လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Saturday, January 30, 2016
``ကိုသစ်နက်နှင့် ဗေဒင်ဆရာတစ်ဦး(ဖြစ်ရပ်မှန်)´´
အခန်း(၁)
ကောင်လေး မင်းညိုသည် (၁၀)တန်း ဖြေပြီးသည်
နှင့်တစ် ပြိုင်နက် မိမိ၏ မွေးရပ်မြေဖြစ်သော ဇာတိမြေသို့
ပြန်လာလေသည်။
မင်းညိုသည် အရပ်ရှည်ကာ မျက်မှန်ကို အမြဲတပ်ထား
ရပြီး အကျီင်္လက်ရှည် နှင့် ဂျင်းဘောင်းဘီ အရှည်ကို နှစ်နှစ်
ခြိုက်ခြိုက်နှင့် ဝတ်တတ်သူ တစ်ယောက် ဖြစ်သည်။
အသားအရေက အညိုရောင်သန်းကာ ညိုချော တစ်ယောက်
ကာ ပိန်ပိန်ပါးပါးနှင့် ကြည့်၍ ကောင်းကာ ရုပ်ရည်ကလေးက
အတန်အသင့်ချောသည်မို့ ချောမောလှပသူ တစ်ယောက်ဟု
ဆိုလျှင်လည်း မမှားနိုင်ချေ။သို့သော် သူ့ရုပ်ရည်ကား
သာမန်အချောအလှ အဆင့်တွင်သာ ရှိလေသည်။ခန့်ချောကြီး
ဟု ဆိုပါက လုံးဝ မမှားနိုင်ချေ။ပြင်ရန်တစ်ခုကား အရပ်ရှည်
သောကြောင့် ခါးကို ကုန်းသည့် အကျင့်ကို ပြင်လိုက်လျှင်
စမတ်ကျသော ခန့်ချော ကောင်လေး တစ်ယောက် အဖြစ်
သို့ ပြောင်းလဲနိုင်ပေသည်။
မင်းညိုသည် ``OPPO´´ဖုန်းကို ကိုင်တတ်ပြီး
အမြဲတစေ ဖုန်းတစ်လုံးနှင့် အချိန်ကုန် တတ်သူ လည်းဖြစ်
သည်။ထို့ကြောင့် တော်သင့်သလောက် မတော်ဘဲ level.3
အဆင့်မျှသာ တော်သည့်နေရာတွင်သာ စာရင်းသွင်းထားရ
လေသည်။တစ်နှစ်တာလုံးအတွက် ကျောင်းစာမဟုတ်သော
ပြင်ပ စာမေးပွဲများတွင် ဆုပေါင်း (၅)ဆုရကာ ကျောင်းအ
တွက်အားထားရသော လူငယ်တစ်ယောက် ဖြစ်လေသည်။
သို့သော် မင်းညိုကား ဥာဏ်ကောင်းသလောက် ပျင်းရိနေ
သည့်သူပင် ဖြစ်သည်။
မင်းညို၏ ဇာတိသည် မွန်လူမျိုးများ အများစု
နေထိုင်သော ဒေသလေးတစ်ခု ဖြစ်ပြီး အလွန်ပင် နေချင်စ
ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်လေသည်။နာမည်ကျော်
ကျိုက်ထီးရိုးစေတီတော်ကြီး၊စက်စဲကမ်းခြေ၊ရေတံခွန်များ၊
တောတောင်များ ပေါများသော ဒေသတစ်ခု ဖြစ်သည်။
မင်းညို၏ မိဘများတွင် မင်းညို၏ အမေသည်
ဆရာဝန်မ တစ်ယောက်ဖြစ်ပြီး မင်းညို၏ ဖခင်ကား သာမန်
