Sunday, January 31, 2016

ဖေ​ဖေါ်ဝါရီတစ်​လစာ​ဟောစာတမ်း

၂၀၁၆-ခု ၊ ဖေဖော်ဝါရီလအတွက် ကံကြမ္မာဟောစာတမ်း
=====================================
ဗေဒင်ဝါသနာအိုး

တနင်္ဂနွေသားသမီးများအတွက်

ဤလအတွင်း အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့် ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ

Saturday, January 30, 2016

၂၉.၁.၂၀၁၆ မှ ၄.၂.၂၀၁၆ အထိ ၇ ရက် သားသမီးဟောစာတမ်း



တနင်္ဂနွေ
 ထင်မြင်လွဲမှားမှုများ ကြုံမည်။ စွပ်စွဲပြောဆိုခံရမှုများနှင့် အပြစ်တင်ဝေဖန်မှုများ ခံရမည်။ ၎င်းအပြင် ခုတ်ရာတခြား ထစ်ရာတခြားတွေ ဖြစ်တတ်သည့် ကာလများ ဖြစ်၍ ဂရုစိုက်ပါ။ ကိုယ်ကစေတနာနှင့် ဆောင်ရွက်မှုတို့အပေါ် အပြစ်တင် အကောင်းမမြင်တို့ခံရတတ်၍ ဂရုစိုက်သင့်ပါသည်။ မရည်ရွယ်ဘဲ ခရီးထွက်ဖြစ်မည်။ ရာထူးတက်လစာတိုးမည်။ နေရာ၊ အိမ်ပြောင်းရွှေ့ဖြစ်မည်။ စာမေးပွဲနှင့် အင်တာဗျူးများအောင်မြင်မည်။ အချစ်ရေးမှာ လက်ထပ်ဖြစ်မည်။
အကျိုးပေးဂဏန်း - ၁ ၊ ၀ ၊ ၅
အထူးဟော - လူပေါင်းမှားမည်။

``ကိုသစ်နက်နှင့် ဗေဒင်ဆရာတစ်ဦး(ဖြစ်ရပ်မှန်)´´



               အခန်း(၁)

         ကောင်လေး မင်းညိုသည် (၁၀)တန်း ဖြေပြီးသည်
နှင့်တစ် ပြိုင်နက် မိမိ၏ မွေးရပ်မြေဖြစ်သော ဇာတိမြေသို့
ပြန်လာလေသည်။
       မင်းညိုသည် အရပ်ရှည်ကာ မျက်မှန်ကို အမြဲတပ်ထား
ရပြီး အကျီင်္လက်ရှည် နှင့် ဂျင်းဘောင်းဘီ အရှည်ကို နှစ်နှစ်
ခြိုက်ခြိုက်နှင့် ဝတ်တတ်သူ တစ်ယောက် ဖြစ်သည်။
အသားအရေက အညိုရောင်သန်းကာ ညိုချော တစ်ယောက်
ကာ ပိန်ပိန်ပါးပါးနှင့် ကြည့်၍ ကောင်းကာ ရုပ်ရည်ကလေးက
အတန်အသင့်ချောသည်မို့ ချောမောလှပသူ တစ်ယောက်ဟု
ဆိုလျှင်လည်း မမှားနိုင်ချေ။သို့သော် သူ့ရုပ်ရည်ကား
သာမန်အချောအလှ အဆင့်တွင်သာ ရှိလေသည်။ခန့်ချောကြီး
ဟု ဆိုပါက လုံးဝ မမှားနိုင်ချေ။ပြင်ရန်တစ်ခုကား အရပ်ရှည်
သောကြောင့် ခါးကို ကုန်းသည့် အကျင့်ကို ပြင်လိုက်လျှင်
စမတ်ကျသော ခန့်ချော ကောင်လေး တစ်ယောက် အဖြစ်
သို့ ပြောင်းလဲနိုင်ပေသည်။
              မင်းညိုသည် ``OPPO´´ဖုန်းကို ကိုင်တတ်ပြီး
အမြဲတစေ ဖုန်းတစ်လုံးနှင့် အချိန်ကုန် တတ်သူ လည်းဖြစ်
သည်။ထို့ကြောင့် တော်သင့်သလောက် မတော်ဘဲ level.3
အဆင့်မျှသာ တော်သည့်နေရာတွင်သာ စာရင်းသွင်းထားရ
လေသည်။တစ်နှစ်တာလုံးအတွက် ကျောင်းစာမဟုတ်သော
ပြင်ပ စာမေးပွဲများတွင် ဆုပေါင်း (၅)ဆုရကာ ကျောင်းအ
တွက်အားထားရသော လူငယ်တစ်ယောက် ဖြစ်လေသည်။
သို့သော် မင်းညိုကား ဥာဏ်ကောင်းသလောက် ပျင်းရိနေ
သည့်သူပင် ဖြစ်သည်။
              မင်းညို၏ ဇာတိသည် မွန်လူမျိုးများ အများစု
နေထိုင်သော ဒေသလေးတစ်ခု ဖြစ်ပြီး အလွန်ပင် နေချင်စ
ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်လေသည်။နာမည်ကျော်
ကျိုက်ထီးရိုးစေတီတော်ကြီး၊စက်စဲကမ်းခြေ၊ရေတံခွန်များ၊
တောတောင်များ ပေါများသော ဒေသတစ်ခု ဖြစ်သည်။
               မင်းညို၏ မိဘများတွင် မင်းညို၏ အမေသည်
ဆရာဝန်မ တစ်ယောက်ဖြစ်ပြီး မင်းညို၏ ဖခင်ကား သာမန်
ခြံလုပ်ငန်းကို လုပ်ကိုင်သောသူ တစ်ဦး ဖြစ်သည်။မင်းညို
တွင် အရမ်းချစ်ရသော ညီလေး ဇော်ထွန်း ရှိပေသည်။
အရမ်းချစ်ကြသည် ဟုဆိုရလောက်အောင် တွေ့နှင့် အမြဲတ
စေ ရန်ဖြစ်ကြသည့် အကျင့်တွင်ရှိသည်။
                 မင်းညိုသည် မွေးရပ်မြေသို့ ပြန်ရောက်သည်
နှင့် မြို့ထဲရှိ ဘုရားများကို သူ၏ အရမ်းချစ်ခင်ရသော ငယ်သူ
ငယ်ချင်း တေဇ နှင့် အတူ ဆိုင်ကယ်စီး၍ သွားရောက်ဖူး
မျှော်ကာ နောက်တစ်နေ့တွင် နာမည်ကြီး ရေတံခွန်များကို
မိသားစုနှင့် သူငယ်ချင်းများစုကာ သွားရောက်၍ လည်ပတ်
ကြလေသည်။
               ပျော်ပွဲစားများကို သွားရောက်ပြီးသည့်နေ့တွင်
မင်းညိုသည် အလုပ်အကိုင်မရှိကာ အားနေသောကြောင့်
အိမ်ရှိ အမေ၏ ဆေးဆိုင်တွင် ဆေးကူရောင်းပေးခြင်း၊စာရင်း
ဇယားမှတ်ပေးခြင်း၊ လိုအပ်နေသော ဆေးပစ္စည်းများကို ဝယ်
ယူခြင်း၊ ဆေးစပ်ပေးခြင်း တို့ကို ပြုလုပ်ပေးကာ အမေ၏
ဆေးဆိုင်အား ကူညီပေးလျက်ရှိပေသည်။ဆိုင်စောင့်ရင်း
ဖုန်းသုံးသည့်အကျင့်ပါ စွဲလျက်ရှိကာ တစ်ကိုယ်တည်းအထီး
ကျန်စွာဖြင့် ဖုန်းလေးကို အဖော်ပြုကာ နေနေရသူ ဖြစ်လာ
လေသည်။
                ထိုသို့ နေထိုင်ပြီး တစ်ပတ်ကြာသောနေ့
တွင် မင်းညို၏ မွေးမိခင်ဖြစ်သော ဒေါ်ဥမ္မာက ဗေဒင်၊ယတြာ၊
ဓာတ်ရိုက် ဓာတ်ဆင်၊အောက်လမ်း၊အထက်လမ်းကို ယုံကြည်
တတ်သူ ပီပီ မင်းညို၏  အနာဂတ်ကို သိမြင်နိုင်စေရန်
တစ်နယ်တစ်ကျေးမှ လာသော ``ဆရာဒေဝ´´ဆိုသူ ထံတွင်
ဗေဒင်မေးရန် မင်းညိုအား ခေါ်ဆောင်သွားလေသည်။မင်းညို
ကိုယ်တိုင်ပင် ဗေဒင်ကို လေ့လာ လိုက်စားပြီး ယုံကြည်တတ်
သူပီပီ အမေ၏ ခေါ်ဆောင်ရာကို လိုက်ပါခဲ့လေသည်။
 
