Wednesday, March 9, 2016

``ကမ္ဘာပေါ်တွင် လူသိများ ထင်ရှားနေသည့် ကံကောင်း စေသော အရာများ အပိုင်း(၁)´´


             ကမ္ဘာပေါ်တွင် လူသိများ ထင်ရှားနေသည့် ကံကောင်းစေသော အရာများ လို့ ခေါင်းစဉ် တပ်လိုက်က
တည်းက ကံကောင်းစေတဲ့ တိရစ္ဆာန်တွေ၊ရုပ်ပွားတော်တွေ၊
သင်္ကေတတွေ၊ကံကောင်းစေတဲ့ ပစ္စည်းထူးထူးဆန်း
တွေရောပါဝင်မယ်။စုစုပေါင်း နိုင်ငံတကာက သုတေသနပြု
ထားတဲ့ ကံကောင်းစေတဲ့ အရာပေါင်း အခု (၅၀)တောင်
ရှိပါသတဲ့။ကျွန်တော်က အဲ့ဒါတွေကို နည်းနည်းချင်းစီစီ
ကောက်နုတ်တင် ဆက်ပေးသွားပါမယ်။အားလုံးလည်း
စိတ်ဝင်စားကြမယ်။ထင်ပါတယ်။
              ကမ္ဘာပေါ်မှာ လူတွေက ယုံကြည်တယ်။
အချို့ပစ္စည်းတွေက မကောင်းဘူး။လူကို ခိုက်တယ်။
အချို့အရာကျတော့ လူတွေကို ကောင်းကျိုးတော်တော်
ပေးတယ်။မြန်မာနိုင်ငံက လူတော်တော်များများက ယုံကြည်
ကြပါတယ်။အချို့အရာတွေက ကျိန်စာတွေ၊မကောင်းဆိုးဝါး
တွေကို ဖယ်ရှားနိုင်တယ် လို့ ယုံကြည်ကြတယ်။အချို့ဟာတွေ
ကျပြန်တော့လည်း တော်တော်လေးကို ဆိုးဆိုးဝါးဝါး အကျိုး
ပေးနေပြန်ရော။ဒီလိုမျိုး ယုံကြည်ချက်မျိုးကို မြန်မာနိုင်ငံတင်မက ပါဘူး။တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတော်တော်များများက ယုံကြည်နေကြပါတယ်။
အခုတင်ပြမှာတွေကတော့ ကံကောင်းစေတဲ့အရာတွေပါ။
ကံဆိုးစေတဲ့အရာတွေ တစ်ခုမှ မပါဘူး။အောက်တွင်ဖတ်ရှုပါ။

                ဘဝဆိုတာ မာယာများသလို
                            ပုံသေနည်းမရှိတဲ့ ကိုသစ်နက်

                   
                 ၁။သက်တန့်
             
                    သက်တန့်ကို ကံကောင်းစေတဲ့ သဘာဝအကျိုးပြု
သင်္ကေတလို့ လူအတော်တော်များများက ယုံကြည်လက်ခံထားကြ
ပါတယ်။သက်တံ့မှာ လူတိုင်း သိကြတဲ့ရောင်စဉ်(၇)ခု ရှိပါတယ်။
အဲ့ဒါတွေကတော့ ခရမ်းရောင်၊မဲနယ်ရောင်၊အပြာရောင်၊အစိမ်းရောင်၊
အဝါရောင်၊လိမ္မော်ရောင်နှင့်အနီရောင်တို့ပဲဖြစ်ကြပါတယ်။အတို
ကောက်အားဖြင့် ကျွန်ုပ်တို့ ငယ်စဉ်က ဘစ်ဂျော (VIBGYOR)
လို့ မှတ်သားခဲ့ကြပါတယ်။နောက်ပြီးတော့ ယုံတမ်းပုံပြင်လည်း
ဖြစ်ပြီး ယုံတမ်းစကားလည်း ဖြစ်နေတဲ့ အားလုံးသိနေကြတဲ့ အတိုင်း
ပဲ ``သက်တန့်အဆုံးမှာ ရွှေအိုးကြီးကို တွေ့လိမ့်မယ်´´လို့ ယုံကြည်
နေကြပါတယ်။မည်သို့ပင် ဖြစ်စေကာမူ အနောက်တိုင်းလောကီပညာ
ရှင်များရော အရှေ့တိုင်းက လောကီပညာရှင်များကပါ သက်တန့်ဟာ
သဘာဝတရားကြီးက ပေးသော ကံကောင်းသော သင်္ကေတဟု
တညီတညွှတ်တည်း လက်ခံထားကြပါတယ်။ဒါ့ကြောင့် သက်တန့်
ဟာ ကံကောင်းသော အရာများထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။
၂။လိပ်
  
                လိပ်ဆိုတာလည်း ကံကောင်းစေတဲ့တိရစ္ဆာန် ဖြစ်တယ်
ဆိုတာ အများက သိချင်မှ သိမှာပါ။ကျွန်တော်က ဘယ်သူယုံယုံ
မယုံယုံ ကံကောင်းစေတဲ့ တိရစ္ဆာန် ဖြစ်တယ်လို့ လုံးဝကို ယုံကြည်
ပါတယ်။လိပ်ဆိုတဲ့တိရစ္ဆာန်ဟာ တရုတ်လူမျိုးတို့ လက်ခံယုံကြည်
ထားရတဲ့ ဖုန်းရွှေပညာမှာ ကံကောင်းစေတဲ့ သင်္ကေတ တစ်ခု ဖြစ်
ပါတယ်။ပြီးတော့ ဒဏ္ဍရီလာ ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်လေးမျိုး
ထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။အဲ့ဒီလေးမျိုးကတော့ လိပ်၊
ဦးချိုတစ်ခုတည်းရှိသော မြင်း(unicorn)၊နဂါး၊မီးပုံထဲခုန်ဆင်းပြီး
တော့ ပြန်လည်ရှင်သန် ထမြောက်လာတဲ့ အသက်နှစ်ကြိမ်ရှင်တဲ့
ထူးဆန်းတဲ့ ဒွိဇိဝဌက်(Phoenix)တို့ ဖြစ်ပါတယ်။လိပ်နဲ့ပတ်
သတ်ပြီးတော့ ထူးခြားဆန်းပြားတဲ့ယတြာနည်းတစ်ခုကို တင်ပြရ
လျှင်တော့ အလုပ်အကိုင်မြဲလိုပါက မွေးနေ့နံနက်စောစောမှာ
လိပ်တွေကို အစာကျွေးပြီးတော့အလုပ်အကိုင်မြဲစေကြောင်း ဆုတစ်ဆုကို လေးလေးနက်နက်သာ ဆုတောင်းလိုက်ပါ။ထူးခြား
ပါမယ်။ဒါ့ကြောင့် လိပ်ဟာလည်း ကံကောင်းစေတဲ့အရာများထဲမှ
ထူးဆန်းသောတိရစ္ဆာန်ဆန်းလေး ဖြစ်ပါတယ်။


၃။ကျား

               ကျားဆိုတဲ့ တိရစ္ဆာန်ကို ကျွန်ုပ်တို့ ဗမာလူမျိုးတွေနဲ့
စိမ်းတဲ့တိရစ္ဆာန်လည်း မဟုတ်ပါဘူး။ကျားကို အရှေ့တိုင်းက 
တရုတ်ပညာရှိတွေက ကံကောင်းစေတဲ့ တိရစ္ဆာန်လို့ မှတ်ယူ
ထားကြပါတယ်။သူတို့ရဲ့ (၁၂)ရာသီခွင်မှာ ကျားဆိုတဲ့ တိရစ္ဆာန်ဟာ
လည်း အပါဝင်ဖြစ်ပါတယ်။ကျားနှစ် ရောက်ရင် ကံကောင်းတယ်လို့
လည်း အယူအဆရှိပါတယ်။တရုတ်တွေဟာ ကျားဆိုတဲ့တိရစ္ဆာန်ဟာ
``ကံကောင်းခြင်း၊မီးဘေးအန္တာရယ်မှ ကာကွယ်ပေးခြင်းနှင့်
သူခိုးဘေးရန်က ကင်းကွာခြင်း´´အစရှိတဲ့ဂုဏ်သတ္တိတွေ ရှိတယ်လို့
ယုံကြည်ကြပါတယ်။ထိုအယူအဆကို မြန်မာလူမျိုး အချို့ကလည်း
လက်ခံ ယုံကြည်ကြနေပါတယ်။လေ့လာတွေ့ရှိချက်အချို့အရ
တရုတ်လူမျိုးတွေဟာ သူတို့ရဲ့နေအိမ်မှာ ကျားရုပ်တွေ ကျားပုံတွေ
ကျားပန်းချီကားချပ်တွေ အစရှိတာတွေကို ချိတ်ဆွဲထားတွေကို တွေ့
ရမှာပါ။အခုလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ အိမ်အတော်များများမှာ
ကျားပန်းချီကားချပ်တွေ ချိတ်ဆွဲ ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျားဆိုတဲ့ ထူးဆန်းတဲ့ တိရစ္ဆာန်ကလည်း ကံကောင်း
စေတဲ့ အရာများ စာရင်းမှာ ပါဝင်ပါတယ်။

No comments:

Post a Comment