Wednesday, March 2, 2016

``လွယ်ကူလွန်းကာ မှန်ကန်သော ရှေးဟောင်း ဗေဒင်တွက်နည်း´´


အလင်္ကာလေးကို အရင်ရွတ်ပါ…။ အ၊သာ၊ပေါင်း၊နောင်၊လာ၊ခေါ်ဆို
၁ ၊ ၆ ၊ ၅    ၊ ဝ    ၊၄  ၊   ၂၃

တွက်နည်းအဆင့်ဆင့်

မိမိရဲ့ယခုလက်ရှိ  ရောက်ဆဲအသက်ကို(၆)ဖြင့်စားပါ။ အကြွင်းကို  မွေးနံရှိရာမှ လက်ယာရစ်စကာ ရေတွက်ပါ။ ရောက်ရာဂြိုဟ်သက်ကို  ကြည့်ပြီး  အဟောကို  ဖတ်ပါ။

ဥပမာ -တွက်ပြရသော်
၁၇÷၆= ၅ကြွင်း အင်္ဂါသားဖြစ်သောကြောင့် မွေးနံရှိရာ (ခေါ်ဆို(၂၃))မှ လက်ယာရစ်ရေသော်(၅)ကြွင်းသဖြင့် (နောင်)(၀) ဖြစ်သဖြင့်  စနေဂြိုဟ်သက်ရောက်ကို ရောက်သည်။

ဟောကိန်းများ

(အ)(၁)တနင်္ဂနွေဂြိုဟ်သက်ရောက်လျှင်
ခရီးတထွက်ရတတ်သည်။တစ်မြို့တစ်ရွာ ပြောင်းရတတ်သည်။

 (သာ)(၆)သောကြာဂြိုဟ်သက်ရောက်လျှင် ရွှေ၊ငွေ၊ဥစ္စာပစ္စည်းတို့ ရတတ်သည်။

 (ပေါင်း)(၅)ကြာသပတေးဂြိုဟ်သက်ရောက်လျှင် မြေယာ၊လယ်၊မြေဥယျာဉ်တို့ဝင်ရတတ်သည်။
ငယ်သူငယ်ချင်းများနှင့် ပြန်လည်ဆက်သွယ်ရတတ်သည်။

 (နောင်)(၀)စနေဂြိုဟ်သက်ရောက်လျှင် လင်မယားများ၊ချစ်သူရည်းစားများ  သေကွဲရှင်ကွဲ ရတတ်သည်။ပြဿနာမျိုးစုံကို တွေ့ရမည်။ ဘာသာရေးကို များများလုပ်ပေးပါ။

(လာ)(၄)ဗုဒ္ဓဟူးဂြိုဟ်သက်ရောက်လျင် အကြံအစည်များလွဲချော်ကာ  ပစ္စည်းဥစ္စာများ ဆုံးရှုံးမည်။ အမူ့အခင်းပြဿနာများ ကြုံရမည်။

 (ခေါ်ဆို)(၂၃)တနင်္လာ  အင်္ဂါဂြိုဟ်သက်ရောက်လျှင် ဒုက္ခများနှင့်တွေ့မည်။ခရီးဝေး လုံးဝ မသွားရပါ။

             
                      ကိုသစ်နက်

1 comment:

  1. ၀ ကွင်း တယ်​ ဘယ်​လို ယူမလဲ

    ReplyDelete