                 အခန်း(၂)
       
                တဲကလေးကား အပြင်ပန်းတွင်
စုတ်ချာသည် ဟုထင်ရလောက်အောင် အထဲတွင်
ရပ်ရပ် သန့်သန့်ရှင်းရှင်း နှင့် နေချင့်စဖွယ်ကောင်းသော
တဲစုတ်ကလေး ဖြစ်သည်။
               ``ဆရာ ဒီလူနာကို ကုနေတာ မပြီးသေးဘူး
လား၊အပြင်မှာ ဆရာမတို့ သားအမိ ရောက်နေတယ်´´
                ဟု မိန်းမကြီးတစ်ဦး၏ အော်ဟစ်သံက
မင်းညိုတို့၏ သားအမိက စကားဖြင့် အရင်ဆုံး ကြိုဆိုလိုက်
သည်။
                ဆရာဟု ဆိုသူကား စာရေးဆရာတြိစက္က
စာအုပ်ထဲက ဦးဗန်ကောင်းကဲ့သို့ပင် ကတုံးကို ပြောင်နေ
အောင် တုံးထားကာ ကွမ်းတမြုံမြုံဝါး နေသည်ကို ပင်တွေ့ရ
သည်။တစ်ဖန် တိုင်းရင်းဆေးကို လည်းကုတတ်ပြီး ဗေဒင်
ပညာကိုပါ တတ်ကျွမ်းနေသူ တစ်ဦး ဖြစ်ပေသည်။
             မင်းညိုတို့ သားအမိလည်း တဲအိမ်ကလေးပေါ်
တွင် ဝင်ထိုင်ကာ ဆရာ၏လူနာအား မြန်မာ့ရိုးရာ တိုင်းရင်း
ဆေးဖြင့် ကုသခြင်းကို ထိုင်စောင့်ကြည့်ကာ ဗေဒင်မေးရန်ကို
စောင့်နေကြလေသည်။မင်းညိုကား လူငယ်ပီပီပင် ပတ်ဝန်း
ကျင်ကို အကဲခတ်ကာ ဖန်ခွက်တစ်ခုတွင် ဥာဏ်ပူဇော်ခ
ပိုက်ဆံများကို ထည့်ထားသည် ကိုတွေ့ရသည်။
               မိန်းမကြီး တစ်ဦးကမူ
             ``ဆရာမ နောက်သုံးရက်နေရင် ပြန်တော့မှာလေ၊
ဗေဒင်ဟောလာတာ မဟုတ်ဘူး။သူ့ရဲ့အမဖြစ်တဲ့ ငါ့ဆီကို
အလည်လာတာ ´´ဟု စကားချီကာ မင်းညို၏ အမေဖြစ်သူနှင့်
စကား လက်ဆုံကျနေလေသည်။
                အတန်ကြာသောအခါ ဆရာဖြစ်သူမှ
မင်းညိုဘက်သို့ စေ့စေ့ကြည့်ကာ သြဇာပါသောအသံဖြင့်
                ``ကောင်လေး မင်းက ဘာနေ့သားလဲ´´
                 မင်းညိုလည်း ပါးစပ်မှ
                  ``အင်္ဂါသားပါ အဘ´´
                   ဟုဆိုကာလိုက်လေသည်။အဘဟု ခေါ်
ရသည်မှာ အသက်အရွယ်က (၅၀)နီးပါးမျှရှိသည့်အပြင်
ဗေဒင်ဆရာလည်း ဖြစ်သောကြောင့် လေးစားစွာဖြင့်ပင်
အဘ ဟုခေါ်လိုက်လေသည်။
                     ``မင်းက အပေါင်းအသင်းဆိုခင်မင်တယ်၊
မင်း ဒုက္ခ ဖြစ်ရင် ကယ်ပေးမည့်သူ မရှိဘူး၊ဒီကြားထဲ အခန်း
ထဲမှာ ပန်းကလေးတွေ နဲ့ ရောရော နှောနှော နေသေး။
(ပန်းဆိုသည်မှာ မိန်းကလေးများကို ဆိုလိုသည်။)ပြီးတော့
မင်းမှာ လက်ရှိကောင်မလေးတစ်ယောက် ရှိသေးတယ်။
သူက အထည်ကြီးပျက်အတန်းစား ထဲကပဲ မင်းနဲ့သူ
လုံးဝကို ယူလို့ရဘူး။ငါ အယူ မခံနိုင်ဘူး´´

