာ..... 8..16..24..32..40..48..56..64..72..80
စနေ..... 3..11..19..27..35..43..51..59..67..75
ရာဟု..... 1..9..17..25..33..41..49..57..65..73
ကြိုတင်၍ ပြင်ဆင်နိုင်ကြပါစေ ။ ရာဟုဒဏ် အပြည့်
အဝမခံရတောင် သက်သာမှုတစ်ခုရ၍ ဘဝအေးချမ်
းသာယာကြပါစေ ။
ဆရာရွှေထွန်းစိန် မေတ္တာရှင်သစ္စာအလင်း
Sunday, April 16, 2017
ဉာဏ်ပညာထက်မြက်စေသောကျင့်စဉ်
ကျောင်းသူ/ကျောင်းသားများနဲ့အထူး သင့်လျော်တဲ့ကျင့်စဉ်တစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။သင်ယူနေတဲ့အတတ်ပညာ ဆိုင်ရာ ဆိုင်ရာများ အခက်အခဲမရှိ ဉာဏ်ပညာထက်မြက်လာစေဖို့ အဓိဋ္ဌာန်ပြုခြင်းအားဖြင့် အထူး အောင်မြင်မှုရရှိစေမှာ ဖြစ်ပါတယ်။
နံနက်ပိုင်း
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်လုံးချ၊တစ်နေ့သုံးပတ်)
နေ့လည်ပိုင်း
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်လုံးချ၊တစ်နေ့သုံးပတ်)
ညနေပိုင်း
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်လုံးချ၊တစ်နေ့သုံးပတ်)
တစ်နေ့လျှင် ၉ပတ် ပုံမှန်စိပ်သွားပါ။ဆရာတော်ဦးပညာထံမှ ဤနည်းကို ရရှိပါသည်။
အနက်လေးပါ မှတ်ပြီး ပုတီးစိပ်စဉ် အာရုံပြုပါ....
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ = အတိတ်ဖြစ်စဉ်ကို အပိတ်အပင်မရှိ၊အတားအဆီးမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ = ပစ္စုန်ပ္ပန်ဖြစ်စဉ်ကို အပိတ်အပင်မရှိ၊အတားအဆီးမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ = အနာဂတ်ဖြစ်စဉ်ကို အပိတ်အပင်မရှိ၊အတားအဆီးမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
အားလုံးပဲ နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး
စီးပွားဥစ္စာတိုးပွားကာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။.........။
ဂန္ဓာရီခရီးသည်
MOP Vol-10
MOP Vol-10 အောက်ပါlinkမှ download ရယူနိုင်ပါပြီ....
http://www.mediafire.com/file/16sfsizpja762iu/Myanmar_Occult_Page_Vol-10.pdf
http://www.mediafire.com/file/16sfsizpja762iu/Myanmar_Occult_Page_Vol-10.pdf
Thursday, April 6, 2017
လူတိုင်း ဆောင်ရန်ရှောင်ရန် အနိဋ္ဌ ဣဋ္ဌ ယတြာနည်းလမ်းများ
------------------------------------------------------------------
ဒီတစ်ခါကတော့ ဆန်းပညာအခြေခံ ရှေးလူကြီးများ ပြောခဲ့သော ဆန်းယတြာများက်ုတင်ပြပေးပါမယ်။လူတိုင်းလည်း လိုက်နာသင့်ပါတယ်။
၁။နံနက်မိုးသောက်အချိန်သည် မိမိတို့နေအိမ်အတွက် ကောင်းကျိုးမင်္ဂလာဖြစ်သောအချိန်ဖြစ်ပါသည်။ထိုအချိန်တွင် ပရိတ်တရားတော်များဖွင့်ခြင်း တရားနာခြင်း ကောင်းသောစကားများပြောဆိုခြင်း တို့သည် ထိုနေ့အဖို့ကောင်းကျိုးမင်္ဂလာချမ်းသာ အဆင်ပြေခြင်းများဖြစ်စေပါသည်။ထိုအချိန်တွင် ဆဲဆိုခြင်း ရန်ဖြစ်ခြင်း စကားကျယ်ကျယ်လောင်လောင်ပြောခြင်း ဆူပူကြိမ်းမောင်းခြင်းမျိုးမြု့လုပ်သင့်ပါ။လာဘ်ပိတ်ခြင်း တစ်နေကုန်လုပ်ကိုင်သမျှအဆင်မပြေဖြစ်ခြင်းတို့ ကြုံရတက်ပါသည်။
၂။ နံနက်အိပ်ယာထခိန်တွင် ကိုယ်လက်သန့်စင်ပြီး ဘုရားဝေယျာဝစ္စမျာြး့ပုလုပ်ပါက ကောင်းကျိုးအဖြာဖြာရရှိစေပါသည်။
၃။ဘုရားကျောင်းဆောင်တွင် ပန်းရေချမ်း ဆီမီး အမွှေးနံ့သာများဖြင့် ဝေေ၀ဆာဆာသပ္ပါယ်အောင် ဆောင်ရွက်ထားခြင်းဖြင့် နေအိမ်၏ ကျက်သရေမင်္ဂလာများ တိုးတက်ပြီး အိမ်ပူခြင်းများကင်းဝေးပါလိမ့်မည်။ဘုရားပန်းအိုး ရေခန်းခြောက်ခြင်း ပန်းများညှိုးနေခြင်း ကြွက်ကိုက်ခြင်း ပင့်ကူမျှင် ဖုန်များ အမှိုက်များ အခြားသောအရာများရှုပ်နေပါက အိမ်တွင်းရေးအပူများ သောကများဖြစ်စေတက်ပါသည်။
၎၊ဘုရားပန်းလဲလှယ်ရာတွင် မြင့်မြတ်သော ခေါင်းရင်း နေရာများတွင်လဲလှယ်သင့်ပါသည်။ခြေရင်း ဘက်နေရာများ ဖိနပ်ချွတ်နေရာများတွင်မလဲလှယ်သင့်ပါ။
၅။လုပ်ငန်း က်စ္စများ အလုပ်ကိစ္စ အရေးတကြီးတွေ့ဆုံရန် သွားသောအခါ ရဟန်းသံဃာများ သူတော်စင်များ ယောဂီများတွေ့ပါကတက်နိုင်သလောက်ဒါနြ့ပု ဆုတောင်းသွားပါ၊သူရူး သူဖုန်းစား ရန်ဖြစ်နေခြင်းများတွေ့ပါက နောက်ကို ခြေသုံးလှမ်းခန့် ပြန်ဆုတ်ပြီးမှသွားပါ။
၆။အကြံအစည် ကိစ္စတစ်ခုခုနှင့် ကားစီးပြီးသွားသောအခါ ထိုင်သောအခါတွင် ခြေထောက်ကို ကြက်ခြေခက်ပုံသဏ္ဍန် မထားသင့်ပါ။
အကြံအစည် များ ဆောင်ရွက်မည့်ကိစ္စများပျက်တက်ပါသည်။
၇။မည်သည့်လုပ်ငန်းကို လုပ်လုပ် ငွေကြေးများရရှိခဲ့ပါက ထိုငွေထဲမှ ဦးဦးဖျားဖျာကို ဘုရားကျောင်းဆောင်အတွက်လိုအပ်သော အမွှေးတိုင် ဖယောင်းတိုင် ပန်းစသည်တို့ကို ၀ယ်ခြင်း မိဘများအတွက် လိုအပ်သောပစ္စည်းဆေးဝါးတစ်ခုခုကို ၀ယ်ယူကန်တော့ခြင်းဖြင့် လာဘ်လာဘ ငွေကြေးလမ်းကြောင်းများပိုမိုပွင့်လန်းလာပါလိမ့်မည်။
၈။ဘိုးဘွား မိဘ ဆ၇ာသမား လင်ယောက်ျား တို့၏အ၀တ်အစားဟောင်းများကို လက်သုတ်ခြင်း ကြမ်းတိုက်ခြင်း ခြေသုတ်ခုံလုပ်ခြင်း လက်နှီးစုတ် လုပ်ခြင်းမပြုလုပ်ရပါ။ဘုန်းကံနှိပ်ခြင်း ဆိုးကျိုးများ ဒုက္ခများကြုံရခြင်းတို့ဖြစ်စေပါသည်။
၉။မိမိ၏ ဘိုးဘွား မိဘ ဆရာသမား လင်သား တို့၏ ဖိနပ်များကို ခြေဖြင့်နင်းခြင်း မှောက်ခုံပက်လက်ဖြစ်စေခြင်း ခလုပ်တိုက်ခြင်း တို့မပြုလုပ်သင့်ပါ။။
ဆက်ရန်၊ ။ ။ ။
Monday, April 3, 2017
April လအတွက်
ပီယဆေးတော်၊ပီယမှော်ရေမွှေး၊ပီယအဆောင်လက်ဖွဲ့များ စာရင်းလက်ခံ ပိတ်ပါတော့မည်။
ဆေးတော်အတွက် ၃ဦး
ပီယရေမွှေး ၂ဦး
ပီယအဆောင်လက်ဖွဲ့ ၂ဦး သာ ပေးပါတော့မည်။
ပွဲ၃ပွဲပေး၍စီရင်သည်ဖြစ်သောကြောင့်
ပွဲဖိုး+ဆရာပူဇော်ငွေ၊ပစ္စည်းကုန်ကျစရိတ် အပါအဝင်
ဆေးတော်အတွက် ၄သောင်း
ပီယရေမွှေးအစီိအရင် ၄သောင်း၅ထောင်
ပီယလက်ဖွဲ့အစီအရင် ၃သောင်း အသီးသီးကုန်ကျမှုများရှိပါမည်။
ရတနာဒီပံအစီအရင်များအတွက်...
