Wednesday, March 23, 2016

``တစ်နှစ်ကို ဗေဒင်ဘယ်နှစ်ခါ မေးရမလဲ?´´

 
                တစ်နှစ်ကို ဗေဒင်ဘယ်နှစ်ခါမေးရမလဲ ဆိုတာ လူတိုင်းက သိချင်နေပါတယ်။အနည်းဆုံး (၁)နှစ်ကို
သုံးကြိမ်မေးရပါမယ်။ဘယ်အချိန်တွေလဲ ဆိုတာကိုတော့
အောက်မှာကြည့်ပါ။ခြွင်းချက် အနေနဲ့မိမိလက်ရှိ အခက်အခဲ
ဖြစ်နေလို့ မေးတာနဲ့ လုံးဝ မဆိုင်ပါဘူး။နောက်ပြီး တစ်ခုရှိ
တာက မိမိယုံကြည်ကိုးစား ရတဲ့ဆရာဆီမှာသာ ဗေဒင်မေး
သင့်ပါတယ်။ဘာလို့လဲဆိုတော့ သူ့ကို ယုံကြည်နေမှသာ
သူပေးတဲ့ ယတြာတွေကို သေသေချာချာ လုပ်ဖြစ်မှာပေါ့
လေ။ဒါ့အပြင် ဗေဒင်ဆရာရဲ့ပြောစကားတွေကို သေသေချာ
ချာ မှတ်စုနဲ့ မှတ်ထားပြီးတော့ လိုက်နာဆောင်ရွက်ပါ။ဗေဒင်
ဟာ သင့်ရဲ့လမ်းပြသူ ဖြစ်နေလို့ပါပဲ။ဗေဒင်ဆိုတာက အရမ်း
ကို လေးနက်တဲ့ပညာရပ်တစ်ခုပါ။ဗေဒင်ဆရာဟာ လမ်းပြသူ
သာ ဖြစ်ပါတယ်။ယတြာဆိုတာလည်း ကိုယ်တိုင်လုပ်မှ
စွမ်းတာပါ။ပြီးတော့ ယတြာကို တစ်ခါလုပ်လို့ စွမ်းတာလည်း
ရှိသလို့ ထပ်ခါထပ်ခါ လုပ်မှ စွမ်းတာ လည်းရှိပါတယ်။အထူး
ပြောချင်တာကတော့ ရတနာသုံးပါးကို မမေ့ပါနဲ့။
မေးရမယ့်ဟာတွေကတော့
၁။မိမိရဲ့မွေးလ၊မွေးရက် ကျော်သွားတဲ့အခါမေးပါ။
၂။သင်္ကြန်ပြီးလို့ တစ်လအတွင်း တစ်ကြိမ်မေးပါ။
၃။တစ်နှစ်စာဟောစာတမ်းကို တစ်နှစ်ကြိမ်မေးပါ။

ဘဝဆိုတာ မာယာများသလို ပုံသေနည်းမရှိတဲ့ ကိုသစ်နက်

No comments:

Post a Comment