Wednesday, December 9, 2015

သင့်ကို သူများတွေက မကောင်းကြံလာရင် ဘယ်လိုလုပ်မလဲ?

    မကောင်းကြံလာပြီရင် အနည်းနဲ့အများတော့ ဘာလုပ်ရကိုင်မှန်းမသိသွားကြတာပါပဲ။တချို့ကြ အင်းတွေ အဆောင်တွေရှိကြတယ်။တချို့ကြပြန်တော့ ဂါထာတွေ ဘာတွေကို နေ့စဉ်ရွတ်ပြန်ရော။မိမိကိုယ်တိုင်က ရတနာသုံးပါးနဲ့ငါးပါးသီလကို လုံရင် ဘာမှမလိုဘူး။ဒီခေတ်မှာကလည်း
အဲ့လိုလူမျိုးက အရှားသားဗျ။ဒါဆို ကျွန်တော်တို့ကို မကောင်းတဲ့အတတ်တွေ အောက်လမ်းတွေနဲ့ ပြုစားလာပြီဆိုရင် ဘယ်လိုမျိုးကာကွယ် ကြရမလဲဆိုတာ လူတိုင်းက သိချင်ကြပါတယ်။တချို့ဆရာတွေက ဂါထာတွေမန္တာန်တွေ ပေးတယ်။ဒါပေမဲ့ရှည်လို့ပြီးတော့ ဌာန်ကရိုဏ်းကျကျ မရွတ်တတ်တာနဲ့။ပြီးတော့ ရှည်လို့ မကျက်ချင်တာနဲ့။စိတ်ညစ်ကြပြန်ရော။တချို့ကြတော့လည်း အစီအရင်တွေ ဘာတွေသိတယ် ခက်ခဲတယ်ထင်ပြီး မလုပ်ကြပြန်ရော။ကျွန်တော် လူမျိုးဘာသာမရွေး လုပ်နိုင်တဲ့ အစီအရင်တစ်ခုကိုပေးမယ်ဗျာ။နည်းကတော့ …။
                 လူမျိုးတိုင်း ဘာသာတိုင်းမှာတော့ သူတော်စင်ဆိုတာရှိပါတယ်။မြင့်မြတ်သူတွေပေါ့။သူတို့ကို ဆပ်ပြာခဲလှူဒါန်းပေးရင် မကောင်းတဲ့ ရန်တွေ အမှောင့်ပယောဂတွေ ပျောက်သတဲဗျာ။ယုံယုံကြည်ကြည်နဲ့ လုပ်ဖို့ တိုက်တွန်းပါရစေ။
                          မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                                       ကိုသစ်နက်

No comments:

Post a Comment