အခုပေးမှာက အစီအရင်များနှင့်ယတြာများလုပ်ရာ
တွင် ဒီအချက်လေးတွေကို လိုက်နာရင် 100%အောင်မြင်
မယ်လို့ ပြောရဲပါတယ်။
ဒီအချက်တွေကတော့ ကျွန်တော်ရဲ့ကိုယ်ပိုင်စိတ်ကူး
လက်တွေ့လိုက်နာနေတဲ့အချက်လေးတွေပါ။
1.Mood=စိတ်ထားကောင်းထားရမည်။
အစီအရင်တစ်ခုကို လုပ်ဖို့ဆို ဒါက အင်မတန်အရေးကြီး
တာနော်။စိတ်ထားကောင်းမှ ကိုယ့်ရဲ့အစီအရင်ကို လုပ်ရာ
မှာ စိတ်တွေ ပေါ့ပါးပြီး အောင်မြင်မှာလေ။
ငါ့ကို ဒီဆရာပေးလိုက်တဲ့ အစီရင်က ခက်လိုက်တာမလုပ်
နိုင်လောက်ပါဘူး။ဟာ စိတ်ညစ်ပါတယ်လို့ တွေးရင်တော့
မအောင်မြင်နိုင်ပါဘူး။ဒါကြောင့် စိတ်ထားကောင်းဖို့က
အရေးကြီးပါတယ်။
2.Understand=နားလည်ရမယ်။
အစီအရင်တစ်ခုကို လုပ်မယ့်သူဟာ အဲ့ဒီအစီအရင်ကို
ယေဘုယျအကြမ်းဖြင့်တော့ နားလည်ထားရပါမယ်။
နားမလည်လို့ကတော့ အကျိုးထူးမှာ မဟုတ်ပါ။
နားမလည်ပါကလည်း မိမိကို အစီအရင်ပေးသောဆရာအား
သေသေချာချာ မေးမြန်းရမှာ ဖြစ်ပါတယ်။
ထို့ကြောင့် နားလည်ဖို့ကလည်း အရေးပါပြန်သည်။
3.Respect=လေးစားရမည်။
မိမိကို အစီအရင်ပေးသော ဆရာကို လေးစားရပါမည်။
နောက်ဆုံးအနေနှင့် ဆရာကို မလေးစားလျှင် နေပါစေ
ထိုပညာရပ်ကိုတော့ မလေးမစားတော့ မပြုလုပ်ရန်
လိုအပ်ပါသည်။ထို့ကြောင့် ဆရာကို မလေးစားစေကာမူ
ပညာရပ်ကို လေးစားဖို့တော့ အထူးလိုအပ်ပေသည်။
4.Confidence=ယုံကြည်မူ့ အပြည့်ထားရမည်။
ယုံကြည်မူ့ဆိုတဲ့ စကားက တိုတောင်းပေမယ့်
တကယ်တော့ လေးနက်ပါတယ်။ဒါကလည်း အစီရင်
ပေးတဲ့သူ(ဆရာ)နဲ့ပညာရပ်နဲ့က အထူးဆိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ဒီဆရာပေးလိုက်ရင် အောင်မြင်မယ်
လို့ ယုံကြည်မူ့သာ ထားလိုက်ပါ။
ဒါဆိုရင် 50%အောင်မြင်နေပြီလေ။
5.Diligence=ဝီရိယရှိရပါမည်။
အချို့က (၇)ရက်၊တစ်လလောက် လုပ်ရသည့်
အစီအရင်ဆို သိပ်ပြီးတော့ မလုပ်ချင်ကြပေ။
ထိုကဲ့သို့ မလုပ်သင့်ပေ။
တကယ်စွမ်းသည့် အစီအရင်များသည် အချိန်ကာလတော့
စောင့်ဆိုင်းရပါသည်။ထိုသို့ပြောလိုက်သဖြင့်
အစီရင်နည်းလမ်းတိုများသည် မစွမ်းပါဘူးဟု
မထင်သင့်ပေ။ မည်သည့်အစီရင်မဆို
အနည်းဆုံး (၃)ရက်ခန့်တော့ စောင့်ရသေးသည်။
6.Effect=အကျိုးသက်ရောက်မူ့လာမည်။
အကျိုးသက်ရောက်မူ့ ကိုလိုချင်လျှင်
အစီအရင်ကို စနစ်တကျနှင့် အသေအချာ လုပ်ကိုင်ဖို့လိုပါ
သည်။သို့မှသာ ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ
လား။
7.Success=အောင်မြင်မူ့ ရရှိမည်။
အစီအရင်တစ်ခုတွင် အောင်မြင်မူ့ကို ရရှိရန်
ဖော်ပြထားသော(6)ချက်ကလည်းက လည်း
အရေးပါသလို မိမိကိုယ်တိုင်``အောင်မြင်မူ့´´ကို
ရရှိ ပိုင်ဆိုင်နိုင်မည်ဟု လက်ခံထားမှသာ
အောင်မြင်နိုင်မည် ဖြစ်သည်။
M.U.R.C.D.E.S
``2016´´မှာ ပျော်ရွှင်ပါစေ။
မည်သည့်အရာမှ ပုံသေမတွက်နှင့်။
ကိုသစ်နက်
လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment