လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Saturday, December 5, 2015
ဈေးရောင်းကောင်းချင်ပါသလား ?
ဈေးရောင်းဈေးဝယ်ကောင်းစေရန်အဆောင်ကောင်းရှာဖွေနေသူများအတွက်၊အပြိုင်အဆိုင်ရောင်းချနေရသောခေတ်ကြီးထဲ၌မိမိ၏ရောင်းချကုန်ပစ္စည်းများ၊စားသောက်ဆိုင်ဖွင့်ထားသူများ ဖောက်သည်များလိုသူများအတွက် ဤအစီအရင်အား စေတနာအရင်းခံ၍ ဖော်ပြပေးလိုက်ပါ၏။
ဤအစီအရင်သည် အခြားဈေးခေါ်လက်ဖွဲ့၊အင်း-အိုင်..စတာတွေလိုခဲခက်စွာစီရင်စရာမလိုဘဲ လက်တွေ့ဈေးခေါ်ကောင်းလှပြီးလုပ်ရလည်းလွယ်ကူသော
အစီအရင်တစ်ခုဖြစ်ပေသည်။ကျုပ်အရင်ကတင်ပြခဲ့သော ``ဈေးရောင်းကောင်းစေမည့်နှစ်ဆယ်တန်´´ အစီအရင်နှင့် ခု အစီအရင်အားတွဲထားပါက အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားဖြစ်ပေမည်။
စီရင်နည်း-စီရင်ဟန်
အပ်ချည်ကြိုးအနီရောင်တစ်ပေခန့်(၉)ချောင်းတော့လို၏။၎င်းအပ်ချည်ကြိုး(၉)ချောင်းအားညီညာစွာထပ်၊ပြီးသော် အောက်ပါဂါထာအားတစ်ခေါက်ရွတ်၊ကြိုးထုံးတစ်ထုံး,ထုံး။
ဂါထာ(၃၇)ခေါက်ရွတ်ရမည်ဖြစ်ရာ အထုံးလည်း(၃၇)ထုံးရမည်။ ဂါထာတစ်ပုဒ်လုံးရွတ်ပြီးမှကြိုးတစ်ထုံး,ထုံးရန်သတိပြုပါ။ကြိုးထုံးများသည်တစ်ထုံးနှင့်တစ်ထုံးထပ်လိမ့်မည်။ကိစ္စမရှိပေ။
ဂါထာ-
`` ဥုံ ပီယံမမ လာဘဧဟံ´´
အသံထွက်- အုံ ပီယံမမ လာဘအေဟံ
အထုံးများထုံးပြီးသော်၎င်းကြိုးထုံးသည်သိဒ္ဓိရှိနေပြီဖြစ်၏။
ဒီတော့..အဲဒီကြိုးထုံးကို ပိုက်ဆံသေတ္တာထဲထည့်ထား၊ဈေးရောင်းဈေးဝယ်လုပ်ပေတော့၊ငွေတွေဝင်လာမစဲ တသဲသဲဖြစ်၍နေမည်။
ငွေများများဝင်တိုင်းအလှူဒါနလုပ်ဖို့မမေ့လျော့လေနဲ့...အဲလိုအလှူဒါနလုပ်ခြင်းဟာကြိုးထုံးကို ထပ်ပြီး သိဒ္ဓိတင်ပေးရာရောက်တယ်....
အားလုံးဈေးရောင်းဈေးဝယ်ကောင်း၊လာဘ်လာဘစီးပွားဥစ္စာဒီရေအလားတိုးတက်ကြပါစေ.....
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ၊နိဿ ရည်းဆရာ
အပေါင်းတို့အား ဦးခိုက်လျက်
သဒိယံ ပါကံ ဇနေတိ
ဂန္ဓာရီခရီးသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment