လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Friday, March 4, 2016
``လူသိနည်းနေသောမြန်မာ့ရိုးရာအစားအသောက်တွက်နည်း´´
လူတိုင်း သိပြီးတော့ တွက်ထားသင့်တဲ့နည်း
လေးပါ။အစားအသောက်ဗေဒင်တွက်နည်းက ခပ်ဆန်းဆန်း
လေးပါ။ဗေဒင်စာအုပ်တော်တော်များများမှာ တွေ့ရခဲပါတယ်။
ဗေဒင်ဝါသနာရှင်တွေ၊ဗေဒင်ဆရာတွေ ကိုယ်တိုင်လည်း
သိထားသင့်တဲ့ တွက်နည်းလေးဆို လည်း မမှားပါဘူး။ ``အသက်ကိုဥာဏ်စောင့် ဥစ္စာကိုကံစောင့်’’လို့ဆိုထားကြ တယ်။မည်သို့ပင်ဖြစ်စေကာမူ ရှောင်ရမည့်နှစ်တွင်ရှောင်ပါ၊ မရှောင်ပါက ထိုနှစ်တွင် ကျန်းမာရေးကို အထူးဒုက္ခ ပေးနိုင်သည်။ကျန်းမာသွက်လက်သောသူ တစ်ယောက် ဖြစ်ဖို့ဆိုတာကလည်း လေကျင့်ခန်းပုံမှန် လုပ်ရမယ်။စိတ် ထားလည်းကောင်းရ မယ်။အရက် ဆေးလိပ် စတဲ့ မူးယစ် ညစ်ညမ်းစေတဲ့ အရာများကို ရှောင်ကြဉ်ကာ ညီညွှတ်မျှတစွာစားသောက်ဖို့ကလိုပါသည်။စာဖတ်သူတွေက ပြော နေအုံးမယ်။ဗေဒင်တွက်နည်းကို ပြောမှာလား။ ကျန်းမာရေးဟော ပြောနေမှာလားလို့။ကဲဒါတွေက ကြုံတုန်း ဗဟုသုတအဖြစ် ပြောပြတာပါ။
တွက်နည်းအဆင့်ဆင့်
မိမိ၏ ယခုရောက်ဆဲအသက်ကို မွေးနံဂြိုဟ်သက်နှင့်ပေါင်းပါ။
ထိုသို့ပေါင်း ရသည့်ကိန်းကို (၇)ဖြင့်စားပါ။
အကြွင်းကို ဟောပါလေ။
မွေးနံဂြိုဟ်သက်များ
၁။တနင်္ဂနွေဂြိုဟ်သက် ၆ နှစ်
၂။တနင်္လာဂြိုဟ်သက် ၁၅ နှစ်
၃။အင်္ဂါဂြိုဟ်သက် ၈ နှစ်
၎။ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇ နှစ်
၅။ကြာသပတေးဂြိုဟ်သက် ၁၉ နှစ်
၆။သောကြာဂြိုဟ်သက် ၂၀ နှစ်
၇။စနေဂြိုဟ်သက် ၁၀ နှစ်
ဥပမာ-
အသက်(၁၇)နှစ်ရှိသော ဗုဒ္ဓဟူးသမီးကို တွက်ကြည့်ပါက
ရောက်ဆဲအသက်(၁၇)ကို ဗုဒ္ဓဟူးဂြိုဟ်သက် (၁၇)နှင့်ပေါင်းသော် (၃၄)ရသည်။
ယင်း(၃၄)ကို (၇)ဖြင့်စားသောအခါ အကြွင်း(၆)ရသည်။ထို့ကြောင့် သည်နှစ်ထဲတွင် ``အချိုအရသာ´´ကို ရှောင်ကြဉ်ပါ။
မရှောင်ကြဉ်ပါက ကျန်းမာရေးချို့တဲ့ကာ ရောဂါရမည်။
အကြွင်းဟောကိန်းများ
(၁)ကြွင်းပါက အငန်အရသာကို ရှောင်ကြဉ်ပါ။
(၂)ကြွင်းပါက အဖန်အရသာကို ရှောင်ကြဉ်ပါ။
(၃)ကြွင်းပါက အခါးအရသာကို ရှောင်ကြဉ်ပါ။
(၄)ကြွင်းပါက အချဉ်အရသာကို ရှောင်ကြဉ်ပါ။
(၅)ကြွင်းပါက အဆိမ့်အရသာကို ရှောင်ကြဉ်ပါ။
(၆)ကြွင်းပါက အချိုအရသာကို ရှောင်ကြဉ်ပါ။
(၀)ကြွင်းပါက အစပ်အရသာကို ရှောင်ကြဉ်ပါ။
ဘဝဆိုတာ မာယာများတယ်
ပုံသေနည်းမရှိတဲ့ ကိုသစ်နက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment