Monday, April 17, 2017

ရက် (၃၀) ကျင့်စဉ်


ဤ ကျင့်နည်းသည် မိမိမွေးနေ့ နံနက် အိပ်ရာထ ချိန်မှ
စတင်ကျင့်ရပါမည် ။

ရက် (၃၀) တိုင်ပြည့်သည်အထိ ရက်ပျက် ရက်ခြားမရှိ
ကျင့်ရပါမည် ။
ပျက်ကွက်ပါက အစက ပြန်၍ ကျင့်ရပါမည် ။

မိမိ မွေးနေ့ နံနက် စောစော တွင်ငွေဖလားနှင့်ဖြစ်စေ
ကြေးဖလား နှင့်ဖြစ်စေ ရေ သန့်သန့်ထည့်ပြီး နေထွက်
ရာအရှေ့ဘက်သို့ မျက်နှာမူ၍ ထိုရေတော်ဖလားကို
လက်နှစ်ဘက်ဖြင့် ဦးခေါင်းထက်တိုင်အောင် ပင့်မြှောက်
ပြီး နှုတ်မှ ...

" ဗုဒ္ဓံ သက်တော်ထင်ရှား မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးအား ဤသန့်ရှင်းစင်ကြယ်သော မျက်နှာသစ်တော်ရေ အာလုတ်ကျင်းတော်ရေ ကို ဆက်ကပ်ပါ
၏ ဘုရား " ဟု့ စိတ်ထဲမှ လေး နက်စွာ ပြောဆိုပြီး
ဆက်ကက်ပါ။ ပြီးလျှင် ....

ဣတိ တဿ နမော 
နမော တဿ ဣတိ  

ဟု့ အာရုံဆန္ဒရှိသမျှရွတ်ဆိုပါ ။

ညအိပ်ရာဝင်လျှင်လည်း အိပ်ခါနီး မိမိခေါင်းအုံးကို ထိုဂါ
ထာဖြင့် (၃၇) ခေါက် ရွတ်ဖတ် မန်းမှုတ်ပါ ။
အစားစာ တခု့ခု့စားတိုင်း (၇) ခေါက်ရွတ်ပါ ။

မိမိ ထံသို့ ဆိုက်ရောက်လာတက်သော အကုသိုလ်၏
အကျိုးပေးမှု့များ ကို ကာကွယ်တားဆီးပြီး ကုသိုလ်
၏ အကျိုးပေးမှု့ကို ခံစားစေသလို ကုသိုလ်တရားတို့
တိုးပွားစေ သော အကြောင်းလည်းဖြစ်ပါသည် ။

လွယ်ကူသောနည်း ဟု့ ထင်ရသော်လည်း သတိချို့
ယွင်း၍ မေ့တက်သောကြောင့် သတိ ကို အထူးစောင့်
ရှောက်၍ အောင်မြင်အောင် ကျင့်ဆောင်ကြပါရန်
တင်ပြအပ်ပါသည် ။

📝📝📝📝

No comments:

Post a Comment