မိတ်ဆွေ များအတွက် ပြောထားတဲ့ စကားအတိုင်းကျွန်တော် ယတြာလေးတင်ပြပေးလိုက်ပါတယ်။
အလုပ်များဖြင့်ရှုပ်နေ၍ အခုမှ တင်ပြပေးလိုက်ရတာ ကို နားလည်ပေးစေချင်ပါတယ်။
~~~~~~~~~~~~
ကျွန်တော့် ရဲ့ မိတ်ဆွေ များ
အလုပ်မရှိခြင်းများ/အလုပ်ပြုတ်ခြင်းများ
အလုပ်ရှာမရခြင်းများ/ ပြောထားသော အလုပ်များ ရရှိစေလိုသူများ/ စီးပွားရေး သမားများအနေနဲ့ အလုပ်ထဲမှာ ငွေတွေ ဝင်နေပြီး ပြန်မပေါ်ဘဲ မြုပ်နေခြင်းများ
ငွေကြေးများချေးငှားထားခြင်းကြောင့် ပြန်လည်တောင်းယူလို့ ခက်ခဲနေပြီး
စိတ်ညစ်နေရသော မိတ်ဆွေများ အစရှိသည်ဖြင့် မြုပ်နေသော အကြောင်း ကိစ္စများအတွက် အောက်ပါ ကျောက်ခဲရေပေါ် ယတြာ နည်းလေးကို ပြု့လုပ်ပေးခြင်းဖြင့် အောင်မြင်တော်မူနိုင်ကြပါစေရန် ရည်ညွှန်း၍ ဖော်ပြပေးလိုက်ပါသည်။
ယတြာပြု့လုပ်ရန် လိုအပ်သော ပစ္စည်းများကတော့
၁။ လင်ဗန်း သေး တစ်ချပ်
၂။ ကျောက်စလစ်ခဲ သန့်သန့် ကြီးကြီးနဲ့လင်ဗန်းထဲထည့်လျှင်မလှုပ်ဘဲ ငြိမ်နေသော ကျောက်ခဲ ၁၀ လုံး
၃။ ရေသန့်သန့် အနည်းငယ်
၎။ ဖယောင်းတိုင် သေး ၁၀ တိုင်(၁၀၀) တိုင်
လိုအပ်ပါတယ်ဗျာ ****
ယတြာ ပြု့လုပ်ပုံ
လင်ဗန်းထဲကို ရေ တဝက်ခန့်ထည့်ပါ
ကျောက်ခဲ မမြုပ်ဘဲ တဝက်ပေါ်နေလောက်ပေါ့**
ပြီးလျှင် ကျောက်ခဲ ၁၀ လုံးကို ပုံပါ အတိုင်း လင်ဗန်းထဲ လိုက်ထည့်လိုက်ပါ
ပြီးလျှင် ထိုကျောက်ခဲများပေါ်တွင် ဖယောင်းတိုင် ကျောက်ခဲတစ်လုံးကို တစ်တိုင်ထွန်းပေးပါ စုစုပေါင်း ၁၀ တိုင်ပေါ့ ပြီးလျှင် မိမိအိမ်မှ ဘုရားကျောင်းဆောင်ပေါ်တွင် မိမိမွေးနေ့ ၉ :၄၅ မိနစ်တွင် စတင်တင်လှု၍ ဆုတောင်းပါ
ဖယောင်းတိုင်ကုန်အောင် စောင့်ကြည့်ပါ။
ပြီးလျှင် လင်ဗန်းအား ထိုအတိုင်း ထားပြီး နောက်နေ့ ၁၀ တိုင်ထပ်ထွန်းပြီး ဆုတောင်းပါ ထိုနည်းအတိုင်း ၁၀ ရက်တိတိပြု့လုပ်ပေးပါ မိတ်ဆွေ
မိတ်ဆွေ အလိုရှိရာ များမနှေးမကြာ ရရှိပါလိမ့်မယ်ဗျာ****
မှတ်ချက်"
ဖယောင်းတိုင်မီးပူဇော်လှုဒါန်းသော အခါ ဖယောင်းတိုင်မီးကုန်တဲ့ အထိ စောင့်ကြည့်ပေးပါ ****
ဤမျှသာ
ဖြိုးသီဟကျော်
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
No comments:
Post a Comment