ဆက်ရန်
Myanmar Occult Pages Vol.7
(8/2/2016တွင် Online E.bookအဖြစ်
 ထွက်ပါမည်။)
လာရောက်လည်ပတ်သင့်ရမည့်
ကျွန်တော်တို့MOPရဲ့ မူပိုင်
blogဖြစ်သော occultking.blogspot.com
တွင် E.bookအဖြစ် တင်ပေးပါမည်။

အားပေးကြပါ!!!။
နည်းနည်းလောက် တစ်ခုခု ဝေဖန်သွားကြ!
                   

           မည်သည့်အရာမှ ပုံသေမတွက်ပါနှင့်။
                       ကိုသစ်နက်

Friday, January 29, 2016

ဝိဇ္ဇာကျင့်စဉ်


                                           

  အများအကျိုးလို့ဌာ မေတ္တာဖြင့်မျှဝေသည်

                                                 မီးခဲမောင်မောင်

Wednesday, January 27, 2016

အိမ်ထောင်ဖက်ရွေးနည်း(ချစ်သူများအတွက်သီးသန့်)

      ဒီနည်းလေးကတော့ ဆန်းပါတယ်။လူတိုင်းလည်း သိကြမှာပါ။ဒီနည်းကို အားလုံးမှတ်ရလွယ်ကူအောင်လို့ ကျွန်တော်ကိုယ်
တိုင်အတိုချုပ်ပြီးတော့ ရေးထားပါတယ်။
     နည်းကတော့…။

၁။ဇနီးမောင်နှံ နေ့နံ(၂)ခုကို ပေါင်းပါ။
၂။ပေါင်းပြီးလျှင် (၅)ဖြင့်မြှောက်ပါ။
၃။(၇)ဖြင့် တစ်ခါပြန်စားပြီးပါက
   အကြွင်းကိုဖတ်ပါ။

(၁၊၃၊၇)ကြွင်းပါက လုံးဝမကောင်းပါ။
(၂၊၄၊၅၊၆)ကြွင်းပါက ကောင်းခြင်းအဖြာဖြာနှင့် တွေ့ကြုံရမည်။

ဥပမာ-အင်္ဂါသားနှင့် တနင်္လာသမီးကို တွက်ပါက
        အင်္ဂါသည်-(၃)
        တနင်္လာသည်-(၂)
        ပေါင်းခြင်း-(၅)
        မြှောက်သော်-(၅×၅=၂၅)
        စားသော်-(၂၅÷၇)
        အကြွင်း-(၄)
        အဖြေ-(ချမ်းသာကြွယ်ဝကာ နာမည်ကြီးမည်။)

                   မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                             ကိုသစ်နက်
     
     

Tuesday, January 26, 2016

အင်းနှင့်ပတ်သက်၍

ဆရာများအတွက်တော့ကလေးကစားစရာပါ လေ့လာသူတွေအတွက် ပညာသင်သူတွေအတွက်တော့ တကယ်အကျိုးရှိမှာပါ

                                                                    စေတနာဖြင့်
                                                                       မီးခဲမောင်မောင်








Sunday, January 24, 2016

မနုဿီဟ သတ္တဝါကြီး၏ စိတ်​ဝင်​စားဖွယ်​ရာ ဇာတ်​​ကြောင်း

မနုဿီဟ သတ္တ၀ါ ဆန်းကြီး ဇာတ်ကြောင်း

ဘီလူးကြောက် တဲ့ မနုဿီဟ ရုပ် အကြောင်း

     ဒီနေ့ ခေတ်လူငယ်များ နှင့် တကွ လူုကြီးတွေ ပါ ဗဟုသုတ ရအောင် ဘုရား ပုထိုးတွေ မှာ တွေ့ ရတတ်တဲ့ မနုဿီဟ သတ္တဝါ ရုပ် အကြောင်း

