Sunday, January 24, 2016

မနုဿီဟ သတ္တဝါကြီး၏ စိတ်​ဝင်​စားဖွယ်​ရာ ဇာတ်​​ကြောင်း

မနုဿီဟ သတ္တ၀ါ ဆန်းကြီး ဇာတ်ကြောင်း

ဘီလူးကြောက် တဲ့ မနုဿီဟ ရုပ် အကြောင်း

     ဒီနေ့ ခေတ်လူငယ်များ နှင့် တကွ လူုကြီးတွေ ပါ ဗဟုသုတ ရအောင် ဘုရား ပုထိုးတွေ မှာ တွေ့ ရတတ်တဲ့ မနုဿီဟ သတ္တဝါ ရုပ် အကြောင်း
ဦးဇင်း ရေးပြပါ မယ်။
     ဟိုးရှေ့အခါ က သထုံပြည်ကြီး ဟာ သာသနာ မထွန်းကားသေးပါ ဘူး ။ ကုသိုလ် အကုသိုလ် ကို မသိတဲ့ အတွက် မကောင်းမူ့များ ကြီးဆိုးကာနေပါတော့ တယ် ။ အဲဒီ အခါမှာ ဘီလူးတွေ မြို့ထဲဝင်းပြီး လူတွေကို ဖမ်းယူ စား သောက် ကြပါတယ် ။ ဘီလူး တွေက လဲ အကုသိုလ်အား ကြိးတဲ့ သူတွေကို ဖမ်းယူစားသောက်လွယ်တော့ အခြားဘီလူး တွေပါ ရောက်လာပါတော့တယ်။ တဖြည်းဖြည်း ဘီလူးတွေများလာပါတော့တယ် ။ လူ အသေ အပျောက်တွေလဲ အလွန်များလာတော့ တာပေါ့။ ဒိလိုနဲ့ သုဝဏ္ဏဘူမီ ပြည်ကြီး ဟာ ဘီလူး ဘေးကြီးဆိုက်ခဲ့ပါတယ် ။ နောက်ပိုင်းမှ မြတ်ဗုဒ္ဓ ၏ သာသနာတော်ပြန့်ပွားရေး အတွက် သာသနာပြု အရှင်နှစ်ပါး ဖြစ်တဲ့ အရှင်သောဏ နဲ့ အရှင် ဥတ္တရ မထေရ်မြတ်နှစ်ပါး ကြွရောက် လာပြီး ဗုဒ္ဓသာသနာတော် ကို သထုံမြို့တွင် အခြေတည်စေခဲ့ပါတယ် ။ အဲဒိ အချိန်ထိ ဘီလူးတွေ ဟာ သောင်းကျန်းနေ သေးပါတယ် ။ အစ ဆိုတော့ ဗုဒ္ဓဘာသာ ကိုယုံကြည်သူ နည်းပြီး မိစ္ဆာ ဒိဋ္ဌိတွေပဲ ကိုးကွယ်သူတွေများနေသေးတာပေါ့။ အဲဒိတော့ ဘီးလူးတွေကလဲ ရတနာ ၃ပါး ကို ဆည်းကပ်သူတွေကို ရှောင်ကွင်းပြီး ကျန်တဲ့ မိစ္ဆာဒိဋ္ဌိတွေ ကို ဆက်လက် သက်ဖြတ်စားသောက်ကြပါ တယ် ။ တဖြည်းဖြည်း ဘီလူတွေက အတင်းရဲး လားပြီး တစ်နေ့မှာ ဘုရင့်သားကို ဘီလူးတွေ က စားသောက်ဖို့ လာပါတယ်။ ဘုရင့် သားတော် လေးက ဘုန်းကံရှိတဲ့ ပုဂ္ဂိုလ် ဖြစ်တော့ ဘီလူးတွေ မထိ နိုင်ကြပါဘူး ဒါပင်မဲ့ ဘီလူးတွေ က ကြောက်မက်ဖွယ် အဆင်းတွေနဲ့ ခြောက် လှန့်ခဲ့ကြပါတယ် ။ မင်းသားလဲကြောက်ပြီး ဘုရင်ကြီးထံပြေးတာပေါ့ ။ နန်တော် ထဲ ရောက် တဲ့ ဘုရင်ကြီးလဲ ခြေမကိုင် လက်မကိုင်မီ ဖြစ်သွား ပါတယ် အဲဒိ အချိန် မှာ မထေရ်မြတ်နှစ်ပါးကြွရောက် လာတော် မူခဲ့ပါတယ် ။ မင်းကြီးက ထူးကဲတဲ့ ဣနြေ္ဒနဲ့ ပြည့်စုံတဲ့ မထေရ်မြတ်တွေကိုကြည် ညိုလို့ နန်တော်ထဲပင့် ဆောင်ခဲ့ပါတယ် ။
       သုဝဏ္ဏ ဘူမီ နန်းတော် ထဲ ကို သာသနာ ပြု အရှင်မြတ်နစ်ပါး ကြွရောက်တော် မူလာကြ ပါတယ်။ မင်းကြီးက အရှင်မြတ်နှစ်ပါးကို ဦးတိုက်ပြီး မင်းသားလေး ကို ဘီလူးတွေခြောက်လှန်ခံနေရတဲ့ အကြောင်းလျောက် ထား ပါ တယ် ။ အရှင် မြတ်နှစ်ပါး လည်း မင်းသားလေး ကို ရှေ့တော်သို ခေါ်တော် မူပါတယ် ။ အရှင်မြတ်နှစ်ပါး ဟာ မင်းသားလေး ကို ပရိတ်တော်တွေ ရွတ်ဖတ်ပေးတော်မူကြ ပါတယ် ။ ဒါပင်မဲ့ မင်သားလေး ခဗျာ ပရိတ်တော် ကို အာရုံမပြုနိုင်ပဲ ကြောက် စိတ်သာ ရှိနေလို့ ပရိတ်တော် တွေဟာ မင်းသားလေး မပေါ် အပြည်အဝ မကာကွယ် ပေးနိုင် ပါ ဘူး ။ ဘီးလူးတွေ က အရှင်မြတ်နှစ်ပါး ပရိတ်သံကြား ရင် အဝေးကို ပြေးကြပါတယ် ။ အရှင်မြတ်တွေ အသံရပ်နား သွားတာ နဲ့ မင်းသားလေး ကို လာ ပြီးခြောက် လှန့့်ကြပါတယ် ။ အဲဒိတော့ အရှင်မြတ်နှစ်ပါ က ကြံကြပါတယ် ။ ငါ့ရှင် ဥတ္တရ.... ဘီလူးတွေ အတင်းရဲနေပြီ တပည့်တော်တို့ နှစ်ပါးဆုံးမမှ ဖြစ်တော့ မည်လို့ အရှင်သောဏ မထေရ်မြတ် က မိန့်တော် မူ ပါတယ် ။ အဲဒိအခါ မှာ အရှင် ဥတ္တရ မထေရ် မြတ် က အဘယ် သို့ ဆုံးမတော် မူရမည် လဲ ဘုရားလို့ လျောက်တင်ခဲ့ပါတယ် ။ ထိုအခါ အရှင်သောဏ မထေရ်က ငါရှင့် လောကမှာ အသိဉာဏ် အကြွယ်ဆုံးက လူသား ဖြစ်ပေ တယ်။ ခွန်အားဗလ သတ္တိ နှင့် အပြည့်စုံ ဆုံးကား ခြငေ်သ့မင်း ဖြစ်ပေတယ် ။ ထို့ ကြောင့် လူ နှင့် ခြငေ်သ့မင်း တွဲစပ်ဖန်ဆင်း၍ မိစ္ဆာ ဘီလူတွေအား နိုမ်နှင်း မှသင့်တော်ပေ မည်ဟု အရှင် သောဏ မထေရ်မြတ်က မိန့်တော် မူပါတယ်။ အရှင်မြတ်နှစ် လည်း အာရုံပြု ပြီး မနူဿီဟ အသွင်ကို ဖန်ဆင်း တော်မူလိုက်ကြ ပါတယ် ။ မနုဿ = လူ ။ သီဟ = ခြသေ့င်္ ။ အဲဒိ အချိန်မှာ ဘီလူးတွေက မင်းသားလေး ကို ခြောက် လှန့် ကြ ဖို့ ရောက်လာ ကြပါတယ် ။ ဘီးလူးတွေဟာ အရှင်မြတ်နှစ်ပါးတို့ တွဲစပ်ဖန်ဆင်း ထားတဲ့ မနုဿီဟ. သတ္တဝါ ကြီးကို တွေ့မြင်သွား ကြ ပါတယ် ။ မနုဿီဟ သတ္တဝါ ကြီးက လဲ ဘီးလူးတွေမြင်တာ နဲ့ တဟုန်းထိုး လိုက်ဖမ်းပါ တော့ တယ် ။ ဘီလူးတွေလဲ ထူးဆန်းသော သတ္တဝါ ကြီးကို မြင်တာနဲ့ ကြောင့်လှန့်ပြီးဆောက်တည် ရာမရ ဖရိုဖရဲ ထွက်ပြေး ကြ ပါတယ် ။ "ဟာ ဒီထူး ဆန်းတဲ့ သတ္တဝါ ကြီးက ငါ တို့ ဘီးလူးတွေကို လိုက်ဖမ်း နေတယ် ပြေးကြဟေ့ ပြေးကြ မိရင်တို့တွေ အစား ခံရ လိမ့်မယ် ။" ဆိုပြီ သုဝဏ္ဏ ဘူမိပြည် ကနေ အဝေးကို ထွက်ခွာပြေးကြ ပါတယ် ။ အရှင်မြတ် နှစ်ပါး လည်း ဘီလူးတွေ ကို တိုင်းပြည် ကနေ ခြောက်လှန့်ပြီးမှ မနုဿီဟ အသွင်ကို စွန့်တော် မူ၍ မထေရ်မြတ် အသွင်ကို ပြန်လည် ယူတော် မူကြပါ တယ် ။ မင်းကြီး လည်း သားတော် ဘီလူးရန်က ကင်းလွတ်ခွင့် ရအောင် မေတ္တာ ရှေ့ထားပြီး ကယ်တင်တော် ခဲ့သဖြင့် အရှငမြတ် နှစ်ပါးကို ကြည်ညိုမူ များ အတိုင်းထက်အလွန်ဖြစ်ပေါ်ကာ အရို အသေပြုပူဇော် ကန်တော့မူ့များ ပြုခဲ့ပါ တယ်။ ထိုအခါ အရှင်မြတ်တွေက " အသင်မင်းကြီး ...ရတနာ သုံးပါ ကို ဆည်းကပ်ကိုးကွယ်သူ ၊ အမိ အဖ ဆရာသမား တွေ ကို ပြုစုလုပ်ကြွေးသူ ငါးပါး သီလ မြဲမြံသူ တွေကို နတ် သိကြားတွေ စောင့်ရှောက်မူ့ ပြုကြပေတယ် ။ ရောက်လေ ရာ အရပ် ရှိ နတ်ကောင်းနတ်မြတ် တို့သည် ကူညီ ကြတယ် ။ အဲ ဒိလို ပုဂ္ဂိုလ် မျိုးတွေ ကို မည်သည့် မိစ္ဆာ ဘီလူး တွေမှ မဖမ်းစားနိုင် ဘူး ။ သို့ပင် မဲ့ ဤ တိုင်းပြည်မှာ ရတနားသုံးပါးကို ဆည်ကပ်သူ တွေနည်းသေးတယ် အဲဒိအတွက်နောက်တစ် ကြိမ် ဘီလူးတွေပြန်လာနိုင်တယ် ။ ဒိအတွက်ကြောင့် သုဝဏ္ဏဘူမီ တောင်ထိပ်မှာ မနုဿီဟ ရုပ်ထု ထုလုပ်ထားလေ တော့ လို့မိန့် တော်မူခဲ့ ပါတယ်။
     အရှင်မြတ် နှစ်ပါး၏ ဩဝါဒကို ခံယူ ၍ သုဝဏ္ဏဘူမီ ပြည် ရှင်မင်း သည် တောင်ထိပ် ၌ မနုဿီဟရုပ်ထု ကို ပြုစေခဲ့ပါတယ် ။

         မနုဿီဟ. သည် အရှင်မြတ်နှစ်ပါး ပေါင်းစပ် ဖန်းဆင်းထားသောကြောင့် ခြငေ်သ့မင်း ကိုယ်နှစ်ခု ဖြစ်ကြတယ် လို့ အယူ အဆရှိ ကြပါ တယ် ။တစ် ချို့က တော့ တောင့် ကျ အောင် အသွင်ပြင် ဒီဇိုင်း အနေနဲ့ လုပ်ထားတာ လို့ ဆိုကြပါ သေး တယ် ။

         မနုဿီဟ ရုပ် ထုကြီးကို သုဝဏ္ဏဘူမီ တောင်ပေါ်မှာ အများမြင်သာ အောင် မူးမတ်တွေ က ဥိးစီးပြီး ထုလုပ်နေကြ စဉ် ဘီလူတွေ နောက်တစ်ခေါက် ရောက်လာပြန်ပါ တယ် ။

           အဲဒီ အချိန် မှာ ဘီလူးတွေ ဟာတောင်ပေါ် မှာ မနုဿီဟ ရုပ်ကြိး ထု လုပ်နေကြ တာတွေမြင်သွားပါ ။ ဒိတော့ ဘီလူးတွေ ကစဉ်းစားကြ ပါတယ် ။ ဟို သတ္တဝါ အစစ်က တော့ မရှိလောက် တော့ ဘူး ။ ခုဟာ က အရုပ်ကြီးပဲ တို့ ကြောက်စရာ မလို တော့ ဘူး ဆိုပြီး မြိုထဲ ကို ဝင်လာကြ ပါ တယ် ။

        အဲ ဒိ အခါ မှာ သိကြားမင်း ကြီး ထိုင်တော် မူတဲ့ ပဏ်ဏ္ဍု ကမ္ဗလာ ကျောက် ဖျာကြီး က ပူသော အခြင်းရာ ဖြစ်ပေါ်လာ ပါတယ် ။ သိကြားမင်း လဲ " အို ငါထိုင်တဲ့ မြကျောက်ဖြာ အဘယ် အခြင်းရာ ကြောင့် တင်းမာ ရသနည်း ? " လို့ အာရုံယူ ကြည့် တဲ့ အခါမှာ နောင်တစ်ချိန် တွင် ဗုဒ္ဓဘာသာ သာသနာ ထွန်းကားလာ မဲ့ တိုင်ပြည် ကို ဘီလူး တွေ ဝင်ဖျက်ဆီးဖို့ ကြံနေကြကြောင်း သိသွားပါ တယ်။

         ဒိတော့ သိကြားမင်း ကြီးဟာ ဒိကိစ္စငါ ဝင်တားမှ ဖြစ်တော့မယ် လို့ အကြံတော် ဖြစ်ပြီး ချက်ချင်းလူပြည် ဆင်းခါ မနုဿီဟ သတ္တဝါ အရုပ်ကြီးထဲ ပူးဝင်လိုက် ပါတယ် ။

         ဘီလူးတွေ က လည်း မြို့ထဲဝင်ဖို့ အလုံးအရင်းနဲ့ ချီတတ်လာကြ ပါတယ် ။ ဒီ အချိန်မှာ မနုဿီဟ ရုပ်ထုကြီး ဟာ ချက်ချင်း ကြွတတ်လာပါ တော့ တယ်။ ဘီလူးတွေ ဟာ အရုပ်ကြီး ကို ဝိုင်းကြည့် နေကြစဉ် အရုပ်ကြိးဟာ ဘီးလူးအုပ်ထဲ ပြေးဝင်လားပြီး ဘီးလူးတွေ ကို လိုက်ဖမ်းပါ တော့တယ် ။

            ဘီးလူးတွေလဲ အဲဒိတော့မှ "ဟေ့ ပြေးကြ ပြေးကြ ။ အရုပ်ကြီး က လဲ ငါတ်ု့ကို လိုက်ဖမ်းတယ် မိရင်တော့ သေကုန်လိမ့်မယ် ပြေးကြ ပြေးကြ " လို့ အော်ပြီး အကုန် ရုံးရင်းဆန်ခက် ပြေးကြပါ တော့တယ် ။ သိကြားမင်း ပူဝင်ထား တဲ့ မနုဿီဟ ရုပ်ကြီး က လဲ တွေသမျှ ဘီလူးတွေ ကို တစ်ကောင်မှ မကျန်အောင် ခြောက်လှန့် ထုက်ပါတယ် ။

        ဘီလူးတွေ မရှိတော့ တဲ့ အခါ မှ မူလနေရာ မှာ ပြန်ပြီး ရုပ်ထုကြီးကို ထားခါ သိကြားမင်း ထွက်ခွါ သွားပါ တော့တယ် ။ ဘီလူး တွေ လဲ နောင်ကို ထပ်ပြီး မလာ ရဲတော့ ပါဘူး ။ အဲဒိ အချိန် က စပြီး သုဝဏ္ဏ ဘူမိ မှာ ဘီလူးရန် ကြီး ကင်းဝေး သွားပါတော့ တယ် ။

       ထိုအပြင် တိုင်သူပြည်သား များလဲ ရတနာ သုံးပါးကို ကိုကွယ် ဆည်းကပ် သူများ ကို မကောင်း ဆိုးဝါး များ သတ်ဖြတ် စားသောက်ခြင်း မပြုနိုင်ကြောင်း မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ ကြရသဖြင့် တစ်တိုင်းပြည် လုံး ဗုဒ္ဓဘာသာ ဝင် အဖြစ် ခံယူကာ ဒါန သီလ ဘာဝနာ ကောင်းမူ့ တွေ ပြု ကြပါ တော့ တယ်။

         မနုဿီဟ ရုပ်ထုကြိးကို လဲ အကောင်း ဆိုးဝါး မိစ္ဆာ ရန်ကို ဖယ်ရှား ပေးနိုင် သော ရုပ်ထုကြီးဟု တင်းစားသတ်မှတ် ကာ ယ္ခုတိုင် ဘုရားပုထိုးများ ကျောင်းဆောင်များ စသည် တို့မှ ထွင်းထုပြု လုပ် ထားကြပါ တယ် ။
Post y - ဂန္ဓာရီခရီးသည်

No comments:

Post a Comment