Friday, January 22, 2016

၂၂.၁.၂၀၁၆ မှ ၂၈.၁.၂၀၁၆ အထိ ၇ ရက် သားသမီးဟောစာတမ်း


တနင်္ဂနွေ
 ပျော်၇ွှင်သောခရီးများ ထွက်ဖြစ်မည်။ မမျှော်လင့်ဘဲ စိတ်ချမ်းသာမှု သတင်းကောင်းကြားရ မည်။ ရှုပ်နေတာတွေရှင်းနေမည်။ မရည်ရွယ်ဘဲ ခရီးထွက်ဖြစ်မည်။ ရည်းစား၊ချစ်သူအသစ် တွေ့မည်။ မိဘသားချင်း တို့ အိမ်နေရာ၊ အလုပ်တစ်ခုခုပြောင်းလဲံမှု ဖြစ်မည်။ ထီပေါက်သလို ငွေရမည်။ ကျန်းမာရေးနည်းနည်းဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - ၉ ၊ ၆ ၊ ၈
အထူးဟော - သင်ကံကောင်းလာလိမ့်မည်။
ယတြာ - တနင်္ဂနွေ နေ့ နံနက်မှာ ကလေးတွေကို ချိုချဉ်ဝေလိုက်ပါ။

တနင်္လာ
 အတွေးများခြင်း၊ ရည်မှန်းချက်
များခြင်းတွေ များသော်လည်း တကယ်အကောင်အထည် မဖော်နိုင် ဖြစ်နေရတတ်ပါသည်။. ဆုံးဖြတ်ချက်မြန်ပြီး ဆန္ဒစောနေသလိုတွေဖြစ်နေမည်။ အသွားအလာ အတက်အဆင်းတို့ ဂရုစိုက်ပါ။ လက်နာ၊ ခြေနာ ဖြစ်တတ်ပါသည်။ မမျှော်လင့်ဘဲ မရည်ရွယ်တဲ့နေရာ က ငွေရကိန်းရှိပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေး လှည့်စားခြင်းခံရမည်။ အဝေးကချစ်သူကို မယုံစားလိုက်ပါနှင့်။ အလုပ်ကိစ္စအဆင်ပြေပါမည်။ ရာထူးတက်၊ လစာတိုးမည်။
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၃
အထူးဟော - အောင်မြင်မှုရလာပါမည်။
ယတြာ - တနင်္လာနေ့ နံနက် တွင် ငါးအရှင် (၁၅) ကောင် ၀ယ်လွှတ်ပါ။

အင်္ဂါ
အလုပ်၊ နေစရာ၊ ထိုင်စရာ၊ ခရီးသွားလာမှု ငွေကိစ္စတို့အတွက် စိတ်ရှုပ်ရလိမ့်မည်။ ဘယ်အရာမှ အပြီးမသတ်နိုင်ဘဲ တပိုင်းတစတွေ ဖြစ်နေတတ်ပါသည်။ ထိုသို့ စိတ်ရှုပ်ရတဲ့အထဲမှာ အချစ်ရေး၊ အိမ်ထောင်ရေးက တစ်မျိုး စိတ်ရှုပ်ရတတ်၍ တပူပေါ်တစ်ပူဆင့် ဖြစ်နေရတတ်ပါသည်။ သို့သော် မစိုးရိမ်ရပါ။ မီးကိုရေနှင့် ငြိမ်းလိုက်သလို ၂၀.၁.၂၀၁၆ မှစ၍ အေးဆေးသွားပြီး ဆင်းရဲကံကောင်းမှု ၀မ်းသာရမှု သတင်းကောင်းကြားလာရပါလိမ့်မည်။
 အကျိုးပေးဂဏန်း - ၈ ၊ ၆ ၊ ၉
အထူးဟော - အန္တရာယ်လုံးဝမရှိပါ။
ယတြာ - အင်္ဂါနေ့ နံနက်တွင် ဘုရားနှင့် သံဃာ၈ပါးကို ဆွမ်းကောင်းဆွမ်းကပ်လိုက်ပါ။

ဗုဒ္ဓဟူး

 အပြောလွယ်သလောက် အလုပ်ခတ်တတ်ပါသည်။ စေတနာသည် လူတိုင်းနှင့်မတန် ဆိုသလို မင်းရဲ့ ဆောင်ရွက်မှုတို့သည် စေတနာပါသော်လည်း အပြစ်တင်မလွတ်သောကာလဖြစ်၍ အပြောအဆိုအနေအထိုင် ဆင်ခြင်သင့်ပါသည်။ သို့သော် သင့်ရဲ့ ကံကောင်းခြင်း တို့ကြောင့် ၂ရက်ကျော်လျှင် ပြောင်းလဲမှုနှင့် တိုးတက်မှုတို့ ဖြစ်လာလိမ့်မည်။ ဆန္ဒစောခြင်းနှင့် ဒေါသကြီးခြင်း တို့ဆင်ခြင်ပါ။ မမျှော်လင့်ဘဲ အိမ်ထောင်ကျကိန်းရှိ၍ ဆင်ခြင်ပါ။ မရည်ရွယ်ဘဲခရီးယာယီတွေ ရောက်ဖြစ်မည်။
အကျိုးပေးဂဏန်း - ၄ ၊ ၆ ၊ ၉
အထူးဟော - ကံကောင်းမည်။
ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်လှူပါ။

ကြာသပတေး
 အတွေးများခြင်း၊ စိတ်လေခြင်း၊ စိတ်ရှုပ်ရခြင်းများ ရှိနေမည်။ ကျန်းမာရေးလည်း ချုချာမလို ဖြစ်နေရတတ်သည်။ အရာရာစိတ်တိုင်းမကျခြင်းများ ယနေ့မှစ၍ ၃ရက်အတွင်း ဖြစ်နေမည်။ ၂၅.၁.၂၀၁၆မှစ၍ စိတ်ချမ်းသာမှုရမည်။ ကံကောင်းမည်။ ငွေဝင်မည်။ စက်၊ မြေစကားပြောရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးအခြေအနေ ကောင်းသည်။ သို့သော် အထင်အလွဲခံရမည်။
အကျိုးပေးဂဏန်း - ၅ ၊ ၇ ၊ ၉
အထူးဟော - တိုးတက်မှုရှိပါသည်။
ယတြာ - ကြာသပတေးနေ့နံနက် တွင် အိမ်ဘုရားကို အောင်သပြေပန်း၁၉ညွန့် ကပ်လှူပါ။

သောကြာ
 ပြောင်းလဲမှု၊ ပြင်ဆင်မှုများ၊ ပြောင်းရွှေ့မှုများဖြစ်မည်။ စွန့်စားမှု နှင့် စမ်းသပ်မှုတွေလည်း လုပ်ချင်သည်။ မလုပ်သင့်ပါ။ အတိုက်အခံ တွေပေါ်မည်။ ကျော်လွှားနိုင်မည်။ ငွေကြေး၊ ပစ္စည်းအတွက် စကားများရတတ်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စ တဇွတ်ထိုးမလုပ်သင့်ပါ။ ရည်ရွယ်တာမလုပ်ဖြစ်ဘဲ မရည်ရွယ်တာတွေ လုပ်ဖြစ်မည်။ အလုပ်အကိုင်ကောင်းပါသည်။
အကျိုးပေးဂဏန်း - ၁ ၊ ၆ ၊ ၈
အထူးဟော - ကံကောင်းပါသည်။
ယတြာ - သောကြာနေ့ နံနက်တွင် သစ်သီး ၉ မျိုး အိမ်ဘုရားကပ်ပါ။

စနေ
 သည်းခံ၊ ခွင့်လွှတ်ခြင်းနှင့် စာနာသနားတတ်မှုတို့ကြောင့် မကောင်းမှု ကို ဆင်ခြင်နိုင်စေသော ဖြစ်ရပ်တစ်ခုနှင့် သင်ကြုံလိမ့်မည်။ သို့သော် သင်အောင်ပွဲခံရပါလိမ့်မည်။ စီးပွားရေး၊ အလုပ်အကိုင်အသစ်ရကိန်းရှိပါသည်။ လုပ်ငန်းတိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာမည်။ အချစ်ရေးမှာ ထင်သလို ဖြစ်မလာ၍ စိတ်ဆင်းရဲမှု ဖြစ်လာမည်။ သို့သော် သင်ကံကောင်းလာပါလိမ့်မည်။ မိဘသားချင်းတို့အပေါ်တာဝန်ကျေ လုပ်ကျွေးမှုဖြစ်မည်။ ခရီးဝေးသွားဖြစ်မည်။ စက်ပစ္စည်းဝင်၊ထွက်မှု ဖြစ်ပါမည်။ ငွေဝင်ပါမည်။
အကျိုးပေးဂဏန်း - ၇ ၊ ၉ ၊ ၈
အထူးဟော - ကံကောင်းခြင်းတို့နှင့် ကြူံတွေ့လိမ့်မည်။
ယတြာ - စနေနေ့ နံနက်တွင် ခရေပန်း သို့မဟုတ် ခရေညွှန့် ၇ညွှန့် ဘုရားလှူပါ။

         မြစ်မခ မီဒီယာ
         ဒေါက်တာထွန်းလင်း (ဘုတလင်)

No comments:

Post a Comment