Saturday, January 23, 2016

လူ၊နတ်​တို့ချစ်​ခင်



     ဤ စွယ်စုံအစွမ်းထက် ဇိ(၁၀)ချက်ဂါထာအား ရွှေ/ငွေ/ကြေး တွင် ပီသစွာ ရေး၍ဆောင် ...... လူ၊နတ်တို့ မြင်ရုံမျှနှင့်

Friday, January 22, 2016

၂၂.၁.၂၀၁၆ မှ ၂၈.၁.၂၀၁၆ အထိ ၇ ရက် သားသမီးဟောစာတမ်း


တနင်္ဂနွေ
 ပျော်၇ွှင်သောခရီးများ ထွက်ဖြစ်မည်။ မမျှော်လင့်ဘဲ စိတ်ချမ်းသာမှု သတင်းကောင်းကြားရ မည်။ ရှုပ်နေတာတွေရှင်းနေမည်။ မရည်ရွယ်ဘဲ ခရီးထွက်ဖြစ်မည်။ ရည်းစား၊ချစ်သူအသစ် တွေ့မည်။ မိဘသားချင်း တို့ အိမ်နေရာ၊ အလုပ်တစ်ခုခုပြောင်းလဲံမှု ဖြစ်မည်။ ထီပေါက်သလို ငွေရမည်။ ကျန်းမာရေးနည်းနည်းဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - ၉ ၊ ၆ ၊ ၈
အထူးဟော - သင်ကံကောင်းလာလိမ့်မည်။
ယတြာ - တနင်္ဂနွေ နေ့ နံနက်မှာ ကလေးတွေကို ချိုချဉ်ဝေလိုက်ပါ။

တနင်္လာ
 အတွေးများခြင်း၊ ရည်မှန်းချက်

Sunday, January 17, 2016

ငွေကြေးအကူအညီလိုနေသော သူများအတွက်!



           လူတိုင်းက ငွေကြေးအခက်အခဲကတော့ ရှိကြ
စမြဲပဲ။ကိုယ်က အရေးတကြီး ငွေက လိုနေတယ်။
သူတစ်ပါးဆီအကူအညီတောင်းဖို့ သွားတော့မယ်။
အဆင်ပြေမှလည်း ရမှာလေ။အဲ့လိုမျိုး လူတိုင်းကြုံဖူးကြ
ပါတယ်။ဒါဆိုရင် စိတ်အားမငယ်ပါနဲ့။ဒီအဆောင်လေးကို
ယုံယုံကြည်ကြည်နှင့် လုပ်ကြည့်လိုက်ပါ။တစ်ခါသုံး
အဆောင်ဖြစ်သည်။ငွေကြေးကုန်ကျမူ့က အတော်ပင်နည်း
ပါးသည်။လူတန်းစားမရွေး လုပ်နိုင်သည့် အဆောင်ဖြစ်
သည်။ပေါ့သေးသေးထင်ပါက လုံးဝစွမ်းမည် မဟုတ်ပါ။
           ငွေကြေးအကူအညီ သွားတောင်းတော့မည်ဆိုလျှင်
သွားရောက်တောင်း ခံမည့်သူသည်
၁။စံပယ်ပန်း (၃၈)ပွင့်ကို ဝယ်ယူပြီး ရေဆေးပါ။
၂။ပြီးလျှင် ညာဘက်လက်မှ ကိုင်ကာ ပါးစပ်နားတေ့ကာ
   ``သမ္ဗုဒ္ဓေဂါထာ´´ကို (၅)ခေါက်တိတိရွတ်ဖတ်ပါ။
၃။ပြီးလျှင် ထိုပန်းတို့ကို ဆောင်ယူသွားကာ
   ငွေကြေးအကူအညီ သွားရောက်တောင်းခံပါ။
   ထူးခြားမည်။

                          မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                                     ကိုသစ်နက်

ပန်းအိုးလေးက စကားပြောပြီ!



             ဈေးဆိုင်တွေ၊ပွဲရုံတွေ အနေနဲ့ဈေးရောင်းက
ကောင်းလိုကြပါတယ်။တချို့ကလည်း မိတ်ရော နေရာရော
ကောင်းနေပေမယ့် အရောင်းအဝယ်က ပါးကြပါတယ်။
ဒါမျိုးဆိုရင် စိတ်ညစ်ကြပါတယ်။စိတ်မညစ်ပါနဲ့။
ဒီယတြာလေးကို ယုံယုံကြည်ကြည်နဲ့ စိတ်ရှည်လက်ရှည်
လုပ်ကြည့်လိုက်ပါ။ကျွန်တော်ကတော့ ဘာယတြာလုပ်လုပ်
အောင်မြင်မယ်လို့ စိတ်ကတွေးထားတော့ အနည်းဆုံး
(၁၀)ခု အစီအရင်လုပ်ရင် (၇)ခုလောက်က အောင်မြင်ပါတယ်။
ကျန်တဲ့(၃)ခုကတော့ နည်းစနစ်မကျလို့ပါ။
             နည်းကတော့…။
 
၁။ဆိုင်ရဲ့ကောင်တာမှာ ပန်းအိုးလေး တစ်လုံးကို တင်ထားပါ။
၂။ပန်းအိုးထဲမှာ ``သပြေ၊နှင်းဆီ၊ဆီးညွန့်(၃)ခု´´တို့ကို
   ရောပြီးတော့ ထိုးထားပေးပါ။
၃။ပြီးလျှင် ပန်းအိုးကို ကိုင်ပြီး
  ပါးစပ်မှ
   ``ဆိုင်စည်းကားပါစေ၊လူဝင်လူထွက်များပါစေ၊
     ပစ္စည်းတွေ ရောင်းကုန်ပါစေ´´လို့
   ဆုတောင်းလိုက်ပါ။
၎။ထူးခြားချက်ကတော့ ကိုယ်တိုင် ယုံယုံကြည်ကြည်လုပ်မှ
  အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်။
           
                       မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                                     ကိုသစ်နက်

ခြေသည်းတွေ ပွင့်နေကြပါသလား?



          သူများတွေက လက်သည်းတွေ ပွင့်တာကို ရေး
ကြတယ်လေ။လူသိနည်းနေတဲ့ ခြေသည်းပွင့်တဲ့အကြောင်းကို
ကျွန်တော် ကိုသစ်နက်က
ခြေသည်းတွေ အကြောင်းကို ရေးသားပါတော့မယ်။
သေသေချာချာမှတ်ထားကြနော်။အခုပဲ ခြေထောက်လေးတွေ
ကို ယူပြီးတော့ ကြည့်လိုက်ကြနော်။

၁။ခြေမ၌ ခြေသည်းပွင့်ပါက ကာမဂုဏ်၌ပျော်ပါးရတတ်
   သည်။
၂။ခြေသန်း၌ ခြေသည်းပွင့်ပါက သားသမီး၊ဝန်ထမ်းများက
   ကလန်ကဆန် လုပ်မည်။
၃။ခြေသူကြွယ်၌ ခြေသည်းပွင့်ပါက ချစ်သူနှင့် အိမ်ထောင်
   ကျလိမ့်မည်။
၎။ခြေညှိုး၌ ခြေသည်းပွင့်ပါက ခရီးထွက်ရမည်။
၅။ခြေခလယ်၌ ခြေသည်းပွင့်ပါက နာမည်ကြီးမည်။

                   မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                                 ကိုသစ်နက်

လင်မယားချင်း အဆင်ပြေစေသော ယတြာ



        လင်နှင့်မယား ``လျှာနှင့်သွား´´ဟု  ရှေးလူကြီးများက
ဆိုရိုးစကားရှိခဲ့သည်။တစ်ဘဝလုံးကို လက်တွဲနေသော
လင်မယားအဖို့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်မည်မှာ
သဘာဝပင် ဖြစ်သည်။သို့သော် ခဏခဏ ရန်ဖြစ်နေသော
လင်မယားသည် မိမိရော ပတ်ဝန်းကျင်ကိုပါ စိတ်အနှောင့်
အယှက်ဖြစ်စေသည်မှာ အမှန်ပင်ဖြစ်သည်။
        ဤယတြာမှာ ပတ်ဝန်းကျင်က လုပ်ကိုင်ပေးရသော
ယတြာဆန်း တစ်ခုဖြစ်သည်။

၁။ထိုလင်မယား၏ ဓာတ်ပုံကို အရင်ရအောင်ယူပါ။
၂။ထိုဓာတ်ပုံကို အနီရောင် ဘောင်ခတ်ကာ ထိုလင်မယား
  အိမ်၏ မြောက်ဘက်၌ ထိုလင်မယား မသိအောင်
  ချိတ်ဆွဲထားပါ။
၃။လွယ်ကူတိုတောင်းကာ အလွန်ထိရောက်သော ယတြာ
  ဖြစ်သဖြင့် ရန်ဖြစ်သံမကြားရတော့ပါ။

                          မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                                    ကိုသစ်နက်
       

Friday, January 15, 2016

မိုးကုတ်ဆရာတော်ဘုရား၏ရုပ်ကလာပ်တော်မှ ထူးခြားချက်_၁၅ _ ချက်



၁။ရုပ်ကလာပ်တော် ဆေးသွင်းရာတွင်
သွေးစိမ်းများ အထက်သို့ လေးလက်မခန့်
ထောင်၍ ပန်းထွက်ခြင်း နေ့စဉ် (၇)ရက်တိုင်တိုင်
ဆေးထိုးတိုင်း သွေးစိမ်းများ ထွက်ခြင်း

၂။ဆေးသွင်းစ ညိုမည်းသွားသော်လည်း
အသားတော်မှာ တဖြည်းဖြည်းဖြင့်
သက်သော်ရှိစဉ် ကဲ့သို့ ဝင်းထိန်တောက်ပလာခြင်း

၃။အသားတော်များမှာ

Thursday, January 14, 2016

လပြည့်နေ့အတွက်ယတြာ(စီးပွားရေးလုပ်သောသူများအတွက်သီးသန့်)



လပြည့်နေ့မနက်(9)နာရီမှာ
လင်ဗန်းတစ်ချပ်ထဲမှာ
လက်ဖက်လေးပုံ ထည့်ပါ။
လက်ဖက်ဘေးမှာ ဖယောင်းတိုင်(4)တိုင်ထွန်းပြီး
ဘုရားစင်ပေါ်မှာ တင်ထားပေးပါ။
ဘုရားရှိခိုး၊ငါးပါးသီလ ခံယူ
မေတ္တာပို့၊အမျှဝေကာ
လိုရာဆုတောင်းပါ။
အကျိုးထူးမည်။
ယုံယုံကြည်ကြည်နှင့် စနစ်တကျအသေအချာလုပ်ပါ။

               မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                               ကိုသစ်နက်








Wednesday, January 13, 2016

ငရဲကြီး ရှစ်ထပ် အကြောင်း (သို.) ငရဲ၏ဒုက္ခဆင်းရဲများနှင့်လွတ်မြောက်ဖို.အချိန်



ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။

ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။

ရဟန်းတစ်​ပါး၏မှတ်​စုများ

သင်ဗုဒ္ဓဘာသာဝင်လား။ဒီPostကိုဆုံးအောင်
ဖတ်ဖြစ်အောင်ဖတ်ပေးပါ။တခြားဘာသာက
မေးလာခဲ့လျှင်ဒီPostကိုသင့်ကိုများစွာအထောက်
အကူပြုလိမ့်မည်ဟုယုံကြည်သည်။

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသော မေးခွန်းများကိုတိကျသောဖြေရှင်းချက်...။

Tuesday, January 12, 2016

ကမ္ဘာ ပျက်ပုံ ဖြစ်ပုံ အကျဉ်း


ကမ္ဘာပျက် တာနဲ့ ပတ်သတ်ပြီး တပည့်တော်မ သိချင် ပါတယ်ဘုရား။ ယခု ကမ္ဘာ ဟာ ဘဒ္ဒကမ္ဘာ လို့ ဆိုပါတယ်။ သို့သော် လည်း ဂင်္ဂါဝါဠု သဲစုမ က ဘုရား တွေ ပွင့်ခဲ့ တယ် ဆိုတဲ့ အဆိုက ဘယ် လိုမျိုး များ ကို ဆိုလို တာ လည်း ဘုရား၊ ကမ္ဘာ ပျက် တာက ဘယ်လိုမျိုး ဖြစ်တာလည်း ဘုရား။ ဘာကြောင့် ကမ္ဘာ ပျက်ရတယ် ဆိုတာကို လည်း သိချင် ပါတယ် ဘုရား။
ကမ္ဘာ ပေါင်း များစွာ ဖြစ်ပေါ် ခဲ့ပါတယ်။ ကမ္ဘာပေါင်း များစွာ ပျက်ခဲ့ပါတယ်။ ရေတွက် လို့ မရပါ။ ကမ္ဘာ ဟာ ရေတွက် လို့ မရသလို သတ္တ၀ါ တစ်ယောက်ရဲ့ ဘ၀ဟာ လည်း ရေတွက် လို့ မရအောင် များပြား လှပါတယ်။

ဝဋ်

   တစ်ခါတုန်းက ရွာတစ်ရွာမှာ… လင်မယားနှစ်ယောက်ရှိပါတယ်...
အမျိုးသားဟာ သိပ်ကိုကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ အတွက် တစ်နေ့ တစ်နေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ်ပါတယ်။
.
သူအလုပ်က ပြန်လာပြီဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လို အပြစ်ရှာရမလဲဆိုတာပဲ တွေးနေတတ်ပါတယ်… အပြစ်ကလေး တစ်စုံတစ်ရာတွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာပါပဲ…။
.
အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရပါတယ်… သူအိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင်

Sunday, January 10, 2016

* ပဋ္ဌာန်း မရွတ်မီ အဓိဋ္ဌာန်ပြုခြင်း၊ ပင့်ဖိတ်ခြင်း နှင့် ပဋ္ဌာန်း ရွတ်ပြီး သစ္စာဆို၍ ဆုတောင်းခြင်း *


* အဓိဋ္ဌာန်ပြုခြင်း *
၁။ ယနေ့မှ စ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်း ပါဠိတော်များကို ရွတ်ဖတ်ပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်။

* နတ်ဗြဟ္မာ နှင့် ဝေနေယျ သတ္တ၀ါများကို ပင့်ဖိတ်ခြင်း *
၂။ တစ်လ အဓိဋ္ဌာန် ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ရာတွင် ယနေ့ အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှ စ၍ ပဋ္ဌာန်း ပါဠိတော်ကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်။

Thursday, January 7, 2016

လောကီပညာပြန့်​ပွား​ရေး.apk

အားလုံး​စောင့်​​မျှော်​​နေတဲ့ ​လောကီပညာပြန့်​ပွား​ရေး apk လာပါပြီ
ဒီမှာ download လိုက်​ပါ

Wednesday, January 6, 2016

အထူးခြားဆုံး အစီအရင် (ဆိုင်များအတွက် သီးသန့်)



                  ဆိုင်တွေမှာ အရောင်းအဝယ်တွေပါးသွားပြီး
အဆင်မပြေရင် ဒီယတြာကို လုပ်ပေးဖို့ အကြံပြုပါရစေ။

၁။လာဘ်ပွင့်စေရန် မိမိမွေးနေ့ နံနက် (၆)နာရီတွင် ဆိုင်ရှေ့
   ကို အရင်ဆုံး ရေဖြန်းပေးပါ။

၂။မိမိဆိုင်ရဲ့ခေါင်းရင်းမှ ခြေရင်းအထိ မြေကြီးပေါ်၌
  ဆန်(၈)ပုံကို ပုံထားပေးပါ။

၃။ပြီးနောက် အရပ်လေးမျက်နှာ ကျေးဌက်တို့ကို ထိုဆန်များ
   ကို ကျွေးလျက် ``ငွေများများ ဝင်ပါစေ´´ဟု ဆုတောင်းပါ။

၎။ထိုအစီအရင်ကို (၈)ရက်တိတိ လုပ်ပေးပါ။
   အကျိုးထူးပါမည်။

                         မည်သည့်အရာမှ ပုံသေမတွက်နှင့်။
                                ကိုသစ်နက်