Thursday, March 31, 2016
Sexy Tarrots
             လိင်ပိုင်းဆိုင်ရာတွေကို အဓိကထားပြီးတော့
သရုပ်ပြထားတဲ့ တားရော့(၂၂)ကဒ်တွေပါ။ဘာလို့ ဒီလိုတားရော့မျိုး
ကို ဖော်ပြရသလဲဆိုတော့ တားရော့မှာလည်း လိင်ပိုင်းဆိုင်ရာ
တားရော့တွေရှိတယ်ဆိုတာကို သိစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် လည်းဖြစ်ပါတယ်။နောက်ထပ်တစ်ခုက
တော့ တားရော့နဲ့ ရွှေနန်းတော်တင် သွားလို့ မရတာမဟုတ်
ပါဘူး။ငရဲပြည်ကိုလည်း သွားလို့ရပါတယ်။ပြောချင်တာက
တော့ တားရော့ကို ကောင်းတဲ့နေရာမှာရော မကောင်းတဲ့နေ
ရာမှာရော အသုံးပြုလို့ရပါတယ်။တားရော့ကို မိန်းမတစ်
ယောက်လို ချစ်ပါ။စာအုပ်ကို အမှီခံ အဖြစ်သာ လုပ်ပြီးတော့
စာအုပ်ထဲမှာ ရှာလို့မရတဲ့ နည်းတွေ အထိဖြစ်အောင် လုပ်
ပါ။တားရော့ကို တကယ်ချစ်တဲ့သူတွေ ဖြစ်ကြပါစေ။
ဘဝဆိုတာ မာယာများသလို ပုံသေနည်းမရှိတဲ့ ကိုသစ်နက်
Wednesday, March 30, 2016
မန္တန်​အမြုတေကျမ်း
ကိုလင်းအိမ်​သစ်​ဆီမှ မ,လာပါသည်
မန္တန်​အမြုတေကျမ်းပါ....
    https://yadi.sk/i/btA02cgTqafYC
Shared by- ဂန္ဓာရီခရီးသည်
မိတ်​​ဆွေတို့ရဲ့အခက်​အခဲများအား​ဖြေရှင်း​ပေးပါမည်
အချစ်​​ရေး အိမ်​​ထောင်​​ရေး စီးပွား​ရေး ကျန်းမာ​ရေး လူမှု​ရေး ပညာ​ရေး အစစအရာရာ အဆင်​မ​ပြေကြဘူးဆိုပြီးခဏခဏလာ​ပြော​နေကြလို့ဒီပို့စ်​တင်​ဖြစ်​တာပါ...
   မိမိတို့ရဲ့အဆင်​မ​ပြေတဲ့ကိစ္စကိုviberက​နေပဲဖြစ်​ဖြစ်​ လာပြီး​ပြောကြပါ...group နဲ့ page မှာမ​ပြောကြပါနဲ့..FBမှာက​ပြောလို့အဆင်​မ​ပြေတာ​ကြောင့်​ပါ.... Ph Noလည်း​ပေးထားပါတယ်​.. 09787707263 ပါ...
    မိမိတို့ကြုံ​တွေ့​နေရတဲ့အခက်​အခဲကိစ္စမှန်​သမျှကိုအဆင်​​ပြေ​စေမယ့်​လွန်​စွာအစွမ်းထက်​တဲ့ယတြာ၊အစီအရင်​များ​ပေးမှာပါ....
 ဥာဏ်​ပူ​ဇော်​ခအ​နေနဲ့က​တော့မိမိတို့ကိစ္စအလိုက်​ပူ​ဇော်​နိုင်​ပါတယ်​.... ​ဟောစာတမ်းများက​တော့ textအ​နေနဲ့ဖြစ်​​နေ pdf ဖြစ်​​စေပြုလုပ်​​ပေးပါတယ်​....
Thursday, March 24, 2016
ေ​ဗဒင်​​ဟောခန်းပြန်​လည်​ဖွင့်​လှစ်​ခြင်း
   အ​ကြောင်းအမျိုးမျိုး​ကြောင့်ေ​ဗဒင်​​ဟောခန်း၂လပိုင်းကတည်းကပိတ်​ထားရာ ယခုပြန်​လည်​ဖွင့်​လှစ်​ပါပြီ....
  တစ်​လစာ တစ်​နှစ်​စာ တစ်​သက်​စာ ​ဟောစာတမ်းများ မိမိတို့ကြုံ​တွေ့​နေရ​သောအခက်​အခဲများအား​ပြေလည်​​စေမည့်​ယတြာများ အစီအရင်​ အ​ဆောင်​များ ပြန်​လည်​စီရင်​​ဟော​ပြော​ပေး​နေပါပြီ...
   တစ်​နှစ်​စာ​ဟောစာတမ်း ၅ထောင်ကျပ်
   တစ်​သက်​စာ​ဟောစာတမ်း ၁သောင်းကျပ်
 ယတြာများအပါအဝင်
  ဥာဏ်​ပူ​ဇော်​ခအား Telenor bill ဖြင့်​ဖြစ်​​စေ ​ပူ​ဇော်​နိုင်​ပါသည်​.....
       သဒိယံ ပါကံ ဇ​နေတိ
          ဂန္ဓာရီခရီးသည်
Wednesday, March 23, 2016
``တစ်နှစ်ကို ဗေဒင်ဘယ်နှစ်ခါ မေးရမလဲ?´´
                တစ်နှစ်ကို ဗေဒင်ဘယ်နှစ်ခါမေးရမလဲ ဆိုတာ လူတိုင်းက သိချင်နေပါတယ်။အနည်းဆုံး (၁)နှစ်ကို
သုံးကြိမ်မေးရပါမယ်။ဘယ်အချိန်တွေလဲ ဆိုတာကိုတော့
အောက်မှာကြည့်ပါ။ခြွင်းချက် အနေနဲ့မိမိလက်ရှိ အခက်အခဲ
ဖြစ်နေလို့ မေးတာနဲ့ လုံးဝ မဆိုင်ပါဘူး။နောက်ပြီး တစ်ခုရှိ
တာက မိမိယုံကြည်ကိုးစား ရတဲ့ဆရာဆီမှာသာ ဗေဒင်မေး
သင့်ပါတယ်။ဘာလို့လဲဆိုတော့ သူ့ကို ယုံကြည်နေမှသာ
သူပေးတဲ့ ယတြာတွေကို သေသေချာချာ လုပ်ဖြစ်မှာပေါ့
လေ။ဒါ့အပြင် ဗေဒင်ဆရာရဲ့ပြောစကားတွေကို သေသေချာ
ချာ မှတ်စုနဲ့ မှတ်ထားပြီးတော့ လိုက်နာဆောင်ရွက်ပါ။ဗေဒင်
ဟာ သင့်ရဲ့လမ်းပြသူ ဖြစ်နေလို့ပါပဲ။ဗေဒင်ဆိုတာက အရမ်း
ကို လေးနက်တဲ့ပညာရပ်တစ်ခုပါ။ဗေဒင်ဆရာဟာ လမ်းပြသူ
သာ ဖြစ်ပါတယ်။ယတြာဆိုတာလည်း ကိုယ်တိုင်လုပ်မှ
စွမ်းတာပါ။ပြီးတော့ ယတြာကို တစ်ခါလုပ်လို့ စွမ်းတာလည်း
ရှိသလို့ ထပ်ခါထပ်ခါ လုပ်မှ စွမ်းတာ လည်းရှိပါတယ်။အထူး
ပြောချင်တာကတော့ ရတနာသုံးပါးကို မမေ့ပါနဲ့။
မေးရမယ့်ဟာတွေကတော့
၁။မိမိရဲ့မွေးလ၊မွေးရက် ကျော်သွားတဲ့အခါမေးပါ။
၂။သင်္ကြန်ပြီးလို့ တစ်လအတွင်း တစ်ကြိမ်မေးပါ။
၃။တစ်နှစ်စာဟောစာတမ်းကို တစ်နှစ်ကြိမ်မေးပါ။
ဘဝဆိုတာ မာယာများသလို ပုံသေနည်းမရှိတဲ့ ကိုသစ်နက်
``ဆရာဇင်ယော်နီရဲ့မတ်လအတွက်ဟောစာတမ်း´´
Monday, March 21, 2016
အဆင်းလှစေကြောင်း ဆုတောင်းဂါထာ
                                                   မီးခဲမောင်မောင်
                                          Myanmar Occult Page
Sunday, March 20, 2016
``ကံကောင်းစေသောအဆောင်များ´´
       အဘမင်းသိင်္ခရဲ့ အဆောင်ဘိသိတ်ဓာတ်ပန်းချီတွေပါ။
မိမိနှစ်သက်တဲ့ပုံကို ``Print´´ထုတ်ပြီးတော့အသုံးပြုနိုင်ပါတယ်။
ဘဝဆိုတာ မာယာများသလို   ပုံသေနည်းမရှိတဲ့ ကိုသစ်နက်
Thursday, March 17, 2016
``ဘယ်ပုတီးနဲ့စိပ်မလဲ´´
                စိပ်ပုတီး အမျိုးမျိုးရှိပါတယ်။စုစုပေါင်းပြောရ
ရင်တော့ ယေဘုယျကျကျ ပြောရရင်တော့ စိပ်ပုတီး(၆)မျိုးရှိ
ပါတယ်။မသိသေးတဲ့သူတွေအတွက် ဗဟုသုတ တိုးပွားစေ
လိုတဲ့ ရည်ရွယ်ပါသည်။
၁။သစ္စာလေးပါးနှင့် လက္ဓဏာသုံးပါးစိပ်ဖို့ကတော့(၄)လုံးပုတီး
၂။ဂုဏ်တော်ကိုးပါးကိုစိပ်ဖို့ကတော့ (၉)လုံးပုတီး
၃။ပဋ္ဌာန်းနှစ်ဆယ့်လေးပစ္စည်းကို စိပ်ဖို့ကတော့(၂၄)လုံးပုတီး
၎။သုံးဆယ့်နှစ်ကောဋ္ဌာစကို စိပ်ဖို့ကတော့ (၃၂)လုံးပုတီး
၅။ဗောဓိပက္ဓယတရားကို စိပ်ဖို့ကတော့ (၃၇)လုံးပုတီး
၆။တြင်းနဝင်းကြေကို စိပ်ဖို့ကတော့ (၁၀၈)လုံးပုတီး
           ဘဝဆိုတာ မာယာများသလို
                  ပုံသေနည်းမရှိတဲ့ ကိုသစ်နက်
`` ကိုယ်ဝန်ဆောင်အကြောင်း သိမှတ်သမျှ ဗဟုသုတအတိုအထွာများ´´
၁။ကိုယ်ဝန်ဆောင်တွေ ကလေးမီးဖွားရ ခက်ခဲနေပါက
  စီးပြီးသား ရထားလတ်မှတ် တစ်စောင်ကို ယူပါ။
  ထိုရထားလတ်မှတ်ဟာ``မှ-သို့´´ ဘူတာ အထိရောက်ရ
  မယ်။ဆိုလိုချင်တာက ရန်ကုန်ကနေ မန္တလေး ထိစီးရင်
  ရန်ကုန်ကနေ မန္တလေးထိ ရောက်ရမှာကို ဆိုလိုတာပါ။
  တခြား ဘူတာတွေမှာ ဆင်းခဲ့ရင် မရပါဘူး။
  အဲ့ရထားလတ်မှတ်က ``သို့´´ကို အောက်ဘက်မှာထား
  ပေးပါ။ပြီးရင်တော့ ဝမ်းဗိုက်ပေါ်ကို ထားပေးပါ။
  မွေးဖွားရတာ လွယ်ကူပါတယ်။မွေးဖွားပြီးပါက ပြန်ပြီး
  တော့ ယူလိုက်ပါ။ရထားလတ်မှတ်နဲ့ ထူးထူးခြားခြား
  နည်းလမ်းလေး ဖြစ်ပါတယ်။
၂။ကိုယ်ဝန်ဆောင် မိန်းမဟာ မိမိရဲ့အိမ်ပေါ်ကနေ
  ထွက်သွားရင် မွေးဖွားပြီးမှ ပြန်လာခိုင်းပါ။
  မမွေးဖွားဘဲနဲ့ ပြန်လာခိုင်းပါက အိမ်ရှင် ထိခိုက်တတ်
  ပါသည်။အထူး သတိထားပါ။
၃။မြန်မာ့လူမျိုးတို့ရဲ့ ရှေးအစဉ်အဆက်ကတည်း
  ကိုယ်ဝန်ဆောင်နဲ့ ပတ်သတ်ပြီးတော့ ထူးထူးခြားခြား
  ယုံကြည်ထားတာကတော့ ကိုယ်ဝန်ဆောင် မိန်းမဟာ
  မြင်းတွေနဲ့နွားတွေကို ချည်နှောင်ထားတဲ့ ကြိုးတွေကို
  မကျော်လွှားရပါ။ကျော်လွှားမိက မွေးဖွားရတာ ခက်ခဲတာ
  တို့၊ပြီးတော့ လကျော်ပြီး မွေးဖွားရတတ်လို့ ယုံကြည်
  ထားကြပါတယ်။ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း
  မလွယ်နဲ့ ဆိုသလို သေသေချာချာ မိမိရဲ့ကိုယ်ပိုင်
  ဥာဏ်နဲ့ ဆင်ခြင် ပိုင်းခြား သုံးသပ်ဝေဖန်ဖို့ကို အထူး
  အကြံပြုပါရစေ။
                 ဘဝဆိုတာမာယာများသလို
                       ပုံသေနည်းမရှိတဲ့ ကိုသစ်နက်
Wednesday, March 16, 2016
15.3.2016 to 21.3.2016 ၇ ရက် သားသမီး ဟောစာတမ်း
တနင်္ဂနွေ
စိတ်ချမ်းသာမှုတွေရမည်။ စိတ်ကြည်နှုးမှုတွေဖြစ်မည်။ စိတ်ဆိုးနေသောချစ်သူကလည်း ပြန်လည် အဆင်ပြေ လာမည်။ မရည်ရွယ်သောခရီးယာယီများ ရောက်ဖြစ်မည်။ မပေါင်းဖူးသောမိတ်ဆွေများလည်း တွေ့မည်။ မချစ်ဖူး သေးသော သူထံမှ ချစ်ရေးဆိုခြင်းခံ၇မည်။ ဤတစ်ပတ်အတွင်း မျှော်လင့်ထားသောအရာများ အောင်မြင်မှုများ ရရှိမည်။
Sunday, March 13, 2016
ရှင်​ပင်​ရတနမဉ္ဇူဘုရား
တန်ခိုးတော်ကြီးမားလှသော အံ့ဘွယ်ကိုးပါးနဲ့ ပြည့်စုံတဲ့ ရှင်ပင်ရတနမဉ္ဇူဘုရား၊
စလင်းမြို့၊ မင်းဘူးခရိုင်၊ မကွေးတိုင်းဒေသကြီး။
ဖူးမြော် ကြည်ညို ကုသိုလ်ယူနိုင်ကြပါတယ်။
အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
Credit : Sansan Maw
ကျောက်စရစ်ခဲ ပီယစီရင်နည်း
ထိုကျောက်စရစ်ခဲကို ဆောင်ထားပါ။
တစ်လလျှင် တစ်ကြိမ်ပြုလုပ်ပေးပါ။
                                   မီးခဲမောင်မောင်
                         Myanmar Occult Page
Saturday, March 12, 2016
``ကိုသစ်နက်ရဲ့ ထိရောက်ရိုးရှင်းသော နည်းလမ်းတိုများ´´
၁။ တစ္ဆေ၊ သရဲတို့သည် ရှာလကာရည် ကိုကြောက်ပါသည်။
   ထို့ကြောင့် ဆောင်ထားပါလေ။
၂။ ဗုဒ္ဓဟူးနံကိစ္စမှန်သမျှ အဆင်ပြေလိုသော် ကိတ်မုန့်စားပြီး
    ဆုတောင်းလိုက်ပါ။
၃။ ကြာသပတေးနံ ကိစ္စမှန်သမျှ အဆင်ပြေလိုသော်
   ကြာသပတေးနေ့(နံနက်- ၁၂နာရီ) အတွင်းရှောက်သီး
   ပေါ်မီးထွန်းပြီး လိုရာဆုတောင်းပါ။အဆင်ပြေသွားပါမည်။
၎။အကြွေးများတောင်းရခက်ခဲနေပါက မွေးနေ့နံနက်၌
  ငါးသက်စေ့လွတ်ပြီး အကြွေးများ ပြန်ရစေကြောင်း
  ဆုတောင်းပါ။
၅။အကြွေးများ ချက်ချင်းပေးဖို့ မပြေမလည်ဖြစ်နေပါက
  မိမိအကြွေးပေးရမည့်သူ၏ အမည်ကို (၉)ခေါက်ရွတ်ဆိုပြီး
  မှ ခွေးများကို အစာကျွေးပါ။
၆။အိမ်ရှိဘုရားစင်တွင် ပန်းအိုး(၃)လုံးသာ ထိုးပေးပါက
  ပို၍ ကောင်းပေသည်။
၇။လမ်းဦးလမ်းတိုက်အိမ်ကို အခိုက်ဖြေလိုပါက
  ထိုအိမ်၏ ခါးပန်းတွင် မိမိနှစ်သက်သော ဂုဏ်တော်
   (၁)ပါးကို ရေးပါ။(ဥပမာ-အရဟံ ဟုရေးပေးပါ။)
၈။မိမိထံတွင် မကောင်းသောအရာများကို ကွယ်ပျောက်ပြီး
   ကံကောင်းခြင်းများ ရောက်လာစေရန်
  ``အဘရာကာဒါဘရာ´´စာသားလေးကို မကြာခဏရွတ်ပေး
   ပါ။
၉။အတိုက်အခံ ရန်များ ပေါများနေပါက
   (၂၄)ပစ္စည်းကို (၂၄)ခေါက်ရွတ်ပေးပါ။
                ဘဝဆိုတာ မာယာများသလို
                            ပုံသေနည်းမရှိတဲ့ ကိုသစ်နက်