စီးပွားရေးအတွက် ရှင်သီဝလိဒီပံတော်- ဒီပံတော်တစ်တိုင်လျှင် ၅ထောင်၊တစ်နေ့တစ်တိုင် ၇ရက်ဆက်တိုက်ထွန်းရပါမည်။
ဒိဝါတပတိဒီပံတော်- အထက်ပါအတိုင်း။ပူဇော်ငွေ၎ထောင်။
ပညာရေးအတွက်ဒီပံတော်- တစ်တိုင်လျှင် ၄ထောင်ကျပ်၊မိမိတို့သဘောကျ ရက်အကန့်အသတ်မရှိထွန်းနိုင်သည်။
အချစ်ရေး၊အိမ်ထောင်ရေးအတွက်ဒီပံ - တစ်တိုင်လျှင်၅ထောင်ကျပ်၊တစ်နေ့တစ်တိုင်၊၇ရက်ထွန်းရသည်။
အမည်၊မွေးသက္ကရာဇ် လိုပါမည်။
ပူဇော်ငွေအား ကမ္ဘောဇဘဏ်မှလွှဲပေးနိုင်သည်။
နေလင်းထွန်း
အစီအရင်မှာယူလိုသူများ Page Chat Box မှ လာရောက် ပြောကြားပါ။သို့မဟုတ် ဖုန်း 09420913470
ပီယဆေးတော်၊ပီယမှော်ရေမွှေး၊ပီယအဆောင်လက်ဖွဲ့များ စာရင်းလက်ခံ ပိတ်ပါတော့မည်။
ဆေးတော်အတွက် ၃ဦး
ပီယရေမွှေး ၂ဦး
ပီယအဆောင်လက်ဖွဲ့ ၂ဦး သာ ပေးပါတော့မည်။
ပွဲ၃ပွဲပေး၍စီရင်သည်ဖြစ်သောကြောင့်
ပွဲဖိုး+ဆရာပူဇော်ငွေ၊ပစ္စည်းကုန်ကျစရိတ် အပါအဝင်
ဆေးတော်အတွက် ၄သောင်း
ပီယရေမွှေးအစီိအရင် ၄သောင်း၅ထောင်
ပီယလက်ဖွဲ့အစီအရင် ၃သောင်း အသီးသီးကုန်ကျမှုများရှိပါမည်။
ရတနာဒီပံအစီအရင်များအတွက်...
စီးပွားရေးအတွက် ရှင်သီဝလိဒီပံတော်- ဒီပံတော်တစ်တိုင်လျှင် ၅ထောင်၊တစ်နေ့တစ်တိုင် ၇ရက်ဆက်တိုက်ထွန်းရပါမည်။
ဒိဝါတပတိဒီပံတော်- အထက်ပါအတိုင်း။ပူဇော်ငွေ၎ထောင်။
ပညာရေးအတွက်ဒီပံတော်- တစ်တိုင်လျှင် ၄ထောင်ကျပ်၊မိမိတို့သဘောကျ ရက်အကန့်အသတ်မရှိထွန်းနိုင်သည်။
အချစ်ရေး၊အိမ်ထောင်ရေးအတွက်ဒီပံ - တစ်တိုင်လျှင်၅ထောင်ကျပ်၊တစ်နေ့တစ်တိုင်၊၇ရက်ထွန်းရသည်။
အမည်၊မွေးသက္ကရာဇ် လိုပါမည်။
ပူဇော်ငွေအား ကမ္ဘောဇဘဏ်မှလွှဲပေးနိုင်သည်။
နေလင်းထွန်း
အစီအရင်မှာယူလိုသူများ Page Chat Box မှ လာရောက် ပြောကြားပါ။သို့မဟုတ် ဖုန်း 09420913470
Sunday, April 2, 2017
Subscribe to:
Posts (Atom)