ခြံလုပ်ငန်းကို လုပ်ကိုင်သောသူ တစ်ဦး ဖြစ်သည်။မင်းညို
တွင် အရမ်းချစ်ရသော ညီလေး ဇော်ထွန်း ရှိပေသည်။
အရမ်းချစ်ကြသည် ဟုဆိုရလောက်အောင် တွေ့နှင့် အမြဲတ
စေ ရန်ဖြစ်ကြသည့် အကျင့်တွင်ရှိသည်။
မင်းညိုသည် မွေးရပ်မြေသို့ ပြန်ရောက်သည်
နှင့် မြို့ထဲရှိ ဘုရားများကို သူ၏ အရမ်းချစ်ခင်ရသော ငယ်သူ
ငယ်ချင်း တေဇ နှင့် အတူ ဆိုင်ကယ်စီး၍ သွားရောက်ဖူး
မျှော်ကာ နောက်တစ်နေ့တွင် နာမည်ကြီး ရေတံခွန်များကို
မိသားစုနှင့် သူငယ်ချင်းများစုကာ သွားရောက်၍ လည်ပတ်
ကြလေသည်။
ပျော်ပွဲစားများကို သွားရောက်ပြီးသည့်နေ့တွင်
မင်းညိုသည် အလုပ်အကိုင်မရှိကာ အားနေသောကြောင့်
အိမ်ရှိ အမေ၏ ဆေးဆိုင်တွင် ဆေးကူရောင်းပေးခြင်း၊စာရင်း
ဇယားမှတ်ပေးခြင်း၊ လိုအပ်နေသော ဆေးပစ္စည်းများကို ဝယ်
ယူခြင်း၊ ဆေးစပ်ပေးခြင်း တို့ကို ပြုလုပ်ပေးကာ အမေ၏
ဆေးဆိုင်အား ကူညီပေးလျက်ရှိပေသည်။ဆိုင်စောင့်ရင်း
ဖုန်းသုံးသည့်အကျင့်ပါ စွဲလျက်ရှိကာ တစ်ကိုယ်တည်းအထီး
ကျန်စွာဖြင့် ဖုန်းလေးကို အဖော်ပြုကာ နေနေရသူ ဖြစ်လာ
လေသည်။
ထိုသို့ နေထိုင်ပြီး တစ်ပတ်ကြာသောနေ့
တွင် မင်းညို၏ မွေးမိခင်ဖြစ်သော ဒေါ်ဥမ္မာက ဗေဒင်၊ယတြာ၊
ဓာတ်ရိုက် ဓာတ်ဆင်၊အောက်လမ်း၊အထက်လမ်းကို ယုံကြည်
တတ်သူ ပီပီ မင်းညို၏ အနာဂတ်ကို သိမြင်နိုင်စေရန်
တစ်နယ်တစ်ကျေးမှ လာသော ``ဆရာဒေဝ´´ဆိုသူ ထံတွင်
ဗေဒင်မေးရန် မင်းညိုအား ခေါ်ဆောင်သွားလေသည်။မင်းညို
ကိုယ်တိုင်ပင် ဗေဒင်ကို လေ့လာ လိုက်စားပြီး ယုံကြည်တတ်
သူပီပီ အမေ၏ ခေါ်ဆောင်ရာကို လိုက်ပါခဲ့လေသည်။
အခန်း(၂)
တဲကလေးကား အပြင်ပန်းတွင်
စုတ်ချာသည် ဟုထင်ရလောက်အောင် အထဲတွင်
ရပ်ရပ် သန့်သန့်ရှင်းရှင်း နှင့် နေချင့်စဖွယ်ကောင်းသော
တဲစုတ်ကလေး ဖြစ်သည်။
``ဆရာ ဒီလူနာကို ကုနေတာ မပြီးသေးဘူး
လား၊အပြင်မှာ ဆရာမတို့ သားအမိ ရောက်နေတယ်´´
ဟု မိန်းမကြီးတစ်ဦး၏ အော်ဟစ်သံက
မင်းညိုတို့၏ သားအမိက စကားဖြင့် အရင်ဆုံး ကြိုဆိုလိုက်
သည်။
ဆရာဟု ဆိုသူကား စာရေးဆရာတြိစက္က
စာအုပ်ထဲက ဦးဗန်ကောင်းကဲ့သို့ပင် ကတုံးကို ပြောင်နေ
အောင် တုံးထားကာ ကွမ်းတမြုံမြုံဝါး နေသည်ကို ပင်တွေ့ရ
သည်။တစ်ဖန် တိုင်းရင်းဆေးကို လည်းကုတတ်ပြီး ဗေဒင်
ပညာကိုပါ တတ်ကျွမ်းနေသူ တစ်ဦး ဖြစ်ပေသည်။
မင်းညိုတို့ သားအမိလည်း တဲအိမ်ကလေးပေါ်
တွင် ဝင်ထိုင်ကာ ဆရာ၏လူနာအား မြန်မာ့ရိုးရာ တိုင်းရင်း
ဆေးဖြင့် ကုသခြင်းကို ထိုင်စောင့်ကြည့်ကာ ဗေဒင်မေးရန်ကို
စောင့်နေကြလေသည်။မင်းညိုကား လူငယ်ပီပီပင် ပတ်ဝန်း
ကျင်ကို အကဲခတ်ကာ ဖန်ခွက်တစ်ခုတွင် ဥာဏ်ပူဇော်ခ
ပိုက်ဆံများကို ထည့်ထားသည် ကိုတွေ့ရသည်။
မိန်းမကြီး တစ်ဦးကမူ
``ဆရာမ နောက်သုံးရက်နေရင် ပြန်တော့မှာလေ၊
ဗေဒင်ဟောလာတာ မဟုတ်ဘူး။သူ့ရဲ့အမဖြစ်တဲ့ ငါ့ဆီကို
အလည်လာတာ ´´ဟု စကားချီကာ မင်းညို၏ အမေဖြစ်သူနှင့်
စကား လက်ဆုံကျနေလေသည်။
အတန်ကြာသောအခါ ဆရာဖြစ်သူမှ
မင်းညိုဘက်သို့ စေ့စေ့ကြည့်ကာ သြဇာပါသောအသံဖြင့်
``ကောင်လေး မင်းက ဘာနေ့သားလဲ´´
မင်းညိုလည်း ပါးစပ်မှ
``အင်္ဂါသားပါ အဘ´´
ဟုဆိုကာလိုက်လေသည်။အဘဟု ခေါ်
ရသည်မှာ အသက်အရွယ်က (၅၀)နီးပါးမျှရှိသည့်အပြင်
ဗေဒင်ဆရာလည်း ဖြစ်သောကြောင့် လေးစားစွာဖြင့်ပင်
အဘ ဟုခေါ်လိုက်လေသည်။
``မင်းက အပေါင်းအသင်းဆိုခင်မင်တယ်၊
မင်း ဒုက္ခ ဖြစ်ရင် ကယ်ပေးမည့်သူ မရှိဘူး၊ဒီကြားထဲ အခန်း
ထဲမှာ ပန်းကလေးတွေ နဲ့ ရောရော နှောနှော နေသေး။
(ပန်းဆိုသည်မှာ မိန်းကလေးများကို ဆိုလိုသည်။)ပြီးတော့
မင်းမှာ လက်ရှိကောင်မလေးတစ်ယောက် ရှိသေးတယ်။
သူက အထည်ကြီးပျက်အတန်းစား ထဲကပဲ မင်းနဲ့သူ
လုံးဝကို ယူလို့ရဘူး။ငါ အယူ မခံနိုင်ဘူး´´
ဆက်ရန်
Myanmar Occult Pages Vol.7
(8/2/2016တွင် Online E.bookအဖြစ်
ထွက်ပါမည်။)
လာရောက်လည်ပတ်သင့်ရမည့်
ကျွန်တော်တို့MOPရဲ့ မူပိုင်
blogဖြစ်သော occultking.blogspot.com
တွင် E.bookအဖြစ် တင်ပေးပါမည်။
အားပေးကြပါ!!!။
နည်းနည်းလောက် တစ်ခုခု ဝေဖန်သွားကြ!
မည်သည့်အရာမှ ပုံသေမတွက်ပါနှင့်။
ကိုသစ်နက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment