လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Wednesday, March 16, 2016
15.3.2016 to 21.3.2016 ၇ ရက် သားသမီး ဟောစာတမ်း
တနင်္ဂနွေ
စိတ်ချမ်းသာမှုတွေရမည်။ စိတ်ကြည်နှုးမှုတွေဖြစ်မည်။ စိတ်ဆိုးနေသောချစ်သူကလည်း ပြန်လည် အဆင်ပြေ လာမည်။ မရည်ရွယ်သောခရီးယာယီများ ရောက်ဖြစ်မည်။ မပေါင်းဖူးသောမိတ်ဆွေများလည်း တွေ့မည်။ မချစ်ဖူး သေးသော သူထံမှ ချစ်ရေးဆိုခြင်းခံ၇မည်။ ဤတစ်ပတ်အတွင်း မျှော်လင့်ထားသောအရာများ အောင်မြင်မှုများ ရရှိမည်။
ငွေကြေးကိစ္စလည်း အဆင်ပြေလာမည်။ အလုပ်အကိုင်လည်း အဆင်ပြေလာမည်။ ရွှေ၊ စက်၊ မြေတို့ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ အလိမ်ခံထားရသောငွေ ပြန်ရမည်။ ထိပ်တိုက်ဖြေရှင်းရမည့်ကိစ္စများ သတ်မှတ်ရက်မတိုင်မီ အဆင်ပြေအောင်မြင်သွားမည်။ အမှုကိစ္စ ၊ အရှုပ်အရှင်းများ အနိုင်ရသွားမည်။ ထီထိုးပါ။ ယခု တစ်ပတ်အတွင်း ထိုးသောထီတွင် ပေါက်ကိန်းရှိသည်။ သို့သော် တောင်အရပ်လှည့်၍ ထီမထိုးရ။ မုဆိုးဖို၊ မုဆိုးမတို့က သင့်အားကြိုက်လိမ့်မည်။ လုပ်တူကိုင်ဖက်ချင်းစိတ်ဝမ်းကွဲကိန်းရှိသည်။ အိမ်ထောင်ပြုကာနီးမှ ချစ်သူက သစ္စာဖောက် လိမ့်မည်။ စာမေးပွဲ ဖြေဆိုမှုများ အောင်မြင်လိမ့်မည်။
အကျိုးပေးဂဏန်း ၅၊ ၆၊ ၇
အထူးဟော - ချစ်သူ၏ ပြစ်တင်ဝေဖန်ခြင်းခံရမည်။
ယတြာ - ရန်ပြေမာန်ပြေ အောင်သပြေကို အိမ်ဘုရားတွင်လှူ၍ ဆုတောင်းပါ။
တနင်္လာ
ပြောတိုင်းလည်း အောင်မြင်ပြီး ၊ ပစ်လိုက်တိုင်းလည်း မလွဲသော အချိန်ကာလဖြစ်သည်။ လုပ်တော့နည်းနည်း ၇တော့ များများ ဖြစ်ကိန်းရှိ၍ ချမ်းသာလိုပါက ကြိုးစားလျှင် အကောင်းဆုံးသောကာလတစ်ခုဖြစ်ပါသည် ။ ထို့ကြောင့် စာမေးပွဲ ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုမှု အားမရသော်လည်း မုချအောင်မြင်နေမည်မှာ သေချာသလောက်ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓာတ်မကျပဲ ဆက်ကြိုးစားရမည်ဖြစ်ပါသည်။ အချစ်ရေးတွင် အဆင်မပြေစရာများ ဖြစ်တတ်သည်။ ကတိမတည်၊ သစ္စာမရှိသော သူ၏ အချစ်ရေးကြောင့် မခိုင်မာပဲ ၊ ပြတ်စဲတတ် ပါသည်။ သို့သော်လည်း မကြာမီကာလအတွင်း မျက်နှာပြောင်တိုက်ပြီး ပြန်လည်ဒူးထောက် တောင်းပန်ကာ ချစ်ခွင့်ပန်လာမည်ဖြစ်သည်။ ငွေကြေးကိစ္စ၊ စီးပွားရေးများ ရေလှိုင်းသဖွယ် နိမ့်လိုက်၊ မြင့်လိုက် အခြေအနေမျိုး ဖြစ်ကိန်းရှိခြင်းကြောင့် အ၀င်များလာပြီး ပြန်လည် အထွက်များနိုင်၍ ငွေစုလို့်မရသောကာလဖြစ်ပါသည်။ စက် ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများ အ၀င်အထွက်ဖြစ်မည်။ ၀မ်းဗိုက်အနည်းငယ် ဂရုစိုက်ပါ။ ၀မ်းပျက်တတ်သည်။ သူတစ်ပါးအရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်၍ စကားပြောဆင်ခြင်ပါ။ အခြေအနေနှင့် အချိန်အခါကို ကြည့်၍ စကား ပြောဆိုပါ။ အပြောမတတ်၍ ဆဲသလိုမျိုး ဖြစ်တတ်ပါသည်။
အကျိုးပေးဂဏန်း ၃၊၆၊၉
အထူးဟော - သူများဓားခုတ်ရာ လက်ဝင်လျှိုမိသလို ဖြစ်တတ်ပါသည်။
ယတြာ - သင်၏ အိမ်ရှေ့လမ်းကို တနင်္လာနေ့တွင် သန့်ရှင်းရေးလုပ်လိုက်ပါ။
အင်္ဂါ
ပြောတိုင်း မယုံသင့်ပါ။ မြင်တိုင်းလည်း မကြည့်သင့်ပါ။ ကြားတိုင်းလည်း ဒေါသ မထွက်သင့်ပါ။ ကြိုးစားအားထုတ်မှု ကောင်းနေသည်။ စာမေးပွဲဖြေဆိုမှုတွေ အောင်မြင်မည်။ တစ်ဘာသာ စိတ်တိုင်းမကျဖြစ်မည်။ အရာရာ ကိုယ်က ဆရာလုပ်ချင်သူဖြစ်သည။် ခင်မင်သူအချင်းချင်းစိတ်ဝမ်းကွဲမည။် မရောက်ဖူးသောခရီးများ ရောက်မည်။ ငွေခေါင်း ကွဲမည်။ ငွေစုလို့မရဖြစ်မည်။ ငွေကြေး တစ်ပိုင်းတစ်စ အလိမ်ခံရမည်။ ခြေဖျား၊ လက်ဖျား ခိုက်မိတတ်သည်။ အပူလောင်တတ်သည်။ ဂရုစိုက်ပါ။ နေအိမ်တွင် အပူသည် အ၀င်မတော်ပါ။ စီးပွားရေး စပ်တူရှယ်ယာ မလုပ်သင့်ပါ။ မြေ၊ စက်တို့ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ေ နအိမ်အရွှေ့ပြောင်းဖြစ်မည်။ သို့မဟုတ် ပြင်ဆောက်ရတတ် သည်။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ အင်္ဂါနံနက်တွင် အိမ်ရှေ့၌ ကြွလာသော သံဃာ ၈ ပါးအား ဆွမ်းကပ်လှူပါ။
ဗုဒ္ဓဟူး
ပြောင်းလဲမှုများ ၊ ပြောင်းရွှေ့သွားလာမှုများ ဖြစ်လိမ့်မည်။ အောင်မြင်တိုးတက်ကိန်းရှိ၍ ကြိုးစားဆောင်ရွက်ခြင်းဖြင့် အထူးအောင်မြင်လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး ကောင်းသည်။ စွဲလန်းနှစ်သက်သူတို့ ပိုများလာမည်။ သူချစ်ကိုယ်ချစ်တစ်ဦး မောင်နှမလို ခင်၍ စွဲလန်းသူက တစ်ဦး ၊ ကိုယ်ကမချစ်ပဲ တစ်ဖက်က ချစ်၍ စွဲလန်းလာသူ နှစ်ဦးထိ တွေ့ကိန်းရှိသည်။ မရောက်ဖူးသောခရီး၊ မသွားဖူးသောလမ်း၊ မပေါင်းဖူးသောမိတ်ဆွေများနှင့် ကြုံမည်။ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ အကောင်အထည်ဖော် အောင်မြင်လိမ့်မည်။ စာမေးပွဲ ဖြေဆိုမှုများတွင် ထူးချွန်စွာ အောင်မြင်မှုရှိမည်။ သို့သော် စွဲလန်းနှစ်သက်သူတစ်ဦး၏ အထင်အမြင်လွဲခြင်း၊ သံသယ၀င်ခြင်းများ ခံရမည်။ လက်ဆောင်ပစ္စည်းရမည်။ မဆင်ခြင်ပါက မင်္ဂလာအခမ်းအနားဖြစ်မည်။
အကျိုးပေးဂဏန်း ၄၊ ၂၊ ၇
အထူးဟော - ကံကောင်းအောင်မြင်သော အချိန်ကာလဖြစ်ပါသည်။
ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် ဘုရားကို ရေသက်စေ့ ရေးအေးဖြင့် သပ္ပာယ်၍ အောင်သပြေ ၁၉ ညွန့် ကပ်လှူလိုက်ပါ။
ကြာသပတေး
စိတ်၏ ပြုပြင်မှုများ ၊ ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်။ ကောင်းသောစိတ်မွေး၍ ကောင်းသောလုပ်ရပ်များ ပြုတော့ မည်ဟု ဆုံးဖြတ်ချက်ကောင်းများ ချ၍ လုပ်ဆောင်လိမ့်မည်။ မကောင်းသူကိုလည်း ပယ်တော့မည်။ ကောင်းသော အကျင့်ကိုလည်း ဆောင်ရွက်တော့မည်ဟု ဆုံးဖြတ်ချက်အမှန် လမ်းအမှန်သို့ ရောက်ရှိစေသော ကာလဖြစ်ပါသည်။ သင်၏ ရည်ရွယ်ချက်များ တစ်ချို့ အောင်မြင်မှုရှိမည်။ တစ်ချို့ နှောင့်နှေးမှုတွေဖြစ်မည်။ စွဲလန်းသူတစ်ဦး၏ အကူအညီဖြင့် သင်၏ ရည်ရွယ်ချက်အောင်မြင်လိမ့်မည်။ မမျှော်လင့်ပဲ ထီပေါက်ခြင်း၊ အမွေရခြင်း၊ မြေကွက် ရောင်းခြင်းများကြောင့် ငွေအစုလိုက်အပြုံလိုက်ဝင်မည်။
မှတ်ချက် - လောင်းကစား မပြုရ။ ဆုံးရှုံးတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းများ ရှယ်ယာလုပ်ငန်းများ အောင်မြင်မည်။ ကျွဲ၊ နွား စသည့် တရိစ္ဆာန်များနှင့် ရွှေ၊ မြေ၊ နေအိမ်တိုက်ခန်းတို့ ၀င်ခြင်းထွက်ခြင်းများဖြစ်မည်။ ငယ်ရွယ်သူတို့အတွက် စိတ်ရှုပ်ရမည်။ အိမ်ထောင်ရေး အနှောင့်အယှက်ရှိသည်။ ကျန်းမာရေး အနည်းငယ် ချုချာကိန်းရှိသည်။ ဖြေဆိုသောစာမေးပွဲ အောင်ကိန်းရှိသည်။
အကျိုးပေးဂဏန်း ၅ ၊ ၀ ၊ ၇
အထူးဟော - ဆန္ဒရှိတိုင်း မဆုံးဖြတ်သင့်ပါ။
ယတြာ - ကြာသပတေးနေ့နံနက်တွင် အိမ်ဘုရားကို ပဲပေါက်စီ ၅ လုံး ၀ယ်၍ ကပ်လှူပါ။
သောကြာ
စိတ်လေနေသည်။ အတွေးများနေသည်။ ဆုံးဖြတ်ချက် ယိုင်နေသည်။ ရည်ရွယ်ချက် ပျောက်နေသည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်များအပေါ်တွင် သံသယများ ပေါ်ပေါက်လာသည်။ တစ်ထစ်ချ မဆုံးဖြတ်နိုင်သေးသော ကာလ ဖြစ်သည်။ တစ်ခါတစ်ရံ တစ်ယူသန်စိတ်ရှိပြီး ၊ တစ်ခါတစ်ရံ ဝေဖန်ပြီးမှ လုပ်တတ်သည။် လွတ်လပ်မှုလိုလားသည်။ ချုပ်ချယ်တာမကြိုက်ပါ။ ဆန္ဒစောသည်။ ရည်ရွယ်ချက်များသည်။ ပစ္စည်းပျောက်ကိန်းရှိ၍ ဂရုစိုက်ပါ။ အဝေးမိတ်ဆွေ အကူအညီရမည်။ စက်ပစ္စည်းများ အပျက်များမည်။ ရစရာရှိသောငွေကြေးများ မရတတ်ပါ။ အချစ်ရေး။ အိမ်ထောင်ရေး အမျိုးမျိုးဖြစ်တတ်သည်။ စကားလည်း အမျိုးမျိုး ပြောင်းလဲတတ်သည်။ ထို့ကြောင့် စိတ်တိုင်းမကျမှု များ၍ သင်စိတ်ညစ်ရတတ်သည်။ စာမေးပွဲဖြေဆိုမှုနှင့်ပတ်သတ်၍ တစ်ဘာသာမှာ အားမရဖြစ်တတ်သည်။ သို့သော် အောင်ပါလိမ့်မည်။ ခရီးဝေးသွားဖြစ်မည်။ မရောက်ဖူးသော ခရီးပါမည်။ ရုတ်တရတ် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။
အကျိုးပေးဂဏန်း ၆၊ ၁၊ ၈
အထူးဟော - အပေါင်းအသင်း ဂရုစိုက်ပါ။
ယတြာ - သောကြာနံနက် ၇ နာရီတွင် အိမ်ဘုရားကို သစ်သီးကိုးမျိုး ကပ်လှူပါ။
စနေ
စိတ်ထားမြင့်မြတ်သည။် ရည်ရွယ်ချက်ကောင်း၏။ ဆောင်ရွက်မှုတွေလည်းကောင်းသည်။ ဆန္ဒရှိတာကို အကောင်အထည်ဖော်ဖြစ်မည်။ အောင်မြင်မှုရှိသည်။ ခရီးဝေးများ သွားဖြစ်မည်။ ပြည်တွင်းပြည်ပခရီးများဖြစ်မည်။ အချစ်ရေး ကံကောင်းသည်။ အိမ်ထောင်ရေး ကံကောင်းသည်။ အလုပ်အကိုင် ကံကောင်းသည်။ ကျန်းမာရေးလည်း ကောင်းပါသည်။ ထိခိုက်ရှနာဖြစ်တတ်၍ ဂရုစိုက်ပါ။ စက်ပစ္စည်း၊ မြေကွက် အ၀င်အထွက်ဖြစ်မည်။ လူယုံထား၍ မရပါ။ လူပေါင်းမှားမည် လူလိမ်၊ ငွေလိမ်ခံရမည်။ ကိုယ်ပိုင်လုပ်ငန်းထက် စပ်တူရှယ်ယာလုပ်ငန်းများ ဦးစားပေးလုပ်ကိုင် ဖြစ်မည်။ စာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများ အောင်ကိန်းရှိပါသည်။
အကျိုးပေးဂဏန်း ၇၊ ၀၊ ၅
အထူးဟော - အရာရာတွင် အောင်မြင်သူဖြစ်မည်။
ယတြာ - နေပူထဲမှ ကြွလာသော သံဃာတစ်ပါးအား ထီးဖွင့်၍ စနေနေ့တွင် ကပ်လှူလိုက်ပါ။ လိုရာဆုပန်ပါ။ အောင်မြင်လိမ့်မည်။
မြစ်မခ မီဒီယာ
ဒေါက်တာထွန်းလင်း(ဘုတလင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment